ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.2.17

အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် လူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူ တည်ဆောက်သွားကြရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ထုတ်ပြန်


အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူတည်ဆောက်သွားကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး နှစ်စဉ်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်

၂၀၃၀ ပြည့်နှစ်တွင်မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀အသုံးပြုနိုင်ရေး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောသည်။

9.2.17

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများက ရန်ပြုရန် ၀ိုင်းရံလာသဖြင့် တပ်မတော်ရေယာဉ်က တားဆီးပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို နယ်ခြားစောင့်ရဲတပ် ဖွဲ့က ပစ်ခတ်သဖြင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ်တွင် ငါးဖမ်းလှေများက တပ်မတော် ရေယာဉ်ကို အကြမ်းဖက်ရန်ပြုရန် ၀န်းရံလာသဖြင့် ပစ်ခတ်တားဆီး ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

ရွှေထည်လက်ဝတ်ရတနာများ ရောင်းချရာတွင် ၀ယ်သူထံမှ အခွန် ၃ ရာခိုင်နှုန်းကောက်ခံပါက အရောင်းအ၀ယ်လျော့နည်းသွားနိုင်ဟုဆို

ရွှေထည်လက်ဝတ်ရတ နာများ ရောင်းချရာတွင် ၀ယ်ယူ သူထံမှ အစိုးရက ကုန်သွယ်လုပ် ငန်းခွန် ၃ ရာခိုင်နှုန်း ကောက်ခံ မည်ဆိုပါက အရောင်းအ၀ယ် လျော့နည်းနိုင်သည်ဟု မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။

တစ်ဒေါ်လာလျှင် ၁၃၅၄ - ၁၃၆၂ ကျပ်ဝန်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင်ငံခြားငွေလဲနှုန်း ၁၃၆၉ ကျပ်အထိ ခုန်တက်

၁၃၅၄-၁၃၆၂ ကျပ် ၀န်းကျင်၌ ရက်ပေါင်း ၂၀ ခန့် ငြိမ်သက်နေသော နိုင်ငံခြား ငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ၁၃၆၉ ကျပ်အထိ ခုန်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်သူများ ထံမှ သိရသည်။

ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ ရှုခင်းကြည့်စီမံကိန်း လုပ်ကိုင်ခွင့်ရရှိ

ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ရှုခင်းကြည့် စီမံကိန်းအား Myanmar Voyages International Tourism ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

8.2.17

နိုင်ငံရပ်ခြားမှလာရောက်အခြေချသူတွေအတွက်လမ်းဖွင့်ထားမှသာ ဗြိတိန်ကို ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံ ဆယ်ခုထဲ ဆက်ရှိနိုင်မည်

No automatic alt text available.
လာမယ့် ၂၀၅၀ မတိုင်ခင် ကမ္ဘာ့စီးပွားရေးက အရွယ်အစားအားဖြင့်ယခုထက် နှစ်ဆ ပိုကြီးသွားဖို့ ရှိနေချိန် ဗြိတိန်တို့အနေနဲ့ကတော့အောင်မြင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖော်ဆောင်နိုင်ရမှာဖြစ်သလို လူဝင်မှုကြီးကြပ်ရေးပိုင်း လမ်းဖွင့်ပေးထားရမှာဖြစ်ပြီတော့ယင်းမှသာ ကမ္ဘာ့ထိပ်တန်းဆယ်နိုင်ငံထဲ ဆက်ပါနေနိုင်မှာဖြစ်တယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထရမ့်ရဲ့အထူးပိတ်ပင်မိန့်ကို Microsoft ၊ Google ၊ Facebook တို့အပါအ၀င် ကုမ္ပဏီ ၉၇ ခု တရားစွဲဆို Seattletimes

No automatic alt text available.
ကမ္ဘာ့နာမည်ကြီး ဦးဆောင်ကုမ္ပဏီကြီးတွေအပါအ၀င် အမေရိကန်နည်းပညာကုမ္ပဏီ ၉၇ ခုကတာဝန်ရှိသူတွေအနေနဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ခရီးသွားပိတ်ပင်မိန့်အပေါ်ဆန့်ကျင်ကာဥပဒေကြောင်းနဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ထောက်ခံလက်မှတ်ထိုးသွားခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

MICA ဖျက်သိမ်းရန်အဆို အမျိုးသားလွှတ်တော် အတည်ပြု

နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုမှု မရှိဘဲ လူတစ်စုက လက်ဝါးကြီး အုပ်ခြယ်လှယ်လုပ်ကိုင်ခဲ့သော မြန်မာအပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) ဖျက်သိမ်းပေးရန် အဆို ကို ဖေဖော်ဝါရီ ၇ ရက်ကကျင်းပ သည့် အမျိုးသားလွှတ်တော် အ စည်းအဝေးတွင် အတည်ပြုခဲ့ သည်။

၁၀ လအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းနှင့်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးများ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများနှင့်ဖေဖော် ဝါရီ ၇ ရက်တွင် နိုင်ငံတော်သမ္မ တအိမ်တော်အစည်းဝေးခန်းမ၌ တွေ့ဆုံကာ ၁၀လအတွင်း ဆောငရွက်ခဲ့သည့် စီမံကိန်းများ အခြေ အနေကို ဆွေးနွေးခဲ့သည်။