ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

9.8.13

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသားများ ဆက်တိုက် အကြမ်းဖက် ခံနေရသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ တိမ်းရှောင်နေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအား အကြမ်းဖက် အုပ်စုများမှ အကြောင်းရှာကာ အကြမ်းဖက်မှုများ ရှိလာသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သတင်းရရှိသည်။

ရပ်ဆိုင်းခဲ့သည့် ဗုဒ္ဓဂယာ ခရီးသွား အာမခံကို ယခင်နှုန်းထားအတိုင်း ပြန်လည်ထားရှိခွင့်ပြု

ပြည်ပခရီးသွားရာတွင် ထားရှိရသော ခရီးသွား အာမခံဖြစ်သည့် ဗုဒ္ဓဂယာ ခရီးသွားအာမခံကို ယခင်သတ်မှတ်ထားသည့် ပရီမီယံ နှုန်းထားအတိုင်း ပြန်လည်ထား ရှိခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်၊ တရုတ်၊ သြစတြေးလျ အပါအ၀င် နိုင်ငံတကာသို့ အကူအညီတောင်းခံ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးမှတစ်ဆင့် အမေရိကန်၊ တရုတ်၊ သြစတြေးလျနိုင်ငံ အပါအ၀င် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် ဌာနမှ ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၈ ရက်

နန်းဖာလုံဈေးအတွင်း ကသည်းသူပုန်မှ ဆက်ကြေးတောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဈေးသူဈေးသားများကို အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ ခေါ်ယူမေးမြန်း

နန်းဖာလုံဈေးတွင် ကသည်းသူပုန်မှ ဆက်ကြေးတောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ဈေးသူဈေးသားများကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့မှ ဖြစ်စဉ်အမှန်ကို ခေါ်ယူမေးမြန်း ခဲ့သည်ဟု ဈေးသူဈေးသား များက ပြောကြားခဲ့ကြသည်။

ဟိုတယ်များအား ယခုနှစ်အတွင်း ကြယ်ပွင့်အဆင့် မသတ်မှတ် နိုင်သေးသောကြောင့် ဟိုတယ်များကို စစ်ဆေးပြီး အဆင့်မြှင့်တင်မှုသာ ပြုလုပ်မည်

နိုင်ငံခြားသားများ တည်းခိုနိုင်ရန် အတွက် အဆင့်မီ ဟိုတယ်အခန်းများ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနနှင့် ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ဟိုတယ်များကို ယခုလအတွင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်အတွင်းက လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရထားရတဲ့ ရိုဟင်ဂျာ တွေက သူ့ရဲ့ ရာမန်ဒန် ဦးပုဒ်ကာလအပြီး ကျင်းပတဲ့ အစ်ပွဲတော်ကို ကျင်းပ ပြုလုပ်နိုင်ဖို့အတွက် ထိန်းသိမ်းရေးစခန်းကို ဖျက်စီးပြီး အပြင်ထွက်ဖို့ ကြိုးစားတဲ့အတွက်ကြောင့် ထိုင်း ရဲတွေက မီးသတ်ပိုက်တွေသုံးပြီးကာကွယ် နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။

လှည်းကူးမြို့နယ် ကျေးရွာတစ်ရွာရှိ လယ်မြေအချို့တွင် ရေညစ်ညမ်း မှုကြောင့် ကောက်စိုက်သူများတွင် ယားနာများ ဆိုးရွားစွာဖြစ်ပေါ်

လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းကျေးရွာရှိ စပါးစိုက်ရာ လယ်မြေအချို့တွင် ယခုလအတွင်း လယ်အတွင်းရှိ ရေညစ်ညမ်း မှုများကြောင့် ကောက်စိုက်သမများ၏ လက်နှင့်ခြေထောက်များတွင် ယားနာများဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း အဆိုပါ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ငှက်ဖျား ကာကွယ်ဆေးသစ် စမ်းသပ်အောင်မြင်

ငှက်ဖျားရောဂါ စမ်းသပ်စစ်ဆေးမှုတွေမှာ မိမိဆန္ဒအလျှောက်ပါဝင်သူတွေနဲ့ စမ်းသပ်ကြည့်ခဲ့တဲ့ ကာကွယ်ဆေးတမျိုးဟာ အောင်မြင်မှု ရှိတာတွေ့ ရတယ်လို့ အမေရိကန်သုတေသီတွေက ပြောပါတယ်။ ဒီ ငှက်ဖျားရောဂါ ကာကွယ်ဆေး စိတ်ချရတာကို အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစံနစ်မှာ တုန့်ပြန်တာကိုတွေ့ရှိခဲ့ပြီး ကျန်းမာတဲ့ လူကြီးတွေအတွက် ငှက်ဖျားရောဂါကို ကာကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့ကျောက်မျက် ဆက်လက် ပိတ်ပင်မှု ထိရောက်နိုင်သလား

မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ တင်သွင်းခွင့်ပိတ်ပင်တားမြစ်ချက်ကို အမေရိကန်ပြည်ထောင်စုက သက်တမ်းဆက်ပြီးတိုးလိုက်တာဟာ ပါဝင် ပါတ်သက်နေတဲ့ မြန်မာစစ်ဘက်ကို အရေးယူချင်လို့ လုပ်ဆောင်တာ လို့ ပြောပေမယ့် ဒါဟာ ဒွိဟဖြစ်စရာ တခုဖြစ်နေတယ် လို့ မြန်မာ့အရေးလေ့လာ သုံးသပ်သူတွေက မြင်ပါတယ်။

Eid al-Fitr ပွဲတော်ချိန် ပါကစ္စတန်ဗုံး ၃၀ ကျော်သေ

အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ကုန်ဆုံးချိန်အဖြစ် အိဒ်နေ့ အခမ်းအနားတွေကို ကမ္ဘာတလွှား နေရာ အတော်များများမှာ ကျင်းပကြပါတယ်။ ကမ္ဘာပေါ်မှာ မူဆလင်လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ကြာသပတေးနေ့က အိဒ်ပွဲတော်နေ့အဖြစ် ဗလီတွေမှာ ၀တ်ပြု ဆုတောင်းခဲ့ကြတာပါ။ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေး နယ်မြေဖြစ်တဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံ အပါအ၀င် အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသ နိုင်ငံတွေမှာလည်း အိဒ်ပွဲတော်ကို ဆင်နွှဲကြပါတယ်။