ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.3.13

ပုံမှန်ပြန်ဖြစ်ပြီဆိုတဲ့ လိုင်ဇာမြို့

ကချင် လွတ်မြောက် ရေးအဖွဲ့မှ ထိန်းချုပ် ထားသော နယ်စပ် မြို့ဖြစ် သည့်လိုင်ဇာမြို့မှာ ပုံမှန်အနေအထား ပြန်ရောက်နေ ပြီ ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ရွှေလီမြို့တွင် ပြောကြား ခဲ့သည်။ “လိုင်ဇာ ကတော့ ပုံမှန် ပြန်ဖြစ် ပြီလို့ ပြောလို့ ရပါပြီ”ဟု ဗိုလ်ချုပ် ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ် နိုင်ငံ ရွှေလီ မြို့၌ ပြုလုပ် ခဲ့သော ဆွေးနွေးပွဲ ခေတ္တ နားစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနှင့် တရုတ် နိုင်ငံ နယ်စပ်တွင် တည်ရှိသော လိုင်ဇာ မြို့သည် နယ်စပ် ကုန်သွယ် ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ မှစ၍ အစိုးရ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ပြီးနောက် ကုန်သွယ်ရေး လုပ်ငန်းများ အားလုံး နီးပါး ရပ်တန့် သွားခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ် ဇန်န၀ါရီလ အတွင်း နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စဉ် ကေအိုင်အို ဌာန ချုပ်ရှိရာ လိုင်ဇာမြို့အတွင်းသို့ပင် လက်နက်ကြီး များကျရောက်ကာ လေကြောင်း တိုက်ခဲ့မှု များသည်လည်း လိုင်ဇာမြို့ အနီးသို့ ရောက်ရှိ ခဲ့သည်။ လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာ မြို့တွင် ဒုက္ခသည် စခန်း ငါးခု ရှိပြီး ထိုဒုက္ခသည် စခန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်း အချို့နှင့် ကုလ သမဂ္ဂမှ အကူ အညီများ စတင်ရောက်ရှိ နေပြီ ဖြစ်သော်လည်း အစား အသောက်နှင့် မကြာမီ ရောက်ရှိ လာတော့မည့် မိုးရာသီ အတွက် လုံခြုံသော အဆောက် အအုံများ လိုအပ်လျက် ရှိနေသေးသည်။

လိုင်ဇာ မြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက် ကတည်းက ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သော အဖွဲ့ သည်လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိ သွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာ လမ်းအတိုင်း လမ်းလျှောက် ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ လိုင်ဇာ မြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေး လမ်းလျှောက် သူများနှင့် ငြိမ်းချမ်းရေး အတွက် သွားရောက်သော ပန်းရဲလမ်း ငြိမ်းချမ်းရေး အဖွဲ့တို့သည် မတ်လ ၁၃ နှင့် ၁၅ ရက်တို့က အစိုးရ တပ်များ တပ်စွဲထားရာ လဂျား ယန်ဂိတ်မှ ဖြတ်သန်းကာ လိုင်ဇာ မြို့သို့ အသီးသီး ရောက်ရှိခဲ့ ကြကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်း ရာတွင် လဂျားယန် ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရ တပ်က ကူညီ ပေးခဲ့ပြီး မြင်းခြံ မြို့မှ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့တွင် ဘုန်းတော်ကြီး များပါ ပါဝင်ရာ ဘုန်းတော်ကြီး များအား နေ့ဆွမ်း ဆက်ကပ်ပြီး လမ်းလျှောက် အဖွဲ့များအား နေ့လယ်စာ စီစဉ်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။ မတ်လ ၁၁ ရက်က တရုတ် နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင် အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ပထမဆုံး အနေဖြင့် တပ်ဘက် ဆိုင်ရာ များကို ဆွေးနွေးကာ အပစ်အခတ် ရပ်စဲရေး ရသည်အထိ ဆောင်ရွက်ရန် သဘော တူညီခဲ့ကြ သည်။ ကေအိုင်အေနှင့် အစိုးရ တပ်အကြား တိုက်ပွဲများ လျော့နည်း သွားပြီဆိုသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ လွယ်ယာ ဒေသတွင် မတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

ဧပြီလ ၁ ရက်၌ စတင်၍ အထူး နှုန်းဖြင့် ချထား ပေးမည့် ဖုန်းများအား မည်သို့ ရောင်းချ ပေးမည် ဆိုသည်ကို ယနေ့ အချိန် အထိ မသိ သေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ''ဘယ်လို ပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေး ဘူး။ အထက် လူကြီးတွေ ဆုံးဖြတ် ပြီးမှ သိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသလောက် ရောင်းမလား ဆိုတာ မသိဘူး။ ကျွန်တော်တို့ ကတော့ အထက်က ခိုင်းတာပဲ လုပ်ရ တာပါ''ဟု
မြန်မာ့ ဆက်သွယ် ရေးမှ အရာရှိ တစ်ဦးက ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ကျပ်ထောင်ဂဏန်းသာရှိမည့် နှုန်းထားဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်း များရောင်းချပေးမည်ဟု ပြောကြားထားသည်။ အဆိုပါ သတင်း များကြောင့် ဖုန်းဝယ် ယူချင် သူအချို့မှ အလွယ် တကူ ဖုန်းဝယ် ယူခွင့် မရမည်ကို စိုးရိမ် နေသည့် အပြင် တစ်ဆင့် ပြန်ရောင်းမည့် မိုဘိုင်း ဟန်းဆက် အရောင်း ဆိုင်များ မှာလည်း ရောင်းခွင့် မရမည်ကို အလားတူ စိုးရိမ် လျက်ရှိ နေကြောင်း သိရသည်။

''သမ ဝါယမမှာ ဆန်၊ ဆီ ဝယ်ရ သလို တန်းစီ ရမယ့်အခြေအနေ ထပ်ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ကြိမ် ဖုန်းဝယ် ရမှာ နှစ်သိန်း ဖုန်းဝယ် ရသလို မျိုးထက် ပိုပြီး ခက်ခဲမယ် ထင်တယ်။ မှောင်ခို ဈေးကွက်လည်း ရှိလာ နိုင်တယ်။ ကျွန်တော်တို့ သုံးချင်တဲ့ သူတွေ ကတော့ ဘယ်လိုပဲ တန်းစီပြီး ရောင်းပေး ပါစေ အလုံးရေ မကန့် သတ်ဘဲ ရောင်းပေး စေချင်တယ်။ တန်းစီပြီး ဖုန်းဝယ် ရမယ့် အဖြစ်ကို ထပ်ပြီး မကြုံစေ ချင်ပါဘူး''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ကို သိန်းသန်းဦးက ပြောသည်။

ယင်းအပြင် ပုဇွန်တောင် မြို့နယ် မှ Htoo မိုဘိုင်း ဖုန်းဆိုင် ပိုင်ရှင် ကလည်း ဆင်းကတ် များအား ဈေးနှုန်း မြှင့်တင ရောင်းရ ခြင်းမှာ ကတ်အလွယ် တကူ ဝယ်ယူ နိုင်ခြင်း မရှိသည့် အတွက် ဖြစ်ကြောင်း အလွယ် တကူ ဝယ်ယူရောင်း ချခွင့် ရရှိ မည်ဆိုပါက ဈေးနှုန်း မြှင့်တင် ရောင်းချ ကြမည် မဟုတ်ဟု ပြောသည်။

ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တို့ နေရပ်ပြန်ပို့ရန် စီစဉ်

ကချင် စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ရှောင်တိမ်းပြီး အစိုးရ ထိန်းချုပ် နယ်မြေ၌ ခိုလှုံ နေသူ များကို မူလ နေရပ်သို့ ပြန်လည် ပို့ဆောင် တော့မည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ရွှေလီတွင် မတ်လ ၁၁၊ ၁၂ ရက်နေ့ များ၌ ဆွေးနွေး ပြီးနောက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းနေပြီ ဖြစ်သည့် အတွက်
ပြန်ပို့မည့် အစီ အစဉ်ကို အရပ် ဘက်ဆိုင်ရာ လူ့အဖွဲ့ အစည်း များနှင့် ဆွေးနွေးမှု စတင်ပြုလုပ် နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုသည်။

”အခု ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီး တွေက အဖွဲ့အစည်း တွေနဲ့ နေ့တိုင်း တွေ့နေကြ ပါတယ်။ အဲဒီ ကိစ္စကို ဆောင်ရွက် ကြဖို့ပါ” ဟု ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း အစိုးရ ထိန်းချုပ်မှု နယ်မြေ ဖြစ်သော မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် အစ ရှိသည့် နေရာ တို့၌ ကယ်ဆယ် ရေးစခန်း ၁၁၂ ခုကို ဖွင့်လှစ် ထားရာ ဒုက္ခသည် ဦးရေ ၃၈ဝဝဝ ရှိနေ သည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ စာရင်းမှ သိရသည်။ဖားကန့် ဒေသ ကယ်ဆယ်ရေး စခန်း ရောက်သူ တစ်ဦးက ”ငြိမ်းချမ်း ရေးဆွေးနွေး တယ်လို့ ကြားရင် ဘယ်တော့ ပြန်ရမ လဲ နေ့တိုင်း တွေးနေ တာပါ” ဟု ပြောသည်။ စစ်ဘေးကြောင့် ထွက်ပြေးနေ ရသည့် ဒုက္ခသည် များမှာ KIO ထိန်းချုပ် နယ်မြေ တွင် ဦးရေ ၇ဝဝဝဝ ခန့် ရှိကြောင်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီတွင် သတင်း ထုတ်ပြန် ထားသည်။

ကချင် ပြည်နယ်တွင် စစ်ရေး အခြေအနေ မတည် ငြိမ်မှုကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း အသွား အလာ ပြတ်တောက် ခဲ့သည့် အရှည် ၁၁၄ မိုင်ရှိသော မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို လည်း ယခုလ ၁၈ ရက်တွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး ထိုည ၇ နာရီတွင် ဘင်ကား သုံးစီး၊ ဟိုင်းလတ် နှစ်စီး စတင်ဖြတ်သန်းခဲ့ သည်ဟု ကချင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဌာနက အတည် ပြုသည်။ ထို့အတူ ၂ဝ၁၁ ခုနှစ် ဇွန်လ မတိုင်ခင် ပိတ်သိမ်းသွား ခဲ့သော KIO ဆက်ဆံရေး ရုံးအား ပြန်လည် ဖွင့်လှစ်သွား နိုင်ရန်ရှင်း လင်းမှုတို့ ပြုလုပ် နေကြ ကြောင်းလည်း မျက်မြင် သက်သေ မြစ်ကြီး နားမြို့ခံ တို့မှ သိရသည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်အသစ် ချုပ်ဆို၍ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်

လက်ပံ တောင်းတောင် ကြေးနီ စီမံ ကိန်းကို အားနည်း ချက်များ ပြုပြင်၍ နိုင်ငံနှင့် ဒေသခံများ ပိုမို အကျိုး ဖြစ်ထွန်း စေရန် ဝမ်ပေါင် ကုမ္ပဏီနှင့် စာချုပ် အသစ် ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက် သွားရန် အကြံပြုကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်က ကြေးနီ စီမံ ကိန်းနယ် မြေတွင် ပါဝင်သော ဒုံးတောနှင့် ကံကုန်း ကျေးရွာ ဒေသခံ များကို တွေ့ဆုံ ရာတွင် ပြောကြားသည်။
တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့် အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေး အရ ယုံကြည်ရမှု မရရှိနိုင်တော့သည့် အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။ ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း သိမ်းယူခဲ့သော လယ်ယာမြေများကို ကာလတန်ကြေးနှင့် လျော်ကြေးပေးရန် ဒေသခံ များ၏ အလုပ်အကိုင်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဟု မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့က ကတိပေးထားကြောင်း ၄င်းက ဆိုသည်။

ကြေးနီ စီမံကိန်း အတွက် လယ်ယာ မြေများကို ကာလ တန်ကြေးနှင့် အညီ လျော်ကြေး ပေးရာတွင် ယခု ဆောင်ရွက်မည့် လက်ပံ တောင်းတောင် စီမံကိန်း ကိုသာ မက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက် ကတည်း ကပင် ဆောင်ရွက် ခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံ ကိန်းများ အတွက် သိမ်းယူ ခဲ့သော လယ်မြေများ ကိုပင် ပြန်လည် လျော်ကြေး ပေးမည် ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ကံကုန်း ကျေးရွာတွင် ဒေသခံ များကို အသိပေး ခဲ့သည်။

ယင်းကဲ့သို့ လျှော်ကြေး ပေးရာတွင်လည်း ပိုင်ဆိုင်ကြောင်း စာရွက် စာတမ်းများ မရှိတော့ပါက အဆိုပါ လယ်ယာ မြေများကို ပိုင်ဆိုင် ခဲ့ကြောင်း လူသက်သေ ရှိရုံမျှဖြင့်ပင် လျော်ကြေး ပေးရန် ညှိနှိုင်း ထားပြီး ရရှိ သောငွေများ ကို ရေရှည် အကျိုး စီးပွားကို မျှော်ကိုး ပြီး သုံးစွဲကြရန် ဒေါ်အောင်ဆန်းစုကြည် ကပြောကြား ခဲ့သည်။

လက်ပံ တောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မ ရှင်၏ အကြံ ပြုချက် များအတိုင်း ဒေသခံ များ၏ အကျိုး စီးပွားကို ဖော်ဆောင် ပေးနိုင်ရန် အတွက် ကျပ်သန်း ပေါင်း ငါးသောင်းကျော် ထပ်မံ သုံးစွဲ သွားရန် ရှိပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် စံပယ်တောင် ကြေးနီ စီမံကိန်း အတွင်းသို့ ဝင်ရောက် စစ်ဆေး ခဲ့ကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။

လက်ပံ တောင်းတောင် အစီရင် ခံစာ ထုတ်ပြန်ပြီး နှစ်ရက် အကြာ မတ်လ ၁၃ ရက် နေ့တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် ကြေးနီ စီမံကိန်း နယ်မြေ အတွင်းရှိ ကျေးရွာ များသို့ သွားရောက် ရာတွင် ကျေးရွာ အများစုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆို ခဲ့ကြ သော်လည်း အချို့ ကျေးရွာ များတွင် အပြင်း အထန် ကန့်ကွက်မှုများ ကိုပါ ပထမ ဆုံးအကြိမ် တွေ့ကြုံ ခဲ့ရသည်။

ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန် သပိတ်စခန်း ဖွင့်ထားသော တုံရွာသို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲဝင်များ သွားရောက်၍ ဒေသခံ များနှင့် တစ်နာရီ နီးပါးကြာ တွေ့ဆုံ ခဲ့သည့် တိုင်အောင်ပင် ပြေလည်မှု မရရှိဘဲ ယဉ်တန်း ထွက်ခွာ ချိန်တွင် ကန့်ကွက် ဆန္ဒပြ မှုကိုပါ တွေ့ကြုံ ခဲ့ရကြောင်း NLD သတင်း ပြန်ကြားရေး ဌာနမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ "ကျွန်မ တို့က အမေစု ကိုကော၊ လက်ပံတောင်း တောင်ကြီးကိုပါ ဆုံးရှုံး လိုက်ရပါပြီ" ဟု တုံရွာ သပိတ် စခန်းမှ အသက် ၄၀ ခန့် တောင်သူ တစ်ဦးက ဆိုသည်။

အလားတူ ဆည်တည်း ကျေးရွာသို့ သွားရောက် ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် လုံခြုံရေး အဖွဲ့ဝင် ငါးဦးကိုသာ ခြေလျင် ဝင်ရောက်ခွင့် ပြုခဲ့ပြီး သတင်း မီဒီယာ သမား များနှင့် လုံခြုံရေး တပ်ဖွဲဝင်များ ဝင်ရောက်ခွင့် မပြု ခဲ့ကြောင်း မုံရွာ မြို့ခံ ဓာတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် ဆည်တည်း ကျေးရွာမှ ပြန်လည် ထွက်ခွာရာတွင် ရွာသား များက ဒေါ်အောင်ဆန်းစုကြည် နောက်မှ လိုက်လာကာ ကော်မရှင် အစီရင်ခံစာ အလိုမရှိဟု အော်ဟစ်ကာ လိုက်ပါ လာကြောင်း မုံရွာ မြို့ခံ သတင်း သမား များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြ မှုများမှာ ဒေသခံ တောင်သူ များ၏ ပင်ကို စိတ်ရင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှ သွေးထိုးလှုံ့ ဆော်သူ များ၏ ပြောဆို မှုများကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း၊ ကြေးနီ စီမံကိန်း ရပ်ဆိုင်း ရေးအတွက် စီတန်း လှည့်လည်မှု များကို ဦးဆောင် သူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ကန့်ကွက် သူအချို့မှာ လယ်သိမ်းခံ တောင်သူများ မဟုတ်ကြောင်း ဒေသခံ ရွာသား အချို့က ပြောကြားသည်။

ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အတွက် စီတန်း လှည့်လည်သူ များတွင် ပါဝင်သူ ငါးဦးနှင့် သပိတ်စခန်း ဖွင့်လှစ် ထားသော တုံကျေးရွာ ဒေသခံ အချို့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံ စာအား အပြည့်အစုံ ဖတ်ရှုထားခြင်း ရှိ မရှိကို The Voice Weekly ကမေးမြန်း ခဲ့ရာ အများစုမှာ ဖတ်ရှု ထားခြင်း မရှိဘဲ ကန့်ကွက် နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်သည် လက်ပံတောင်းတောင် ကိစ္စ ရပ်ကို အကြောင်း ပြု၍ တရုတ် နိုင်ငံ၊ တရုတ် လူမျိုး များနှင့် ယုံကြည် ရင်းနှီးမှု ရရှိအောင် အတိုင်း အတာတစ်ခု အထိ ဆောင်ရွက် နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြမှု များသည်လည်း သွေးရိုး သားရိုး မဟုတ်သော၊ တရား မျှတမှု မရှိသော ဆန္ဒပြမှု များသာ ဖြစ်ကြောင်း NHK သတင်း ဌာနမှ ကိုသီဟက ပြောကြားသည်။

ကော်မရှင် အကြံပြုချက် များမှာ ဒေသခံ များ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်း မကျ သည့်တိုင် ရေရှည် အကျိုး စီးပွားအတွက် အကောင်းဆုံး အဖြေ ဖြစ်သည့်အပြင် တော်ရုံ နိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့် ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြ အကြံပြုခဲ့သော ကော်မတီ ဥက္ကဋ္ဌ၏ ရပ်တည် ချက်ကို တန်ဖိုးထား လေးစား စေချင်သည်ဟု စာရေး ဆရာ ကျော်ဝင်းက သူ၏ Facebook စာမျက် နှာတွင် ရေးသား ခဲ့သည်။

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ

မတ်လ ၁၉ ရက် နေ့မှ စတင်၍ နိုင်ငံကူး လက်မှတ် စာအုပ် လျှောက်ထား သူမှန် သမျှအား ၁ဝ ရက် အတွင်း ထုတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာ လိုက်သည်။ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာ ရေးဝန် ကြီးဌာနက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံ ချက်များအား မတ်လလယ် အတွင်းမှ စ၍
မလိုအပ် တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ၄င်းတို့၏ လုပ်ငန်း စဉ်ကို ထိုသို့ လျှော့ချ လိုက်ခြင်းဖြစ် သည်ဟု သိရသည်။

လာရောက် လျှောက်ထား သူတို့ အချိန်ကုန် ငွေကုန်မှု ရှိစေသည့် ရုံးလုပ်ငန်း ဆိုင်ရာ မလိုသည့် အဆင့် ဆင့်ကို ဖြေလျှော့ လိုက်ပြီးရေး သွင်းရမည့် စာရွက် စာတမ်းများ မှာလည်း ငါးရွက် တည်းသာ ရှိ တော့သည်ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံးမှ ရဲမှူး ကျော်ဇေယျက ဆိုသည်။ ”အရင် ပန်းဆိုး တန်းမှာ တုန်း က ၁၄ ရွက်ဖြည့် ရတယ်။ ၂ဝ၁၁ ခုနှစ်က ရန်ကင်း ရုံးကို ပြောင်းတော့ ၉ ရွက် ကိုလျှောက်လွှာ ဝယ်ပြီး ဖြည့်ခဲ့ ကြရတယ်”ဟု ရဲမှူး ကျော်ဇေယျက ပြောသည်။ ဖြေလျှော့ ပေးမှု တွင် နိုင်ငံ ကူးလက်မှတ် စတင် လျှောက်ထား သူ အပြင် စာအုပ် အဟောင်းမှ အသစ်သို့ လဲလှယ် သူတို့လည်း ၇ ရက်ကျော် ပါက ရရှိမည်ဟု ရဲမှူး က ဆက်ပြောသည်။ လျှောက်ထား သူက ရေးသွင်း ရမည့် ကိုယ်တိုင်ရေး ရာဇဝင်ကို မမှန်မကန် ရေးသွင်း သည်ဆိုပါက ၁ဝ ရက်တည်းနှင့် ရရှိမည် မဟုတ်ဘဲ ပြန်လည် စိစစ် ရမည် ဖြစ်သဖြင့် သတ်မှတ် ရက်ထက် အနည်းငယ် နောက်ကျမှ ရရှိမည်ဟု ရဲမှူး ကျော်ဇေယျက ဆိုသည်။ယခင်က ၂၁ ရက် ကျော်မှ နိုင်ငံကူး လက်မှတ်ကို လျှောက် ထားသူက ရရှိခဲ့ ကြရသည်။

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်း

မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်ရှေ့တွင် အဓိကရုဏ်းဖြစ်ပွားနေမှုအား မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တစ်ဆိုင် တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ကြောင်းမိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏
သတင်းပေးပို့ချက်အရ သိရသည်။

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုမှအစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိလာခြင်းအပေါ် ယင်းနေ့ ည ၉ နာရီကျော်တွင် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မိတ္ထီလာမြို့၊ ဈေးအရှေ့ ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ဝင်း(၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ သုံးဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ် ၁၄၀၀၀၀ ခန့် တန်ဖိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရောင်းချရာ ဆိုင်ရှင်ဒေါ်တင်အေး၏ သမက် ထွန်းထွန်းဦး(ခ)အာရှစ်(၂၃)နှစ်မှ ငွေကျပ် ၁၀၅၀၀၀ သာ ပေးမည်ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင် ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့ကြောင်း၊ ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဖိုး ငွေကျပ် ၅၀၀၀၀ သာ ပေးမည်ဖြစ်ကြောင်း ပြောကြား ရာမှ နှစ်ဖက်အချင်းများခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ ၏ Facebook ဖြစ်သည့် ရဲဇာနည် Facebook တွင် ဖော်ပြထားချက်အရ သိရသည်။

ဆိုင်ရှင် မမြင့်မြင့်အေးက ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ) အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့် ထိုး၊ သစ်သားတုတ်နှင့် ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ)မင်းအောင်နှင့် မြင့်မြင့်အေးတို့ သုံးဦးအား မိတ္ထီလာ အမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ် မှုပုဒ်မ၃၂၆/၂၉၄/ ၄၂၇/၁၁၄ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
လူ ၂၀၀ ခန့်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ထွန်းထွန်းဦး(ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအ ရှေ့ဘက် တိုက်သုံးလုံး၌ရှိသော ဆိုင်ခန်းခြောက်ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်းဝင်၍ ပစ္စည်းများ ရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် အဆောက်အဦ ဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါ ဆိုင်ခန်းခြောက်ခန်း ပျက်စီးခဲ့ကြောင်း၊ ညနေ ၃ နာရီဝန်းကျင်တွင် ၎င်းလူအုပ်စုမှ အဆိုပါတိုက်သုံးလုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ညနေ ၅ နာရီခွဲ ၀န်းကျင်အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန် ဂျာမေ့ဗလီအား မီးရှို့ခဲ့ရာ လူထုမှဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ ယခုကဲ့သို့ သာမန် ခိုက်ရန်ဖြစ်ပွားမှုအပေါ်တွင် အစပြုကာ လူအချို့က ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့ထံမှ သိရသည်။
လူစုလူဝေးမပြုလုပ်ရန်နှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အနှောင့် အယှက်မပေးရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် သိရိမင်္ဂလာဗလီနှင့် အခြားဗလီအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နေရာအနှံ့မီးလောင်မှုများအား ည ၈ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း အခြားနေရာအချို့တွင် ဒဏ်ရာရရှိသူအချို့ ရှိနေပြီး မြို့နေလူထုမှာ အရွှေ့အပြောင်း လုပ်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် မိတ္ထီလာအမှတ်(၃) ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လောလောဆယ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအ သီးသီးနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး ရယူနေပါတယ်။ လူတစ်စုက ရုန်းရင်းဆန်ခတ်မှုတွေ လုပ်ဆောင်နေဆဲမို့ တည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့၏ အ၀င်အထွက် ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော် ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက်မှုများလည်း ရှိခဲ့ကြောင်း မိတ္ထီလာမြို့ခံ သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။ မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးဖြစ်သူအား Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ ၎င်းက ''လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ လူအချို့ပဲ ကျန်ရှိနေပါတော့တယ်။ အဲဒါကို ညှိနှိုင်းဖြေရှင်းမှု ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မတ် လ ၂၁ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် Eleven Media Group မှ မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ထိုသို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ''လက်ရှိအချိန်မှာ အခြေအနေက ပြန်လည်တည်ငြိမ်မှု ရရှိနေပါပြီ။ ရမည်းသင်းဘက်က နယ်မြေခံရဲတပ်ရင်း နှစ်ရင်း ရောက်ရှိနေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။ တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် စီမံကွပ်ကဲနေပါတယ်၊ နယ်မြေမှာ လှည့်ကင်းဆောင်ရွက်ပြီး မြို့ရဲ့လုံခြုံရေးကို ရယူနေပါတယ်။ အခုအချိန်မှာတော့ လူစုကွဲသွားပြီဖြစ်ပေမယ့် ဟိုတစ်စု ဒီတစ်စုတော့ ရှိနေပါသေးတယ်။ သတင်းရရှိမှုအပေါ် မူတည်ပြီး ဒေသခံများလုံခြုံရေးအတွက် ဆောင်ရွက်နေပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၃ နာ ရီ မိနစ် ၄၀ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ချက်အရ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိတ္ထီလာအဓိကရုဏ်းကြောင့် သံဃာတစ်ပါးနဲ့လူတစ်ဦးသေဆုံးပြီး၊မြို့ခံ ၂၀ ဆေးရုံရောက်

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့မှာ ဒီကနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေ ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအဝင် မြို့ခံတစ်ဦးသေဆုံးခဲ့ပြီး၊မြို့ခံအယောက် ၂၀ ကျော်ကိုလည်း မိတ္ထီလာဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ တင်ပို့ထားရတယ်လို့ RFA ကစုံစမ်းသိရပါတယ်။ ယနေ့နေ့လည်က  မိတ္ထီလာမြို့မဈေး ရွှေဆိုင်မှာ ရွှေလာရောင်းသူ နဲ့ ရွှေဆိုင်ပိုင်ရှင်တို့ကြား စတင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့်
မိတ္ထီလာမြို့မဈေးအတွင်းက ဈေးဆိုင်တစ်ချို့နဲ့ဆိုင်ခန်းတစ်ချို့အပြင် အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုရာ ဗလီတစ်ခု ဖျက်စီးခံခဲ့ရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ဖြေရှင်းဖို့အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် ခေါင်းဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့ကို ဒီကနေ့ ညနေကရောက်ရှိလာပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရှေ့တန်းစခန်းဖွင့်လှစ်ထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဒီကနေ့ မနက်ပိုင်းမှာ RFA ကိုအတည်ပြုပြောကြားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး လူမှုကွန်ယက်ဖြစ်တဲ့ "ရဲဇာနည်"ဖေစ့်ဘုတ်စာမျက်နှာမှာလည်း ဒီကနေ့နေ့လယ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ည ၈ နာရီကျော်က မိတ္ထီလာဆေးရုံကြီးကို တက်ရောက်ဆေးကုသခံယူနေရတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးနဲ့ မိတ္ထီလာမြို့ခံ ဦးသန်းမြင့်နိုင်တို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပဋိပက္ခဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၀ ရက်ည ၁၀ နာရီခန့်မှာတော့ မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။

မိတ္ထီလာ ပဋိပက္ခ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှို့ခံရ၍ သေဆုံး

(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်- တို့က ရွှေဆံကုတ် (ဘီးကုတ်)လာရောင်းပါသည်။ဦးခင်မောင်ဝင်း (၄၆) နှစ် ဒေါ်အေးအေးနိုင် (၄၅)နှစ်နှင့် အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။ ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။
ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော် စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော် လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။

ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။ ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။

လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။ ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။

ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက် ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။

ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။ ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။

မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။ မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်း ရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊

အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။

အမေရိကန်သမ္မတ အိုဘားမား အစ္စရေးလ်ရောက်ရှိ

အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ထာဝရ တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရတ်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ သမ္မတဖြစ်လာချိန် ကတည်းကဆိုရင် အစ္စရေးလ်နိုင်ငံဆီ ပထမဆုံး ခရီးစဉ်အစမှာ သမ္မတအိုဘားမားက အဲ့ဒီလိုပြောခဲ့တာပါ။ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့
သမ္မတ ရှီမွန် ပဲရက်စ် (Shimon Peres) တို့က Ben Gurion လေဆိပ်မှာ သမ္မတ အိုဘားမားကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လို့ နှစ်ဦးစလုံးက ခေါ်ဆိုတဲ့ ကိစ္စအပေါ် မစ္စတာအိုဘားမားက ကာကွယ် ပြောဆိုခဲ့တဲ့အတွက် မစ္စတာ နတန်ယာဟု က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ မိမိတို့ နှစ်နိုင်ငံအကြား မကျိုးပျက်နိုင်တဲ့ ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုလို တာကြောင့် သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အစ္စရေးလ်နိုင်ငံဆီ လာရောက်ခဲ့တာဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောခဲ့ပါတယ်။ အစ္စရေးလ်လူထုနဲ့ သူတို့ရဲ့အိမ်နီးချင်းတွေကို သူ တိုက်ရိုက်စကားပြောချင်ပြီး မြင့်မြတ် တဲ့မြေမှာ ငြိမ်းချမ်းရေးရရမယ်လို့ သူ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။
ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။