ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.3.13

မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့

မိုဘိုင်းလ်ဖုန်းများကို ငွေကျပ်ထောင်ဂဏန်းအထိဈေးလျှော့ရောင်း ချပေးမည်ဖြစ်ရာ မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းကနို င်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်း ချ ထားသော မိုဘိုင်းလ်ဖုန်းများအတွက် အရစ်ကျ လစဉ်ကြေးများ ပေးသွင်းရန် လိုအပ်တော့မည် မဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့် သဘောတူ စာချုပ်ပါ ဖော်ပြချက်အရ သိရသည်။  မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ်ခဲ့ပါက 
သတ်မှတ်သော နှုန်းထား အသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်တွင် ဖော်ပြထားပြီး အရစ်ကျ ဖုန်းများအတွက် စာချုပ် ပါ အချက်အလက်များအတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။

မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင်ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်း ထွက်ပေါ်ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းခေတ္တ ပိတ်သိမ်းထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။  အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်း တို့၏ ဝန်ထမ်းလစာအတွင်းမှဖြတ်တောက်သည့် စနစ်ဖြစ်၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ် ကျပေး သွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ဝယ်ယူ အသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် Total Myanmar ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းနယ်မြေသွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ ရှိတဲ့ ဒေသခံတွေနဲ့ ဒီကနေ့မှာ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။ ရေဖြူမြို့နယ် မီးချောင်းလောင်းကျေးရွာ မူကြိုကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံ မမြင့်မူက RFA ကို အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က မေးတယ်၊ ဒေသခံတွေဘာတွေလိုအပ်လဲ၊ ဒေသခံတွေက လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေးပါလို့၊ နောက်ပြီး မီး၊ ရေ၊ ဆေးရုံ၊ ကျောင်း အကုန်လုံးတော့ တောင်းဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောတယ် အဲ့ဒါတွေအကုန်လုံး နေပြည်တော်ကိုတင်ပြ ပေးမယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် သူကနှစ်ချက် တောင်းဆိုမယ်တဲ့၊ ဘာတောင်းဆိုမလဲဆိုတော့ အကုန်လုံးက ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြပါတဲ့၊ နောက်ပြီး ရာဘာပင်တွေက တအားများနေတယ် ရာဘာပင်တွေထက် တခြားအပင်တွေလည်း စိုက်ကြပါတဲ့ အဲ့နှစ်ချက်တော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်" ။
ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရေဖြူမြို့နယ် Total Myanmar (တိုတယ်ကုမ္ပဏီ) ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကို သွားရောက်လေ့လာပြီး ကံပေါက်ကျေးရွာ၊ ဇာဒီကျေးရွာနဲ့ မီးချောင်းလောင်းကျေးရွာတို့မှာရှိတဲ့ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ ဆေးရုံအဆောက်အဦးတွေ၊ လမ်းပြုပြင်ထားမှုတွေနဲ့ စာသင်ကျောင်း ဆောက်လုပ်ထားမှုတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်ကို Total Myanmar ကုမ္ပဏီရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး လက်ပန်းတောင်း ဒုံးတောရွာသားများနှင့် ဆွေးနွေး

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို ရောက်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ကုစားပေးမယ့် အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ကံကုန်းရွာက မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတာက နိုင်ငံတကာက အသိအမှတ်ပြုလက်မှတ်ပေါ့နော်။ နောက်တချက်ကကျတော့ ဒေသခံတွေကို အန္တရာယ် မရှိအောင်ပေါ့။ ပြီးတော့ စက်မှုဝန်ကြီးဌာနက တရားဝင်လက်မှတ်ပေါ့။ အဲဒါကို မိုးကြိုးဆာလဖျူရစ် အက်စစ် စက်ရုံကို ဆက်ပြီးတော့လုပ်မယ်ပေါ့။”
ဝန်ကြီးက ဒုံးတောရွာ သောက်သုံးရေကိစ္စ၊ လျော်ကြေးပေးရေးကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ လုပ်ဆောင်ပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ “ဒုံးတောကျေးရွာမှာကျတော့ ဒုတ္ထာရည်တွေ စိမ့်ပြီးတော့ ၀င်နေတဲ့အတွက်ကြောင့် သောက်သုံးရေဟာ မသန့်ရှင်းတော့ဘူးပေါ့။ အဲဒီရေတွေကို သန့်ရှင်းအောင် မြန်မာယန်စီကုမ္ပဏီကနေပြီးတော့ တာဝန်ယူပြီးတော့ ပြုလုပ်ပေး မယ်ပေါ့ဗျာ။ နောက်ပြီးတော့ ရပ်ရွာလူထုတွေ အတွက် ဒေသဖွံ့ဖြိုးရေးတွေကို ကုမ္ပဏီက အကုန်လုပ်ပေးမယ်။ အဲဒါဆိုရင် သူတို့ လက်သင့်ခံလားမှာပေါ့။ ဒုံးတောကတော့ အကုန်လက်သင့်ခံတယ်။ ဒေသဖွံ့ဖြိုးအောင်လုပ်ပေးမယ်။ နောက်ပြီးတော့ ယာမြေတွေကို အလျော်မပေးဘဲ ထားတဲ့ဟာတွေ တချို့တ၀က်ကိုလည်း လျော်ပေးမယ်။ နောက် ကျေးလက်ဆေးပေးခန်းလည်း ထားပေးမယ်။ အားလုံးဆိုလို့ရှိရင် ဒုံးတောက လက်သင့်ခံတယ်ခင်ဗျ။“ လို့ ပြောပါတယ်။
ဒုံးတောနဲ့ ကံကုန်းကျေးရွာဟာ နီးကပ်တဲ့ရွာစဉ်တဆက်ဖြစ်ပြီး ဒီပွဲကို တက်ရောက်လာတဲ့ ကံကုန်းရွာသားတွေကတော့ လက်မခံကြဘူးလို့ ဆိုပါတယ်။ ဒုံးတောကျေးရွာမှာ ဒုတ္တာရည်တွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲကို မြန်မာယန်စီ ကုမ္ပဏီက ဖြေရှင်းပေးမှာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကိစ္စက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။ ဒီနောက် ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒုံးတောရွာကနေ မိုကြိုးဆာလဖျူရစ်စက်ရုံ တည်ရှိရာ ကံကုန်းကျေးရွာကို သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံဖို့ ပြင်နေပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ် Lt Gen the Rt Hon Sir Jerry Mateparae က ဂုဏ်ပြုကြိုဆို နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ်က မတ်(၁၄)ရက် ညနေ(၃)နာရီတွင် အော့ကလန်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြု ကြိုဆိုသည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ နယူးဇီလန် (Maori Cultural Group) က မိုရီ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံ အရဖြင့် ကြိုဆိုသည်။ထို့နောက် နိုင်ငံတော်သမ္မတအား နယူးဇီလန်ဘုရင်ခံချုပ်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထို့နောက် နှစ်နိုင်ငံဆွေးနွေးပွဲကို အစိုးရအိမ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဒေါက်တာ မြအေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး နယူးဇီလန် ဘုရင်ခံချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ နယူးဇီလန်နိုင်ငံ အနေဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ပညာရေး၊ မွေးမြူရေးကဏ္ဍများတွင် နယူးဇီလန်နိုင်ငံ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာ အကူအညီပေးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးစဉ် နယူးဇီလန်နိုင်ငံဘုရင်ခံချုပ်က နယူးဇီလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယူးဇီလန်နိုင်ငံတွင် မည်သည့်အစိုးရ တာဝန်ယူသည် ဖြစ်စေ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံသို့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် H. E. RT. Hon. Jon Key လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်နှင့် ယခုမိမိလာရောက် လည်ပတ်သည့် ခရီးစဉ်နှစ်ခုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းဝင်မည့် ခရီးစဉ်များပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၏ ထောက်ခံ အားပေးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံကို BURMA အစားတရားဝင် အမည်ဖြစ်သည့် MYANMAR ဟု ပြောင်းလဲသုံး စခေါ်ဝေါ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံ ပြည်သူများနှင့် မိမိတို့ အစိုးရက အထူးကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်ဆံရေးသာမက နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ဆက်ဆံရေးကိုပါ တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား နယူးဇီလန်ဘုရင်ခံချုပ်က အစိုးရ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဖိလစ်ပိုင်က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသော ဧရာမ ကာစီနို ဖွင့်လှစ်

ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် ဧရာမကာစီနို ကစားရုံကြီးကို ဖိလစ်ပိုင်တွင် မတ် ၁၆ ရက် က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း ကစားပွဲရုံဈေးကွက်သို့ ၀င်ရောက်ရန် ခြေလှမ်းပြင်ဆင်ခဲ့သည်။ မနီလာပင်လယ်အော်တွင် တည်ဆောက်မည့် ကာစီနိုလေးခု၌ ပထမဆုံးဖွင့်လှစ်ခဲ့သည့် Solaire Malina Resorts သည် ဖိလစ်ပိုင်နိုင်ငံအတွက် ချမ်းသာသော ကမ္ဘာလှည့် ခရီးသွား သန်းပေါင်းများစွာကို ဆွဲေ ဆာင်ေ ပးနိုင်လိမ့်မည်ဟု အစိုးရနှင့် ကာစီနိုလုပ်ငန်း တာဝန်ရှိသူများက မျှော်လင့်ထားသည်။
"Solaire က ဖိလစ်ပိုင်မှာမရှိတဲ့ ဖျော်ဖြေရေးနဲ့ ကစားပွဲ အတွေ့ အကြုံတွေကို ယူဆောင်ပေးလာပါပြီ" ဟု Solaire ၏ အမှုဆောင် အရာရှိချုပ် မိုက်ကယ်ဖရန့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ဖိလစ်ပိုင် ဆိပ်ကမ်းလုပ်ငန်း ဘီလျံနာ အင်းနရစ်ရာဇွန်က ထိန်းချုပ်ထားပြီး အမေရိကန်နိုင်ငံ လတ်ဗီးဂက်စ် အခြေစိုက် Global Gaming Asset Management က လည်ပတ်မည့် ယင်းကာစီနိုသည် ဘော်လုံး ကွင်းလေး ကွင်း စာခန့် အရွယ်အစားရှိသော အကျယ်အ၀န်းရှိပြီး ကစား စားပွဲ ၃၀၀ ရှိကာ အကြွေစေ့စက် ၁၂၀၀ ရှိမည် ဖြစ်သည်။

ယင်းအဆောက်အုံထဲတွင် ဟိုတယ်အခန်း ၅၀၀ ရှိမည်ဖြစ်ပြီး ကားအစီး ၂၀၀၀ ခန့် ကားရပ် နားနိုင် သည့်နေ ရာလည်း ရှိမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်အခန်း ၃၀၀ ခန့်နှင့် တန်ဖိုးကြီး ပစ္စည်းများ ရောင်း ချမည့်ေ ဈးဆိုင်ခန်း ၄၀ ခန့်ကိုလည်း တိုးချဲ့နေရာတွင် တည်ဆောက်နေသည်။ နောက်ထပ်ကာစီနိုသုံးရုံကို ဖွင့်လှစ်ပြီးပါက မနီလာလေဆိပ် အနီးတွင်ဖျော်ဖြေရေးမြို့တော် ပေါ်ပေါက် လာမည် ဖြစ်သည်။ ဖိလစ်ပိုင် အချမ်းသာ ဆုံးပုဂ္ဂိုလ် ဟင်နရီဆိုင်၊ သြစတြေးလျ ဘီလျံနာ ဂျိမ်းပက်ကာ၊ မကာအို ကာစီနိုသူဌေး လောရင့်ဟိုတို့ ဖက်စပ်ဖွင့်လှစ်မည့် Belle Grande ကာစီနိုကို လာမည့်နှစ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဂျပန်ကာစီနိုသူဌေး ကာဇူအို အိုကာဒါနှင့် မလေးရှားကာစီနိုလုပ်ငန်းစု Genting တို့ လုပ်ကိုင်မည့် ကာ စီနိုနှစ်ခု ကိုလည်း ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ Solaire ကာစီနိုဖွင့်လှစ်နိုင်မှုကြောင့် ဖိလစ်ပိုင်ကာစီနိုလုပ်ငန်း ၀င်ငွေကို ယခုနှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ထိ နှစ်ဆတိုးလာပြီး ကာစီနိုလေးခုစလုံး ဖွင့်လှစ်ပြီးပါက ဒေါ်လာ ၁၀ ဘီလျံထိ မြင့်တက်လာမည် ဟုမျှော်လင့် ထားသည်။

ပုပ်ရဟန်မင်းရဲ့ပထမဆုံး တနင်္ဂနွေနေ့ တရားပွဲ

ဗာတီကန်က St. Peter’s ရင်ပြင်မှာလုပ်တဲ့ တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲမှာ အသစ်ရွေးချယ်ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီး Francis က ပရိသတ် ၁ သိန်းခွဲလောက်ကို တရားဟောခဲ့ပါတယ်။ ပုံမှန်အားဖြင့် လက်တင်ဘာသာနဲ့ လုပ်လေ့ရှိတဲ့ ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာစကားနဲ့ ဟောကြားခဲ့ပါတယ်။ အများအားဖြင့် ကြိုတင်ပြင်ဆင်ထားတဲ့စာရွက်ကို မကြည့်ဘဲ ပရိတ်သတ်တွေကို လက်တန်း ပြောကြားခဲ့ပါတယ်။ ဆုတောင်းပွဲကို ကောင်းသောနေ့ပါလို့ အစချီခဲ့ပြီး တရားဟောလို့ ပြီးသွားတဲ့အခါမှာ လည်း
ကောင်းသောနေ့လည်စာ စားသုံးနိုင်ကြပါစေလို့ နှုတ်ဆက်ခဲ့ပါတယ်။ St. Peter’s ရင်ပြင်တခုလုံး ပြည့်နှက်နေတဲ့ ပရိတ်သတ်ကြီးက ပုပ်ရဟန်းမင်းကြီးရဲ့ ဟိတ်ဟန်မပါတဲ့ ပြောစကားတွေကို နှစ်သက်ခဲ့ကြပါတယ်။

St. Peter’s ရင်ပြင် တရားပွဲမတိုင်ခင်ကလည်း ဗာတီကန်က St. Anna's ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ တနင်္ဂနွေတရားပွဲမှာ ဗာတီကန်ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်ပေါင်း ရာနဲ့ချီကို တရားဟောခဲ့ပါတယ်။ ဘုရားကျောင်းကအထွက်မှာလည်း လမ်းပေါ်ကနေ သူ့ကို အော်ဟစ်နှုတ်ဆက်နေကြသူတွေရှိရာ ဂိတ်တခါးအထိသွားပြီး ပုပ်ရဟန်းမင်းကြီးက နှုတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ရွေးချယ်ခံထားရတဲ့ သက်တော် ၇၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဟိတ်ကြီးဟန်ကြီးမရှိဘဲ အများလက်ခံတဲ့ ပြုမူ ပြောကြားမှုတွေက သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

စိန်ခေါ်ချက်များရအောင်ရှင်းယူမည်ဟု တရုတ်ဝန်ကြီးချုပ်သစ်ကတိပြု

တရုတ်အစိုးရရဲ့ နောင် ၅ နှစ် အစီအစဉ်တွေကို တရုတ်ဝန်ကြီးချုပ်သစ် လီခွန့်ချောင်းက တနင်္ဂနွေနေ့က သတင်းထောက်တွေကို တွေ့ဆုံပြောပြခဲ့ပါတယ်။ တရုတ်နိုင်ငံ ကို ပြုပြင်ပြောင်းလဲဖို့ အတွက် အချိန်အကြာကြီးကတည်းက မရှင်းနိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမယ်။ အရင်မလုပ်ဖူးတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေဖြေရှင်းရမယ် လို့ ပြောခဲ့ပါတယ်။ ဘယ်လိုခက်ခဲ နက်နဲတဲ့ ပြဿနာမျိုးဖြစ်ပါစေ
တရုတ်နိုင်ငံက ရအောင်ရှင်းရမယ်လို့လည်း ဆိုပါတယ်။

တရုတ်အစိုးရရဲ့ နံပါတ် ၁ ဦးစားပေးက တိုးတက်နေတဲ့ တရုတ်စီးပွားရေး ဆက်တိုးတက်ဖို့ဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးကို ၇.၅ အထိဖြစ်အောင် ပစ်မှတ်ထားတယ်လို့ ဝန်ကြီးချုပ် လီကပြောပါတယ်။ တရုတ်ပြည်သူတွေအနေနဲ့ ဒီထက် အခက်အခဲတွေကို ရင်ဆိုင်ကြရမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာ ထိခိုက်မှုတွေရှိလာနိုင်တာကိုလည်း ပြောပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် ရမယ်လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ အသုံးစရိတ်တွေ လျှော့ချဖို့ ဗျူရိုကရေစီစနစ်ကို သိသိသာသာလျှော့ချသွားဖို့အတွက်လည်း ကတိပြုသွားပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို လျှော့ချပစ်ဖို့ အတွက်တော့ စိန်ခေါ်မှုတွေ ရှိနေသေးတာကို တရုတ် ဝန်ကြီးချုပ်သစ် လီခွန့်ချောင်းက တနင်္ဂနွေနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဧ၀ရက်တောင်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တက်နိုင်သူ

အသက် ၂၉ နှစ်မျှသာ ရှိသေးသည့် နီပေါနိုင်ငံသူ ချက်ဟူရင်ရှာပါသည် အမြင့်ပေ ၂၉၀၃၅ (၈၈၅၀ မီတာ) မျှ မြင့်မားလှသည့် ဧဝရက်တောင်ထိပ်ကို နှစ်ကြိမ်တိုင် အောင်မြင်စွာ တက်နိင်ခဲ့သောကြောင့် ရှာပါကို ယခုအခါ ဂင်းနစ်စ်မှတ်တမ်းက တစ်ပတ်ခန့် အတွင်းဧ၀ရတ်တောင်ကို နှစ်ကြိမ်တက်သူအဖြစ် အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။ "ဒုတိယ အကြိမ် တောင်တက်တော့ တော်တော်ခက်ခဲပင် ပန်းတာပဲ၊
ထိပ်ဆုံး ရောက်သွားတော့လည်း လန်းဆန်းသွား တာပဲ၊ ကျွန်မလုပ်ချင်ရာကို အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်မအရမ်း ကိုပြောပါတယ်"ဟု ရှာပါက သူ့အတွေ့ အကြုံများကို ပြန်ပြောင်းပြောပြ သွားသည်။ ဧဝရက်တောင်ထိပ်ကို ၁၉၃၅ ခုနှစ်တွင် နယူးဇီလန်နိုင်ငံမှ ဆာအက်မန်း ဟီလာရီက ပထမဆုံး အကြိမ် အောင်မြင်စွာ တက်ရောက်နိုင် ခဲ့သော်လည်း ရှာပါမှလွဲ၍ မည်သူကမျှ တစ်ပတ်ခန့်အတွင်းမှာ ဧဝ ရက်တောင်ကို နှစ်ကြိမ်အထိ တက်ရောက်နိုင်ခဲ့ ဖူးခြင်း မရှိသေးပေ။

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။
သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။ အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ခရီးသွားနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်းများကို ပြုလုပ်တော့မည်

အာကာသ အတွင်းမှ ကမ္ဘာမြေသို့ ဦးတည်လာနိုင် သည့် ဥက္ကာပျံများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် အတွက် အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်း လုပ်ငန်းများကို နောင်လာမည့် ဆယ်နှစ်အတွင်း ပြုလုပ်နိုင်တော့ မည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ နယူးဆော့ဖ်ဝေးလ် တက္ကသိုလ် ဩစတြေးလျ စင်ထရယ်အာ ကာသစူးစမ်း လေ့လာရေး သုတေသန ဌာန ACSER မှ ဦးစီးပြီး စီစဉ်ဆောင်ရွက် သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယင်းတက္ကသိုလ်မှ ဦးစီးပြီး ကမ္ဘာအရပ်ရပ်ရှိ အာကာသသိပ္ပံဆိုင်ရာ ကျွမ်းကျင် ပညာ ရှင်များသည်
၂၀၁၆ ခုနှစ်ခန့်တွင် ဩစတြေး လျနိုင်ငံ၌ အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။ ပထမဦးစွာ လမျက်နှာပြင်ပေါ်တွင် ချိန်ကိုက်မိုင်းများ ဖောက်ခွဲနိုင်ရန် သုတေသနပြုလုပ် ဆောင်သွားမည်ဖြစ်ကာ ထို့နောက် ကမ္ဘာဂြိုဟ်ပတ် လမ်းကြောင်းသို့ ၀င်ရောက်လာမည့် ဥက္ကာပျံများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ACSER အဖွဲ့၏ သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဂေါ် ဒန်ရိုစ်ဆယ်လာက ပြောကြားသွားခဲ့ သည်။