ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.4.13

စတုတ္ထအကြိမ်တွေ့ဆုံမှုမှာ မန်ယူကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

ဖလားနှစ်လုံးအိပ်မက်နဲ့ မန်ယူဟာ ဒမ်ဘာဘာရဲ့ တစ်လုံးတည်းသော ဂိုးကြောင့် လက်ရှိအက်ဖ်အေဖလား ချန်ပီယံချဲလ်ဆီးကိုရှုံးပြီး ကွာတား ဖိုင်နယ်ကနေ လက်ပြခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်က လူစာရင်းတွေကို ၇နေရာစီအပြောင်းအလဲလုပ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူဟာ ပွဲအစပိုင်းမှာ အမှားစောင့် ကစားခဲ့ကြပါတယ်။

ချဲလ်ဆီးကွင်းလယ်မှာ ဟာဇက်အစွမ်းပြခဲ့ပြီး မန်ယူခံစစ်ကြောင်းကို အကောင်း ဆုံးအလုပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်အရောက်မှာ ဟာဇက်ရဲ့ဖန်တီးမှုကနေ ဒမ်ဘာဘာကန်သွင်းတာ ဒီဂီယာရဲ့ ခြေထောက်နဲ့ထိခဲ့တာကြောင့် ချဲလ်ဆီးတို့ အဖွင့်ဂိုးရခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ၃၈မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့ဘဲ ၄၂မိနစ်မှာတော့ ဒီဂီယာကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ် ခေါင်းတိုက်သွင်းခဲ့ရာမှာ ပီတာချက် လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ရွန်နီဟာ အခုပွဲမှာ ပါဝင်လာနိုင်ခြင်းမရှိသလို ဗန်ပါစီကလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့လို့ မန်ယူတို့ တိုက်စစ်အားနည်းခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲချိန် ၄၉မိနစ်အရောက်မှာတော့ ဟာဇက်ရဲ့ပေးပို့မှုကနေ ဒမ်ဘာဘာက မြေမကျဘောကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့သလို ဒီဂိုးဟာ ချဲလ်ဆီးအတွက် အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်တက်ခွင့်လက်မှတ်လည်းဖြစ်ခဲ့ပါတယ်။

၄၈ လမ်းမီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေသွားရောက်စစ်ဆေးကြည့်ရှု

မီးသတ်ဦးစီးဌာနမှ သတင်းအရ အပေါ်ထပ်ဝင်ပေါက်မှာ တစ်ခုတည်းသာရှိပြီး၊ ပြူတင်းပေါက်များတွင် သံတိုင်များကာရံထား သည့် အတွက် မီးလောင်မှုဖြစ်ချိန်တွင်  အတွင်းဝယ်ရှိနေသူများ ပိတ်မိခြင်းဖြစ်ကြောင်း သိရသည်။ အသက်ဆုံးရှုံးသွားသူများမှာလည်း ယင်းပြူတင်းပေါက်များမှ ထွက်ရန်ကြိုးစားရင်း ဆုံးပါးရခြင်းဖြစ်ကြောင်း သိရသည်။ "မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲဒီပုံကို ကြည့်ရင် ဗလီရဲ့ ပြင်ပနံရံများ မီးဟပ်ထားတာလုံးဝမရှိကြောင်း၊ အဆောက်အဦအပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာမရှိကြောင်း၊
အပေါ်ထပ်ပြူတင်းပေါက်များရဲ့ အတွင်းဘက်မှာသာ မီးဟပ်ထားကြောင်း တွေ့ နိုင်ပါတယ်။ ဒါ့အပြင် ဗလီဝင်ပေါက်ကို သံတခါးနဲ့ သော့ခတ်ထားတဲ့အတွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက်ဝင်ခဲ့ရကြောင်း မျက်မြင်သက်သေများ ရဲ့ ပြောကြား ချက်ကို တွေ့ နိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ်ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။ ယခုအခါ ယင်းမီးလောင် မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေကြောင်းသိရသည်။

နေပြည်တော်မှ ဗုဒ္ဓဂယာ ဖူးမြော်ခွင့်ပေးပြီ

ကျပ်သန်းပေါင်း ၁၀၀၀၀ ၀န်းကျင် ကုန်ကျနိုင်မည် မှန်းထားသော မြန်မာနိုင်ငံ နေပြည်တော်မှ အိန္ဒိယ၊ ဗုဒ္ဓဂယာ ပုံစံတူ အဆောက် အအုံ ဥယျာဉ်တော် ကြီးမှာ အချောသပ် အလှဆင် ခြင်းသာ ကျန်ရှိတော့ပြီး အများပြည်သူ လာရောက် ဖူးမြော်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ကြီးကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ကတည်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှုဖြင့် ရွှေတောင် ကုမ္ပဏီနှင့် ACE ဆောက်လုပ်ရေး ကုမ္ပဏီတို့က တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယ နိုင်ငံမှ ဗုဒ္ဓဂယာ အတိုင်း အနီးစပ်ဆုံး တူညီအောင် ဆောက်လုပ် ပေးထားသည် ဟု သိရသည်။

''ကျွန်တော်တို့ ဘက်က ဆောက်လုပ်ပေးတဲ့ အပိုင်း ပြီးစီး နေပါပြီ။ ကျွန်တော်တို့ အပ်ပေးပြီး ပါပြီ။ ဖွင့်လှစ်ဖို့ အပိုင်းလေးနဲ့ အချောသတ် ပြင်ဆင်နေမှု လေးတွေပဲ ကျန်တော့တာ'' ဟု ACE ဆောက်လုပ်ရေး လုပ်ငန်းစုမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ စီမံကိန်း၏ ရည်ရွယ် ချက်မှာ မြန်မာနိုင်ငံမှ လူနည်းစု သာလျှင် သွားနိုင်သော ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို မြန်မာနိုင်ငံမှ အခြေခံ လူတန်းစားများပါ လွယ်လင့်တကူ စိတ်ဖြေ သိမ့်စရာ ဖူးမြော် နိုင်စေရန် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရကာ ကွာဟချက် တစ်ခုအဖြစ် ဂေါတမ မြတ်စွာဘုရား ရှင်သည် မြောက်ဘက်ကို မျက်နှာမူထားပုံကို နေပြည်တော် အဆောက်အအုံ ရှိပုံက အရှေ့ဘက်ကို မျက်နှာမူ ထားသည်ဟု သိရသည်။

''ဖွင့်ပွဲ လုပ်ပါလိမ့် ဦးမယ်။ နိုင်ငံတော် သမ္မတကြီး အားမယ့်ရက်နဲ့ အစိုးရ တာဝန်ရှိသူတွေ အဆင်ပြေ ကြမယ့် နေ့ထူးနေ့မြတ် တစ်ရက်မှာ ဖွင့်ပွဲ လုပ်လိမ့်မယ်'' ဟု အခြားသော ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကလည်း ပြောကြားသည်။ အဆိုပါ ဗုဒ္ဓဂယာကို ဥတ္တရ သီရိမြို့ မြောက်ဘက်၊ ခွာညိုပန်း၊ အ၀ိုင်းမှ ၆ မိုင်နီးပါးအကွာ ရှိ ဥဒယနသီ ကုန်းတော်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီပေးမည်

ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖွံ့ဖြိုးရေးအတွက် နားလည်မှု စာချွန်လွှာအား လဲလှယ်နေသည်ကို တွေ့ရစဉ် ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီများ ပေးမည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သမ၀ါယဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က “ဘဏ်နှစ်ခုကြား နှစ်ဖက်ဘောတူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ” ဟု ပြောသည်။
ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။
သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customer များဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံ တွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန် အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။
“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာ များလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်သည် ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတ ရုံးဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံးပြုနိုင်ပြီဖြစ်ကာ အဆိုပါ POS များတွင် ဗီဇာကတ်အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင်နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်းသုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ်များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခံရပြီး ကိုးဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် မတ် ၂၉ ရက်က မိုးများသည်းထန်စွာ ရွာသွန်းစဉ် အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ပွားမှုသည် ဥတာပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ ချန်ဒူလီ၊ ဂါဇီပါ၊ ဆမ်ဘယ်လ်နှင့် မီရတ်ခရိုင်များတွင် ဖြစ်ပွားခဲ့ပြီး ယင်းမိုးကြိုးပစ်ခံရမှုကြောင့် အခြားကိုးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဥတာပရာဒေ့ရှ် ပြည်နယ်သည် မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်တစ်ရပ် ထုတ်ပြန်ညွှန်ကြားထားပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်း ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ခဲ့ရသည်။ သဘာဝဘေးအန္တရာယ် ထိခိုက်ခံရသည့် မိသားစုဝင်များအား ကူညီထောက်ပံ့ပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

မြောက်ကိုရီးယား ခြိမ်းခြောက်မှု တောင်ကိုရီးယား အလေးနက်ထား

တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားရဲ့ ဆက်တိုက် ခြိမ်းခြောက်မှုတွေကို အထူး အလေးအနက် ထား ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ပထမဆုံးအကြိမ်အဖြစ် အပြင်းထန် ဆုံး စကားလုံးတွေ သုံးပြီး တုံ့ပြန်လိုက်ပါတယ်။ ဒါကြောင့် ဒီ တောင်-မြောက်ကိုရီးယား အပြန်အလှန်စကားနဲ့ ခြိမ်းခြောက်ရာ ကနေ နောက်ဆုံး စစ်ပွဲတိုက်ခိုက်မှုတွေအထိ ရောက်သွားမှာကို အများက စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ထိပ်တန်း အရာရှိတွေနဲ့ တနင်္လာက တွေ့ဆုံရာမှာ သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) က မြောက်ကိုရီးယားဘက်က ဘယ်လို ရန်စမှုမျိုးကိုမဆို နိုင်ငံရေးအရ ထည့်စဉ်းစားနေစရာ မလိုတော့ဘဲ မြန်မြန်ဆန်ဆန် နဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုတယ်လို့ အမိန့်ပေးလိုက်ပါတယ်။

အခုလို သမ္မတ ပတ် က သတိပေးလိုက်ချိန်ဟာ လက်ညှိုးထောင် ခေါင်းငြိမ့် လုပ်လေ့ရှိတဲ့ မြောက်ကိုရီးယား လွှတ်တော် နှစ်စဉ် ကျင်းပချိန်နဲ့ တိုက်ဆိုင်နေ ပြီး၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအွန်း (Kim Jong Un) က သူ့ရဲ့ နျူကလီးယား လက်နက်တွေကို ချဲ့ထွင်သွားမယ်လို့ ကတိပြုပြောကြားအပြီး
နောက်တရက်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မကြာခင်ကပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်တာနဲ့ မြောက်ကိုရီးယားရဲ့ တတိယမြောက် နျူကလီးယား လက်နက် စမ်းသပ်မှုအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်လိုက်တာတွေအပေါ် ဒေါသထွက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို စစ်ရေး တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်လာနေခဲ့ပါတယ်။

အခုလို တင်းမာမှုတွေ ဖြစ်နေချိန်မှာ မနေ့ တနင်္ဂနွေတုန်းကလည်း အမေရိကန် တိုက်လေယာဉ် F-22 နှစ်စင်းဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ Kadena လေတပ် အခြေစိုက်စခန်းကနေ ဆိုးလ်မြို့တော်ရဲ့ တောင်ဘက် မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ Osan လေတပ်အခြေစိုက်စခန်းကို ပျံသန်းပြခဲ့ပါတယ်။

ဒီခေတ်မှီတိုက်လေယာဉ်တွေကို ဒီလကုန်မှာ ပြီးဆုံးမယ့် Foal Eagle ခေါ်တဲ့ စစ်ရေး လေ့ကျင့်ခန်း လုပ်ရာမှာ ထူးထူးခြားခြား ထည့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်း တောင်ကိုရီးယား နှင့်လည်း စစ်မက် ဖြစ်ပွားသည့် အခြေအနေ အဖြစ် ထုတ်ဖော် ပြောဆိုခဲ့သည်။ နိုင်ငံပိုင် KNCA သတင်း ဌာနက ထုတ်လွှင့် ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့် အရေးကိစ္စ မဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလ အတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယား တို့က ဆိုထားပြီး အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များ အဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။ ဖေဖော်ဝါရီလ အတွင်းက မြောက်ကိုရီးယား တို့၏ တတိယ မြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

ကိုရီးယား သရုပ်ဆောင် လီဗျောင်ဟွန်း ဟောလီးဝုဒ် ရုပ်ရှင် လောကသို့ ဝင်ရောက် လာတော့မည်

ဆွဲဆောင်မှု အားကောင်းသော ကိုရီးယား သရုပ်ဆောင် လီဗျောင်ဟွန်းသည် အမေရိကန် ပြည်ထောင်စု ရှိ ဟောလီးဝုဒ် ရုပ်ရှင် လောကသို့ ဝင်ရောက် လာတော့ မည် ဖြစ်သည်။ လီသည် ၂ဝဝ၉ ခုနှစ်တွင် ထုတ်လွှင့် ပြသခဲ့သော ''G.I. Joe: The Rise of Cobra'' ရုပ်ရှင် ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်သော G.I.Joe: Retaliation'' ဇာတ်ကားတွင် ဟောလီးဝုဒ် ရုပ်ရှင် လောကမှ အကျော် အမော်များ ဖြစ်သည့် ဒွေးဂျွန်ဆင်၊ ဘရုစ်ဝီလီစ် တို့နှင့်အတူ ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။

ဂျွန်ဆင်နှင့် ဝီလီစ်တို့သည် လူကြိုက်များ ကျော်ကြားသော ဇာတ်လမ်း များကို ရွေးချယ် ရိုက်ကူးရန် မလိုအပ် သော်လည်း ဟောလီးဝုဒ် ရုပ်ရှင်လောက တွင် အောင်မြင် ကျော်ကြားသူ တစ်ဦး အဖြစ် ရပ်တည် နိုင်ရေးအတွက် ယင်း ဇာတ်ကားသည် လီအတွက် အလွန် အရေး ပါသည်။

G.I. Joe: The Rise of Cobra ပထမတွဲ ဇာတ်လမ်းမှ သရုပ်ဆောင် Channing Tatum သေဆုံး ခဲ့သဖြင့် လီသည် အဆိုပါ ဇာတ်ကား၏ နောက်ဆက် တွဲ ဖြစ်သော ''G.I.Joe: Retaliation'' ဇာတ်လမ်းတွင် သရုပ်ဆောင်ရန် အခွင့် အလမ်းကောင်း တစ်ရပ် ရရှိလာခဲ့ခြင်း ဖြစ်သည်။