ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့ကို တိုက်ခိုက်ရန် အမေရိကန်နှင့် ၄င်း၏ လက်တွဲဖော်များကို ရုရှားနိုင်ငံအနေဖြင့် ပူးပေါင်းမည်ဖြစ်ကြောင်း၊ သို့သော် ထိုပူးပေါင်းဆောင်ရွက်ရာ တွင် တူရကီက ရုရှားဂျက်လေယာဉ်ကို ပစ်ချသကဲ့သို့ ထပ်မံ ဖြစ်ပေါ်လာမည်ဆိုပါက အန္တရာယ် ကျရောက်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောသည်။




ရုရှား ဂျက်တိုက်လေယာဉ် တစ်စင်းကို တူရကီစစ်ဘက်က ပစ်ချလိုက်မှုကြောင့်
တင်းမာမှုများ မြင့်တက်နေစဉ် ရုရှားအစိုးရက နောက်ထပ် အလားတူဖြစ်ရပ်မျိုး
ထပ်မံမပြုလုပ်ရန် တူရကီ အစိုးရကို ရှင်းရှင်းလင်းလင်း သတိပေး
ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

