ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေသည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများကို ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ရန် စီစဉ်နေကြောင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် မြန်မာအစိမ်းရောင်ကွန်ရက်၏ (၅) ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။








