ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.7.16

ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုစီးပွားဘဝများ တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ




မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့သို့ ၂ဝ၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး ကမ္ဘာ့နိုင်ငံများအတွင်း ရွှေ့ပြောင်း အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ယင်းတို့၏ လူမှုစီးပွား ဘဝများ တိုးမြှင့်ပေးနိုင်ရေးတို့ကို အထူးအလေးပေးဆွေးနွေးဆောင်ရွက် လျက်ရှိပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများ၊ စိန်ခေါ်မှုများကို ပြည်ထောင်စုအစိုးရအနေဖြင့် လုပ်ငန်းစဉ်များချမှတ်ကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ် သမားများ တရားဝင်စေလွှတ်နိုင်ရန် မှတ်ပုံတင်ခွင့်ပြုထားသည့် အေဂျင်စီ ပေါင်း ၂၄၃ ခုရှိပြီး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းပေးထားပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအား ပြည်ပသို့ မထွက်ခွာမီ သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံ၏ဥပဒေများ၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာစကားစသည်တို့ကို အတန်အသင့်သိရှိထားရန်အတွက် အကြိုသင်တန်း များပေးခြင်း၊ လိုအပ်သည့်မှာကြားမှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပြီး စည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများကိုလည်း ယင်းတို့၏ စည်းကမ်းဖောက်ဖျက်မှုအနည်းအများအလိုက် အလုပ်သမားစေလွှတ်ခြင်းကို ယာယီရပ်ဆိုင်ခြင်းမှ အပြီးပိတ်သိမ်းခြင်းအထိ အဆင့်ဆင့်အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့သည့် အလုပ်သမား များနှင့်ပတ်သက်၍ အလုပ်သမားနှင့် အလုပ်ရှင်အကြား နှစ်ဖက်သဘောတူ စာချုပ်တွင် အလုပ်သမား၏ လုပ်ခလစာ၊ အချိန်ပိုလုပ်ခ၊ အလုပ်အမျိုးအစား၊ နေရာထိုင်ခင်း၊ အစားအသောက်၊ အလုပ်ချိန်၊ နားရက်၊ ဆေးဝါးကုသခွင့်နှင့် ခရီးသွားလာခွင့်စသည့် အချက်အလက်များပြည့်စုံစွာပါရှိသည့်အပြင် အသက် အာမခံကိစ္စရပ်များကိုလည်း စီစဉ်ပေးထားပါကြောင်း၊ ထို့ပြင် မြန်မာအလုပ် သမားများအား သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအတိုင်း အကျိုးခံစားခွင့်ရရှိစေရန် စီစဉ်ပေးခြင်းတို့ကို ထည့်သွင်းချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သော အေဂျင်စီများ အတွက် ဆောင်ရွက်ရမည့်တာဝန်ဝတ္တရားများနှင့် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကိုလည်း ချမှတ်ပေးထားပြီးဖြစ်၍ အေဂျင်စီများအနေဖြင့် အလုပ်သမားများ စတင်စေလွှတ်သည်မှစ၍ မြန်မာနိုင်ငံသို့ အလုပ်သမား ပြန်လည်ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်လုပ်ကိုင်စေပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင် ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်းတွင်ပါရှိသော ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အာဆီယံ နိုင်ငံများအနက် အလုပ်သမားစေလွှတ်သော နိုင်ငံများနှင့် လက်ခံသောနိုင်ငံ များရှိ အစိုးရ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများအကြား ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်နေရသော အခက်အခဲများ ဖြေလျှော့နိုင်ရေး၊ ကောင်းမွန်လုံခြုံစိတ်ချရသော လုပ်ငန်းခွင် ဖြစ်စေရေး၊ ခွဲခြားဆက်ဆံခံရမှုမရှိစေရေး၊ ခေါင်းပုံဖြတ်မခံရစေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်၏ ၂ဝ၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေအရ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ဖွဲ့စည်းခဲ့သော အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နေရာဒေသ နှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်သမားများ အတွက် အနည်းဆုံးအခကြေးငွေ တစ်နာရီ ငွေကျပ် ၄၅ဝ နှုန်းဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ငွေကျပ် ၃၆ဝဝ သတ်မှတ်ချက်နှုန်းထားကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အနည်းဆုံးအခကြေးငွေ နှုန်းထားတစ်ခု သတ်မှတ်ရာ၌ အဓိကအားဖြင့် အလုပ်သမားများ၏ လိုအပ်ချက်များကို ဖြေရှင်းနိုင်မည့် ငွေကြေးပမာဏဖြစ်ရန် လိုအပ်သကဲ့သို့ အလုပ်ရှင်များက အမှန်တကယ်ပေးနိုင်မည့် ငွေကြေးပမာဏဖြစ်ရန် လိုအပ်ပါကြောင်း။
အနည်းဆုံးအခကြေးငွေနှုန်းထားသတ်မှတ်ရန်အတွက် မျက်မှောက် ကာလဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းအခြေအနေများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခြေအနေများ၊ အလုပ်ရှင်၊ အလုပ်သမားအခြေအနေများ၊ အလုပ် အကိုင် အခွင့်အလမ်းအခြေအနေများ၊ ငွေကြေးတည်ငြိမ်မှုအခြေအနေများ နှင့် နယ်မြေဒေသအခြေအနေများအပေါ်မူတည်၍ ဘက်စုံထောင့်စုံမှ လေ့လာ စောင့်ကြည့်ရန်လိုအပ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ ထုတ်ပြန်ခဲ့သည့် အနည်းဆုံးအခကြေးငွေနှုန်းထားသည် ပထမဆုံး အကြိမ် ထုတ်ပြန်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီများနှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါသဖြင့် လတ်တလောတွင် ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီးက နိုင်ငံ အတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမား များအား မည်သည့်ဥပဒေအထောက်အထား ကန့်သတ်ချက်များဖြင့် လုပ်ကိုင် ခွင့်ပြုထားသည်ကို သိရှိလိုကြောင်းနှင့် ၄င်းအလုပ်သမားများထံမှ အခွန်အခ များ ကောက်ခံရယူခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားများ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ နေထိုင်ခွင့်ပြုခြင်းတို့ကို တည်ဆဲဥပဒေများဖြစ်သည့် ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ၊ ၁၉၄ဝ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေများ၊ ၁၉၅၁ ခုနှစ် ချုပ်နှောင်ခြင်းနည်းဥပဒေ၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှစ၍ ပြောင်းလဲပြင်ဆင်အသုံးပြုလျက်ရှိသည့် ပြည်ဝင်ဗီဇာ (၁၂)မျိုး၊ ပြည်ပြန်ဝင်ခွင့်ဗီဇာ (၃)မျိုး၊ နှစ်နိုင်ငံသဘောတူစာချုပ် များနှင့်အညီ သတ်မှတ်အခငွေများကောက်ခံပြီး စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
Credit To >>> The Mirror Daily

တန်ဖိုးနည်းဘရိတ်ဓားပန်းချီနှင့် ရုပ်သေးရုပ်ကလေးများကို နိုင်ငံတကာခရီးသွားဧည့်သည်များ အမှတ်တရဝယ်ယူ


၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် မန္တလေးမြို့သို့ နိုင်ငံတကာခရီးသွား ဧည့်သည်များစွာ ဝင်ရောက်ခဲ့ကြသည်။ အနောက် နိုင်ငံများက မြန်မာနိုင်ငံကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပြုလုပ်ရန် အကောင်းဆုံးသောနိုင်ငံဟု သတ်မှတ်ထားသည်။ခရီသွားဝန်ဆောင်မူလုပ်ငန်းကို မီးခိုးမထွက်သည့်စက်ရုံဟု တင်စားနိုင်သည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် မြန်မာ့တောတောင်ရေမြေသဘာဝအလှအပရှုခင်းများကိုလေ့လာကာ မြန်မာမှုအနုလက်ရာများကို အမှတ်တရ ဝယ်ယူလေ့ရှိကြသည်။

အများစုသော နိုင်ငံတကာခရီးသွားဧည့်သည်များသည် သယ်ယူပို့ဆောင်မှုအဆင့်ဆင့်အရ လေးလံသောကြေးထည်ပစ္စည်း၊ ပန်းပုပစ္စည်းများထက် ပေါ့ပါးသော မြန်မာမှုအနုပညာလက်ရာမြောက် ပစ္စည်းများကို ဝယ်ယူလေ့ရှိသည်။ အများဆုံဝယ်ယူသောပစ္စည်းမှာ တန်ဖိုးနည်း မြန်မာ့ရှုခင်း ဘရိတ်ဓားပန်းချီကားများ၊ ရွှေချည်ထိုးပန်းချီကားများနှင့် ပေါ့ပါးသော န်ြမာလက်မှုအနုပညာမြောက် ရုပ်သေးရုပ်ကလေးများကို ဝယ်ယူလေ့ရှိသည်။ 


မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်ပြီး နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားသော ရွှေကျောင်းကြီး၊ ဦးပိန်တံတားနှင့် အခြားနေရာများတွင် ရုပ်သေးရုပ်နှင့် အခြားမြန်မာမှုလက်ဆောင်ပစ္စည်းများကို ရောင်းချလေ့ရှိသည်။ 

လက်ရှိကာလတွင် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ပန်းပုပစ္စည်းများကို လေ့လာကြည့်ရှုကြပြီး တန်ဖိုးနည်း ဘရိတ်ဓားပန်းချီကားကလေးများနှင့် တန်ဖိုးနည်း မြန်မာမှုရုပ်သေးရုပ်ကလေးများကိုသာ အမှတ်တရအဖြစ် ဝယ်ယူမှုများပြားလျက်ရှိသည်။ ပန်းပုပစ္စည်းများမှာ တန်ခူးလနောက်ပိုင်းတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဦးပိန်တံတား ပန်းပုပစ္စည်း အရောင်းဆိုင်မှ ပြောပြသည်။

Credit To >>> The Mirror Daily

26.7.16

သဘာဝအလှကို ပျောက်ကွယ်စေမည့် အထပ်မြင့် အဆောက်အအုံများကို ခွင့်မပြုဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို သဘာဝ ခရီးသွားမြို့အဖြစ် ပြုလုပ်ရန် မြို့သဘာဝအလှကို ကွယ်ပျောက်စေမည့် အထပ်မြင့် အဆောက်အအုံများကို ကမ်းနားလမ်းနှင့် လမ်းအချို့တို့တွင် တည်ဆောက်ခွင့် မပြုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။

ပုဂ္ဂလိက ရုပ်သံ လုပ်ငန်းအသစ်များ ခွင့်ပြုပေးတော့မည်

ပုဂ္ဂလိက ရုပ်သံ ထုတ်လုပ်သည့် လုပ်ငန်းသစ်များ၏ ရုပ်သံ ထုတ်လွှင့်ခွင့်များကို ခွင့်ပြု ပေးသွားတော့မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားလိုက်နာပါရန် အမေရိကန်သံရုံးကို နိုင်ငံခြားရေး ဝန်ကြီးဌာန အသိပေး


ရန်ကုန်မြို့ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင် ၂၄ ရက်က လုံခြုံရေး လေ့ကျင့်မှု ပြုလုပ်ရာမှ မျက်ရည်ယိုဗုံး

ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများကို သွားရောက်ခေါ်ယူမည်


အပြန်စရိတ် မရှိ၍ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသော မြန်မာအလုပ်သမား ၃၀၀၀ ကျော်ကို သြဂုတ်လဆန်းပိုင်းတွင် လေယာဉ်ခြောက်စင်း သို့မဟုတ် ခုနစ်စင်းဖြင့် သွားရောက်ခေါ်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေနဲ့အတူ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေ


(၄၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဖွဲ့ဝင်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ အမျိုးသားလွှတ်တော်ခန်းမ၌ စတင်ကျင်းပသည်။

ရေပြင်ဝေဟင် မောင်းနှင်နိုင်သောလေယာဉ် တရုတ်နိုင်ငံ ထုတ်လုပ်မှု သမိုင်းမှတ်တိုင်စိုက်ထူ


တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင်လည်းကောင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်းကောင်း အသုံးပြုရန် ရည်ရွယ်လျက်

25.7.16

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် နိုင်ငံပိုင်ကြေးမုံ သတင်းစာဖော်ပြ

မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်း၍ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား သဘော တူလက်ခံနိုင်သော ရေအားလျှပ် စစ်စီမံကိန်းများသာ ရှာဖွေဖော် ထုတ်ပြီး လက်တွဲပူးပေါင်းဆောင် ရွက်ရန် ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။