ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

23.7.15

ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် အင်းဝမြို့ဟောင်း လာမည့်နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များ သတိပေး


ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် လာမည့်နှစ်အတွင်း တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းမှာ ပျောက်ကွယ်သွားနိုင်ကြောင်း ဘူမိရုပ်သွင် ပညာရှင်ဖြစ်သူ ပါမောက္ခ ဦးမောင်မောင်အေးက ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် တတိယအကြိမ်မြောက် လူထုအခြေပြု ဧရာဝတီကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

တရုတ်လူမျိုး ၁၀၀ ကျော် တရားမ၀င် သစ်ခိုးမှုနဲ့ထောင်ကျ


သစ်ခိုးထုတ်လုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တရားရုံးကနေ ဒီကနေ့မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ယခင် တပ်မတော်အစိုးရ လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေး/ရေ/ကျေးလက် ၀န်ကြီးဌာနက တရားစွဲဆို

ယခင်အစိုးရ (တပ်မတော်အစိုးရ) လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနက တရားစွဲဆိုထားကြောင်း သိရသည်။

သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်



တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ၁၅၅ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးခဲ့ပြီး အမျိုးသမီး တစ်ဦးကိုလည်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကို မြစ်ကြီးနားခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဦးစိုးစိုးနှင့် ဒုခရိုင်တရားသူကြီး ဦးမြင့်ရွှေတို့က နှစ်ဖွဲ့ခွဲ့ကာ အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ 

22.7.15

မဲစာရင်းကြောင့် ရွေးကောက်ပွဲနေ့တွင် ပြဿနာ အရှာမခံနိုင်ဟု ဦးတင်အေးပြော

မဲစာရင်း, ရွေးကောက်ပွဲ, ဦးတင်အေး
အမှားများနေသည့် မဲစာရင်းကြောင့် ရွေးကောက်ပွဲလုပ်သည့်နေ့တွင် ပြဿနာ အရှာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။

21.7.15

နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာစာချုပ် မြန်မာပါဝင် လက်မှတ်ထိုး

 ဓာတ်ပုံ - UN
မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခုဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) မှာ ကနဦးအဆင့် ပါဝင်လက်မှတ် ရေးထိုးလိုက်ပါတယ်။

သစ်လုံးများ တင်ဒါစနစ်ဖြင့် ရောင်းချရန် ဖိတ်ခေါ်


ကျွန်းသစ် ၊ သစ်မာ သစ်လုံးများနှင့် ကျွန်းသစ်ခွဲသားများကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လာမည့် ဇူလိုင်လ ၂၄ ရက် နှင့် ၂၇ ရက်နေ့ များတွင် ရောင်းချ ပေးသွားမည်ဟု မြန်မာ့ သစ်လုပ်ငန်း (MTE) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ငြိမ်းချမ်းရေး မရသေးပါက နိုင်ငံရေးမှ ထွက်ခွာရန် ခက်ခဲနိုင်ဟု တပ်ချုပ်ပြော

လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ မပြီးပြတ်သေးပါက တပ် မတော်အနေဖြင့် နိုင်ငံရေးလုပ် ငန်းစဉ်မှ ပြန်လည်ထွက်ခွာရန် အခက်အခဲရှိနိုင်သေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် အတိုက်အခံပါတီအနိုင်ရလျှင်လည်း လက်ခံမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

 
လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံပါတီက တရား နည်းလမ်းကျစွာ အနိုင်ရရှိပါက လက်ခံမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

20.7.15

တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း လက်မှတ်ထိုးရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ဆွေးနွေးရန် သေချာပြီဟု MPC အရာရှိပြော


 
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။