ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.3.16

မလေးရှားတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသူ ၁၃ ဦး ဖမ်းဆီးမိ

မလေးရှားနိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည့် အဖွဲ့ငယ်များတွင် ပါဝင်သူများအဖြစ် သံသယရှိသူ ၁၃ ဦးအား အာဏာပိုင်များ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲထောက်လှမ်းရေးချုပ်က မတ် ၂၄ ရက်၌ ပြောသည်။

24.3.16

ရေတပ်ကွန်မန်ဒိုအဖြစ် အသုံးပြုရန် လင်းပိုင်များ ရုရှားဝယ်ယူမည်

ရေတပ်တိုက်ခိုက်ရေး ကွန်မန်ဒိုများအဖြစ် လင်းပိုင်တွေကိုသုံးဖို့ ရုရှားရေတပ်ကတော့ လုပ်နေပါပြီ။ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့အတွက် လင်းပိုင်အကောင်တွေ ထပ်ပြီးဝယ်ဖို့ ရုရှားစစ်တပ်က ပြင်နေပါပြီ။

ခုံးကျော်တံတားနှစ်စင်း တည်ဆောက်မည့်ဘတ်ဂျက် ရန်ကုန်စည်ပင် ပြင်ပလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချပေးသင့်ဟု အကြံပြု

ခုံးကျော်တံတားနှစ်စင်း တည်ဆောက်မည့်ဘတ်ဂျက် ရန်ကုန်စည်ပင် ပြင်ပလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချပေးသင့်ဟု အကြံပြု
၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန်လျာထား သည့်ဘတ်ဂျက်များကို ခုံးကျော် တံတားဆောက်လုပ်ရေးထက် ရန် ကုန်စည်ပင် နယ်နိမိတ်ပြင်ပ ရှိ ကျေးလက်နှင့် မြို့နယ်ဆက်သွယ်ရေးလမ်းများ တည်ဆောက်ရေးအတွက် ခွဲဝေချထားသင့်ကြောင်း ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် အကြံပြု တင်ပြလိုက်သည်။

၂၀၁၆ ခုနှစ် မတ်လ တတိယပတ်အထိ နှစ်လကျော်အတွင်း ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၇၇ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိ


၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ မတ် ၁၈ ရက်အထိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇၇ ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ကြီးများ လာဘ်စားပါက ထောင်ဒဏ်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

အစိုးရအဖွဲ့သစ် တွင်ပါဝင်မည့်ဝန်ကြီးများ လာဘ်မစားရန် ဒေါ်အောင်ဆန်းစုကြည် က အထူးမှာကြားကြောင်း အစိုး ရအဖွဲ့သစ်တွင် ၀န်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးကျော်ဝင်းက ပြောသည်။

22.3.16

ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တောင်ဒဂုံမြို့နယ်မှ ဦးနှောက်အမြှေးရောင် သံသယရှိ ကလေးငယ်များကို ဆေးစစ်ခဲ့ရာ ရောဂါပိုး မတွေ့ရှိ၍ ကလေးအများစုကို ဆေးရုံမှ ဆင်းခွင့်ပြု


ရန်ကင်းကလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် တောင်ဒဂုံမြို့နယ်၊၂၁ ရပ်ကွက် စည်ပင်ဝင်းအတွင်းမှ ဖျားနာပြီး ဦးနှောက်အမြှေးရောင် သံသယရှိ ကလေးငယ် ၂၀ ဦးကို ဆေးစစ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိခြင်းကြောင့် ကလေးငယ် ၁၉ ဦးကို မတ် ၂၁ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ကျန်တစ်ဦးမှာ အဆုတ်ရောင်နှင့် သွေးလွန်တုပ်ကွေးလက္ခဏာများ တွေ့ရှိနေခြင်းကြောင့် လက်ရှိတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်၏ ပြောကြားချက်အရ သိရသည်။

သက်ဆိုင်သူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်

အင်တာနက်လူမှုကွန်ရက်၏ Bo Bo Myo Thant ဖေ့စ်ဘွတ်စာမျက်နှာ တွင် ယုဇနပလာဇာကားရပ်နားရာ နေရာ၌ မွန်ပြည်သူ့စစ်အဖွဲ့မှ ဦးနိုင် ရာကျော်ဆိုသူနှင့် ဘိုဘိုမျိုးသန့် ဆိုသူတို့ ပြဿနာဖြစ်ပွားခဲ့မှုကို ဓာတ်ပုံများဖြင့် ဖော်ပြထားရှိရာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက် ကျဆင်းစေသည့် ရေးသားဖော်ပြမှုများ၊ လုပ်ဆောင်မှုများ ပါဝင်နေ ကြောင်း တရားဝင်ဖွဲ့စည်းခွင့်ပြုထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ဖွဲ့စည်းမှု တွင် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် ဟူ၍သာရှိပြီး ရာထူး၊ အဆင့်များ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက် ကျဆင်းစေရန် လုပ်ဆောင်မှုများအတွက် သက်ဆိုင်သူများအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ သိရသည်။

ဦးမြင့်ဆွေ ဒုသမ္မတ နေရာရရှိထားခြင်းကို စိုးရိမ်ရန်မလိုဟု သူရဦးတင်ဦးဆို


တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမည်တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသည့်အပေါ်တွင် ပြည်သူလူထုက စိုးရိမ်ရန် မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံက မည်သည့်အချိန်တွင်မဆို ပဉ္စမအကြိမ်မြောက် နျူစမ်းသပ်မှုပြုလုပ်နိုင်ဟုတောင်ကိုရီးယား ပြောကြား

ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပါက မြောက်ကိုရီးယား နိုင်ငံအနေဖြင့် မည်သည့်အချိန်တွင်မဆို နောက်ထပ်နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်ကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင် ပြောကြားသည်။

၂၀၂၀ တွင် မြန်မာဘီယာဈေးကွက်ကိုဦးဆောင်နိုင်ရန် Heineken ရည်မှန်း

ကမ္ဘာကျော်ဘီယာအမှတ်တံဆိပ်တစ်ခုဖြစ်သော Heineken သည် ၂၀၂၀ ခုနှစ်အရောက်တွင် မြန်မာဘီယာဈေးကွက်၌ ဦးဆောင်သူဖြစ်လာရန် ရည်မှန်းလျှက်ရှိသည်။