ကျောက်စိမ်းတူးဖော်ခြင်း ယာယီရပ်ဆိုင်းရန်နှင့် တရားဝင်၊ တရားမ၀င် ပြည်ပတင်ပို့မှုများ ပိတ်ပင်တားဆီးရန် လုပ်ငန်းရှင် ၂၀၀၀၀ ကျော် လက်မှတ်ထိုးတောင်းဆိုခဲ့ကြောင်း မန္တလေးကျောက်စိမ်း လုပ်ငန်းရှင်များက မီဒီယာစင်တာတွင် သြဂုတ် ၁၆ ရက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားသည်။









