ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.10.15

တပ်မတော်စစ်ကြောင်းများနှင့် SSA (၀မ်ဟိုင်း)တို့ (၃၇) ကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အသက် ဆုံးရှုံးမှုများ ရှိခဲ့ဟု သတင်းထုတ်ပြန်

တပ်မတော် စစ်ကြောင်းများနှင့် SSA(၀မ်ဟိုင်း) အဖွဲ့များသည် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းစံကျေးရွာ၏ အနောက်မြောက်ဘက်  ခြောက်မိုင်ကျော် အကွာ နန့်ပန်ချောင်း၏ အနောက်ဘက် နယ်မြေအတွင်း ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်း ထုတ်လွှင့်ချက်အရ သိရ သည်။

စည်းကမ်းမဲ့လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု မြို့တော်စည်ပင် ထုတ်ပြန်

ရန် ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများတွင် စည်းကမ်းမဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုများကို တွေ့ရှိပါက သက်ဆိုင်ရာလိုင်စင် ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

16.10.15

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် မန့်ဝိန်းဂိတ်အကြား ယာဉ်သွားလမ်း မကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု တစ်ပတ်ခန့် ကြာမြင့်ခဲ့

မန္တ လေး-လားရှိုး-မူဆယ် အဝေးပြေးလမ်း မကြီးပေါ်ရှိ မူဆယ် ၁၀၅ မိုင်ဂိတ် နှင့် တရုတ်နယ်စပ် မန့်ဝိန်းဂိတ်အထိ လမ်းတစ်လျှောက်တွင် တစ်ပတ်ကြာ ခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား ခဲ့ ကြောင်း သိရသည်။

15.10.15

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်မည်

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၆၄-၃) ဖာလုံအနီးတွင် စစ်ဆေးရေးဂိတ် တည်ဆောက်လျက်ရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ (အဝေးပြေး)ထံမှ သိရသည်။

14.10.15

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ အကျုံးမ၀င်ကြောင်း ထုတ်ပြန်

 တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို   မတရားအသင်း အဖြစ်မှလည်း ကောင်း၊ အကြမ်းဖက်သူများအ ဖြစ်မှ လည်းကောင်း အကျုံးဝင် မှုမရှိတော့ကြောင်း နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။

တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့အား ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ဝေဖန်

တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့် ‘၀’ ဒေသရှိ မြို့နယ်များနှင့် မိုင်းလားမြို့နယ်တို့ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေစာရင်းတွင် ထည့်သွင်းခြင်းကို နားမလည်ဟု  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဝေဖန်ပြောကြားသည်။

ဖုန်းဆင်းမ်ကတ်များ တရားဝင်မှတ်ပုံမတင်ထားသဖြင့် ဆိုက်ဘာရာဇဝတ်မှုများအတွက် သက်သေခံအဖြစ် အသုံးပြုရန်ခက်နေ

ဆိုက်ဘာရာဇဝတ်မှုများ အတွက် အရေးယူမှုများ ပြုလုပ် ရန် သက်သေခံပစ္စည်းများအဖြစ် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအသုံး ပြုသူများ၏ အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ မှတ်ပုံတင်ထားနိုင်သည့် အချက်အ လက်များ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဆက်သွယ်ရေးနှင့် သတင်းအ ချက်အလက်နည်းပညာဌာန ဌာန မှူး ရဲမှူးကြီး ထွန်းနေဝင်းက ပြောသည်။

အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် စစ်ရေးဖြင့် ဖိအားပေးသည့်လုပ်ရပ်ကို ကန့်ကွက်ကြောင်း SSPP ပြော


အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ် မရေးထိုးသဖြင့် စစ်ရေးနည်းဖြင့် ဖိအားပေးသည့် လုပ်ရပ်ကို လုံးဝ ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးအပြီး သဘောထားထုတ်ပြန်လိုက်သည်။

ရုရှားနှင့် အမေရိကန်အပေါ် ဂျီဟတ်ဒ် ဆင်နွဲရန် IS တိုက်တွန်း

1015171582
IS အဖွဲ့က ရုရှားနှင့် အမေရိကန်နိုင်ငံသားများအပေါ် ဂျီဟတ်ဒ် ပြုလုပ်ရန် တကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင် များကို တိုက်တွန်းလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

13.10.15

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံရေး ပါတီများကို ခေါ်ယူ ပြောကြား

နိုဝင်ဘာ ၈ ရက် နေ့တွင် ပြုလုပ်မည် ဖြစ်သော ရွေးကောက်ပွဲကို
အချိန် ရွေ့ဆိုင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက
ယနေ့ (အောက်တိုဘာ ၁၃ ရက်) နံနက်ပိုင်းတွင် နိုင်ငံရေးပါတီများအား
ခေါ်ယူ ဆွေးနွေးခဲ့ကြောင်း သိရသည်။