ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.3.13

ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြား ချက်တချို့နဲ့ အတူ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေးမှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် က နိုင်ငံသား အခွင့်အရေးအနေနဲ့ အခွင့်အရေးအပြည့်အဝ ပေးထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလိုအကြမ်းဖက် လုပ်ရပ်တွေ နယ်မြို့တွေ မှာ ဖြစ်နေတုန်း ဘာသာရေး လွတ်လပ်ခွင့်ရှိတယ် လို့ ပြောလာတဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းကို ကြိုဆို ထောက်ခံတယ်လို့ အိုလာမာ အစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ချုပ်က အတွင်းရေးမှူးအဖွဲ့ဝင် ဦးတင်နိုင်ကပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဒီမိန့်ခွန်းကို များစွာကြိုဆိုပါတယ်။ သမ္မတကြီး ဒီလိုပြောဆိုတဲ့ကိစ္စမှာလည်း လွန်စွာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပဋိပက္ခတွေ နောက်နောင်မဖြစ်နိုင်ပါဘူးခင်ဗျ။”

မိထ္တိလာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အခြားနယ်မြို့တွေမှာပါ ဘာသာရေးကို အခြေပြုတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေ တောက်လျောက်ဖြစ်ပွားလာခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမှု တွေ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

အခုလို နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အကြောင်း မိန့်ခွန်းထဲ ထည့်သွင်း ပြောလာတဲ့အပေါ်မှာ ဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။

“နံပတ်တစ်ကတော့ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ ကိုင်တွယ်ရမယ့် ကိစ္စတွေကို ရဲရဲဝင့်ဝင့်ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ အတွက် ပြောလိုက်တယ်လေ။ နောက်တခု ကလည်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ သက်ဆိုက်ရာတပ်က ကိုင်ရင် အလွန်အကျွံဖြစ်မှာ ကို စိတ်ပူတယ်။ ဟိုတခါကလိုပေါ့ဗျာ။ လက်ပံတောင်းတောင်ကိစ္စလိုမျိုးတွေ ဖြစ်မှာကိုလည်း စိတ်ပူတာပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက ဘာကိုကောက်ချက် ဆွဲလို့ရလည်းဆိုတော့ ပြဿနာတခု ကို မြန်မြန်ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ်ဖြေရှင်းနိုင် ဖို့အတွက် ရဲဝန်ထမ်းတွေရဲ့ အရည်အသွေး ကိုမြှင့်တင်ရမယ်ဆိုတာတော့ ကောက်ချက်ချလို့ရတယ်ခင်ဗျ။” အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတွေ ပြုလုပ်ပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေ ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ လည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။

“အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံးအဖြေကိုရှာဖို့ ဒီမိုကရေစီ အလေ့အကျင့်ကို ကျင့်သုံးခြင်းကသာ ပေါ်ပေါက် လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်းဖြစ်စဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ အခုလို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ပြောကြားလာတဲ့ သမ္မတမိန့်ခွန်းဟာ ဘယ်လောက်အာဏာရှိမလဲ ဆိုတာကတော့ စောင့်ကြည့် သုံးသပ်ရမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဥပဒေအရလုပ်မယ်။ အကောင်းဆုံး လုပ်မယ်ဆိုတာကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အမြန်ဆုံးလုပ်ဖို့ လိုတယ်။” ဒီတစ်ကြိမ်ဖြစ်ပွားခဲ့ တဲ့ ဖြစ်စဉ်မှာ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေ ရဲ့ထိန်းသိမ်းမှုတွေကို လည်း အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်ကပြောပါတယ်။

“အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။"

မိတ္ထီလာ အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားအပြီး ရရက်အကြာမှ အခုလို ပြည်သူကို မိန့်ခွန်းပြောလာတာ အနည်းငယ်နောက်ကျတယ်လို့ လည်းမန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းထိုင် ပဓာန နာယက ဆရာတော် ဦးအရိယ၀ံသဘိဝံသက မိန့်ပါတယ်။

“ အင်း ပြောရင် နည်းနည်းတော့ နောက်ကျတယ်ပြောရမယ်။ အမှန်တော့ အစိုးရအဖွဲ့အတွင်းမှာကို အားနည်းချက်တခုလို့ ဘုန်းကြီးတို့က ယူဆတာပဲ။ အမှန်တော့ သမ္မတကြီးရဲ့ ဒီမိန့်ခွန်းမျိုးကို အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတညာတည်း လိုက်ပါသင့်တာ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အချိန်အားဖြင့် ၉ မိနစ် ကြာ ပြည်သူကို ရည်ရွယ်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို လက်ရှိအချိန်မှာ ပြည်တွင်း ကသာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိတ်ဝင် တစား စောင့်ကြည့် နေတာလည်းဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အခုလို ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်လောက်ထိ လျော့ပါးသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားကြပါတယ်။

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေအပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတ၀ှမ်းကို မိန့်ခွန်းပြောကြားသွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေးအခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့ အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်းချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေအနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန် နိုင်ငံတ၀ှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအ၀င် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။ ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရအပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေ တိုးမြှင့်

သင်္ကြန်မဏ္ဍပ် တည်ဆောက်မှု အတွက် အာမခံ စပေါ်ငွေကို ၂ဝ၁၂ ခုနှစ်ထက် တိုးမြှင့် သတ်မှတ် ထားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ ၂ဝ၁၂ ခုနှစ်တွင် သင်္ကြန် မဏ္ဍပ်ကြီး များအတွက် အာမခံ စပေါ်ငွေကို ကျပ်သိန်း ၅ဝ ထားရှိ သော်လည်း ယခုနှစ်တွင် ကျပ် ၇၅ သိန်းသို့ တိုးမြှင့်ခဲ့ပြီး မဏ္ဍပ် အလတ်များကို ယခင် ကျပ် သိန်း ၃ဝ မှ ၄၅ သိန်းသို့ တိုးမြှင့် သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ”သစ်ပင်တွေ၊ ပလက်ဖောင်းတွေ ပျက်စီးရင် လျော်ကြေးနုတ် ယူနိုင်ဖို့ ခေတ်ကာလ နဲ့အညီ တိုးသတ်မှတ် လိုက်ရတာပါ” ဟု ရန်ကုန် စည်ပင် လမ်း၊ တံတား ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

သင်္ကြန်ကာလ အတွင်း ပျက်စီး ဆုံးရှုံးမှုတွင် သစ်ပင်များ ပျက်စီး မှုသာ များပြားပြီး မဏ္ဍပ်အနည်း ငယ်သာ လျော်ကြေးပေးဆောင် ရသည်ဟု ၄င်းက ပြောသည်။ ”မနှစ်ကဆို လျော်ကြေးပေး ရတာ မဏ္ဍပ်အားလုံးရဲ့ သုံးပုံပုံ တစ်ပုံတောင် မရှိပါဘူး” ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ပုဂ္ဂလိ က မဏ္ဍပ် ၃၇ ခု ခွင့်ပြုထားပြီး မဏ္ဍပ် ဆောက်လုပ်ရန် အတွက် ခွင့် ပြုချက် ရရှိသူသည် အခြား သူများ သို့ ငှားရ မ်းခြင်း၊ လွှဲပြောင်းရောင်း ချခြင်း ပြုလုပ်ခွင့်မရှိဘဲ လျှောက်ထား သူကိုယ်တိုင် ဆောက်လုပ် အသုံးပြုရမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စည်းကမ်းချက် ချမှတ် ထားသည်။ လိုက်နာ မှု မရှိပါက ရောင်းချသူနှင့် ငှားရမ်းသူ နှစ်ဦးစလုံး အရေးယူခြင်း ခံရ မည်ဟု သိရသည်။

မန္တလေး မစိုးရိမ်တိုက်သစ်အနီး မီးလောင်မှုတစ်ခုဖြစ်ပွား

မစိုးရိမ် တိုက်သစ် အနီး၈၉လမ်း၊ ၃၈-၃၉ကြားတွင် ယနေ့ နေ့လည် ပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ခြောက်လုံး ခန့် လောင်ကျွမ်းခဲ့ပြီး မည်သည် အတွက့်ကြောင့် လောင် ကျွမ်းခြင်း ဖြစ်ကြောင်း စုံစမ်း စစ်ဆေး ဆဲသာ ရှိသေးသည်ဟု ခရိုင်မီးသက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဝေးပြေးကားများပေါ် မီးလောင်မှု ကာကွယ်နိုင်ရေး အသိပညာပေး

အဝေးပြေး ကားယာဉ် လိုင်းများတွင် ကားမတော် တဆ မီးလောင်မှု ဖြစ်ပွားပါက ကာကွယ်နိုင်မည့် အသိပညာ အားနည်းနေဆဲ ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ သိရသည်။ "ယာဉ်လိုင်း ၁၀ ခုမှာဆို ၃၊ ၄ ခုအပြင် ပိုမလုပ်ကြဘူး။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ယာဉ်လိုင်းက လူတွေကို အသိပညာပေးဖို့ လုရုံတင် မကဘဲ ကုမ္ပဏီ ၀န်ထမ်း အားလုံးကို အသိပညာ ပေးရမှာ"ဟု အဆိုပါ စခန်းမှ မြို့နယ် မီးသတ် ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။ လက်ရှိ ကားမီးလောင်မှု ဖြစ်ပွားလျှင် ကြိုတင် ကာကွယ်ရန် အရန်သင့် ထားရှိရမည့် မီးသတ် ဆေးဗူးများ၊ မီးတောက်ကို မည်ကဲ့သို့ ငြှိမ်းသတ် ရမည်စသည့် လုပ်ထုံး လုပ်နည်းများကို မသိရှိ ကြသဖြင့် မီးလောင်မှု ဖြစ်ပွားခြင်း ပိုမိုများပြား လာကြောင်း သိရသည်။

"မီးသတ်က အသိပညာ ပေးတာတွေ လုပ်ထားလည်း သတင်းစာထဲ မှာလည်း ထည့်တာပဲ။ ကျော်ဖတ် ကြတယ်။ နည်းစနစ်တွေ မှန်မှန် ကန်ကန် သုံးတတ်ဖို့ ဆိုတာတွေကို သိမှရမှာလေ။ မီးသတ် ဆေးဗူးနဲ့ စငြှိမ်းရင် မီးတောက်ကြီးက တက်တယ်။ ဒါကို ကြောက်ပြီး ဆက်မငြှိမ်း ကြဘူး။ ဒါတွေ သိထားဖို့ လိုတယ်"ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် မထသ ယာဉ်လိုင်းနှင့် အောင်မင်္ဂလာ အဝေးပြေး ကွင်းရှိ ယာဉ်လိုင်း စသည်တို့တွင် မီးသတ် ဦးစီးနှင့် ချိတ်ဆက်ရန် တစ်နှစ်လျှင် တစ်ကြိမ် အသိပညာ ပေးမှုများ ပြုလုပ်လျက် ရှိပြီး၊ ပုဂ္ဂလိက ယာဉ်လိုင်း များလျင် အသိပညာပေးမှု နည်းသေးကြောင်း သိရသည်။

ပါတီတစ်ခု ရှင်သန်ခြင်း

ဒီရက်ပိုင်း တွေအတွင်းမှာ မြန်မာပြည်ရဲ့ အကြီးဆုံး အတိုက်အခံ ပါတီ NLD ရဲ့ ပထမဆုံး အကြိမ် ပါတီ ညီလာခံ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ပါတီ ညီလာခံ ဆိုတာ အေးဆေး တည်ငြိမ်ပြီး နိုင်ငံတွေက ပါတီတွေ အဖို့တော့ ပုံမှန် လေးနှစ် တစ်ကြိမ် ငါးနှစ် တစ်ကြိမ် ကျင်းပ ကြတာပါ။

ဒါပေမဲ့ အခက်အခဲ အကျပ်အတည်း ပေါင်းများ စွာ ဖြတ် သန်း နေကြရတဲ့ နိုင်ငံတွေက ပါတီတွေ အဖို့တော့ နိုင်ငံရေး အချိုးအကွေ့ အလှည့် အပြောင်းတွေ ဖြစ်လာမှ (သို့) အဆင့် တစ်ဆင့်ကို တက်လှမ်း လာနိုင်မှ ခက်ခက်ခဲခဲ ကျင်းပ ကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရပြီး သမိုင်းခေတ် အတွင်း ပါတီ များအပြား ပေါ်ထွန်းခဲ့ ပေမယ့် ပါတီ ညီလာခံ တစ်ရပ်ကို ပီပီပြင်ပြင် ကျင်းပပြီး လုပ်ငန်းစဉ် တစ်ရပ်ကို ပီပီပြင်ပြင် ချမှတ် လုပ်ဆောင် သွားနိုင်တဲ့ ပါတီဆိုတာ လက်ချိုး ရေလို့ ရလောက် အောင် အနည်းစု ကလေးဘဲ ရှိခဲ့ပါတယ်။ အချို့ အကွေ့ တွေဟာ ပြင်းထန် လွန်းလို့ ပါတီ အများ အပြား လွင့်စင် ပျောက်ကွယ် သွားတယ်။

အလားတူပဲ လျှမ်းလျှမ်း တောက်ဆိုတဲ့ လက်ဝဲ၊ လက်ယာ ခေါင်းဆောင် အများအပြား သမိုင်း ရေစီးမှာ တဖြည်းဖြည်း နစ်မြုပ် ပျောက်ကွယ် ကုန်ကြတယ်။ ပါတီ အချို့ဟာ တောတွင်း လက်နက်ကိုင် ဘဝနဲ့ တဖြည်းဖြည်း ချုပ်ငြိမ်း သွားကြတယ်။ တချို့က မြေပေါ်မှာတင် ဖမ်းဆီးခံရ နှိပ်ကွပ်ခံရပြီး ဖျက်သိမ်းခြင်း ခံရတယ်။ မြန်မာ့ သမိုင်းမှာ လက်ယာ ပါတီ တွေ ၁၉၆၂ ခုနှစ် နောက်ပိုင်း မရှိသလောက် ဖြစ်သွားခဲ့ပြီး၊ လက်ဝဲပါတီ တွေထဲမှာတော့ ဗမာပြည် ကွန်မြူနစ် ပါတီဟာ ၁၉၉၀ လောက်ကစပြီး မြေအောက် စည်းရုံးရေး ပါတီအဖြစ် ယဲ့ယဲ့လေး ကျန်နေတာ တွေ့ရပါတယ်။

၁၉၃၉ ခုနှစ်က စတင် တည်ထောင်တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ သက်တမ်း တစ်လျှောက် ၁၉၈၆ ခုနှစ်အထိ ပါတီ ကွန်ဂရက် သုံးကြိမ် ကျင်းပခဲ့တာ တွေ့ရတယ်။ ကျန်တဲ့သမိုင်းမှာ ပျောက်ကွယ် သွားခဲ့တဲ့ ပါတီတွေမှာ ဒီလို ကွန်ဂရက် သို့မဟုတ် ညီလာခံ သုံး ကြိမ်ကျင်းပ နိုင်တာ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဆိုလို တာကတော့ ညီလာခံ တစ်ရပ်တောင် ကျင်းပဖို့ ခက်ခဲလှတဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း ကြောင်းကို ပြောချင်တာပါ။ အခု NLD ပါတီဟာ သက်တမ်း ၂၅ နှစ်အတွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ ညီလာခံဖြစ်ပါတယ်။ ၄င်းပါတီရဲ့ သက်တမ်း ၂၅ နှစ်အတွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရချိန်ဟာ သုံး၊ လေး နှစ်ထက် မပိုဘူးလို့ ထင်ပါတယ်။ ကျန်တဲ့ တစ်လျှောက်လုံးကတော့ ပြင်းထန်တဲ့ နှိပ်ကွပ်မှု တွေကို တစ်လျှောက်လုံး ခံခဲ့ရတာ တွေ့ရပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်း တွေမှာ ပြင်းထန် ကြမ်းတမ်းတဲ့ သမိုင်းကြောင်းတွေ နှစ်ပေါင်း ၅၀၀၀ ရှိခဲ့တယ် ဆိုပေမယ့် သူတို့မှာက သူလည်း လက်နက်နဲ့၊ ကိုယ်လည်း လက်နက်နဲ့ ဆိုတဲ့ အပြန်အလှန် သဘောတွေ ရှိပါတယ်။ နဝတ ခေတ်ပါတီတွေ အဖို့ ပြောရရင်တော့ တစ်ဖက်သတ် နှိပ်ကွပ် တာကို ခံကြရတာ ဖြစ်တယ်။ မြန်မာ့ သမိုင်းမှာ အနှိပ်ကွပ် အခံရဆုံးလို့ ပြောရင် ရလောက် ပါတယ်။

ဒါကြောင့်မို့ သူတို့ဟာ မိုးထဲရေထဲ ဖြတ်သန်းခဲ့ သူတွေ၊ မီးတောနှင်းတောထဲ မကြောက်မရွံ့ တိုးခဲ့သူတွေ၊ အရေး တော်ပုံ စိတ်ဓာတ် အပြည့်ရှိကြသူ တွေလို့ ဘေးမှ ရပ်ကြည့်သူတစ် ယောက်အနေနဲ့ မြင်တွေ့ရပါတယ်။ အခုတော့ ပါတီညီလာခံကိုပါ ကျင်းပနိုင်ခဲ့ကြပါပြီ။ ညီလာခံ တစ်ရပ်ဟာ အများအားဖြင့်တော့ ပြီးခဲ့တဲ့လက အတွေ့အကြုံ၊ သင်ခန်းစာတွေကို နိဂုံးချုပ်ပြီး အားကောင်းချက်တွေကိုယူ၊ အားနည်းချက်တွေကို ပယ်ကာ အနာဂတ်ကာလအတွက် မှန်ကန်တဲ့ လမ်းစဉ်တွေကို ချမှတ်နိုင်ဖို့ပဲလို့ ဆိုကြပါတယ်။

၁၉၆၂ နောက်ပိုင်း ကျွန်တော်တို့ တစ်သက်တာ တွေ့ဖူးတဲ့ ညီလာခံတွေ၊ ကွန်ဂရက် တွေဟာ လက်ဝဲညီလာခံ ကွန်ဂရက် တွေပဲ များပါတယ်။ မဆလရဲ့ ပါတီ ညီလာခံတွေ၊ ဗကပရဲ့ ကွန်ဂရက် တွေနဲ့ တရုတ်ပြည်ကြီးက ပြည်သူ့ ကွန်ဂရက်တွေ စတာတွေပဲ များပါတယ်။ ဒါတွေကတော့ ပုံစံကျ ညီလာခံတွေပါ။ ဘာတွေပြောမယ်၊ ဘာတွေဆုံးဖြတ်မယ် ဆိုတာ အားလုံးစီစဉ်ပြီးသားတွေပါ။ နယ်ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေကို အားလုံးဆင်ဆာ ဖြတ်တောက်စိစစ်ပြီးသားတွေပါ။ ဗကပရဲ့ တတိယအကြိမ်မြောက် ပါတီကွန်ဂရက် (၁၉၈၅) ရှမ်းပြည်နယ် အလယ်ပိုင်းက ကိုယ်စားလှယ်ဟာ သူ့ရဲ့ အစီရင်ခံစာ မှာ မပါတဲ့ စကားတစ်ခွန်းနှစ်ခွန်းကို ထည့်ပြောခဲ့မိလို့ အခမ်းအနားမှူး လုပ်တဲ့ ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကျင်မောင်က အစီရင်ခံစာမှာ အဲဒီစကားမပါကြောင်း ချက်ချင်း လှမ်းထောက်ပါတယ်။

အဲဒီ ကွန်ဂရက်ရဲ့ မျက်မှောက်အခြေအနေ သုံးသပ်ချက် အချုပ်ကတော့ ပါတီဟာ အတိတ်ကာလက ရရှိခဲ့တဲ့ ဒီရေမြင့်နဲ့ အနာဂတ်ကာလမှာ မုချရရှိလာမယ့် တော်လှန်ရေး ဒီရေမြင့်ကြီးရဲ့ ကြားကာလမှာ ရောက်ရှိနေတယ်လို့ သုံးသပ်ခဲ့တယ်။ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကတော့ လက်နက်ကိုင်တိုက်ပွဲနဲ့သာ အာဏာသိမ်းရမယ် ဆိုတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုပုံစံဟာ ဗကပတစ်ခုတည်း ကွက်ပြီး ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်ကာလက တောတွင်းမှာရော မဆလပါတီ မှာရော ကျွန်တော်တို့ အရှေ့ဘက်က နိုင်ငံကြီးငယ် တချို့မှာပါ အားလုံး ဒီပုံစံအတိုင်း ဖြစ်ခဲ့ကြတာပါ။

NLD ရဲ့ ပါတီညီလာခံကတော့ ဒီလိုပုံစံတွေကနေ ခွဲထွက် ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ရပ်ကျေးကနေ စပြီးတော့ ညီလာခံ ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီတွေကအစ ဒီမိုကရေစီနည်းကျစွာ ရွေးချယ်ခဲ့တာ တွေ့ရတယ်။ ဒီလိုပုံစံဟာ ဒီနေ့ခေတ်အဖို့ အလွယ် တကူတွေ့နေကျကိစ္စမျိုးလို့ ယူဆနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မရှိတဲ့ ပါတီများအဖို့ အခုခေတ်မှာလည်း ဒီအတိုင်း လိုက်လုပ်ဖို့ မလွယ်လှပါဘူး။NLD ကိုယ်စားလှယ်ရွေးပွဲတွေမှာ တောင် ဂိုဏ်းဂဏပြဿနာ၊ အကွဲအပြဲပြဿနာကို အတော်ကြုံ လိုက်ရတာတွေ့ရပါတယ်။

ဒါပေမဲ့ ဖြေရှင်းကျော်လွှားနိုင်ခဲ့တာ တွေ့ရတယ်။ ဒီအကွဲအပြဲတွေကနေ ကြည့်ရင်NLD အတွက် ရေရှည်မှာ ဂရုစိုက်ဖို့လိုတဲ့ ပြဿနာတစ်ခုကိုတော့ တွေ့ရပါတယ်။ အဲဒါ ကတော့ လူဟောင်း၊ လူသစ်ဆိုတဲ့ ပြဿနာပါ။ ဒီ ပြဿနာဟာ ပါတီတစ်ခုအနေနဲ့ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာပြီး အဆင့်တစ်ဆင့်ကို ရောက်လာတဲ့အချိန်မှာ တွေ့ရလေ့ရှိတဲ့ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ အရဆိုရင် တရုတ်ပြည် ကွန်မြူနစ်ပါတီမှာလည်း ဒီလိုပြဿနာတွေ ရှိခဲ့တယ်။

သူတို့သမိုင်းမှာ ကျင်တန်းတောင်တန်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး မော်စီတုန်းနဲ့အတူ ခရီးရှည်ချီတက်ပွဲ ဆင်နွဲခဲ့သူတွေဟာ ကေဒါဟောင်းတွေ၊ ဝါရင့်ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာပါ။ ၁၉၃၇ ခု ယင်အန်းခေတ်၊ ဂျပန်ခုခံရေးကာလ ရောက်တဲ့အချိန်မှာ တစ်နိုင်ငံ လုံးက မြေအောက်ယူဂျီတွေ၊ တော်လှန်ရေးသမားတွေ၊ တက်ကြွသူ တွေ အများအပြား ရောက်လာလို့ တရုတ်ကွန်မြူနစ်ပါတီဟာ အဆပေါင်းများစွာ ကြီးထွားလာခဲ့တယ်။ ဒီ နေရာမှာ နောက်ရောက်လာတဲ့ လူသစ်တွေ (လူသစ်ပေမယ့် မြို့ပေါ်မှာ ထုသားပေသား ကျလာခဲ့တဲ့ တော်လှန်ရေးသမားတွေ ပါပဲ) ဟာ ပညာတတ်တွေဖြစ်ပြီး သူတို့ဟာ လူရှောက်ချီရဲ့ လူတွေများပါ တယ်။

မူလလူဟောင်းတွေကတော့ လက်သမား ကေဒါတွေဖြစ်ပြီး မော်ရဲ့လူတွေပါ။ လူဟောင်းတွေကတော့ အကြမ်းပတမ်း ကိစ္စတွေမှာ ပိုရပြီး လူသစ်တွေက အုပ်ချုပ်ရေး၊ စည်းရုံးရေး လုပ်ငန်းတွေမှာ ပိုနေရာ ရလာကြတာပါ။ ဒီတအုံနွေးနွေး ပြဿနာဟာ ၁၉၅၈ ခုနှစ် မှာ မဟာခုံပျံကျော်လွှားရေး ဆိုတဲ့ စီမံကိန်းအမှားမှာ ပိုကြီးထွားလာပြီး မော်စီတုန်းကိုယ်တိုင် အခြေအနေယိမ်းယိုင်လာတဲ့ သဘော ဖြစ်လာတာပါ။

ဒါကြောင့် ၁၉၆၄ မှာ ပေါ်ထွက်လာတဲ့ ယဉ်ကျေးမှု တော်လှန်ရေးဆိုတာဟာ လူရှောက်ချီနဲ့ သူ့လူတွေကို ရှင်းတဲ့ပွဲကြီး ဖြစ်လာတာပါ။ ဇာတ်လမ်းစတာကတော့ လူဟောင်း လူသစ်ပြဿနာပါ။ ဒါကြောင့် ဒီလိုပြဿနာမျိုးကို မှန်မှန်ကန်ကန် သဘောထား နိုင်ရေး၊ မှန်မှန်ကန်ကန် ဖြေရှင်းရေးဟာ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာတဲ့ ပါတီတစ်ခုအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။

လက်ရှိ ကျင်းပခဲ့တဲ့ ညီလာခံမှာ ဒီကိစ္စကို မှန်မှန်ကန်ကန် နေရာချထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလှိုင်းဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးတချို့မှာ ဒီပြဿနာအပေါ် မှန်မှန်ကန်ကန် သဘောထားရေး အမြင်ချို့တဲ့နေတာ တွေ့ရတယ်။ နောက်တစ်ခုက ကိုယ်ချည်းပဲ အနစ်နာခံခဲ့ရတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌဖြစ်သူနဲ့ ကွဲလွဲနေတာတွေ ကိုလည်း အတော်တွေ့ရပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံမှာ အနာခံရဆုံး သူတွေဟာ ဘယ်သူတွေပါလဲ။ ကျွန်တော့်အမြင်အရတော့ ပြည်သူတွေ လို့ပဲ မြင်ပါတယ်။

အထူးသဖြင့် အစိုးရတပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့များကြား မြေစာပင် ဖြစ်နေရတဲ့ ရှမ်းတွေ၊ ဝတွေ၊ ပအို့တွေ၊ ပလောင်တွေ၊ ကချင်၊ ကရင်တွေပါပဲ။ မိန်းမဖြစ်သူက အိုးတစ်လုံး စောင်တစ်ထည်၊ ဆန်နို့ဆီဘူး တစ်လုံးနှစ်လုံးလောက်ပါတဲ့ ပလိုင်း ကိုလွယ်၊ ယောက်ကျားဖြစ်သူက ကလေးကိုပွေ့၊ ဓားတစ်လက်နဲ့ တောရှင်းရင် နှစ်ပေါက်အောင် ပြေးနေရတဲ့ ရွာပုန်းရွာရှောင်တွေ၊ ညောင့်စူးမိတဲ့ ဒဏ်ရာလောက်နဲ့ အနာဝင်ပြီး မသေသင့်ဘဲ သေဆုံး သွားရသူတွေ၊ ငှက်ဖျားနဲ့ လုံးပါးပါးသွားရသူတွေ၊ မိုင်းနင်းမိသူတွေ၊ ပေါ်တာဆွဲခံရပြီး ဘယ်တော့မှ ပြန်ရောက်မလာတော့တဲ့ သူတွေ၊ ဟိုဘက်ကိုလည်းကြောက်ရ၊ ဒီဘက်ကိုလည်းကြောက်ရနဲ့ နေရသူတွေ၊ တစ်နှစ် ၂ နှစ်လည်းမဟုတ်၊ လေး ငါးဆယ်နှစ်လည်း မက နှစ်ပေါင်း ၂၀၊ ၃၀ ဖြစ်ခဲ့ကြတာပါ။

အခုမှ ဒုက္ခသည်စခန်း ဆိုတာတွေ ပြည်တွင်းမှာ ရှိလာပေမယ့် အရင်တုန်းက ဒီလို ပြည်သူတွေရဲ့ ကိစ္စဟာ ဘယ်နေရာမှာမှ ဘယ်သူကမှ ဂရုစိုက်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ခဲ့ပါဘူး။ ညီလာခံတစ်ခုမှာ လုပ်ငန်းစဉ်တစ်ခုလုံးအပြင် အဖွင့်မိန့်ခွန်းနဲ့ အပိတ်မိန့်ခွန်းတွေက အရေးအကြီးဆုံး ပါပဲ။ ဒီမိန်းခွန်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေဟာ ပါတီရဲ့ ခံယူချက်နဲ့ လမ်းညွှန်သဘောထား တွေပဲ ဖြစ်ပါတယ်။ "NLD ပါတီဟာ ၂၅ နှစ်တာအတွင်းမှာ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့ရလို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒီလိုအပ် ချက်တွေ ဖြည့်ဆည်းဖို့ဆိုတာ အချိန်ယူရပါမယ်။ အချိန်လည်းယူ ရမယ်။ ဝီရိယလည်း စိုက်ထုတ်ရမယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းမှာ တွေ့ရတယ်။ နောက်ပြီး အဖွဲ့ချုပ်ဝင်တွေနဲ့ ပတ်သက် ပြီး "ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ဖြောင့်မတ်ပါ။

ကိုယ့်အချင်းချင်း အပေါ်မှာ သစ္စာရှိပါ။ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါနဲ့" ဆိုပြီး အလွန်ရိုးရှင်းစွာ ပြောကြားခဲ့တာ တွေ့ရတယ်။ "မတူကွဲပြားတဲ့ အမြင်တွေကို မကြောက်ဖို့၊ မစိုးရိမ်ဖို့နဲ့ ဒါတွေကို ကြိုဆိုပြီးတော့ ဒီမတူကွဲပြားတဲ့ အမြင်တွေကို ဘယ်လို ကျွန်မတို့ရဲ့အင်အားတစ်ခု ဖြစ်အောင် လုပ်သွားမလဲလို့ ကျွန်မတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။ ခြုံကြည့်လိုက်ရင် ဒီမိန့်ခွန်းတွေမှာ မွန်မြတ်မှုရှိတဲ့၊ ပျော့ပျောင်းမှုရှိတဲ့၊ အမြင်ကျယ်မှုရှိတဲ့၊ ပြည့်ဝမှုရှိတဲ့ သဘောထားအမြင်တွေ ပါနေတာ တွေ့ရပါတယ်။ မည်သို့ဆိုစေNLD အနေနဲ့တော့ ၂၅ နှစ်တာမှာ ညီလာခံ တစ်ခု ကျင်းပနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။

ဒီညီလာခံမှာ တင်သွင်းရရှိလာခဲ့တဲ့ သဘောထား အမြင်တွေဟာ ၂၅ နှစ်တာ အတွင်း စုဆောင်းရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ အမွေအနှစ်တွေလို့ ဆိုရမှာပါ။ အမေရိကန်သမိုင်းမှာ ဂျော့ရှ်ဝါရှင်တန်က စလို့ လက်ရှိ သမ္မတအိုဘားမားအထိ ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အမေရိကန်ရဲ့ အလုပ်လမ်းညွှန်တွေပဲ ဖြစ်ပါ တယ်။ လင်ကွန်းတို့၊ ရူးစ်ဘဲ့တို့လို အချိုးအကွေ့ကြီးတဲ့ ကာလကို ဖြတ်သန်းခဲ့သူ သမ္မတတွေရဲ့ မိန့်ခွန်းတွေဟာပိုပြီး အဖိုးတန် နက်နဲပြီး ပိုအရေးပါတဲ့ လမ်းညွှန်တွေဖြစ်တတ်ပါတယ်။ အခု NLD ၂၅ နှစ်တာ မှတ်တိုင်ရဲ့ အလုပ်လမ်းညွှန်တွေဟာ နောင် ၂၅ နှစ်စာ အတွက် ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလော ရင်ဆိုင်ရမယ့် ၂၀၁၅ ကာလလောက်အထိတော့ အသုံးတည့်နေမယ့် လမ်းညွှန်တွေဖြစ်မယ်လို့ ယူဆမိပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ် အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ကို တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအားပေးဆောင်ရွက်နေသလို၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ မှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ တွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို

အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယားဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော် က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေယာဉ်တွေ ဟာ ကိုရီးယား ကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွား ခဲ့ကြပြီးတဲ့နောက် မှာမှ မနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်းအကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးနေချိန်မှာ အခုလို တိုက်လေယာဉ်တွေ ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလောရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဖက် ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုးရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာ မဟုတ်ဘူးလို့ ပြောခဲ့ ပါတယ်၊ တောင်ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေတို့နဲ့ ရှိနေတဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေကို မြောက်ကိုရီးယားအစိုးရက ဖြတ်တောက်ခဲ့ပါတယ်၊ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံစက်မှုဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ် ဖြတ်ကျော်မှုတွေဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။

ဆိုက်ပရက် ဘဏ်တွေ ပြန်ဖွင့်

Cyprus ကျွန်းနိုင်ငံရဲ့စီးပွားရေး ပြိုပျက်လုဖြစ်ခဲ့တဲ့အတွက် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတဝှမ်းက ဘဏ်တွေကို သီတင်း ၂ ပါတ်အကြာမှာ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်၊ ဘဏ်တွေပြန်ဖွင့်မဲ့ နေ့လည် ၁၂ နာရီမတိုင်ခင်ထဲက ဘဏ်စာရင်းရှိသူတွေဟာ ဘဏ်တွေအပြင်မှာ တန်းစီစောင့်နေခဲ့ကြပါတယ်၊ ဘဏ်တွေမှာ ငွေပြတ်ကုန်မှာစိုးတဲ့အတွက်
ငွေအထုတ်အသွင်း၊ အရွှေ့အပြောင်းလုပ်တဲ့ ပမာဏကို အစိုးရက ထိန်းချုပ်ထားတဲ့အပေါ်မှာ တချို့က ကျေနပ်ကြပုံမရပါဘူး၊ တနေ့ကို ယူရိုငွေ ၃၀၀ ထက်ပိုပြီးထုတ်ခွင့်မရှိဘူးလို့ ကန့်သတ်ထားတဲ့အပေါ် တချို့ကလဲ ဒေါသထွက်ခဲ့ကြပါတယ်၊ နိုင်ငံပြင်ပကို ထွက်ခွာမဲ့သူတွေအနေနဲ့လဲ ယူရိုငွေ ၃ ထောင်ထက် ပိုပြီးယူသွားခွင့် မရှိပါဘူး။

အကြွေးတွေပြန်မဆပ်နိုင်တော့ဘဲ Cyprus နိုင်ငံ ဒေဝါလီခံ ရတော့မဲ့ အခြေအနေ ဆိုက်ရောက်ခဲ့တဲ့အတွက် ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ဆီကနေ အရေးပေါ်ချေးငွေ ရနိုင်ဖို့ ညှိုနှိုင်းနေတဲ့ကာလ March လ ၁၆ ရက်နေ့ထဲက Cyprus ဘဏ်တွေကို
ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

အရေးပေါ်ကယ်ဆယ်ထောက်ပံ့ငွေ ယူရို ၁၀ ဘီလျံ ရနိုင်ဖို့ သဘောတူညီချက်အရ Cyprus ဘဏ်တွေမှာ အပ်ထားကြတဲ့ထဲက ယူရိုငွေ ၁ သိန်းကျော်တဲ့ ဘဏ်စာရင်းတွေထဲက ပမာဏအများဆုံးနဲ့ အာမခံ မရှိတဲ့ ဘဏ်စာရင်းတွေရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်များတဲ့ပမာဏကို အစိုးရ အရေးပေါ်အသုံးစရိတ်အဖြစ် သိမ်းပါမယ်လို့ နိုင်ငံတကာ ငွေချေးသူတွေနဲ့ Cyprus အစိုးရ သဘောတူထားရပါတယ်၊ ဥရောပသမဂ္ဂထဲက ယူရိုငွေသုံးစွဲတဲ့နိုင်ငံတွေထဲမှာ Cyprus နိုင်ငံဟာ ဒေဝါလီ မခံရအောင် နိုင်ငံတကာဆီက အရေးပေါ်ချေးငွေယူရတဲ့ ၅ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်၊

Online Voting စနစ်နဲ့ ကမ္ဘာတစ်လွှားက မဲအများဆုံးပေးခဲ့တဲ့လမ်း ဖြစ် ပါတယ်။  ကမ္ဘာလှည့်ခရီးသည်များ လည်း သွား လျှောက်ပါတယ်။ ဘရာဇီးနိုင်ငံ၊ Porto Alegre မြို့ ငယ်လေးမှာ တည်ရှိပြီး ဂျာမန်လူမျိုး တို့ ဆောက်လုပ်ခင်းကျင်းပေးခဲ့တဲ့ လမ်းလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဖြစ်ပြီး မီတာ ၅၀၀ ရှည်တဲ့ လမ်းတစ်ခုလုံး တောက်လျှောက်ကို tipuana အမည်ရ သစ်ပင် စိုက်ပျိုးထား ပါတယ်။

ရာသီအပြောင်းအလဲတိုင်းမှာ သစ်ပင်ဟာ ခြောက်သွားလိုက်၊ အရွယ်ကြွေလိုက်၊ ရွက်သစ်များ ဝေလိုက်နဲ့ ဘယ်တော့မှမသေပဲ အကောင်းအတိုင်း ရှိနေပါတယ်။ သို့ပေမယ့် လမ်းဘေး နဲ့ အခြားနေရာအချို့ မှာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သုံးဖို့ဆိုပြီး ၂၀၀၅ ခုနှစ်က သစ်ပင်ခုတ်မှုများ ပြုလုပ်ခဲ့ဖူးပါတယ်။

ယင်းနောက်ပိုင်းကစလို့ လမ်းကို ဒေသခံ ပြည်သူတို့ အထိခိုက်မခံတော့ ပါဘူး။ Rua Gonçalo de Carvalho လို့အမည်ပေးထားတဲ့ ယင်းလမ်းကို မြို့ ရဲ့  သမိုင်းဝင် ယဉ်ကျေးမှုနေရာ အမှတ်အသား တစ်ခုအဖြစ် အသိအမှတ် ပြုစေခဲ့ကြောင်း သိရပါတယ်။