ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.6.16

ကျောက်မျက်ရန်ပုံငွေကိစ္စ စစ်ဆေးမှုရလဒ်ကို လက်မခံနိုင်ဟုဆို

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္ထုတွင်းဦးစီးဌာနက ခုံရုံးဖွဲ့စစ်ဆေးလျက်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ထွက်ပေါ်ခဲ့သည့် ကျောက်မျက်အသင်း ရန်ပုံငွေ အစီရင်ခံစာရလဒ်ကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း အလုပ်အမှု ဆောင် ဦးကျော်ကျော်ဦးက The Voice သို့ ပြောကြားသည်။

“ထူးဖောင်ဒေးရှင်း၏ ပညာဒါနစာသင်ကျောင်းမှ အောင်ချက် (၇၃.၀၄) ရာခိုင်နှုန်းဖြင့် ကျောင်းသား/သူ စုစုပေါင်း (၈၄)ဦးအောင်မြင်"

ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင်သည် ယခုနှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အောင်ချက် (၇၃.၀၄) ရာခိုင်နူန်းရှိခဲ့သည့်အပြင် သုံးဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၃၈)ဦး ထွက်ပေါ်ခဲ့ပါသည်။

10.6.16

တောဆင်ရိုင်း(၃)ကောင်ဖြတ်ရန်အတွက်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးလမ်းပိုင်းတစ်ခုယာယီပိတ်

ပဲခူးရိုးမမှတောဆင်ရိုင်းသုံးကောင်သည် လူနေရပ်ကွက်များထဲဝင်ရောက်လာပြီး လူများကိုရန်မူလာသည့်အတွက် ရွာသားအချို့သေဆုံးခဲ့ရပြီးနောက် ထိုတောဆင်ရိုင်းများအား ပဲခူးရိုးမသို့ပြန်လည်မောင်းထုတ်ရန် ကြားတွင်ခံနေသည့်ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း တစ်ခုကို ယနေ့ည၉ နာရီခွဲခန့်မှစကာယာယီပိတ်လိုက်ရကြောင်းသိရသည်။

ယခုနှစ်နိုဝင်ဘာလတွင် လာအိုနိုင်ငံ၌ ဂျပန်နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမည်

ဂျပန်နှင့် အာဆီယံအသင်းဝင် ၁ဝ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် နိုဝင်ဘာလအတွင်း လာအိုနိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ဇွန် ၈ ရက်တွင် ပြောကြားသည်။

ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တားမြစ်မှုကြောင့် မျှင်ပုစွန် အခြောက်စက်ရုံတည်ဆောက်ရန် ပြင်ဆင်ထားသည့်အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းရန် အကြောင်းကြားထား

ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ တားမြစ်မှုကြောင့် ဒေါ်အေးဆိုင် (စွမ်းပြည့်စုံကုမ္ပဏီ)မှ ၂ဝ၁၆ ခုနှစ် မေ ၁၆ ရက်တွင် လုပ်ငန်းများ ရပ်ဆိုင်းထားပြီး အဆိုပါ မြေပေါ်မှ ကဏန်းပျော့မွေးမြူခြင်းနှင့် မျှင်ပုစွန် အခြောက်စက်ရုံ တည်ဆောက်ရန် ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အအုံများကို ၂ဝ၁၆ ခုနှစ် ဇွန် ၂ဝ ရက် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂ဝ၁၆ ခုနှစ် ဇွန် ၆ ရက်တွင် အကြောင်းကြားထားပါကြောင်း၊ လိုက်နာမှုမရှိပါက ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ယနေ့အစည်းအဝေးတွင် ဖြေကြားသည်။

8.6.16

ရှန်ကျင့်ဒေသနေများ ခရီးသွားလာရာတွင် ဒီအိုင်အေနမူနာပေးရမည်


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ကျင့်ဒေသနေအချို့အနေဖြင့် ခရီးသွားလာရန်အတွက် မှတ်တမ်းမှတ်ရာများ လျှောက်ထားရာတွင် ဒီအိုင်အေနမူနာနှင့် အခြားကိုယ်ပိုင်အချက်အလက်များကို ပေးအပ်ရမည်ဖြစ်ကြောင်း ရဲဌာနက အမိန့်ထုတ်ထားသည်။

တပ်မတော်က သိမ်းယူထားသည့် ကျောက်စိမ်းတုံး ရေမဆေးကျောက်ရှာသူများကို ပြန်ပေးဟုဆို

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု နန့်မော်၌ မေလ ၂၇ ရက် ညနေ ၄ နာရီခန့်က ရေမဆေးကျောက်ရှာသူများ တွေ့ရှိခဲ့သည့် ပိဿာ၂၀၀ ခန့်ရှိ ကျောက်စိမ်းတုံးကို ကန်သုံးထောင် တပ်စခန်းက သိမ်းယူသွားခဲ့ရာမှ ဇွန်လ ၂ ရက်နေ့က ပြန်ပေးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အေးရှားဝေါလ်ကုမ္ပဏီခွဲ YACL ကုမ္ပဏီက Airport Tax နှုန်းထားကို နိုင်ငံခြားသားများအတွက် ဒေါ်လာ၂၀ နှင့် မြန်မာနိုင်ငံသားများအတွက် ၃၀၀၀ ကျပ်သို့ ဇူလိုင် ၁ ရက်မှစ၍ တိုးမြှင့် ကောက်ခံမည်

ဇူလိုင် ၁ ရက်မှစ၍ Airport Tax အား နိုင်ငံခြားသားများအတွက် ဒေါ်လာ ၂၀ နှင့် မြန်မာနိုင်ငံသားများအတွက် ကျပ် ၃၀၀၀ သို့ အေးရှားဝေါလ်ကုမ္ပဏီခွဲ ဖြစ်သည့် (YACL)က တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ မြို့ပြင်မြို့နယ်များ၌ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀၀၀ ကို လာမည့် စက်တင်ဘာတွင် စတင် တည်ဆောက်မည်ဟုဆို

ရန်ကုန်မြို့ မြို့ပြင်မြို့နယ်များ၌ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀၀၀ အား လာမည့် စက်တင်ဘာတွင် စတင် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဘရာဇီးနှင့် အာဂျင်တီးနားမှ အသားတင်သွင်းမှု ရုရှား တားမြစ်

ရုရှား ဈေးဝယ်စင်တာ၌ အအေးခံ အသားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
ရုရှား လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေး လုပ်ငန်း Rosselkhoznadzor က ဘရာဇီး ကုမ္ပဏီမှ အသားစား၊ ဥစားကြက်၊ ဘဲများနှင့် အာဂျင်တီးနား စီးပွားရေး လုပ်ငန်း တစ်ခုမှ အမဲသားနှင့် အမဲသားဖြင့် ပြုလုပ် ထားသော စားသောက်ကုန်များ ရုရှားနိုင်ငံတွင်းသို့ တင်သွင်းခြင်းအား ဇွန်လ ၇ ရက်က တားမြစ်လိုက်ကြောင်း ရုရှား မီဒီယာက သတင်း တင်ပြထားသည်။