ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်
နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က
အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
8.5.13
မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်
မြောက်ကိုးရီးယားဘဏ်စာရင်း တရုတ်ဘဏ်ပိတ်ပစ်
တရုတ်နိုင်ငံက ထိပ်တန်းဘဏ်လုပ်ငန်းကြီးတစ်ခုက မြောက်ကိုရီးယား
နိုင်ငံက ဘဏ်တစ်ခုကဖွင့်ထားခဲ့တဲ့ ဘဏ်ငွေစာရင်းကို ပိတ်ပြစ်လိုက်တယ်
လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ အမေရိကန်နိုင်ငံ
က ပစ်မှတ်ထားနေတဲ့ မြောက်ကိုရီးယားဘဏ်ရဲ့ ဘဏ်စာရင်းကို တရုတ်ဘဏ်လုပ်ငန်း Bank of China က ပိတ်ချလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုံးက မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု
အစီအစဉ် တိုးချဲ့တာကို တရုတ်အစိုးရက ထောက်ခံခဲ့တုံးက မြောက်ကို
ရီးယားအစိုးရက ဒေါသတကြီးကန့်ကွက်ပြောဆိုခဲ့ဖူး
လတ်တလောမှာတော့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ငွေကြေးလဲလှယ်မှု အဓိကဘဏ်စာရင်းအပိတ်ခံလိုက်ရတဲ့အ
မြောက်ကိုရီးယားနိုင်ငံအတွက် ငွေကြေးခဝါချပေးတဲ့ ဘဏ်လုပ်ငန်းမှန်သမျှ
ကို အရေးယူသွားမယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သတိပေးချက်ထွက်ပေါ်
အပြီးမှာ တရုတ်ဘဏ်က အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံကလည်း ပါဝင်ပတ်သက်နေခဲ့ရာမှာ မကြာခင်ကပဲ သြစတြေးလျနိုင်ငံက ဗဟိုတရားရုံးချုပ်တရားသူကြီးဟော
ဖျက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်ဆို
ချက်ထွက်ပေါ်လာပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စီမံချက်အရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို Mr Kirby က ဦးဆောင်ပြီး မြောက်ကိုရီးယားနိုင်ငံ
မှာ ချွေးတပ် အလုပ်စခန်းတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အငတ်ဘေး
ကျရောက်စေတာတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး
သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုအစီအစဉ်ကို မြောက်ကိုရီးယားအစိုးရက လက်သင့်မခံတဲ့အတွက် လတ်တလောမှာတော့ စုံစမ်းရေးအဖွဲ့အနေနဲ့
မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေရဲ့ ထွက်ဆိုချက်တွေကိုသာ အဓိကထားလေ့လာသွားရမှာဖြစ်တယ်လို
ABC Radio Australia
7.5.13
ငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်မှုရှိနေ
တရုတ်သချုင်္ိင်း တိုးချဲ့မှု ထားဝယ် ကူးတို့ဆိပ်ဒေသခံများ ကန့်ကွက်
၇.၅.၂၀၁၃၊ အင်္ဂါနေ့
မိုးညှင်း အမှတ်(၂)အောင်သပြေဈေးသစ် မစည်ကား၍ ပဋိပက္ခဖြစ်ပွားနေ
အဆိုပါဈေးမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့်ဈေးဖြစ်သည်နှင့်အညီ ဈေးဧရိယာ ကျယ်ကျယ်ဝန်းဝန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ဈေးသစ်ဖြစ်သည်။
“ဈေးမှာ အခွန်အခ နေ့တိုင်းပေးနေရပေမယ့်၊ လူမရှိတဲ့ ဈေးကိုလာပြီး ဈေးသည် အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြန်နေရတယ်၊ အရင်ဈေး ဖျက်ခိုင်းတုန်းကပေးခဲ့တဲ့ ကတိတွေအတိုင်းလည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ဈေးသည်တွေ ဒုက္ခရောက်နေရတော့ ကတိအတိုင်း လုပ်ပေးစေချင်တယ်”ဟု အောင်သပြေဈေးမှ ဈေးဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောသည်။
အဆိုပါဈေးသစ်ဖွင့်လှစ်ပါကမိုးမလင်းဈေးနှင့်ကျူးကျော်ဈေးသည်များအား ရောင်းချခွင့်ဖျက်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့ခြင်း၊ လူစည်ကားစေရန်လိုင်းတို သုံးဘီးကားဂိတ်များကို ဖွင့်လှစ်ပြေးဆွဲစေမည်ဟု ပြောကြားထား ခြင်း၊ ဈေး သန့်ရှင်းရေး ရေမြောင်းတူးဖော်ပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးသည် များအား ပြောဆိုကာ ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်သည် ဟု အောင်သပြေဈေးသူဈေးသားတို့က ဆိုသည်။
ဈေးသူဈေးသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များထံသို့ အကြောင်းကြားစာ အကြိမ်ကြိမ်တင်ပြတောင်းခံကာ ဈေးစည်ကား ရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထူးခြားမှုမရှိဟု ဈေးသူဈေးသားများက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးရုံး၌ မေလ ၆ ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဒီနေ့ အစည်းအဝေးမှာတော့ အချက်(၃) ချက်ကို ဆွေးနွေးခဲ့ကြတယ်၊ ဈေးသူဈေးသားတွေကတော့ အရင် ကိစ္စတွေကို ပြန်ပြောကြတယ်၊ မြောင်းကတော့ စဖေါ်နေပြီ ၊ အုတ်မတတ်နိုင်သေးတာပဲရှိတယ်၊ ဖွင့်ပြီးမှ အပြင် ပျံကျ ဈေးသည်တွေကို တားမြစ်ပေးမှာ၊ ဈေးမြန်မြန်ဖွင့်ဖို့ဆိုတာက ဆိုင်ခန်းအားလုံးပြီးမှ ဖြစ်မယ်”ဟု မိုးညှင်း မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်အေးက ပြောသည်။
ထိုအစည်းအဝေး၌ လုံခြုံရေးဝန်ထမ်းထားရှိပေးခြင်း၊ မြောင်းများကို ပြန်လည်တူးဖော်ပေးခြင်းနှင့် ဈေးသစ် ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖေါ်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ဆောက်လို့ မပြီးသေးတဲ့ ဆိုင်ခန်းတွေကို (၃)ရက်အတွင်း ခေါ်ပြီးဆွေးနွေးမယ်၊ မဆောက်နိုင်ရင် သိမ်းပြီး တော့ လေလံပစ်မယ်၊ ဈေးကို မြန်မြန်ဖွင့်နိုင်အောင်လုပ်ရမယ်၊ ချေးငွေလိုတယ်ဆိုလို့ လွန်ခဲ့တဲ့ ၂လက ချေးငွေ လည်း စီစဉ်ပေးခဲ့တယ်”ဟု ဦးမြင့်အေးက ဆက်ပြောသည်။
အောင်သပြေ အမှတ် (၂) ဈေးကို အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော်သို့ စာတင် ပေးခဲ့ဖူးကြောင်း၊ လာမည့်လွှတ်တော်အစည်းအဝေး၌လည်း ယခုကိစ္စကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် တင်ပြပေမည်ဖြစ်ကြောင်း ဈေးဖွင့်လှစ်ပြီးမှ အနီးအနားကားဂိတ်များမှာလည်း လိုက်ပါဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင့်အောင်က ဆိုသည်။
မြစ်မခ
6.5.13
ဆုထူးပန်ရွှေကျင်ဆရာတော်ကြီး၏ အန္တိမဈာပန တပည့် ၊ ဒကာ ၊ဒကာမများ သောင်းချီ၍ ဖူးမျှော်ပို့ဆောင်
နိုင်ငံတော်ထေရ၀ါဒ ဗုဒ္ဓ သာသနာပြုသြ၀ါဒါစရိယ၊ ရန်ကုန်မြို့ ဆုထူးပန်ရွှေကျင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ၊
အဂ်္ဂမဟာ ပဏိ္ဏတဘဒ္ဒန္တသလ္လာပဏ္ဍိတ သက်တော်(၇၅)၊ သိက္ခာတော် (၅၅)မှာ ပြီးခဲ့သည့်
၂၉-၄-၂၀၁၃ (တနင်္လာနေ့)၌ ဘ၀နတ်ထံပျံ လွန်တော်မူခဲ့ပြီး ပျံလွန်သည့်နေ့ မှစကာ
အနိ္တမအဂ်္ဂိဈာပနပူဇာ ကျင်းပသည့် မေလ(၅)ရက်ထိ ဆရာတော်ကြီး၏ ရုပ်ကလာပ်
တော်အား လာရောက်ဖူးမျှော် ကြသည့် တပည့်ဒကာ၊ ဒကာ မများ
အထူးစည်ကားများပြားခဲ့ ပြီး ဈာပနသဘင်ကျင်းပသည့်နေ့ ၌မူ သောင်းချီသော
ဒကာများကုလိုက်ပါဖူးမျှော်ပို့ဆောင်ခဲ့ကြ သည်။““ဆရာတော်ဘုရားကြီးမျာက အရမ်းကိုချစ်ခင်ကြည်ညိုတဲ့သူ တွေ တစ်နိုင်ငံလုံးပဲ။ ဆရာတော် ကြီးအပါးမှာ တပည့်အဖြစ် ဦး ဇင်းခစားလာတာကြာပြီ ဆရာ တော်ကြီးမှာ ဘယ်လိုဂုဏ်အင် တွေ၊ ကြည်ညိုဖွယ်ရာတွေ ရှိသ လဲဆိုတော့ ဦးဇင်းမြင်တာကို ပြောတာပေါ့နော်။ ဆရာတော် ကြီးမှာ စွဲမြဲစွာမှတ်ထင်ခြင်း၊ မိမိ လိုလားသည်များအား အောင် မြင်ပြီးမြောက်အောင် ဓိဋ္ဌာန်ခြင်း၊ မှန်ရာကိုသာပြောဆိုခြင်း၊ စိတ် တည်ငြိမ်မှုရှိခြင်း၊ ကြိုတင်စီမံ ခန့်ခွဲနိုင်ခြင်း၊ စရဏနှင့် ဓာနတွဲ ဖက်၍ လုပ်ဆောင်ခြင်း စတဲ့ ကြည်ညိုဖွယ်ရာအချက်တွေ ရှိ တယ်။ ပြီးတော့ ဆရာတော်ကြီး ဟာအလွန်ကိုပဲ အလှူအတန်း ရက်ရောတဲ့ ဘုရားသားတော် တစ်ပါးပါ””ဟု ဆုထူးပန်ရွှေကျင် ဆရာတော်ကြီး၏ တပည့် သံဃာ တော်တစ်ပါးမှ ဆရာတော်ကြီး၏ ထူးခြားဂုဏ်အင်များအား မြွက် ဟပြောဆိုသွားခဲ့သည်။
ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၇) ရက် ကြာသပတေးနေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ယင်း မာပင်မြို့နယ်၊ မင်းကန်ကြီးကျေး ရွာ၌ ခမည်းတော်ဦးသာရွှန်း၊ မယ်တော်ဒေါ်သိန်းကြွယ်တို့မှ ဖွားမြင်သန့်စင်တော်မူခဲ့ပြီး ၁၃၁၄ ခုနှစ်၊ နယုန်လပြည့်ကျော်(၅) ရက်၌ ယင်းမာပင်မြို့နယ်၊ တမာ ပင်ခွကျေးရွာ၊ ဗောဓိဝေယံ ကျောင်းဆရာတော်ကြီးဘဒ္ဒန္တ ပဏ္ဍစ္စာဘိသီရိကို ဥပဇ္ဈာယ်ပြု လျက် မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ် သို့ စတင်ရောက်ရှိတော်မူခဲ့ပြီး သက်တော် (၇၅)၊ သိက္ခာတော် (၅၅) ဘ၀နတ်ထံပျံလွန်တော်မူ သည်အထိ သာသနာတော်အကျိုး များအား စွမ်းစွမ်းတမံထမ်း ဆောင်ခဲ့ပြီး နိုင်ငံတော်မှလည်း ဆရာတော်ကြီးအား မြန်မာ သက္ကရာဇ် ၁၃၆၃ ၌ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိက၊ ၁၃၆၇ ခုနှစ်၌ အဂ္ဂမဟာပဏ္ဍိတ စသည့်ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ခဲ့သည်။
ခန့်ခန့်(ဒဿနိက)
HotNewsWeekly
5.5.13
မြန်မာ့ နည်းပညာ တိုးတက်ဖွံ့ဖြိုးရေး အတွက် Intel ရဲ့ပူးပေါင်းဆောင်ရွက်မှု
၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ပဏာမအဆင့်အနေနဲ့ Intel နဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)တို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပြီး လာမယ့်ဇွန်လမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို Intel's World Ahead ရဲ့ အကြီးအကဲလည်း တက်ရောက်မှာဖြစ်တယ်လို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း MICT Park မှာ MCF နဲ့ Intel World Learning တို့ ဆွေးနွေးပွဲ တခု လုပ်ခဲ့ပြီး Intel ဟာ မြန်မာပြည်ကို စိတ်ဝင်တစား လာရောက်ခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို Intel ရဲ့ တာဝန်ရှိသူတချို့နဲ့ USAID လို့ ခေါ်တဲ့အမေရိကန် ပြည်ထောင်စုက အထောက်အပံ့ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေလည်း လိုက်ပါလာခဲ့တာဖြစ်ပါတယ်။
အခုလို ပူးပေါင်းဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံအတွက် နည်းပညာ အဆင့်အတန်း မြင့်မားလာစေဖို့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
မကြာသေးမီကလည်း Google ဥက္ကဌရဲ့ မြန်မာပြည်ခရီးဟာ ဂူဂဲလ်မြန်မာအဖြစ် နည်းပညာ တော်လှန်ရေး တရပ်ဖြစ်စေခဲ့တယ်လို့ နည်းပညာလောကသားတွေက ပြောဆိုနေကြပါတယ်။
နည်းပညာခေတ်ကြီးထဲမှာ မြန်မာဟာ နည်းပညာနဲ့ပတ်သက်လို့ နောက်ကျကျန်နေခဲ့မှုတွေအတွက် သူများထက်ခြေလှမ်း တွေ သွက်သွက်နဲ့ တက်လှမ်းရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။
ဥက္ကံမြို့ ပဋိပက္ခတွင် ပါဝင်ကျူးလွန်သူဟု ယူဆရသူ ၂၅ ဦးအား ဖမ်းဆီးခဲ့ပြီး ရှစ်ဦးကို ခံဝန်ချုပ်ဖြင့် လွှတ်ပေး
ကလောမြေပြိုမှုမှာ သေဆုံးသူ ၁ဂ ဦးရှိနေ
လာမယ့် ရွေးကောက်ပွဲမှာ NLD နိုင်ရင် ညွှန့်ပေါင်းအစိုးရ ဖွဲ့မယ်ပြော
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ YMCA ခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာကွန်ရက်ရဲ့ ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က အခုလို ပြောဆို လိုက်တာပါ။
"၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ပေါ်တော့မယ်၊ အဲ့ဒီမှာကျနော်တို့က အများစုနိုင်ခြေရှိတယ်၊ နိုင်အောင်လည်း ကျနော်တို့က အားထုတ်ရမှာဖြစ်ပါတယ်၊ လူထုကိုစည်းရုံးရမှာလည်း ဖြစ်ပါတယ်၊ အဲ့ဒီအခါမှာ ကျနော်တို့တိုင်းရင်းသားတွေဟာ သွေးစည်း ညီညွှတ်ရေးလည်းဖြစ်ပေါ်လာတဲ့ အခြေအနေ တွေရှိတဲ့ အတွက် ညွှန့်ပေါင်းအစိုးရကို ကျနော်တို့ ဦးတည်သွား မယ့် သဘောရှိပါတယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစုအနိုင်ရရှိခဲ့တယ်၊ တဘက်မှာ ကျနော်တို့ဟာ အုပ်ချုပ်ရေးအာဏာကိုလည်းရမယ်၊ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကလည်း ရှိနေမယ်ဆိုလို့ရှိရင် ဒီလိုပဲ ရှေ့နိုင်ငံရေးလုပ်ငန်းများ အုပ်ချုပ်ရေးလုပ်ငန်းများကို သွားမယ့်သဘောရှိတယ် "
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်သွားမယ့် အုပ်ချုပ်ရေးပုံစံကို သိရှိနိုင်ဖို့ NLD ပါတီဝင်တွေကို အလေးထားပြောလိုတာဖြစ်ကြောင်းနဲ့ ပြည်သူလူထုလည်း သဘောပေါက်စေဖို့ အခုလိုပြောရခြင်း ဖြစ် တယ်လို့ ဦးကျော်ခင်က ဆိုပါတယ်။
NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်တဲ့ ကောမှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအပါအ၀င် ကိုယ်စားလှယ် ၄၃ နေရာကို အနိုင်ရရှိခဲ့ပါတယ်။


















