ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.7.15

အနိမ့်ဆုံး လုပ်ခ ၃,၆၀၀ ကျပ်ကို ထောက်ခံကြောင်း ကန်အခြေစိုက် ကုမ္ပဏီများနှင့် နိုင်ငံတကာ အလုပ်သမားကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

  မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာအဆိုပြုနှုန်းထား ကို အမေရိကန်အခြေစိုက်ကုမ္ပဏီ များနှင့် နိုင်ငံတကာအလုပ်သမား ကာကွယ်ရေးဆောင်ရွက်နေသည့် Ethical Trading Initiative(ETI) က ထောက်ခံကြောင်း သတင်း ထုတ်ပြန်သည်။

16.7.15

ထိုင်း၊ မြန်မာနဲ့ တရုတ်နိုင်ငံတို့ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမယ်


၂၀၁၅ ခုနှစ်အတွင်း သံလွင်မြစ်အထက်ပိုင်းမှာ တည်ဆောက်သွားမယ့် မီဂါဝပ် ၇,၀၀၀ ထုတ်လုပ်နိုင်သော Mong Ton ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေထိုးသွားနိုင်ခြေရှိတယ်လို့ သိရပါတယ်။

အတွင်းဝန်ရုံးကို အာဇာနည်နေ့တွင် အများပြည်သူ လေ့လာနိုင်ရန်ဖွင့်မည်

 
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာ ဇာနည်ခေါင်းဆောင်များ လုပ်ကြံခြင်း ခံရသော အတွင်းဝန်ရုံးကို အာဇာနည် နေ့၌ ပြည်သူများလေ့လာနိုင်ရန် ဖွင့် လှစ်ပေးသွားရန် စီစဉ်ထားပြီးဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ ဝန်ကြီးတစ်ဦး၏ပြောကြားချက် အရ သိရသည်။

SSS ကုမ္ပဏီသို့ သုံးနှစ်အတွင်း ကားအစီးရေ ၄၅၀၀ အထိ အခွန်လွတ်ဖြင့် တင်သွင်းထုတ်လုပ်ခွင့် ပေးထားပြီး အခွန်ငွေ ကျပ်ဘီလျံ ရာချီ နိုင်ငံနစ်နာနိုင်


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ Super Seven Stars (SSS) ကုမ္ပဏီသို့ သုံးနှစ်အတွင်း ကားအစီးရေ ၄၅၀၀ အား တင်သွင်းထုတ်လုပ်ခွင့် ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူထံမှ သတင်းရရှိသည်။

15.7.15

အီရန် နျူကလီးယားအရေး ဆွေးနွေးမှု သဘောတူညီချက် ရရှိ

 
အီရန်၏ နျူကလီးယား နည်းပညာ ဖော်ဆောင်မှုများကို အတိုင်းအတာတစ်ခု ကန့်သတ်ရန် ဆွေးနွေးမှုများသည် ယခုအခါ သမိုင်းဝင် သဘောတူညီမှုတစ်ရပ် ရရှိသွားပြီဟု သိရှိရသည်။

14.7.15

ဦးအောင်သောင်း၏ မဲဆန္ဒနယ် တောင်သာတွင် ဝင်ပြိုင်ရန် မြင်းခြံ အမတ်ကို ဦးရွှေမန်း ညွှန်ကြားထားဟုဆို

စင်္ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၏ မဲဆန္ဒနယ်ဖြစ်သော တောင်သာမြို့နယ်မှ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့က တာဝန်ပေးထားသည်ဟု ကာကယံရှင်ဖြစ်သော ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့် ကပြောသည်။

သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ၀င်ရောက် မယှဉ်ပြိုင်ဆိုသော သတင်း မမှန်ဟု သမ္မတရုံး အကြီးတန်း အရာရှိပြော


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယသက်တမ်းအတွက် ဝင်ရောက် မယှဉ်ပြိုင် ဆိုသော သတင်းမှာ  မှန်ကန်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေး က ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကိုပြောကြား လိုက်သည်။

ကော့ကရိတ်တွင် DKBA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်နေ

DKBA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမကြီး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာရှိ မြို့ဟောင်းကျေးရွာအနီးတွင် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ပီအာရ်ဌာနစိတ် စတင်ဖွင့်လှစ်၊ လျှောက်ထားသူ ၂၉ ဦး ခွင့်ပြု

 နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်(PR) လျှောက်ထားသူ ၁၃၁ ဦးအနက် ၂၉ ဦး အား ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

တရုတ်တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌ အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံရ


အကျင့်ပျက် လာဘ်စားမှုများဖြင့် ပါတီ၊ အစိုးရနှင့် တရားရေး ထိပ်တန်းအရာရှိများကို စစ်ဆေးနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌကိုလည်း လာဘ်စားမှုဖြင့် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း Fox News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။