ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.4.16

တိမ်းမှောက်ယာဉ်ပေါ်မှ တရားမဝင်သစ်ခွဲသားများဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆ အနီးတွင် ယနေ့ (ဧပြီလ ၄ရက်) နံနက် ၄ နာရီခန့်က လမ်းဘေးထိုးကျခဲ့သည့် ကန်တာအမျိုးအစား မော်တော်ယာဉ်ပေါ်မှ
တရားမဝင်တင်ဆောင်လာသည့် သစ်ခွဲသား ၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ လက်ရှိအစိုးရသစ်နှင့် လွှတ်တော်သို့ ပြန်တင်ပြမည်ဟုဆို



ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော် လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအစိုးရသစ်နှင့် လွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီသုံးခုထဲတွင် ပါဝင်သည့် ရန်ကုန်အနောက်တောင်ဒေသအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။

4.4.16

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးဌာန ၆ ခု နှင့် ၀န်ကြီး ၆ ဦးသတ်မှတ်ထားရှိမည်ဟု ၀န်ကြီးချုပ်၏အဆိုပြု ချက်ကို လွှတ်တော်သို့တင်သွင်း သဘောထားရယူ ကန့်ကွက်သူမရှိ လွှတ်တော် က အတည်ပြု

ယနေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးဌာန ၆ ခု နှင့် ၀န်ကြီး ၆ ဦးသတ်မှတ်ထားရှိမည်ဟု ၀န်ကြီးချုပ် ၏ အဆိုပြု ချက်ကို လွှတ်တော်သို့တင်သွင်း သဘောထားရယူရာတွင် ကန့်ကွက်သူ မရှိသောကြောင့် လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် လွှတ်တော်ကို ခေတ္တရပ်နားကာ ၁၀ နာရီ ၅၅ မိနစ်တွင်ပြန်လည်စတင်မည်ဟုပြောသည်။

တောင်ပစိဖိတ်သမုဒ္ဒရာရှိ ဗန်နူအာတူတွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဗန်နူအာတူတွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်တစ်ခု ယနေ့လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရသည်။

မင်္ဂလာဈေး ယာယီဆိုင်ခန်းများ အမြန်ဆောက်လုပ်ပေးရန် ၀န်ကြီးချုပ်သစ်ထံ တောင်းဆို

မန္တလေး မင်္ဂလာဈေး ယာယီဆိုင်ခန်းများ အမြန်ဆုံး ဆောက်လုပ်ပြီး သင်္ကြန်မတိုင်မီ နေရာချထားပေးရန် တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ထံသို့ ဈေးသူ၊ ဈေးသား များက ဧပြီ ၁ ရက်တွင် တောင်း ဆိုစာပေးပို့ခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုများလာ သည့် ရွှေအင်းတိန် ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများ


ဘီလူးချောင်းမှစီးဆင်းလာသောရေသည် ကြေးပေါခုံရွာ စက်လှေဆိပ်အနီးရှိ ဆည်ရေတံခါးပေါ်မှ အရှိန်ဖြင့်စီးဆင်းလျက်ရှိရာ ဝန်းကျင် သည် ရေငွေ့ဖြင့် အေးစိမ့်လျက်ရှိသည်။ စိမ်းစိုနေသော ဝါးတောလေး ကလည်း စက်လှေဆိပ်မှတက်လာသော ကမ္ဘာလှည့်ခရီးသွားတို့၏ အမောကိုပြေပျောက်စေပါသည်။ အေးစိမ့်နေသောတောအုပ်အုပ်နှင့် ဂီတသံပမာစီးဆင်းနေသော ရေဖွေးဖွေးကို တွေ့မြင်ရသည့်နည်းတူ ဥရောပစတိုင်စားသောက်ဆိုင်အနီးမှ ဝါးပိုးဝါးများ အစီအရီပေါက်နေသော ဝါးတောလေးကလည်း အင်းတိန်ရှေးဟောင်းစေတီများသို့ လာရောက်လေ့လာသော နိုင်ငံခြားသားများကို မှတ်မှတ်ရရ ဆွဲဆောင်လျက်ရှိနေပါသည်။

အီရတ်အစိုးရတပ်များက IS အကျဉ်းထောင်ကြီးတစ်ခုထဲမှ အကျဉ်းသား ၁၅၀၀ ၀န်းကျင်ကို ပြန်လွှတ်


အီရတ်အစိုးရတပ်ဖွဲ့များသည် နိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့ကို IS ဂျီဟတ်တို့ လက်မှ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ဆင်ရေးတစ်ခုအတွင်း IS တို့၏ မြေအောက်အကျဉ်းထောင်ထဲမှ အကျဉ်းသားများစွာကို လွှတ်ပေးခဲ့ကြောင်း အစိုးရအရာရှိများက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။

တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေခြင်းကို ပယ်ဖျက်သင့်ဟု EU တိုက်တွန်း

လွှတ်တော်ထဲတွင် တပ် မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို နေရာပေးထားခြင်း သည် အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုမရှိ၍ ယင်းအချက် ပယ်ဖျက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ (EU EOM) က အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ကာ အကြံပြုတိုက်တွန်းသည်။

1.4.16

လုံခြုံရေးအကူအညီအဖြစ် အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၃၃၅ သန်းပေးမည် -

လုံခြုံရေးအကူအညီအဖြစ် ယူကရိန်းသို့ နောက်ထပ် ဒေါ်လာ ၃၃၅ သန်းပေးရန် အမေရိကန်က ရှေ့တိုးဆောင်ရွက်လျက်ရှိကြောင်း အမေရိကန် ဒု-သမ္မတ ဂျိုးဘိုက်ဒင်က ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှင်ကို အား မတ် ၃၁ ကပြောကြားခဲ့သည်ဟု အိမ်ဖြူတော်၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

အချိန်လုဆောင်ရွက်ခဲ့သည့် ဥပဒေနှစ်ခု ပြန်လည်ပြင်ဆင်ရေးဆွဲရန် သူရဦးရွှေမန်းဦးဆောင်သည့်ကော်မရှင် အကြံပြု

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက် တမ်းအတွင်း အချိန်လု၍ ဆောင် ရွက်ခဲ့ရသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဥပဒေ၊ စီမံကိန်းဥပဒေများကို လက်ရှိ လွှတ်တော်သက်တမ်း၌ အမြန် ဆုံးသုံးသပ်ပြင်ဆင်ရေးဆွဲသင့် ကြောင်း သူရဦးရွှေမန်းဦးဆောင် သည့် လွှတ်တော်ကော်မရှင်က အကြံပြုထားကြောင်း သတင်းရရှိ သည်။