ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.10.15

တရုတ်က ရှမ်းမြောက်ဒေသမှာ မြေဧက ၂သိန်းကျော် ငှားရမ်းဖို့ ကမ်းလှမ်းခဲ့

တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ သူထောက်ပံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေထားဖို့ မြေဧက ၂သိန်းကျော်ကို နှစ် ၉၀ စာချုပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ ငှားရမ်းဖို့ ကြိုးစားခဲ့တယ်လို့ ခိုင်လုံတဲ့ ကချင်သတင်းရပ်ကွက် ကဆိုပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိကြောင်း မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် သဘောထား ထုတ်ပြန်ချက် ဒေသခံများနှင့် ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ထုတ်ပြန်


မြစ်ဆုံရေကာတာ စီမံကိန်းရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိကြောင်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် သဘောထား ထုတ်ပြန်ချက်ကို ဒေသခံပြည်သူများနှင့် ကချင်ပြည်နယ် အရပ်ဘက် လူ့အဖွဲ့အစည်းများက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၀ ခန့်နှင့် ကချင်ပြည်နယ် ဒေသခံများ၊ မြစ်ဆုံစီမံကိန်း တည်ရှိရာ ရွှေ့ပြောင်းခံ ဒေသခံများ စုပေါင်း၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုကာ ၀ါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်းသည် ရွေးကောက်ပွဲ တည်ငြိမ်မှုအား ထိခိုက်စေနိုင်ပြီး နိုင်ငံ့ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများ ပြောကြား

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ အပါအ၀င် ပုဂ္ဂိုလ်အချို့အား လူမျိုးရေးနှင့် ဘာသာရေး အသုံးပြုပြီး ၀ါဒဖြန့် ပြောဆိုတိုက်ခိုက်မှု ပိုများလာခြင်း သည် ရွေးကောက်ပွဲ တည်ငြိမ်မှု ထိခိုက်နိုင်သည့်အပြင် နိုင်ငံ၏ ဂုဏ်သိက္ခာပါ ကျဆင်းစေ၍ သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ရမည့်အပြင် ပြည်သူများ သတိထားရန် လိုအပ်ကြောင်း အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်အချို့က ပြောကြားသည်။

ထိုင်ဝမ်ပို့ကုန်ကဏ္ဍ စက်တင်ဘာလအတွင်း ကျဆင်း ချန်နယ်နယူးစ်အေးရှ


ထိုင်ဝမ်ပို့ကုန်ကဏ္ဍစဟာ က်တင်ဘာလအတွင်းကျဆင်းခဲ့တယ်လို့ ဘဏ္ဍာ
ရေးဝန်ကြီး Chang Sheng-ford က ဆိုပြီး စက်တင်ဘာလမှာ ကာလရှည်
ကြာကျင်းပတက်တဲ့ ဆောင်းဦးရာသီပွဲတော်နဲ့ မုန်တိုင်း သူကျန်တို့ တိုက်ခိုက်ခဲ့
လို့ ပို့ကုန်ကျဆင်းခဲ့ရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဘုရင်သမီးတော် မဟာချက်ကရီသီရိဒုံ မြိတ်မြို့သို့သွားရောက်လေ့လာ


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံသည် ယနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့မှ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက် ကြသည်။

1.10.15

"အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီးဖြစ်တဲ့ Ooredoo"

၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည့် Ooredoo Myanmar သည် ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန် ပြောဆိုလိုက်သည်။

နေပြည်တော်တွင် အုပ်စုဖွဲ့ လူသတ်၊ မုဒိန်းမှု ဖြစ်

မုဒိန်းမှု, လူသတ်မှု, နေပြည်တော်
နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်၊ ဂျန်းရှင်း ဈေးဝယ်စင်တာအနီး သံတမန်အိမ်ရာ စီမံကိန်း နယ်မြေအတွင်း သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က မုဒိန်းပြုကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

အပစ်ရပ် လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်သည့် KNU ၏ သဘောထား

KNU အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) တွင် အင်အားကြီး လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးကြရန် ယခုလ ၂၉ ရက်နေ့ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ဆုံးဖြတ်ချက် ပေးလိုက်ကြသည်။

ကြေးစင်တောင် ကြေးနီမိုင်းမှ အက်စစ်ကန် ပေါက်ကျခဲ့သည့် ကိစ္စရပ်အပေါ် မြန်မာယမ်စီ ကုမ္ပဏီ အနေဖြင့် တာဝန်မယူသဖြင့် ဒေသခံများ သောက်သုံးရေ အခက်ကြုံ

ယခုနှစ် စက်တင်ဘာ ၂၆ ရက် ညပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကြေးစင်တောင် ကြေးနီသတ္ထု တူးဖော်ထုတ်လုပ်ခွင့်ရ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေး လုပ်ငန်းခွင် အတွင်းမှ ကြေးနီသတ္ထု ထုတ်ယူရာတွင် အသုံးပြုနေသည့် အက်စစ်ကန်မှ ရေများ မြောက်ယမားချောင်း အတွင်းသို့ ပေါက်ကျခဲ့မှုအပေါ် တာဝန်မယူသဖြင့် ယမားချောင်း တစ်လျှောက်ရှိ ဒေသခံကျေးရွာများ အနေဖြင့် လူများသောက်သုံးရေမှ တိရစ္ဆာန်သောက်သုံးရေအဆုံး အခက်ကြုံနေရကြောင်း ရွှေပန်းခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ယမားချောင်းဘေးရှိ ဒေသခံများထံမှ သိရသည်။

နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးဟု ထုတ်ပြန်

နိုင်ငံရေး၊ စစ်ရေး အခြေအနေ အမျိုးမျိုးကြောင့် လက်ရှိ အနေအထားတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး အနေဖြင့် အတူတကွ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း စက်တင်ဘာ ၂၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များအစည်း အဝေးအပြီး ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေ ညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။