ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.12.15

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် (၆)လ လျှော့ချ

Asia World ဆိပ်ကမ်း- ရန်ကုန်မြို့
မြန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေ ကူးသန်းရောင်းဝယ် ခွင့်ကို (၆) လတာ ခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန် သွယ်ရေး ပြစ်ဒဏ် ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့ က ဖြေ လျှော့ပေးလိုက်ပါတယ်။

စပိန်ရတနာ သင်္ဘောကို ကိုလံဘီယာတို့ တွေ့ရှိခဲ့ပြီး နှစ် ၃၀၀ ကျော် ပဟေဠိ အဆုံးသတ်


ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားတို့ အပြည့်တင်ဆောင်ခဲ့သော စပိန်သင်္ဘောပျက်ကို တွေ့ရှိထားကြောင်း ကိုလံဘီယာက ပြောကြားခဲ့ရာ ကာရစ်ဘီယံတွင် ဗြိတိန်တို့က နှစ်မြှုပ်ခဲ့သော ယင်းသင်္ဘောပျက်ကို နှစ် ၃၀၀ အကြာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တယ်လီနောမှ အွန်လိုင်း ဗီဒီယိုပညာရေးစနစ် သင်ထောက်ကူပစ္စည်းများ စတင်အသုံးပြု


တယ်လီနောမြန်မာလီမိတက်မှ (တယ်လီနော)မှ မြန်မာ့လူ့အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံ ကွန်ပျူတာပညာနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည် တိုးတက်လာစေခြင်းအလို့ငှာ ၎င်း၏ အလင်းအိမ်စင်တာ ၁၁ ခုတွင် အွန်လိုင်းမှ ဗီဒီယိုဖြင့် လေ့လာရေးစနစ် သင်တန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

7.12.15

အစိုးရသစ်တွင် အခြားပါတီမှ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမည်ဟု ဦးဝင်းထိန် ပြော


ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမည့် အခြားပါတီမှ ပုဂ္ဂိုလ်များအား ထည့်သွင်းဖို့စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိ

ရှမ်းပြည်မြောက်ပိုင်း ဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား နိုဝင်ဘာ ၂၇ ရက်မှ လက်ရှိအချိန်ထိ တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း TNLA ၏ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဒီဇင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

Myanmar Tower Company ကို မလေးရှား ကုမ္ပဏီ တစ်ခုက ဝယ်ယူ


စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။

ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းတစ်မျိုးကို Kyocera

ဂျပန်ကုမ္ပဏီဖြစ်သည့် Kyocera သည် ဆပ်ပြာဖြင့် ဆေးကြော သန့်စင်နိုင်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

မြန်မာအပေါ် ကုန်သွယ်ရေး ပစ်ဒဏ်ခတ်မှုတချို့ ဖြေလျှော့ဖို့ ကန် စဉ်းစားမှု HRW ဝေဖန်

ရန်ကုန်မြို့ဆိပ်ကမ်း။
အမေရိကန်က ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ပါနေတဲ့ မြန်မာနိုင်ငံက အေးရှားဝေါလ်ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ အမေရိကန် ကုမ္ပဏီတွေကနေ ကူးသန်းရောင်းဝယ်နိုင်ဖို့ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့အချက်တချို့ကို အမေရိကန်အစိုးရက လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။ဒီလို ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်မယ့်အပေါ်မှာ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

5.12.15

ပြင်သစ် သမ္မတ ဟော်လန်ဒေး ပြင်သစ်လေယာဉ်တင် သင်္ဘောပေါ်သို့ ရောက်ရှိ၊ ဂျာမနီက အိုင်အက်စ်ကို တိုက်ခိုက်ရန် ပူးပေါင်း


ပြင်သစ်သမ္မတ ဟော်လန်ဒေးသည် ဆီးရီးယားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ပြင်သစ်နိုင်ငံ၏ လေယာဉ်တင် သင်္ဘော သို့ သွားရောက်လည်ပတ်နေချိန်တွင် ဂျာမန် ဥပဒေပြုလွှတ်တော်အမတ်များက အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် ပူးပေါင်းမည့် အစီအစဉ်ကို အတည်ပြုခဲ့ကြသည်။

ဒေါ်စုနဲ့ ဦးသန်းရွှေ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ဒီကနေ့ သောကြာနေ့ နေ့လယ်
၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော်စစ်ဦးစီးဌာနချုပ်မှာ တွေ့ဆုံခဲ့ကြောင်းသတင်းတွေက်ပေါ် နေပါတယ်။