ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.12.13

အလှမယ်ဘဝမှ ရုပ်ရှင်လောကထဲရောက်ရှိလာသူ သုံးထပ်ကွမ်း အကယ်ဒမီ ခင်သန်းနု ရုပ်ပုံလွှာ

၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ ၈ ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှဆုံးမင်းသမီးရွေးချယ်ပွဲ” ဟူ သည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီး စာနယ်ဇင်းအယ်ဒီတာများ၊ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာဒါရိုက်တာများ၊ သရုပ်ဆောင်အနုပညာရှင်များ၏

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်းအိမ်တောင်ဘက်ကပ်လျက်အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့် နေအိမ်ပေါ်မှဝါးရိုးတပ်အရိုးအသွား ၂၂လက်မ၊ဗျက်ခြောက် လက်မခန့်ရှိ တောင်သူဓားမကိုင်၍ ဖခင်ဖြစ်သူအားခုတ်ရာ ဖခင်ဖြစ် သူသေဆုံးသွားခဲ့ကြောင်းသိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဒေသခံ များပါဝင်မှအောင်မြင်မည် ဟုဆို

သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများ ပါဝင် မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ တို့က ပြောသည်။
''တိရစ္ဆာန်ပဲထိန်းထိန်း၊ ရေနံပဲ ထိန်းထိန်း၊ တောပဲ ထိန်းထိန်း၊ ကြိုက်တာကိုထိန်း ထိန်းသိမ်းရေး လုပ်မယ်ဆိုရင် ဒေသခံတွေကို ထည့်စဉ်းစားရမယ်။ သူတို့ပါဝင် မှ ဘယ်ထိန်းသိမ်းရေး
မဆိုအောင် မြင်မှာပါ''ဟု BANCA အဖွဲ့မှ ဦးအောင်ကျော်ညွန့်က
ပြောသည်။

ပုသိမ်မြို့၊ငွေဆောင်တွင် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သော Optimist team ရွက်လှေပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နေကြသော ရွက်လှေများကို တွေ့ရစဉ်

မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း စသည့် နိုင်ငံ ၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်သော အဆိုပါ ပြိုင်ပွဲ၌ မြန်မာက အဆင့် ၄ သာရရှိခဲ့ပြီး ထိုင်းနိုင်ငံက ရွှေ တံဆိပ် ဆွတ်ခူးသွားခဲ့သည်။

(ဓာတ်ပုံ - စည်သူမောင်မောင်)

Mizzima - News in Burmese

ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း

အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။

မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ

နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။

ပရိသတ်တစ်ဦးကို လက်ထပ်ခွင့် ကူညီတောင်းခံပေးခဲ့သည့် ဂျက်စတင်

20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့

မျက်နှာပြင် ၅.၅ လက်မ အရွယ်ရှိ LG Gx ကို ကိုရီးယားတွင် စတင် မိတ်ဆက်

LG သည် LG G2 နှင့် Optimus G pro တို့မှ feature များပါဝင်သော Gx ကို ကိုရီးယားတွင် စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

LG Gx တွင် full-HD ရရှိသော ၅.၅ လက်မ IPS display၊ 13-megapixel ကင်မရာနှင့် quad-core Qualcomm Snapdragon 600 ပရိုဆက်ဆာ ပါဝင်ပြီး LG G2 ကဲ့သို့ပင် ကြီးမားသော အရွယ် အစားဖြင့် ပြုလုပ်ထားသည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန် တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်း ထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။