ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.6.13

ခရီးသွား ဖွံ့ဖြိုးရေးအတွက် လေယာဉ် ကွင်း ၃ ကွင်း ထပ်မံတိုးချဲ့မည်



 ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွင်း လေယာဉ်ငယ်များ ဆင်းနိုင်သည့် လေယာဉ်ကွင်း ၃ ကွင်း တိုးချဲ့ ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ထံမှ သိရသည်။

“လေယာဉ်ကွင်းတွေက အစိုးရဘတ်ဂျက်နဲ့ပဲ လုပ်သွားမှာပါ။ လက်ရှိကတော့ လေယာဉ်ငယ် ပိုင်းတွေပဲ စပြီးဆင်းသက်သွားဖို့ စီစဉ်ထားတယ်။ ၂ နှစ်အတွင်း အပြီး ဆောင်ရွက်ဖို့ လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ပြောသည်။ဆောက်လုပ်မည့် လေယာဉ်ကွင်းအသစ် ၃ ခုအတွက် ယခုအခါ မြေနေရာစမ်းခြင်း၊ တံတိုင်း ကာရံခြင်း၊ ပြေးလမ်း တည်ဆောက်ခြင်း စသည်တို့ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့် ခရီးသွားတွေ လေ့လာချင်တဲ့ နေရာတွေ မရောက်နိုင်တဲ့ အဖြစ်မျိုး မဖြစ်ရအောင် တည်ဆောက်တာပါ။ အခုဆောက်တဲ့ နေရာတွေက ခရီးသွားတွေ အတွက် အကောင်းဆုံး လေ့လာကြမယ့် နေရာတွေ ဖြစ်လို့ အဆင်ပြေအောင် ဆောင်ရွက်တာပါ” ဟု ဦးတင်နိုင်ထွန်းက ပြောသည်။

လေယာဉ်ကွင်း အသစ်ဆောက်မည့် နေရာများမှာ ကချင်ပြည်နယ်တွင် နောင်မွန်းမြို့၊ ရခိုင်ပြည်နယ်တွင် မာန်အောင်မြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့တို့တွင် ဖြစ်ပြီး လေယာဉ်ငယ် များသာ ဆင်းသက်စေ မည် ဖြစ်ကြောင်း၊ ပထမ အစတွင် ၁၈ ယောက်စီး လေယာဉ်သာ စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ “ဒီနေရာတွေက အရင်က ဒုတိယကမ္ဘာစစ် ကတည်းက သုံးခဲ့တဲ့ လေယာဉ်ကွင်းတွေ ဆိုတော့ လေကြောင်းဌာန အနေနဲ့ ထိန်းသိမ်းထားတာကို အခုအချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်း လုပ်ဆောင်သွားတာပါ” ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။ ယခု ပြုပြင် ဆောက်လုပ်မည့် လေယာဉ်ကွင်း များမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ခရီးသွား လုပ်ငန်း တိုးတက်စေရန် အတွက် ရည်ရွယ်ဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကချင်မျာဆိုလည်း ရေခဲတောင် တက်ဖို့အတွက်က ပူတာအိုကနေ သွားရတယ်။ အခုနောက်ပိုင်းက သစ်ခွပန်းတွေ လာကြည့်တာ များတယ်။ ချင်းပြည်နယ် ဆိုလည်း ရိဒ်ရေအိုင် သွားတာ များလာတယ်။ အခုလို လေယာဉ်ကွင်းတွေ ဆောက်ရင် ခရီးသွားတွေ များလာနိုင်တယ်။ စရိတ်စက သက်သာလာနိုင် တယ်” ဟု ခရီးသွား ဧည့်လမ်းညွှန် တဦးဖြစ်သည့် ကိုသောင်းထိုက်ဇော်က ပြောသည်။ လက်ရှိ လေယာဉ် ကွင်းများ အတွက် မြေနေရာ စမ်းသပ်ခြင်း၊ ပြေးလမ်းဒီဇိုင်း ရေးဆွဲခြင်း တို့လည်း ပြီးစီးပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဆောင်းရာသီ အစတွင် စတင် ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ၃ ခု၊ ပြည်တွင်းဆင်း လေယာဉ်ကွင်း ၂၇ ခုခန့် ရှိကြောင်း မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။

ဧရာဝတီ Blog

ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်

 
(ဓာတ်ပုံ - ရွှေအမြုတေ)

လုပ်ငန်းရှင်တယောက်က ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို အင်းကွက်ချ၊ ဖယောင်းတိုင် နဲ့လိပ်ပြီး မီးရှို့ခဲ့ပါတယ် တဲ့။ ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ဖော်ပြ ထားတဲ့ ကြော်ငြာ မှာ အဲဒီလို ရေးထားတာပါ။ အဲဒီလုပ်ရပ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ဝါဝါဝင်းရွှေရဲ့ရှေ့နေတွေက ထည့် သွင်းထားတဲ့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။

ဖြစ်ပုံက ဒေါ်ဝါဝါဝင်းရွှေက သူပိုင်တဲ့ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာမှာ ၁၂ ထပ်တိုက် "ဆုထူးပန် Tower" ဆောက်ဖို့   ဆောက်လုပ်ရေး လုပ်ငန်းတခုကို ကျပ်သိန်းပေါင်း ကိုးထောင် ပေးခဲ့တယ်။ သို့သော်လည်း ၁၄ လ ကြာခဲ့ပေမယ့် ဆုထူးပန်ရုပ်ရှင်ရုံကို ဖြိုတဲ့လုပ်ငန်း၊ ခြံကာတဲ့လုပ်ငန်းပဲ ပြီးခဲ့တယ် လို့ ကြော်ငြာ မှာ ရေးထားပါတယ်။ ဒါကြောင့် လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းတယ် လို့ အဲဒီကြော်ငြာ မှာ ရေးထားပါတယ်။ လက်ကျန်ငွေ ပြန်ပေးဖို့ တောင်းတာလည်း မရသေးဘူး၊ ရှောင်တိမ်းနေတယ် တဲ့။

စိတ်ဝင်စားဖို့ ကောင်းတာက ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့ရာမှာ လုပ်ငန်းရှင်ကိုယ်တိုင် ၂ ကြိမ်ပြု လုပ်ခဲ့ကြောင်း ဝန်ခံချက် အသံဖိုင်လည်း ရှိနေပါတယ် တဲ့။ မီးထွန်းတဲ့ဖြစ်ရပ်က ညသန်းခေါင်ယံတွေမှာ ပဲ ပေါ်ပေါက်ခဲ့ပါတယ် တဲ့။ ဒေါ်ဝါဝါဝင်းရွှေကို ချစ်တဲ့ မိတ်ကောင်းဆွေကောင်းများက ဖယောင်းတိုင်မီးကို အချိန်မီ ငြှိမ်းသတ်ပြီး သက်သေအဖြစ် သိမ်းခဲ့တယ်လို့ ဆိုတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာပါပဲ။ (ကော်လံကို အလျားရှည်စွာ စာစီထားတာကတော့ ဖတ်ရခက် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်)

ဓာတ်ပုံကို အင်းချပြီး မီးရှို့တာဟာ ယတြာချေတဲ့သဘော ဖြစ်ပါလိမ့်မယ်။ ယတြာ မပြီးခင် မီးငြှိမ်းခံရတဲ့ အတွက် ယတြာမအောင်မြင်ဘူးလို့ ဆိုနိုင်တာပေါ့။ ယတြာတွေ၊ အစီအမံတွေ ပါဝင်နေတဲ့ ဒီအမှု ဘယ်လို ဆက်ဖြစ်မယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဧရာဝတီ Blog

ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နောက်ဆက်တွဲ

(ဓာတ်ပုံ - ရွှေအမြုတေ)
ဖြိုချလိုက်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံ မြေနေရာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကြီးအကြောင်း  ဒီနေ့ထုတ် မြန်မာ့ အလင်းသတင်းစာ စာမျက်နှာ ၁၄ မှာတမျက်နှာပြည့်ကြော်ငြာ တွေ့ရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်ရဲ့ ရှေ့နေ ၄ ဦးက ထည့်တဲ့ ကြော်ငြာပါ။

ကြော်ငြာရဲ့ ဆိုလိုရင်းကတော့ - အငြင်းပွားမှုမှာ ရုပ်ရှင်သရုပ်ဆောင်ဒေါ်ဝါဝါဝင်းရွှေ မှားတယ်၊ ဦးကျော်မြင့် မှန်တယ် ဆိုတာပါပဲ။အထပ် ၂ဝ ကျော် တိုက်သစ်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျမယ့် ကျပ် သိန်းပေါင်း တသောင်းကို ဒေါ်ဝါဝါဝင်းရွှေ မပေးနိုင်သေးဘူးလို့ ကြော်ငြာမှာ ရေးပါတယ်။

တနေ့တုန်းက ဒေါ်ဝါဝါဝင်းရွှေတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျပ်သိန်းပေါင်း ကိုးထောင် ပေးထား ပြီးပြီ လို့ ရေးထားတဲ့အပြင် ဦးကျော်မြင့်ရဲ့ လူတွေ အဲဒီလုပ်ငန်းခွင်က ထွက်သွားဖို့ သတိပေးထားပါတယ်။
ဦးကျော်မြင့်တို့ရဲ့ ဒီကနေ့ တုံ့ပြန်ချက်မှာတော့ ....  ဒီမြေနေရာကို သူတို့ ထိန်းထားမယ်၊ ကျူးကျော်သူမှန် သမျှ ကို အရေးယူမယ် တဲ့။
အင်း ... တိုက်ပွဲကတော့ ပြင်းထန်လှတယ်လို့ ဆိုရပါမယ်။

ဦးကျော်မြင့်က ရန်ကုန်တိုင်းတရားရုံးမှာ အမှု ၂ ခု တင်ထားတယ်လို့လည်း ကြော်ငြာက ဆိုတယ်
၁။ အောက်လမ်းနည်းသုံးတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ စွပ်စွဲချက်အတွက် နစ်နာကြေးရလိုတယ်
၂။   မြေနေရာ ပြန်ပေးမယ်၊ သို့သော်လည်း စာချုပ်ကို တဖက်သတ် ဖျက်တဲ့အတွက် စရံငွေအားလုံး "အဆုံးရှုံးခံသည်ဟုသာ မှတ်ယူရန်ရှိ"  ဒီအမှု ၂ ခု စလုံးကို တရားရုံးက လက်ခံထားတယ်လို့ ကြော်ငြာက ဆိုတယ်။
ကြော်ငြာမှာ ပါတဲ့ အောက်လမ်းနည်း ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ သတင်း ဖော်ပြခဲ့ပြီးပါပြီ။
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်  http://blog.irrawaddy.org/2013/06/blog-post_2517.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဦးကျော်မြင့်တို့ နှစ်ဘက်လုံးက ဒီအမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ သီးခြားစီ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ရှေ့ဆက် ဘာတွေဖြစ်လာမလဲ?
သူသိပ်မနာ၊ ကိုယ်သိပ်မနာ ဖြစ်အောင် ဝင်ညှိပေးမယ့် ကြားလူ ပေါ်လာမလား။ သို့တည်းမဟုတ် တဘက် ဘက် က ရှုံးသွားမလား ??

လောလောဆယ် အမြတ်ထွက်နေတာကတော့ သူတို့ငှားထားတဲ့ ရှေ့နေတွေ၊ ကြော်ငြာပါတဲ့
သတင်းစာတွေ ပဲ ဖြစ်ပါလိမ့်မယ် လို့ ယူဆရပါတယ်။


ဆက်စပ် - မင်းသမီး ဓာတ်ပုံကို အင်းချမီးရှို့ရာကနေ စတဲ့ဇာတ်လမ်း တရားရုံးကို ဆက်မည်  http://burma.irrawaddy.org/archives/43058
 
ဧရာဝတီ Blog

လူသတ်မှု၊ သတ်သေမှုတို့ အကြောင်း ပါမောက္ခ ဒေါက်တာ ဝင်းအောင်မြင့်နှင့် …

စိတ်ကျန်းမာရေးaဆးရုံကြီး ဆေးတက္ကသိုလ် ၁ ပါမောက္ခဌာနမှူး စိတ်ကျန်းမာရေးစီမံချက်မန်နေဂျာ ဒေါက်တာ ဝင်းအောင်မြင့် (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)

မြန်မာပြည်၌ လူသတ်မှုများပြားနေခြင်း၊ မိမိ ကိုယ်ကိုယ် သတ်သေသည့် မှုခင်းများ နေ့စဉ်ရက်ဆက် ဆိုသလို အင်တာနက် စာမျက်နှာများ၊ ဂျာနယ်၊ သတင်းစာများတွင် တွေ့ရှိနေခြင်းတို့ကြောင့် လူသတ်မှု၊ မိမိကိုယ်ကိုယ် သတ်သေမှုများသည် စိတ်ကျန်းမာရေး အခြေအနေနှင့် သက်ဆိုင်မှု၊ ဆက်နွှယ်မှု ရှိမရှိ ကိစ္စကို ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး ဆေးတက္ကသိုလ် ၁ ပါမောက္ခ ဌာနမှူး စိတ်ကျန်းမာရေး စီမံချက် မန်နေဂျာ ဒေါက်တာ ဝင်းအောင်မြင့်အား ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။     ။ မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူတွေ များလာတယ်၊ လူသတ်မှုတွေမှာလည်း စိတ္တဇဆန်တဲ့ ရက်ရက်စက်စက် လူသတ်မှုတွေကို ကြားသိနေရပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင်လဲ၊ ဘယ်လိုမြင်ပါလဲ။
ဖြေ။     ။ လူသတ်တာတွေမှာ စိတ်ရောဂါကြောင့် လူပိုသတ်တယ် ဆိုတာကိုတော့ လက်မခံပါဘူး။ စိတ်ရောဂါ သည်တွေက လူသတ်မှု ဖြစ်တယ်ဆိုရင် အနီးကပ်မှာ ရှိတဲ့သူတွေနဲ့ အိမ်သားတွေကို သတ်တာ ပိုများတယ်၊ အပြင်က လူတွေကို သတ်တာတော့ ရှိပေမယ့် ရှားတယ်။ ပြောရမယ်ဆိုရင်တော့ မီဒီယာပေါ့၊ ပုံကြီးချဲ့ပြောတာလည်း ပါတယ်၊ ရုပ်ရှင် ဗီဒီယို တွေကလည်း စိတ္တဇ လူသတ်သမားဆိုပြီး ရိုက်နေ တာတွေကြောင့် လူသတ်မှုတွေနဲ့ စိတ်ရောဂါသည်တွေ ဆက်စပ်မှု မလိုအပ်ဘဲ ပိုများလာတယ်လို့ ထင်တယ်။ စိတ်ရောဂါသည်တွေက လူသတ်တာမှန်ပေမယ့် လူကောင်း ပကတိတွေက လူသတ်မှု ပိုဖြစ်နေတယ်လို့ ပြောချင်တာပါ။ သတ်သေမှုတွေပိုများလာတယ်လို့ ဆိုတာကလည်း အချက်အလက်သေ ချာဖို့တော့ လိုအပ်ပါတယ်။

မေး။     ။ တခြားနိုင်ငံတွေမှာကသတ်သေတဲ့ နှုန်းတွေကိုအချက်အလက် ကောက်တာရှိတယ်။ မြန်မာနိုင်ငံ မှာကော ရှိပါသလား။
ဖြေ။     ။ နိုင်ငံတိုင်းမှာ သတ်သေတဲ့နှုန်းတွေကို ပြောတာရှိပါတယ်။ ပြောလည်း ပြောပြရတယ်၊ ပြောရမယ့် တာဝန်လည်း ရှိပါတယ်။ ဒီနိုင်ငံမှာကတော့ အကြောင်းကြောင်းကြောင့် လုပ်ခဲ့တာမရှိခဲ့ဘူး။ နောက်ပိုင်း မှာတော့ ပြောမှာပါ။ အခုတော့ အာဆီယံ နိုင်ငံတွေထဲမှာ၊ အာဆီယံ ကျန်းမာရေး ကိစ္စတွေထဲမှာ စိတ် ကျန်းမာရေးလည်း ပါတယ်၊ အဲဒီထဲမှာမှ သတ်သေမှုနှုန်း ကိစ္စလည်း ပါနေတော့ အချက်အ လက် တွေတော့ ကောက်နေပါပြီ၊ ရသင့်သလောက်တော့ ရပြီဆိုပေမယ့် တိကျတဲ့ အချက်အလက် ရမှ ပဲ မြန်မာနိုင်ငံရဲ့ သတ်သေမှုနှုန်းရဲ့ အတက်အကျကို သေချာသိရမှာပါ။

မေး။     ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက စိတ်ကျရောဂါနဲ့ ဆိုင်သလား။
ဖြေ။     ။ သတ်သေတာရဲ့ ၇၀ ရာခိုင်နှုန်းက စိတ်ကျရောဂါကြောင့်ပဲ၊ ကျနော်တို့ တကယ်တမ်း ကုသပေးနိုင် တာကလည်း ၅ ရာခိုင်နှုန်းပဲရှိပြီး ၉၅ ရာခိုင်နှုန်းက ကုသပေးနိုင်တဲ့ အခြေအနေမရှိဘူး။ စိတ်ကျရောဂါရှင် ကိုယ်တိုင်က သူ့ကိုသူ ဖြစ်မှန်း မသိတာရှိတယ်၊ ဖြစ်နေတာကို ပတ်ဝန်းကျင်သိ မှာကြောင့်၊ ခွဲခြားဆက်ဆံ ခံရမှာကြောင့် မပြောတာရှိတယ်၊ မိသားစုကလည်း ရှက်စိတ်နဲ့ လူသိမှာစိုးပြီး ဖွက်ထားတာရှိတယ်။ တချို့က ပယောဂဆိုပြီး ကုနေတာတွေလည်း ရှိနေတယ်။ မီဒီယာ တချို့မှာကလည်း သတ်သေမှုတွေကို ဖော်ပြတဲ့အခါမှာ အသေးစိတ် ကြိုးက ဘယ်နှပေ၊ ဘယ်အမြင့်၊ ဆေးက ဘာ အမျိုး အစား၊ ဘယ်နှလုံးသောက်တယ် ဆိုတာကအစ ကျင့်ဝတ်နဲ့မညီ ဖော်ပြနေကြတော့ သတ်သေချင်တယ်၊ ဘယ်လို သတ်သေရမှန်း မသိတဲ့သူတွေကို လမ်းပြပေးသလို ဖြစ်နေတာတွေရှိတော့ ရှောင်သင့်ပါတယ်။

မေး။     ။ သတ်သေပေမယ့် မသေသေးဘဲ ရှိနေတဲ့အချိန်မှာ လူတွေက မှုခင်းဆိုပြီး ရဲကိုအရင် အကြောင်း ကြားလို့ အချိန်ကြန့်ကြာတာ၊ ဆေးခန်း၊ ဆေးရုံတွေက လက်မခံတွေလည်းကြောင့် အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။     ။ အမှန်က လူနာ အသက်ရှိနေသေးတယ် ဆိုတာနဲ့ တပြိုင်နက် ဆေးရုံကြီး အရေးပေါ်ဌာနကို အရင်ဆုံးပို့သင့်တယ်၊ ရဲစခန်းကို နောက်မှ သွားသင့်တယ်၊ အရေးပေါ်ဆိုရင် လူနာအသက်ရှင်ဖို့က အဓိက ကျလို့ ဆေးရုံအရင်ပို့၊ ရဲစခန်းက အဓိကမဟုတ်ဘူး။ ပုဂ္ဂလိက ဆေးခန်းတွေ ကတော့ သူတို့ရဲ့အခြေ အနေအရ လက်မခံတာမျိုးတွေ ရှိနေတော့ ဆေးရုံကြီးကို တိုက်ရိုက်သွားတာ အကောင်းဆုံးပဲ။

မေး။     ။ ဒါဆို လက်ရှိ သတ်သေမှု တွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။     ။ လက်ရှိကောက်ခံထားတဲ့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် နှစ်တဝက် ကောက်ခံချက်တွေ အရတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူတသိန်းမှာ ၂ ဦး သတ်သေတာ တွေ့ရတော့ တခြားနိုင်ငံတွေ နဲ့ နှိုင်းယှဉ် ရင် အရမ်းနည်းပါတယ်၊ အာဆီယံနိုင်ငံထဲမှာ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံရဲ့ သတ်သေသူနှုန်းက အတူ တူလောက် ဖြစ်နေတယ်။ လက်ရှိ ဒေတာတွေအရတော့ မြန်မာနိုင်ငံမှာ သတ်သေနှုန်း မမြင့်မားဘူး။ ကမ္ဘာ့သတ်သေ နှုန်းမှာ လူတသိန်းမှာ ၁၆ ဦး ရှိနေတယ်။

မေး။     ။ တခြားနိုင်ငံတွေလိုမျိုး သတ်သေမှုတွေကို ကြိုတင်ကာကွယ်တာတွေ လုပ်ဖို့ရော ရှိပါသလား။
ဖြေ။     ။ မြန်မာနိုင်ငံမှာက သတ်သေမှုကို ကြိုတင်ကာကွယ်နိုင်မယ့် ပေါ်လစီ (Suicide Prevention Policy) မရှိသေးဘူး၊ ဒီကိစ္စကိုတော့ ဝန်ကြီးဌာနကို တင်ပြဖို့ ရှိပါတယ်။ လူတယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဆိုတာ နိုင်ငံအတွက်၊ မိသားစုအတွက် ဆုံးရှုံးမှုပါပဲ။ ဒါတွေကို ကာကွယ်ဖို့ လိုပါတယ်။ ပေါ် လစီ ကတော့ လက်ရှိလုပ်နေပေမယ့် အခြေအနေအရ လာမယ့်နှစ်တွေ ဆိုရင်တော့ ထွက်လာမယ်လို့ ထင်တယ်။ စာရွက်မှာ ချရေးရတာလွယ်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာ မှာတော့ အခက်အခဲတွေ ရှိပါတယ်။ တကယ့်လက်တွေ့မှာ လူမူဝန်ထမ်း၊ ပြန်ကြားရေး၊ ပညာရေး၊ ပြည်ထဲရေး၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ NGO အဖွဲ့အစည်းတွေကလည်း ပူးပေါင်းဖို့ လိုပါတယ်။ တခြား အကူ အညီတွေ လည်း အများကြီး လိုတယ်။

မေး။     ။ ပေါ်လစီ ထွက်လာဖို့က ကြာဦးမှာဆိုတော့ အဲဒီ အချိန်မရောက်ခင် ကြိုတင် ကာကွယ်မှုတွေကို ဘယ်လိုလုပ်ဖို့ ရှိပါလဲ။
ဖြေ။     ။ ပေါ်လစီ မထွက်လာသေးခင်တော့ ပညာပေးတာတော့ လုပ်ရမယ်၊ ရုပ်မြင်သံကြားတွေ ကလည်း ဆွေးနွေး တာတွေ လုပ်မယ်၊ မီဒီယာကတဆင့် ပညာပေးတာတွေ လုပ်မယ်၊ လက်ရှိ အချက် အလက် အရတော့ တချို့ထင်နေသလို မြန်မာနိုင်ငံမှာ သတ်သေနှုန်းက မြင့်နေတာတော့ မဟုတ်ပေမယ့် ပစ်ထားလို့တော့မရဘူး၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံလည်းဖြစ်နေတဲ့အပြင် ပတ်ဝန်းကျင်ကလည်းဖေးမ ကူညီတဲ့အသိုင်းအဝိုင်းလို့ပြောလို့ရတာကြောင့် အဲဒါကိုက သတ်သေတာကို ကာကွယ်ပေးနိုင် တဲ့ အချက် တခုဖြစ်နေတယ်။

မေး။     ။ အစိုးရရဲ့ စိတ်ကျန်းမာရေး စီမံချက်အပေါ် ဆောင်ရွက်ပေးနေမှုကရော ဘယ်လို အခြေအနေရှိ ပါလဲ။
ဖြေ။     ။ အစဉ်အလာအရတော့ ကူးစက်ရောဂါတွေကို ဦးစားပေးပြီး ဘတ်ဂျက်က သွားနေတယ်။ မကူး စက်တတ်တဲ့ ရောဂါတွေအတွက် ဘတ်ဂျက် ကတော့ ဦးစားပေးမှု နည်းနေတယ်လို့ထင်တယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အခုနောက်ပိုင်း စိတ်ဝင်စားလာတယ်။ လက်ရှိ ဝန်ကြီးလက်ထက် မှာတော့ ဒီကိစ္စတွေကို အရင်ကထက် စာရင် ပိုနားလည် လာတယ်လို့ ထင်တယ်။ ဒါပေမယ့် စိတ် ကျန်းမာရေး ကိစ္စကတော့ ဝန်ကြီးဌာနရဲ့ မူထဲမှာ အောက်ဆုံးအဆင့်မှာပဲ ရှိတယ်လို့ ယူဆရတယ်။

မေး။     ။ ဆောင်ရွက်ပေးမှု အားနည်းနေတော့ ဆရာတို့ဘက်ကရော ဘယ်လို ဆက်လုပ်မှာလဲ။
ဖြေ။     ။ ဒီမှာက စိတ်ရောဂါသည်တွေကို ကုသပေးရုံနဲ့တော့မရဘူး။ စိတ်ကျန်းမာရေးကို မြှင့်တင်တဲ့ လုပ်ငန်းတွေ၊ စိတ်ရောဂါ မဖြစ်အောင် ကာကွယ်မှုတွေ လုပ်ဖို့တော့ လိုအပ်တယ်။ ကာကွယ်၊ ကုသ မှု၊ စောင့်ရှောက်မှု အပိုင်းအလိုက် မျှမျှတတ လုပ်ဖို့တော့ လိုတယ်။ ကျနော်တို့ ဘက်ကတော့ လိုအပ် တာတွေကို အထက်ကို တင်ပြထားတယ်၊ သူတို့တတွေ ကလည်း လုပ်ပေးလို့ ရတာတွေတော့ လုပ်ပေးနေ တာတွေ ရှိပါတယ်။ အကောင်အထည်တော့ စပေါ်လာပြီလို့ ခံစားလို့ ရတယ်။ နိုင်ငံတကာ မှာတော့ သတ်သေ မှုနှုန်းတွေ လျော့နည်းအောင် ဆိုပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေက သတ်သေမှုကာကွယ် ဖို့ သက်သက်အဖွဲ့တွေ ဖွဲ့ထားတာတွေရှိတယ်။ သူတို့တတွေက ဖုန်းနံပါတ်တွေ ကြေညာတယ်၊ မြို့နယ် အလိုက် တာဝန်ခံတွေ ထားတယ်၊ တခုခုဖြစ်ပြီလို့ အကြောင်းကြားတာနဲ့ ချက်ချင်း ရောက်နိုင်တော့ သတ်သေမှုကို အတိုင်းအတာ တခုအထိ ကာကွယ်ပေးနိုင်တယ်။ ဒီနိုင်ငံမှာတော့ အဲဒီလိုအ ဖွဲ့အစည်းတွေ မရှိသေးဘူး၊ လုပ်သင့်တယ်လို့ ယူဆတယ်၊ ကြိုဆိုတယ်။ 

ဧရာဝတီ Blog



နေပြည်တော်မြို့ အဝင် ၆ လမ်းသွား အမြန်လမ်းမကြီး လမ်းပိုင်းတနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ခဲ့ရာမှာ အားနည်းချက်တွေကြောင့် ယာဉ်မတော်တဆမှုတွေ များပြားနေလို့ လမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာတွေကို လမ်းပေါ်က လူသတ် သမားတွေဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်နေတာ ကြားရပါတယ်။ အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့  ၅ နှစ် နီးပါး ကာလအတွင်းမှာ ယာဉ်မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစုကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့်  လက်ရှိ မှာတော့ သေဆုံးသူ ၁၇၀ ကျော်ရှိနေပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်အလက်တွေ အရ သိရပါတယ်။

“အရင်အစိုးရရဲ့ လိုအပ်ချက်အရ နေပြည်တော်မြို့  ရွှေ့လာတော့ ရန်ကုန်နဲ့ နေပြည်တော်ကို ဆက်သွယ်ဖို့ လိုအပ်လာတယ်။ သွားလာလို့က အဆင်မပြေတော့ လမ်းမြန်မြန်ပြီးဖို့လိုတော့ လမ်းပိုင်းမှာ အားနည်း ချက်တွေ ဖြစ်သွားရတာပါ။ အရေးပေါ် အနေအထားတွေကြောင့် လမ်းပိုင်းမှာ အားနည်းချက်တွေ ရှိသွား တာကို ဝန်ခံပါတယ်။ အက်ဆီးဒင့်တွေ မဖြစ်အောင်လုပ်ဖို့က ကျနော်တို့မှာ တာဝန်ရှိပါတယ်” လို့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းတည်ဆောက်မှုပိုင်းကို တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ ပြည်သူ့ဆောက် လုပ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ဧရာဝတီ သတင်းဌာနကကို ပြောပါတယ်။

အမြန်လမ်းမကြီး စတင် တည်ဆောက်ခဲ့စဉ်က အချိန် လိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်တွေကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တဲ့အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ပြီး Master Plan တခု ရေးဆွဲ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာ အကူအညီတွေကိုလည်း တောင်းခံ ထားကြောင်း သိရပါတယ်။ အဲဒီ Master Plan မှာတော့  အမြန်လမ်းမကြီးကို ရှစ်လမ်းသွား ဖောက်လုပ် မှာဖြစ်ပြီး ကုန်တင်ကားကြီးတွေလည်း ဖြတ်သန်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည် နားနေ စခန်းတွေနဲ့ ရဲစခန်းတွေ၊ သန့်စင်ခန်းတွေကိုလည်း တိုးချဲ့တည်ဆောက်မယ်လို့ သိရပါတယ်။ အမြန်လမ်းမ ကြီးမှာ အားနည်းချက်တွေ ရှိပေမယ့် နိုင်ငံတကာ အကူအညီမယူဘဲ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်တွင်း အင်ဂျင်နီယာတွေက လမ်းအရှည် ၃၆၆ မိုင်ကို ၆ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့အပေါ် မြန်မာပညာ ရှင်တွေကို နိုင်ငံတကာက အံ့သြခဲ့ရကြောင်း၊ ဒါကြောင့် အမြန်လမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ လမ်းမကြီး တခုလည်း ဖြစ်ကြောင်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောပါတယ်။

“နိုင်ငံတကာမှာ အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံက မြဝတီနဲ့ သင်္ဃန်းညီနောင်လမ်း ကီလိုမီတာ ၂၀၊ ၃၀ ကို ၆ နှစ်ကျော် စိတ်ကြိုက် ဖောက်လုပ်ကြတယ်။ ကျနော်တို့က လမ်းအရှည် ၃၆၆ မိုင်ကျော်ကို ၆ နှစ်နဲ့ အပြီးဆောက်ခဲ့ရတာကလည်း အနေအထားတွေကြောင့် အားနည်းချက်တွေ ရှိခဲ့ရတာဆိုတော့ အခု လမ်းကို ပြန်လုပ်မယ်ဆိုရင်တောင် လက်တန်းမလုပ်တော့ဘူး၊ နိုင်ငံတကာအကူအညီယူမယ်” လို့ ဦးကြည်ဇော်မြင့် က ဆက်ပြောပါတယ်။ အစိုးရသစ် လက်ထက်အတွင်း အမြန်လမ်းမကြီး ပြုပြင်နိုင်ဖို့ အ တွက် ဘတ်ဂျက်ကို လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် တခြားအရေးကြီးတဲ့ ပြည်ထောင်စုလမ်းတွေအတွက် ဦးစားပေးနေရတာကြောင့် လမ်းအတွက် ဌာနဆိုင်ရာ ဘတ်ဂျက် လုံးဝ မရသေးဘူးလို့လည်း သိရပါတယ်။  အမြန်လမ်းမကြီးကို ပြန်လည် ပြုပြင်ဖို့အတွက်က ကျပ် ဘီလီယံ ထောင်ချီ ကုန်ကျ မယ်လို့လည်း သိရပါ တယ်။

လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေကတော့ အမြန်လမ်းမကြီးပေါ်မှာ သစ်ပင်တွေ စိုက်တာ၊ ဆိုင်းဘုတ် လမ်းညွှန်ချက်တွေအားနည်းတာ၊ လမ်းပိုင်းဆိုင်ရာတည်ဆောက်မှုမှာ အားနည်းတာ၊ လမ်းပေါ်ရေဝပ်တာ၊ လမ်းဘေးခြံစည်းရိုး အကာအရံတွေ မရှိတာ၊ ခြံစည်းရိုးရှိတဲ့ နေရာကျပြန်တော့ လည်း သေချာ မတပ်ထားတာ၊ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘလောက်တုံးတွေက တညီတညာတည်း မရှိတာတွေက ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အဓိက အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ “အမြန်လမ်းပေါ်က လမ်းလယ်ခေါင်မှာ ချထားတဲ့ ဘယ်ရီယာတုံးတွေ ကြည့်လိုက် ရင် ရွဲ့စောင်းနေတာပဲ၊ တချို့နေရာတွေမှာ လမ်းခင်းတာကျတော့လည်း တွေ့တဲ့ကျောက်သဲနဲ့ ဘိုင်ဘရိတ်တောင် မထည့်ဘဲ လုပ်တော့ ၆ လလောက်နေတော့ ပျက်စီးတာပဲ။ ဒါတွေက ငွေကြေးနဲ့ မဆိုင်ဘူးလေ၊ လူရဲ့အသိဥာဏ်၊ အင်ဂျင်နီယာတွေရဲ့ ကြီးကြပ်မှုနဲ့ ဆိုင်တယ်။ ခြံစည်းရိုး ခတ်တယ်၊ ဘယ်နေရာ များ သပ်ရပ်သလဲ။ ပြောရရင်တော့ သိပ်ရှက်ဖို့ကောင်းတယ်” လို့ စက်မှုအင်ဂျင်နီယာတဦးက ဇွန်လ ၂၁ ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ လုပ်ခဲ့တဲ့ အမြန်လမ်းဆိုင်ရာ ဆွေးနွေးပွဲမှာ သုံးသပ် ပြောဆိုသွားပါတယ်။

လမ်းအင်ဂျင်နီယာ တဦးဖြစ်သူ ဦးမောင်မောင်က အမြန်လမ်းမကြီးမှာ လမ်းတွေကအကွေ့အကောက်တွေ များနေတဲ့အပြင် တချို့နေရာတွေမှာ ၄ လမ်းသွား ဖြစ်ရာကနေ ၂ လမ်းသွား ဖြစ်သွားပြီး အဲဒီလိုနေရာတွေ မှာ လမ်းညွှန်ဆိုင်းဘုတ်တွေလည်းမရှိကြောင်း၊ ထို့ကြောင့် လမ်းအနေအထား မသိဘဲ အရှိန်ပြင်းမောင်းနေ တဲ့ ယာဉ်တွေ မတော်တဆမှု ဖြစ်ရကြောင်း၊ လမ်းလယ်ခေါင်က ဘယ်ရီယာတုံးတွေက တဆက်တည်း ရှိမနေတာကြောင့်လည်း ယာဉ်ထိခိုက်မှုတွေအများအပြားဖြစ်စေကြောင်း သုံးသပ်ပါတယ်။ ပြည်သူ့ဆောက် လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက “အမြန်လမ်းဆိုတာ တဖြောင့်တည်း ဖြစ်နေ ရမယ်ဆိုတာ မဟုတ်ဘူး။ လမ်းဆိုတာ အကွေ့အကောက်တော့ ပါရမယ်။ အစအဆုံး ဖြောင့်နေရမယ်ဆို တာလမ်းရဲ့ စံချိန်စံညွှန်း မဟုတ်ဘူး။ အခု အမြန်လမ်းမှာ အကွေ့အကောက်တွေ ပါနေတယ်ဆိုတာက လည်း လမ်းဖောက်တုန်းက ဆည်တွေကို ရှောင်ပြီးဖောက်ခဲ့ရတာ လည်းပါတယ်။ ငွေကြေး အခြေအနေ အရ ဘယ်ရီယာတုံးတွေကို သေချာ မလုပ်နိုင်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန် လမ်းမှာ သေဆုံးမှု အများဆုံးဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁၀ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေတယ်လို့လည်း ဦးကျော်လင်းက ဆိုပါ တယ်။ လက်ရှိ အမြန်လမ်းမကြီးမှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မယ့်အပြင် ယာဉ်အိုယာဉ်ဟောင်းတွေကို မောင်းနှင်ခွင့် ပိတ်ပင် လိုက်တာ၊ အရက်သောက် ထားခြင်း ရှိ မရှိကို ကိရိယာတွေနဲ့ စစ်ဆေးတာတွေနဲ့ အမြန်လမ်းပေါ်မှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေကို သင်တန်းပေးတာတွေလုပ်ဖို့အပြင် အမြန်လမ်းမကြီးဥပဒေကို ပြဌာန်း ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာက ကားမောင်းရင် (လုံခြုံရေး) ခါးပတ် မပတ်ကြဘူး။ အဲဒီ ဥပဒေကလည်း ဒီနိုင်ငံမှာ မရှိသေး ဘူး၊ အန္တရာယ်ကင်းဖို့ ဆိုရင် ခါးပတ် ပတ်သင့်တယ်၊ အရက်သောက်ပြီး ကားမမောင်းသင့်ဘူး” လို့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဆိုပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ အဖြစ်များနေတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေရဲ့  အဓိက အကြောင်းအရင်းတွေက ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ သတ်မှတ်ရှိန်ထက် ပိုမိုမောင်းနှင်တာနဲ့ လမ်းကြော အခြေ အနေကို နားမလည်တာတွေကြောင့် အဖြစ်များနေတာလို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။
ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှာ အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်နေတဲ့ ဦးမျိုးမြင့်ကလည်း “များသောအားဖြင့်က အိပ်ငိုက်လို့ ဘီးချော်ရာကနေ ထိခိုက်မှုဖြစ်တာပါ။ လမ်းမှာ မှတ်သားပေးထားတဲ့ လိုင်းတွေရယ်၊ အရှိန်နှုန်းနဲ့ သွားမယ်ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ အဓိက အားနည်းချက်ဖြစ်နေတာက ယာဉ်မောင်းသူကြောင့်ပါ။ ကျနော်တို့ကလည်း တာဝန်ရှိပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေတပ်နေကြောင်း၊ လမ်းဘေးတဖက်တချက်စီမှာ ရွာတွေထဲကနေ ဖြတ် တက်နေတဲ့ ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။ ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက် မှာ စတင်ဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂၀၀၈ ခုနှစ် ဇူလိုင် လ မှာ စတင်ဖောက်လုပ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့လျှင် ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်းသွားလာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

 ဧရာဝတီ Blog

Edward Snowden မော်စကို လေဆိပ်မှာ ရှိဆဲလို့ ရုရှားပြော

ရုရှားနိုင်ငံ သမ္မတ Vladimir Putin (Credit: Reuters)

အမေရိကန်နိုင်ငံ ​အမျိုးသားလုံခြုံရေး​အေဂျင်စီ ​အမူထမ်းဟောင်း ​Edward ​Snowden ဟာ ​မော်စကို မြို့ ​လေယာဉ်ကွင်းရှိ ​Transit ​လေယာဉ်ပြောင်းဖို့ ​တထောက်နားတဲ့နေရာမှာ ​ရှိနေတုန်းပဲလို့ ရုရှားနိုင်ငံ သမ္မတ က ​အတည်ပြု ​ပြောဆိုလိုက်ပါတယ်။

Edward ​Snowden ​အနေနဲ့ ​ရုရှားနိုင်ငံကနေ ​ထွက်ခွာလိုရင် ​လွှတ်လပ်စွာ ​ထွက်ခွာခွင့်ရှိပြီး ​ရုရှားနိုင်ငံ ကနေ ​အမြန်ဆုံး ​ထွက်ခွာသင့်တယ်လို့လည်း ​ရုရှားသမ္မတက ​ပြောလိုက်ပါတယ်။ Edward ​Snowden ​ရုရှားနိုင်ငံမှာ ​ခေတ္တရှိနေတာဟာ ​ရုရှားနဲ့ ​အမေရိကန်နိုင်ငံရဲ့ ​ဆက်ဆံရေးကို ​မထိခိုက်လောက်ဘူး လို့ ​မျော်လင့်ကြောင်းလည်း ​ရုရှားနိုင်ငံသမ္မတ ​Vladimir ​Putin ​က ​ပြောလိုက်ပါတယ်။ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီကတော့ ​ရုရှားနိုင်ငံအနေနဲ့ ​Edward ​Snowden ​ကို ​အမေရိကန် လက်ထဲ ​လွဲအပ်ပေးသင့်တယ်လို့ ​တောင်းဆိုလိုက်ပါတယ်။

ရုရှားအစိုးရကတော့ ​Edward ​Snowden ​ရဲ့ ​ခရီးစဉ်နဲ့ ​ပတ်သက်ပြီး ​ဝင်ရောက်ပတ်သက်မှု ​မလုပ် လိုကြောင်း၊ ​Snowden ​နဲ့ ​ရုရှားကြားမှာလည်း ​ဘာမှဆက်စပ်မှု ​မရှိသလို၊ ​အမေရိကန်နိုင်ငံရဲ့ ​တရားရေး ဆိုင်ရာတွေမှာလည်း ​မပတ်သက်လို ​ဘူးလို့ ​ရုရှားနိုင်ငံ ​နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။ Edward ​Snowden ​က ​ဒီကခရီးစဉ်ကို ​သူကိုယ်တိုင်ရွေးချယ်ပြီး ​ရုရှားမှာ ​ရောက်နေတယ်ဆိုတာကို ​ရုရှားအစိုးရက ​မီဒီယာက ​တဆင့်သာ ​သိရတဲ့အကြောင်း၊ ​သူ့အနေနဲ့ ​ရုရှားနိုင်ငံ ​နယ်နမိတ်ကျော်လွန်တာမဟုတ် ပဲ ​နိုင်ငံတကာနဲ့ဆိုင်တဲ့ ​လေယာဉ်ကွင်းက ​Transit  ​လေယာဉ်ပြောင်းတဲ့ ​နေရာမှာသာ ​ရှိနေတာ လို့ ​ပြောပါတယ်။

ဒီလိုအခြေအနေမှာ ​ရုရှားက ​Edward ​Snowden ​ကို ​ကာကွယ်မှုပေးတယ်လို့ ​အမေရိကန်နိုင်ငံက ​စွပ်စွဲတာဟာ ​အခြေအမြစ်မရှိဘူးလို့လည်း ​ပြောလိုက်ပါတယ်။ Edward ​Snowden ​ဟာ ​ရုရှားနိုင်ငံ ​မတိုင်ခင် ​ဟောင်ကောင်မှာ ​ရှိနေခဲ့ပြီး ​ဟောင်ကောင်အာဏာပိုင်တွေဟာလည်း ​Snowden ​ကို ​ကူညီပေးခဲ့တယ်ဆိုတဲ့ ​အမေရိကန်ရဲ့ ​စွပ်စွဲမှုကို ​ခံနေရပါတယ်။ အမေရိကန်နိုင်ငံ ​အမျိုးသားလုံခြုံရေးအေ ဂျင်စီက ​စက်မှုပိုင်းဆိုင်ရာ ​ဝန်ထမ်းဟောင်း ​Edward ​Snowden ​ဟာ ​အမေရိကန်အစိုးရရဲ့ ​လျို့ဝှက် ချက်တွေကို ​ဖော်ကောင်လုပ်တဲ့အတွက် ​အမေရိကန် ​အစိုးရက ​ရာဇာဝတ်သားအဖြစ် ​အသည်းအသန် ​လိုလားနေတာဖြစ်ပါတယ်။ Edward ​Snoden ​က ​ရုရှားနိုင်ငံကနေတဆင့် ​ကျူးဘားနိုင်ငံကို ​သွားပြီး ​အီကွေဒေါနဲ့ ​အိုင်စလန်နိုင်ငံလို ​နိုင်ငံမျိုးမှာ ​ခိုလှုံခွင့်တောင်းနိုင်တယ်လို့ ​သတင်းတွေထွက်ပေါ်နေပါတယ်။

ABC Radio Australia


ဝါဝါဝင်းရွှေကို Fatherland ကုမ္ပဏီက အသရေဖျက်မှုဖြင့် အမှုဖွင့်

ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေနှင့် Fatherland ဆောက်လုပ်ရေး ကုမ္ပဏီကြား အငြင်းပွားမှုပေါ်ပေါက်နေပြီး သဘောတူစာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းပါက ပေးအပ်ထားသော စရန်ငွေ ကျပ် သိန်း၉ထောင် ဆုံးရှုံးမည်ဖြစ်သည်ဟု Fatherland ကုမ္ပဏီက ဇွန်လ ၂၆ရက်နေ့ရက်စွဲဖြင့် ကြေညာလိုက်သည်။

၁၂ထပ် အဆောက်အအုံအား ၂၃ထပ်အဖြစ် ဆူထူးပန်တာဝါတည်ဆောက်ရန် သဘောတူညီမှုအရ မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေသည် ကျပ်ငွေ သိန်း ၁၂ဝဝဝ ပေးရမည်ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၉ထောင်သာ ပေးထားကြောင်း၊ ဒေါ်ဝါဝါဝင်းရွှေ စွပ်စွဲသကဲ့သို့ အောက်လမ်းနည်းဖြင့် လုပ်ဆောင်သည်ကို ငြင်းဆိုကြောင်း၊ ကုမ္ပဏီဖြင့် ဆက်လက်လက်မတွဲနိုင်ဟု ကြေညာသော်လည်း သဘောတူစာချုပ် ဖျက်သိမ်းခြင်း မပြုနိုင်သည်အထိနှင့် တရားရုံးမှ အမိန့်တစ်စုံတစ်ရာ မချမှတ်သေးသည်အထိ လုပ်ငန်းခွင်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Fatherlandကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကို ဂုဏ်သရေထိခိုက်စေရန် ပြောဆိုမှု။  အောက်လမ်းနည်းသုံးသည်
ဆို သာ စွပ်စွဲမှုနှင့် နစ်နာကြေးပေးရန် တရားမမှုဖြင့် အမှုဖွင့်ထားကြောင့် ဆိုသည်။
 
Ref: Kamayut Media

မန်ချက်စတာမှာ ဈေးအကြီးဆုံးက ဘယ်သူ့အခန်းလဲ

 
ဒီအခန်းဟာမန်ချက်စတာမြို့၊ဘီသမ်တာဝါရဲ့၄၅လွှာမြောက်ဖြစ်ပြီးအခန်းပိုင်ရှင်ကတော့ဘောလုံးကစား ခြင်း ကအနားယူသွားတဲ့ ဖီးနဗီးလ်ဖြစ်ပါတယ်။ သူဟာ တစ်လပေါင် ၁၅၀၀၀နဲ့ ဒီအခန်းကို ငှားမယ်လို့ကြေညာ
ထားပြီး မန်ချက်စတာမြို့ရဲ့ဈေးအကြီးဆုံး အခန်းတစ်ခန်းဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးကို စီးမိုးမြင်နိုင်သလို အခန်းတွင်းပြင်ဆင်မှုတွေကလည်း ဆန်းကြယ်လွန်းပြီး ၂၀၁၀ခုနှစ်က ပေါင် ၄ သန်းထိ တန်ကြေးရှိခဲ့ပါတယ်။

အိပ်ခန်းလေးခန်းပါသလို လသာဆောင် မျက်နှာကြတ် မီးဆိုင်းတွေကလည်း ၄၅လွှာ အခန်းနဲ့ လိုက်ဖက်ညီထွေဖြစ်နေပါတယ်။ စတုရန်းပေ ၅၀၀၀ကျယ်ဝန်းတဲ့ ဒီအခန်းဟာ ထုံးကျောက် အခင်း၊ စိတ်ကြည်နူးစရာ အလင်းရောင်တို့ကြောင့်အေးအေးဆေးဆေးအနားယူချင်သူတွေအတွက်သင့်တော်သလို ကျန်းမာရေးလေ့ကျင့်ခန်း၊ ရေနွေးငွေ့ခန်းတွေ ပါဝင်ပြီး လောလောဆယ်တန်ကြေး ပေါင် ၃.၇၅သန်း ရှိနေပါတယ်။ 
 
Ref:Yoyarlay

ဇူလိုင် ၁ ရက်ထုတ် TIME မဂ္ဂဇင်း မြန်မာအစိုးရ ကန့်သတ်

မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ သံဃာတစ်ပါးဖြစ်သည့် အရှင်ဝီရသူပုံကို မျက်နှာဖုံးတင်၍ 'ဗုဒ္ဓဘာသာဝင် များ ဆိုးသွမ်းသောအခါ' ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကို ဖော်ပြခဲ့သည့် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို မူရင်း စာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ် လုပ်ခြင်း၊ ရောင်း ချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ကန့်သတ်လိုက်ကြောင်း မြန်မာအစိုး၏ အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာလိုက်သည်။

အရှင် ဝီရသူပုံကို မျက်နှာဖုံးတင်ကာ The Face of Buddhist Terror ဆောင်းပါးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ (၁၈၂)၊ အမှတ် (၁) တွင် ဖော်ပြခဲ့ရာ ယင်းဖော်ပြချက်သည် ဗုဒ္ဓဘာသာသာသနာအပေါ် အထင်အမြင်လွဲမှားစေပြီး နိုင်ငံတော်ကအကောင်အထည်ဖော်နေသည့် ဘာသာပေါင်းစုံတို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း ကြေညာ ချက်တွင် ဖော်ပြသည်။

TIME မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်း ထောင်ချီ၍ တည်တံ့လာ ခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင် ရွက်နေ သည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန် ကန့်ကွက်အပြီး နှစ်ရက် အကြာတွင် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီက ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

TIME မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းထောက်နှင့် TIME ၏ တရုတ် ဌာန အကြီးအကဲ Hannah Beech က ၎င်း၏ ဆောင်းပါးတွင် အရှင် ဝီရသူကို မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်သွင်း ရေးသားပြီး ဦးဝီရသူ ပုံကို မျက်နှာဖုံးတင်ကာ ဖော်ပြခဲ့သည့် မဂ္ဂဇင်းကို Europe, Middle East and Africa၊ Asia၊ South Pacific တို့ကို ဖြန့်ဝေခြင်း ဖြစ်သည်။

TIME မဂ္ဂဇင်း၏ လုပ်ဆောင်ချက်ကို ပြည်သူလူထု သိရှိစေရန်အတွက် မပိတ်ပင်သင့်သည့်အပြင် မီဒီယာ လွတ်လပ်ခွင့်အရလည်း မပိတ်ပင်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောကြားသည်။ "ပိတ်ပင်လိုက်တာက ကာကွယ်ရာ မကျဘူး။ လူထုကလည်း သိနေကြ ပါပြီ။ TIME မဂ္ဂဇင်း ဖော်ပြချက်ကို အမှန်အတိုင်း ပြည်သူလူထု သိနိုင်ပြီးတော့ တရားနည်းလမ်းကျကျ တုံ့ပြန်တာမျိုးကို အစိုးရကလည်း ခွင့်ပြုရမယ်" ဟု ၎င်းက သုံးသပ်သည်။

လတ်တလော ဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများကို ထိန်းသိမ်း ကိုင်တွယ်ရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး စုစုပေါင်း ၁၀ ဦးတို့ဖြင့် နိုင်ငံတော် သမ္မတက ယခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။