ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.6.16

ကားပါကင်ပါမစ် ထုတ်ပေးမှုကို ခေတ္တ ရပ်ဆိုင်းကာ ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံပြီး နောက်ပိုင်း ကားဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်နေပြီး အရောင်းအ၀ယ် အေး

ကားပါကင်ပါမစ် ထုတ်ပေးခြင်းကို ခေတ္တ ရပ်ဆိုင်းကာ ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်း စတင် သတ်မှတ်ခဲ့သည့် အချိန်မှ စပြီး ဈေးကွက်အတွင်း ကားဈေးနှုန်းများ ပိုမို မြင့်တက်လာရာ အရောင်းအ၀ယ်လည်း အေးလျက်ရှိကြောင်း motors.com.mm က ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ခန့်မှန်း

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇွန် ၁၈ ရက် ညနေပိုင်းက ထုတ်ပြန်သည့် တတိယ ၁၀ ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်တွင် ဖော်ပြထားသည်။
အဆိုပါ ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနိုင်ကြောင်း ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် ရွာသွန်းမြဲခန့် ရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခုနစ်ရက်မှ ကိုးရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လေးရက်မှ ခြောက်ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါခန့်မှန်းချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ပြီးခဲ့သည့် မေလလယ်ခန့်က လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်ခဲ့ကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် အထိရောက်ခဲ့ပြီးမု န်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ မုန်တိုင်း သက်ရောက်ခဲ့သည့် ဖြစ်စဉ်အချို့သည် ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ပြီး မေ ၂ ရက် နှင့် ၃ ရက်များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှု များကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းဖြစ်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများ၏ ခြောက်ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ခဲ့သည်။
မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသောဒေသများသည် ရခိုင်ပြည်နယ် တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတို့ ဖြစ်သည်။

Credit To >>> Eleven Media Group

ယခင်အစိုးရလက်ထက် အတည်ပြုပြီးဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းခုနစ်ခုအား ဒီဇိုင်းပုံစံသာ ပြောင်းလဲ၍ ဆက်လက် အကောင်အထည်ဖော်မည်


ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း ခုနစ်ခုအား လက်ရှိအစိုးရ လက်ထက်တွင် ဒီဇိုင်းပုံစံသာ ပြောင်းလဲ၍ ဆက်လက် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

့မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်လိုပြီး ယူရိုသန်း ၂၀၀ ကူညီရန် အဆင်သင့်ရှိဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား


ပြင်သစ်နိုင်ငံ အနေဖြင့် ယူရိုသန်း ၂၀၀ ကူညီရန် အဆင်သင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်လိုကြောင်း ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက ပြောကြားသည်။

17.6.16

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့ခေါင်းဆောင်များ ဇွန်လနောက်ဆုံးပတ် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည် နှင့် NCA လက်မှတ် ရေးထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များ ဇွန် လနောက်ဆုံးပတ်တွင် နေပြည် တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

EUကနေ ဗြိတိန်ထွက်ခြင်း၊ မထွက်ခြင်းအပေါ်တွင် ကမ္ဘာ့ ရွှေဈေးအတက်အကျ မူတည်နေဟု ဆို

ဥရောပသမဂ္ဂ (Eu) ကနေ ဗြိတိန်နိုင်ငံ ထွက်ရေး၊ ဒါမှမဟုတ် ဆက်
နေရေး နဲ့ပတ်သက်ပြီးတော့ လာမယ့်သီတင်းပတ်ထဲမှာ မဲပေးဆုံးဖြတ်
တော့မှာဖြစ်ပါတယ်။

ခိုင်ဘာတောင်ကြားလမ်းဒေသတွင် ပါကစ္စတန်နှင့် အာဖဂန်တပ်ဖွဲ့များ အမြောက်ကြီးများဖြင့် ပစ်ခတ်




ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များသည် ဇွန် ၁၅ ရက်က ခိုင်ဘာတောင်ကြားလမ်းနယ်စပ်ဖြတ်ကျော်ရေး ဂိတ်အနီး အမြောက်လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည့် Riverfront Garden အဆင့်မြင့်ကွန်ဒိုစီမံကိန်းကို ဇူလိုင်လတွင် စတင်တည်ဆောက်မည်

Riverfront Garden ကွန်ဒိုပုံစံငယ်ကို တွေ့ရစဉ် ။Riverfront Garden
တရုတ်နိုင်ငံက Toener Investment Group ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဘုရင့်နောင်တံတား နှင့်အောင်ဇေယျကြိုးတံတားအကြား လှိုင်မြစ် တစ်ဖက်ကမ်းရှိ Riverfront Garden အဆင့်မြင့်ကွန်ဒိုအိမ်ရာစီမံကိန်းကို လာမည့်ဇူလိုင်တွင် စတင်တည်ဆောက်မည်ဟု စီမံကိန်း တာဝန်ရှိသူများက ပြောသည်။

ကျပ်သိန်း ၂၁ဝ တန်ဖိုးရှိ တရားမဝင်ကျောက်စိမ်း အရိုင်းတုံးတစ်တုံး ဒလမြို့နယ်၌ သိမ်းဆည်းရမိ

ဇွန် ၁၅ ရက်က ဒလမြို့နယ်အတွင်းမှ တရားမဝင်ကျောက်မျက်ရတနာများသယ်ဆောင်လာကြောင်း သတင်းအရ ဒလမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ ဒလမြို့မရဲစခန်း စခန်းမှူး ရဲအုပ်သက်နိုင်တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒလမြို့နယ် ကမာကဆစ် ရပ်ကွက် ဒလ-တွံတေး ကားလမ်း နာရီစင်အဝိုင်းအနီးတွင် ရပ်တန့် စောင့်ဆိုင်းနေစဉ် ဒလဘက်မှ တွံတေးဘက်သို့ မောင်းနှင်လာသည့် ယာဉ်မောင်းဦးကျော်ဌေး (၅၁နှစ်) ရေကမ္ဘာကုမ္ပဏီ (တောင်ဒဂုံစက်မှု ဇုန်)မှ ယာဉ်အမှတ် 7D-----ဖူဆို အပြာရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနှင့်အတူ ဦးသီဟကျော် ဒလမြို့နယ်နေသူတို့ အား တွေ့ရှိရပြီး ရှာဖွေစစ်ဆေးရာ ငွေကျပ် သိန်း ၂၁ဝ တန်ဖိုး(အလေး ချိန် နှစ်တန်ခန့်)ရှိ ကျောက်စိမ်းအရိုင်း တုံးတစ်တုံးကို တွေ့ရှိသဖြင့် ယာဉ် နှင့် ကျောက်စိမ်းအရိုင်းတုံးတို့ကို ဒလမြို့မရဲစခန်းသို့ သယ်ယူသိမ်းဆည်းခဲ့ကြောင်း သိရသည်။

မြန်မာရိုးရာ ပုသိမ်ထီးများကို ခရီးသွားနိုင်ငံခြားသားများစိတ်ဝင်တစားလေ့လာ



မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၂၂ဝ ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေး၊မွေးမြူများကိုလုပ်ကိုင်ကြသလို မိမိတိုတတ်ကျွမ်းသော လက်မူပညာများဖြင့် တောင်ယာသုံးပစ္စည်း များ၊ ပန်းချီ၊ ပန်းပုများကို ပြုလုပ်ရောင်းချကြသည်။ လက်မူပညာတစ်ခုဖြစ်သော ပုသိမ်ထီးအလှဆင် ရောင်းချနေသောဆိုင်များကိုမူ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားစွာဖြင့်လာရောက် လေ့လာ ကြသည်။