ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.7.16

မြန်မာရေပိုင်နက်အတွင်း ပြည်ပမှငါးခိုးဖမ်းနေခြင်းကို ထိရောက်စွာ အရေးယူကာကွယ်နိုင်ရေး လွှတ်တော်၌ဆွေးနွေးမည်


အခြားနိုင်ငံ များမှ မြန်မာရေပိုင်နက်အတွင်း ငါး ခိုးဖမ်းနေခြင်း ကို ထိရောက်စွာအ ရေးယူကာကွယ်နိုင်ရန် မကြာမီကျင်း ပ တော့မည့်လွှတ်တော်တွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ THADD ဒုံးပျံကာကွယ်ရေးစနစ် ဖြန့်ကျက်ချထားမှု နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း တရုတ်ပြော


တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ရန် အမေရိကန်၏ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကျက်ချထားရန် တောင်ကိုရီးယားနိုင်ငံ၏ လုပ်ဆောင်မှုသည် နှစ်နိုင်ငံကြား ယုံကြည်မှုအုတ်မြစ်ကို ထိခိုက်စေကြောင်း ပြောကြားလိုက်သည်ဟု တနင်္လာနေ့ သတင်းများတွင် ဖော်ပြသည်။

ရုရှ လူစွန့်စားတစ်ဦး မီးပုံပျံစီးကာ အမြန်ဆုံး ကမ္ဘာပတ်နိုင်သူအဖြစ် စံချိန်သစ်တင်

ရုရှ နိုင်ငံသား လူစွန့်စားတစ်ဦးဖြစ်သည့် ဖေဒါ ကိုနူကော့ဗ် ဆိုသူသည် တစ်ကိုယ်တော် မီးပုံပျံစီးကာ ၁၁ ရက်တည်းဖြင့် ကမ္ဘာတစ်ပတ်ပတ်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း

စည်းကမ်းလိုက်နာမှုမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူလိုက်သည်ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

ဗြိတိန်နိုင်ငံရေးအခြေအနေအကျိုးဆက် မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်ကာ ၈သိန်းခွဲထိ တက်သွား

 ဗြိတိန်နိုင်ငံဥရောပသမဂ္ဂကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရုတ်ချည်းဆိုသလိုအင်္ဂလန်ပေါင်ငွေ တန်ဘိုးစံချိန်တင်ကျဆင်းခဲ့သလို ကမ္ဘာ့စတော့ရှယ်ယာ   ဈေးကွက်တွေထဲမှာလည်း ကမောက်ကမ အခြေအနေတွေဖြစ်ခဲ့ပါတယ်။

အနုညာတခုံရုံးအဆုံးအဖြတ်ထွက်လာပြီးနောက် တရုတ်စစ်ဘက်က လက်နက်အသစ်များခင်းကျင်းပြသ


တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသအများစုကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်သည်ဟူသော တရုတ်နိုင်ငံ၏ ပြောကြားချက်သည် ဥပဒေနှင့်ညီညွတ်မှုမရှိ ဟု ကုလသမဂ္ဂက ထောက်ခံသည့်အနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်စစ်ဘက်က တာဝေးပစ်ဒုံးကျည် လက်နက်များအပါအဝင် လက်နက်သစ်များကို ခင်းကျင်း ပြသခဲ့ကြောင်း ဇူလိုင် ၂၂ ရက် ပီတီအိုင်သတင်းတွင် ဖော်ပြသည်။

22.7.16

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧက ၂ သန်းကျော်တည်ထောင်ဖို့ ရည်မှန်းထား

ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧက ၂ ဒသမ ၂၇ သန်းအထိ တည်ထောင်ဖို့ ရည်မှန်းထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာနကသိရပါတယ်။

အိုလံပစ်ပွဲတော်ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံရွယ်နေသောအဖွဲ့တစ်ခုကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းမိ


ဘရာဇီးရဲတပ်ဖွဲ့သည် အိုင်အက်စ်အဖွဲ့ကို သစ္စာတော်ခံပြီး မကြာမီကျင်းပတော့မည့် အိုလံပစ်ပွဲတော်ကို တိုက်ခိုက်ရန် ကြံစည်နေသော အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် အပျော်တမ်းအကြမ်းဖက်အဖွဲ့တစ်ခုကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် ယနေ့မှစ၍ တစ်နေ့နှစ်ကြိမ် နိုင်ငံတော် သီချင်းဖွင့်မည်

ထိုင်းနယ်စပ် မြ၀တီမြို့ ချစ်ကြည်ရေးတံတားမြန်မာဘက် ခြမ်းတွင် ယနေ့ (ဇူလိုင် ၂၂ ရက်) မှစ၍ အသံချဲ့စက်ဖြင့် နိုင်ငံတော် သီချင်း တစ်နေ့နှစ်ကြိမ်ဖွင့်မည် ဖြစ်ပြီး ဒေသခံပြည်သူများကြား ရာနေရာမှ မတ်တတ်ရပ်ဂါရ၀ပြု ရန် နှိုးဆော်ထားကြောင်း မြ၀တီ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေခြင်းကို ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီဖွဲ့စည်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရန် စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိသည်။