ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

10.3.16

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်တွင်းသို့ ပစ်လွှတ်



ကြာသပတေးနေ့ အစောပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသည် ၄င်းတို့၏ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ဖြစ်သော ၀န်ဆန်မှ ပင်လယ်ထဲသို့ တာတိုပစ် ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။

တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရန် ကမ္ဘာ့ဘဏ်၊ JICA နှင့် ADB တို့မှ ငွေကြေးထောက်ပံ့မှုနှင့် မလုံလောက်သဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ကမ္ဘာ့ဘဏ် တိုက်တွန်း


မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ရရှိရန်အတွက် ကမ္ဘာ့ဘဏ်၊ JICA နှင့် ADB တို့မှ ပေးအပ်သည့် ငွေကြေးထောက်ပံ့မှုများဖြင့် မလုံလောက်နိုင်သဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် အစိုးရကို ကမ္ဘာ့ဘဏ်မှ တိုက်တွန်းထားကြောင်း သိရသည်။

9.3.16

ဒုတိယသမ္မတလောင်းရွေးချယ်မည့်ရက်မတိုင်ခင် တစ်ရက်အလို ယနေ့ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ရွှေ့ဆိုင်း


ဒုတိယသမ္မတလောင်း ရွေးချယ်မည့်ရက်မတိုင်ခင် တစ်ရက် အလို ယနေ့(မတ် ၉ ရက်)ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ကိုကျင်းပရန် စီစဉ်ခဲ့ပြီးမှ ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။

ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ပထမအဆင့်မှ တိုက်ခန်းများ ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ သတ်မှတ်ပြီး စတင်ရောင်းချမည်

ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်း ပထမအဆင့်မှ တိုက်ခန်းများကို ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ သတ်မှတ်ထားပြီး စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

RCSS နှင့် ဆွေးနွေးရန် နေရာနှင့်အချိန် ညှိနှိုင်းဟု TNLA ဆို

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းပလောင် လွတ်မြောက်ရေးတပ်(TNLA)တို့ကြား လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နှစ်ဖက်တွေ့ ဆုံဆွေးနွေးရန် နေရာနှင့်အချိန်ကို ညှိနှိုင်းလျက်ရှိကြောင်း TNLA မှ
ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က The Voice သို့ ပြောကြားသည်။

အင်းလေးဒေသ သမိုင်းဝင်ရွှေအင်းတိန်စေတီတော် သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက်ဖူးမြော်လေ့လာလျက်ရှိ


ရှမ်းပြည်နယ် (တောင်ပိုင်း ) ညောင်ရွှေမြို့နယ် အင်းလေးဒေသ သို့ ပြည် တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်ဝင်ရောက် လည်ပတ် အပန်းဖြေလေ့ လာလျက်ရှိရာတွင် ရှမ်းပြည်နယ်၏ ပုဂံဟု တင်စားထားသော သမိုင်းဝင်ရွှေအင်းတိန်ဘုရားစေတီပုထိုးများသို့ အင်းလေးမော်တော် (စက်လှေ)ဆိပ်မှ ဘုရားစဉ်ဖူးသည့် ခရီးစဉ်များတွင် မဖြစ်မနေ ဝင်ရောက်ဖူးမြော်လေ့လာလျက်ရှိသည်။

ဆီးရီးယားမှာ IS ခေါင်းဆောင်သေဆုံးမှုသတင်း အတည်ပြုဖို့ ကန်ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့အပတ်က ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးကို ချေမှုန်းနိုင်ခဲ့ခြင်း ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

8.3.16

ကန်-ကိုးရီးယား စစ်ရေးလေ့ကျင့်မှု ပြုံယမ်း လက်ဦးအောင်တုံ့ပြန်ဖို့ ခြိမ်းခြောက်


အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့တွေ မတ်လ ၇ ရက်နေ့က စစ်ရေးလေ့ကျင့်နေစဉ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို စတင်ကျင်းပချိန်မှာ မြောက်ကိုရီယားဘက်က လက်ဦးမှု ရယူပြီး နျူကလီယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

ကော့ သောင်း ခ ရိုင် ကမ်း ရိုး တန်း ဒေ သ အ တွင်း သို့ ခ ရီး သွား ဧည့်သည်များ လာရောက် လည်ပတ်မှု ပိုမို များပြား


မြန်မာနိုင်ငံသည် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် သွားလာရေး အဆင်ပြေချောမွေ့ အောင် လမ်း၊တံတားများ တိုးချဲ့တည်ဆောက် ပြုပြင်မှုများကြောင့် ခရီးသွားလုပ်ငန်း နယ်ပယ် တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအတွက် လာရောက်လည်ပတ်ရန် ဆွဲဆောင်မှု အားကောင်းသည့် ခရီးစဉ်ဒေသ တစ်ခုအသွင်အဖြစ် ထင်ရှားလျက်ရှိသည်။

နိုင်ငံတကာအမျိုးသမီးများနေ့တွင် Lydia က အမျိုးသမီးများကို Taxi အခမဲ့စီးနင်းခွင့်ပြု


ယနေ့(မတ်လ ၈ ရက်)တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လေဒီယာ(Lydia)ဆေးကုမ္ပဏီက အမျိုးသမီးခရီးသည်များကို အငှားယာဉ်(Taxi) အခမဲ့စီးနင်းခွင့်ပြုထားကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။