ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.7.13

အမေရိကန်စစ်သုံး ဆက်သွယ်ရေးဂြိုဟ်တု အာကာသအတွင်း ထွက်ခွာ

အမေရိကန် စစ်သုံး ဂြိုဟ်တုကို တင်ဆောင်သွားသော Atlas 5 ဟု အမည်ပေးထားသည့် ဒုံးပျံသည် ဇူလိုင် ၁၉ ရက်နေ့က ကနာဗီရယ် လေတပ် အခြေစိုက်စခန်းမှ နံနက် ၉ နာရီအချိန်တွင် ထွက်ခွာသွား ကြောင်း Reuters သတင်းတွင် ထုတ်ဖော် ရေးသားထားသည်။

ကမ္ဘာ့ ဈေးအသက်သာဆုံး ကွန်ပျူတာကတ် သန်းချီရောင်းရ


ကြွေးဝယ်ခွင့်ကတ် အရွယ်အစားခန့်သာရှိသော ကွန်ပျူတာ ဆားကစ်ဘုတ် များသည် ဈေးကွက်တွင် အရောင်းသွက်လျက်ရှိပြီး တစ်ကတ်လျှင် ၂၅ ဒေါ်လာဖြင့် ထုတ်ဝေအပြီး ၁၈ လအတွင်း ကတ် ၁ ဒသမ ၅ သန်း ရောင်းချခဲ့ရကြောင်း AFP သတင်းတွင် ရေးသား ဖော်ပြထားသည်။

အင်အားပြင်းငလျင်ကြောင့် တရုတ်နိုင်ငံအနောက်ပိုင်းတွင် သေဆုံးသူအနည်းဆုံး ၄၇ ဦးရှိ

တနင်္လာနေ့က တရုတ်နိုင်ငံ အနောက်ပိုင်း ဂန်ဇူးနယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခုကြောင့် သေဆုံးသူ အနည်းဆုံး ၄၇ ဦးရှိပြီး လူပေါင်း ၃၀၀လခန့် ဒဏ်ရာရရှိကာ အိမ်များစွာလည်း ပျက်စီးသွားကြောင်း ဒေသန္တရ အစိုးရက ပြောကြားသည်။

ဂျပန် အထက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ၊ ဝန်ကြီးချုပ် အာဘေးပါတီ လူကြိုက်များ

ဂျပန် အထက်လွှတ်တော် ရွေးကောက်ပွဲ စတင် ကျင်းပနေပြီး ဝန်ကြီးချုပ် အာဘေး၏ လစ်ဘရယ်ဒီမို ကရက်တစ် ပါတီအပေါ် လူကြိုက်များနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လွှတ်တော် အမတ်နေရာ ၂၄၂ နေရာ၏ ထက်ဝက်ခန့်ကို ယှဉ်ပြိုင်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အညာဒေသပန်းချီဆရာ(၁၈)ဦးပါဝင်သော ရေနံ့သာပန်းချီပြပွဲ ကျင်းပမည်

ရန်ကုန်-ဇူလိုင်၂၂ အညာအရပ်ဒေသ၏ ရှုခင်း များဖြင့် ရေးဆွဲထားပြီး ရေနံချောင်းပန်းချီ ဆရာများပါဝင်ပြသသော “ရေနံ့သာ” ပန်းချီပြပွဲကို (၈)ကြိမ်မြောက်အဖြစ် ပြသမည်ဟု သတင်းရရှိသည်။ဗိုလ်ချုပ်ဈေးရှိ ပန်းချီအစည်းအရုံးပြခန်းတွင် ဇူလိုင်၂၆ရက်မှစတင်ပြသသော
ယင်းပြပွဲတွင် အညာဒေသပန်းချီဆရာ(၁၈)ဦးပါဝင်၍ ပန်းချီကားပေါင်း(၈၀)ပါဝင်မည်ဟုသိရသည်။

ခလုတ် မနှိပ်ဘဲ လူကိုယ်တိုင် ၀င်ကစားရတဲ့ X. box ဂိမ်း

လူကိုယ်တိုင် ဂိမ်းထဲတွင် ပါဝင် ကစားရသည့် ဂိမ်းများလည်း ခေတ်စားလျက်ရှိ ရာ ရန်ကင်းမြို့နယ် ၁၂ လုံးတန်း မှတ်တိုင် အနီးတွင် Zaw & Zoor ဟု အမည်ပေးထားသည့် X.box ဂိမ်းဆိုင် ဖွင့်ပွဲကို အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။

“ဟုတ်တယ်ဗျ.. လူကိုယ်တိုင် ၀င်ကစားရတာပါ။ ဘောလုံးကန်တဲ့ ဂိမ်း၊ ဂစ်တာတီးတဲ့ ဂိမ်း၊ လက်ဝှေ့ထိုးတဲ့ ဂိမ်း၊ ပြေးတဲ့ဂိမ်း စသည်ဖြင့် အများကြီးပါ။

သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင်
ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

အိန္ဒိယ ကလေးများ သေဆုံးစေသည့် ကျောင်းတွင်း နေ့လယ်စာ၌ ပိုးသတ်ဆေးများ ပါဝင်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ကျောင်းသား ၂၃ ဦး ကျောင်းတွင်း နေ့လယ်စာ စားသုံးပြီး သေဆုံးသွားရာ အဆိုပါ ကျောင်းတွင်း နေ့လယ်စာတွင် ပိုးသတ်ဆေးများ ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သွေးလှူဒါန်းလျှင် နှလုံးရောဂါ လျော့ပါးနိုင်

လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ အလား အလာသည် သွေးမ လှူသည့် လူထက် သွေးလှူဒါန်းသည့် လူများတွင် သုံးပုံ တစ်ပုံခန့် နည်းပါး နိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဦးစိုးထွဋ်က ပြောသည်။

သွေးလှူရှင်တွေ အနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူ လိုက်ရလို့ ကျေနပ် ပီတိတွေ ခံစား ရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူး တွေလည်း ရရှိစေပါတယ်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အိမ်ထောင်ရှင်များ ဇာတိပ္ဖိုလ်သီး ချက်စားမလား

ဇာတိပ္ဖိုလ်သီးရဲ့ ကျန်းမာရေး အကျိုး ကျေးဇူး တွေကို သိနိုင်အောင် ရေးသားလိုက် ရပါတယ်။

(၁) ဝက်ခြံ အဖုအပိမ့်တွေကို သက်သာ စေပါတယ်

ဇာတိပ္ဖိုလ်သီး အမှုန့်ကို နွားနို့အနည်းငယ်နဲ့ စေးပျစ်တဲ့ အရည်ရအောင် ဖျော်ပါ။ ပြီးရင် ဝက်ခြံ အဖုအပိမ့် တွေပေါ် လိမ်းပါ။ ဇာတိပ္ဖိုလ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်း ရှိတာကြောင့် အဖုနီမြန်းမှုနဲ့ ဖောင်းအစ် ရောင်ရမ်းမှုကို လျော့ပါး သက်သာစေ ပါတယ်။