ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.11.15

NCA စာချုပ်လက်မှတ်ရေးထိုးလိုက်ခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းစဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဆို


အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA )တွင် လက် မှတ်ရေးထိုးလိုက်ခြင်းမှာ ငြိမ်းချမ်း ရေးဆွေးနွေးရန် လမ်းစဖွင့်ပေးလိုက် ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်စော မြရာဇာလင်းက ပြောသည်။

အစိုးရ၊ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေရန် နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ပြောကြား


အစိုးရ၊ တပ်မတော်အနေဖြင့် တရားမျှတ လွတ်လပ်သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားလိုက်နာသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေရန် နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၆ ရက် ညပိုင်း က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အကြိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

သမ္မတ၏ ခရီးစဉ်များ ဥပဒေစည်းကမ်းနှင့်ညီဟု ရွေးကောက်ပွဲကော်မရှင်ဆို

တရားဝင်မဲဆွယ်စည်း ရုံးရေးကာလအတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သွားရောက်ခဲ့ သည့် ခရီးစဉ်များသည် ပါတီမဲ ဆွယ်သည့် သဘောသက်ရောက် သဖြင့် လိုအပ်သလို ဆောင်ရွက် နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက တိုင်ကြားမှုအပေါ် သမ္မတ၏ ခရီးစဉ်များသည် မဲ ဆွယ်ခရီးစဉ်မဟုတ်ဘဲ သက်ဆိုင် ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့် ကိုက်ညီသော ခရီးစဉ် သာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အ ကြောင်းပြန်သည်။

6.11.15

ပြည်ထောင်စုအစိုးရအဖွဲ့အထိမ်းအမှတ် ငွေဒင်္ဂါး နေပြည်တော်နှင့် ရန်ကုန်၌ စတင်ရောင်းချပြီး မန္တလေး၌ နိုဝင်ဘာ ၆ ရက်တွင် ရောင်းချမည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူဆောင်ရွက်ခဲ့သည့် သက်တမ်းအထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော ငွေဒင်္ဂါးများကို ယနေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း အရောင်းဆိုင်တွင် စတင်ရောင်းချခဲ့ပြီး စိတ်ဝင်စားမှုများပြားခဲ့ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းရရှိသည်။

ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အကောင်းဆုံးအတွက် မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရွေးကောက်ပွဲကာလ၌စောင့်ကြည့်မည့်သူများအား မြန်မာဒေသအနှံ့သို့ အီးယူအဖွဲ့ ထပ်မံစေလွှတ်


ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (EU EOM) သည် ရွေးကောက်ပွဲကာလ ၌ လေ့လာစောင့်ကြည့် မည့်သူ ၆၂ ဦး ကို နိုဝင်ဘာ ၅ ရက်တွင် ပြည်နယ် နှင့် တိုင်းဒေသကြီးများသို့ ထပ်မံ စေ လွှတ် လိုက်ကြောင်း သိရသည်။

You are here Home » 2015 General Election ရွေးကောက်ပွဲနေ့တွင် မဲရုံလေးသောင်းကျော်၌် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူ တစ်သောင်းကျော် အပါအ၀င် နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် သိန်းနှင့်ချီ စောင့်ကြည့်မည်


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် မဲရုံလေးသောင်းကျော်၌ ပြည်တွင်း၊ ပြည်ပမှ စောင့်ကြည့်လေ့လာသူ တစ်သောင်းကျော်အပါအ၀င် နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ် သိန်းနှင့်ချီ စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန် အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်းသုံးခု၏ ချေးငွေသဘောတူစာချုပ်များ လက်မှတ်ရေးထိုးမည်


ဂျပန် အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများရှိ စီမံကိန်း သုံးခု၏ ချေးငွေသဘောတူ စာချုပ်များအား မကြာခင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း JICA Myanmar Office မှ Chief Representative Mr Keiichiro NAKAZAWA ၏ ပြောကြားချက်အရ သိရသည်။

သမ္မတအထက်မှာ ရှိမယ်ဆိုတဲ့ ဒေါ်စု ကန် ပညာရှင် ဝေဖန်


လာမယ့်ရွေးကောက်ပွဲမှာ NLD နိုင်လို့ အစိုးရဖွဲ့ရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူက လုပ်ဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဟာ တရားဥပဒေစိုးမိုးရေး အယူအဆက သွေဖီ သွားတာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က သုံးသပ်ပြောကြားလိုက်ပါတယ်။

မဲရုံအတွင်း မည်သူ့ကိုမျှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခွင့် မပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်ထုတ်ပြန်


  ရွေးကောက်ပွဲ နေ့တွင် မဲဆန္ဒရှင်များ၏ လျှို့ဝှက် ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန်အတွက် မဲရုံအတွင်း မည်သူ့ကိုမျှ ဓာတ် ပုံ၊ ဗီဒီယိုရိုက်ခွင့်မပြုကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် က နိုဝင်ဘာ ၅ ရက် ရက်စွဲဖြင့် ထုတ် ပြန်ကြေညာလိုက်သည်။