ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.12.16

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ခေတ္တရပ်နားခဲ့ရသည့် မူဆယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော် လျော့ကျ

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ခေတ္တရပ်နားခဲ့ရသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော် လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ နယ်စပ်ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရသိရသည်

ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုန်နှင့် မြို့သစ်စီမံကိန်း တစ်ခုစီပေါ်ပေါက်လာမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မြေယူကာ အခန်းတည်ဆောက်မှုစနစ်ဖြင့် Risk ယူ၍တည်ဆောက်ခြင်း ရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တိုက်တွန်း


ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု၊ စီးပွားရေးဇုန်တစ်ခု၊ မြို့သစ်စီမံကိန်းတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြေယူပြီး အခန်းတည်ဆောက်မှုစနစ်ဖြင့် Risk ယူကာ တည်ဆောက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၁ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒုသမ္မတတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဂျပန်နိုင်ငံ၏ အာကာသခရီးသွားလုပ်ငန်းအတွက် ကုမ္ပဏီနှစ်ခု ရင်းနှီးမြှုပ်နှံမည်

ဂျပန်လေကြောင်း ANA ဦးပိုင်နှင့် ခရီးသွားအေဂျင်စီတစ်ခုဖြစ်သည့် HIS တို့သည် အာကာသခရီးသွားလုပ်ငန်း တစ်ခုအတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရန်ကုန်-ကိုးလ်ကတ္တား-ရန်ကုန် ခရီးစဉ်သစ် စတင်ပြေးဆွဲ


ပွင့်လင်းရာသီသို့ ရောက်လာပြီ ဖြစ်သောကြောင့် ခရီးသွားရာသီနှင့် အတူ ကမ္ဘာလှည့်ခရီးသွားများဝင်၊ ထွက်သွားလာမှု များပြားသော ကာလဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည်များ၊ မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်မည့် ခရီးသွား များအတွက် ပြည်တွင်းလေကြောင်း လိုင်းများမှာလည်း ခရီးစဉ်များ တိုးချဲ့ ပြေးဆွဲလျက်ရှိသည်။

1.12.16

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၂ ကျပ်အထိ စံချိန်တင်ဈေးအဖြစ် ထပ်မံမြင့်တက်ခဲ့သော်လည်း ညနေပိုင်းတွင် ၁၃၅၅ ကျပ်သို့ ပြန်လည်ကျဆင်း

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၂ ကျပ်အထိ စံချိန်တင်ဈေးအဖြစ် ထပ်မံမြင့်တက်ခဲ့သော်လည်း ညနေပိုင်းတွင် ၁၃၅၅ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူများထံမှ သိရသည်။

ဖားကန့်ဒေသ၌ နယ်မြေတည်ငြိမ်မှု မရှိသည့် အနေအထားတွင် ကျောက်တူးဖော်ရေး ကုမ္ပဏီအချို့က အချိန်အခါမဟုတ် ညအချိန် မိုင်းခွဲ ကျောက်တူးဖော်မှုများကြောင့် ဒေသခံများ ထိတ်လန့်နေ

ဖားကန့်ဒေသ၌ နယ်မြေတည်ငြိမ်မှု မရှိသည့် အနေအထားတွင် ကျောက်တူးဖော်ရေးကုမ္ပဏီ လုပ်ငန်းအချို့မှ အချိန်အခါမဟုတ် ညအချိန် မိုင်းခွဲကျောက်တူးဖော်မှုများကြောင့် ဒေသခံများ ထိတ်လန့်နေကြောင်း သိရသည်။

30.11.16

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော် အတည်ပြု

ပူတာအိုမြို့မှ ရေခဲတောင်ခြေအထိ လမ်းဖောက်ရန် ကချင်ပြည်နယ် လွှတ်တော်က နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ငါးရက်တာ ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ရက်တည်း ၁၂ ကျပ်ခုန်တက်လာပြီး တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဖြင့် စံချိန်တင်


ပြီးခဲ့သည့် ငါးရက်တာအတွင်း ကျပ် ၁၃၄၀ ကျော်ဖြင့် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ၁၂ ကျပ်ခုန်တက်လာကြောင်း ဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူ များထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုတင်

(နိုဝင်ဘာ ၂၉ ရက်) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ မိထ္တီလာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း က "ရှမ်းပြည်အရှေ့မြောက်ဒေသ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတို့တွင် KIA၊ MMDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အချာတည်မြဲမှု၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်မိကြောင်း" အရေးကြီး အဆိုတင်သွင်းခဲ့ပါသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၈ဝဝဝ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရောင်းချမည်

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂ဝ၁၆ မှ ၂ဝ၂ဝ ဘဏ္ဍာနှစ် အထိ ငါးနှစ်တာကာလအတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာအခန်းပေါင်း ၈ဝဝဝ ဆောက်လုပ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။