ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.8.15

တပ်မတော်ဘက်မှလည်း အချုပ်အခြာအာဏာကို ထိပါးလာသည့်ကိစ္စများမှအပ စစ်ဆင်ရေးကြီးများ ပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သမ္မတ၏ ဖိတ်ခေါ်စာတွင် ဖော်ပြထား


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ တပ်မတော်ဘက်မှလည်း အချုပ်အခြာ အာဏာကို ထိပါးလာသည့် ကိစ္စများမှ အပ စစ်ဆင်ရေးကြီးများပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးကြရန် ဖိတ်ခေါ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ ဥက္ကဋ္ဌရုံးခန်း၌ ယနေ့ နံနက် ၁၀ နာရီက စတင်တွေ့ဆုံနေကြောင်း ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။
Credit to>>>The Voice Weekly

နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်သည့် ကုမ္ပဏီ ၂၁ ခုအား တရားစွဲမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ထုတ်ပြန် နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၁ ခုအား တရားစွဲမည်ဟု သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တုအသေးစားထုတ်လုပ်မှုလုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၁ ခုသည် လုပ်ငန်းသဘောတူစာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များအား ပေးသွင်းရန် ပျက်ကွက်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သိရ


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်မှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဦးဆောင်နေသည့် ချယ်ရီ FM ရေဒီယိုအား မိမိဆန္ဒအလျောက် ခေတ္တရပ်နားလိုကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုကို လုပ်ဆောင်မည်မဟုတ်ဘဲ ဥပဒေအရသာ ရင်ဆိုင်မည်ဟု သတင်းရရှိသည်။

NLD ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေး SB တောင်း


 ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ ကိုယ်ရေး ရာဇဝင်တွေ ကို Special Branch ရဲ အထူးသတင်း တပ်ဖွဲ့ က စစ်ဆေးဖို့ တောင်းယူနေတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပါတယ်။

12.8.15

ရွေးကောက်ပွဲဝင်မည့် တပ်မတော်အရာရှိ ၅၀ ကျော်အငြိမ်းစားယူ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုလိုက်သည့်
တပ်မတော်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ အပါအ၀င် တပ်မတော်သား ၅၀ ကျော် ကို ကာကွယ်ရေး
ဦးစီးချုပ်ရုံးက အငြိမ်းစား ယူခွင့်ပြုလိုက်ပြီဖြစ်သည်။

ဒီချုပ် နှင့် ၈၈ တို့၏ ကတ္တီပါလမ်းခွဲ


ရွးကောက်ပွဲ နီးကပ်လာချိန် မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် မထင်မှတ်သည့် အလှည့်အပြောင်းအချို့ ထွက်ပေါ်လာသည်။

11.8.15

ဒုတိယဗိုလ်ချုပ်ကြီများနှင့် ကာကွယ်ရေးဦးစီးချုပ် ( ရေ ) တို့ ကိုတပ်မတော်မှအငြိမ်းစားယူခွင့်ပြု

အနားပေးလိုက်သော ဒုတိယဗိုလ်ချုပ်ကြီးများမှာ( ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့ မှူး) တာဝန်ထမ်းဆောင်နေသော
ကစထမှူး ( ၁) ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး
ကစထမှူး ( ၂ ) ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်
ကစထမှူး ( ၃ ) ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး
ကစထမှူး (၄) ဒုတိယဗိုလ်ချုပ်ကြီးလှမင်း နှင့်
စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်
ရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရသက်ဆွေတို့ ဖြစ်ပါတယ်။

လစ်လပ်သွားသော ဒုတိယဗိုလ်ချုပ်ကြီးများနေရာများမှာ
ကစထမှူး ( ၁ ) နေရာအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်
ကစထမူး ( ၂ ) နေရာ အား တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်
ကစထမူး ( ၃ )နေရာအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော နှင့်
ကစထမူး ( ၄ ) နေရာ ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်တို့ ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခန့်လိုက်ပြီး တာဝန်ပေးအပ်လိုက်ကြာင်း တပ်မတော်နဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။
စစ်ရာထူးခန့်ချုပ်နေရာအား အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လူအေး ( နတခ တိုင်းမှူး )
လေ့ကျင့်ရေးအရာရှိချုပ်ရာထူးအား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မောင်မောင်အေး
ကာကွယ်ရေးဦးစီးချုပ်ရာ ( ရေ ) ထူးအား စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်တင်အောင်ဆန်းနှင့်အစားထိုးခန့် လိုက်ပြီး

အခုအနားပေးလိုက်တဲ့တပ်မတော်အရာရှိကြီးများဟာ မကြာခင်အသက် ၆၀ ပြည့်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ဟာ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွတ်တော် ကိုယ်စားလှယ် အဖြစ် ကိုးကိုးကျွန်းမြို့ နယ်က ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို စစ်ကိုင်းတိုင်း ၀န်သို မြို့ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကို ရှမ်းပြည်နယ် လောက်ကိုင်မဲဆန္ဒ နယ်က ၀င်ပြိုင် ဖို့ လျာထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Credit To >>> BBC news

ပြည်သူ ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အား ကောင်းစွာကိုင်တွယ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူလူထု ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကိုလည်း ကောင်းစွာကိုင်တွယ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

10.8.15

စက်တင်ဘာမှာ မြန်မာပြည်ကိုလာမယ့် ရှောင်ကင်စတန်


ဂျမေကာနှင့် အမေရိ ကန်အဆိုတော်ရှောင်ကင်စတန် သည် လာမည့်စက်တင်ဘာ ၆ ရက်တွင် ည ၇ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိ ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ MCC စင်တာ၌ ကျင်းပ ပြုလုပ်မည့် ဖက်ရှင်နှင့် တေးဂီတ ပွဲတော်တစ်ခုဖြစ်သော Yangon Runway Girls Collection ပွဲတွင်ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။