ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.2.14

ကိုစစ်နိုင်+ သက်မွန်မြင့် တို့၏ မင်္ဂလာဦးဆွမ်းကျွေး

ကိုစစ်နိုင် + သရုပ်ဆောင် သက်မွန်မြင့် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီတွင် မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုတ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လွင်လွင်ထွန်း
ဓါတ်ပုံ - အိသွဲ့(တန့်ယန်း)

Popular Journal

ဣတ္ထိယအသွင် လုလင်ပျို မထက်ရဲ့ She-male Gay Life

အခုတလော လူမှု ကွန်ရက်တွေ ထဲမှာ ဆွဲဆောင်မှု အားကောင်းလှ တဲ့ အလှတရားတွေနဲ့ အတူ ဣတ္ထိယ အမျိုးသမီး တစ်ဦး လိုပင် လှပကြော့ ရှင်းလှသူ အသက် ၃၁နှစ် အရွယ်ရှိ Gay တစ်ဦးရဲ့ အလှဓာတ်ပုံ များပျံ့ နှံ့ကာ သတင်း စကားတာစားခဲ့ပါ တယ်။ မိန်းမဘဝ ကို လုံးလုံးလျားလျား ပြောင်းခံယူဖို့ ကြိုးစားနေသူ လည်းဖြစ်ကာ ငယ်စဉ် ကတည်းကပင် မိတ်ကပ် ပညာနဲ့ အလှအပ ဆိုင်ရာ တွေ စိတ်ပါဝင်စားခဲ့ သူဖြစ်တာမို့ ခုချိန်မှာ အောင်မြင် ကျော်ကြားနေတဲ့ အနုပညာရှင်တွေ နဲ့ မော် ဒယ်တွေ ကို မိတ်ကပ် အနုပညာ ဖန်တီး လိမ်းခြယ် ခွင့်ရနေသူ မိတ်ကပ် ဖန်တီးရှင်ကတော့ ထက် (Pop Soul)ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား တစ်ဦး အဖြစ် ကနေ အမျိုး သမီး တစ်ဦး အဖြစ်ကို နှစ်သက်စွာ ခံယူကြိုးစားနေ သူလည်း ဖြစ်သလို လူမှုဘဝဖြတ်သန်းမှုမှာ ဝါသနာ အရင်းခံ ကြံ့ကြံ့ခံ ကျော်ဖြတ်နေသူ ဖြစ်တာ မို့ပေါ်ပြူလာ ဂျာနယ်က မိတ်ကပ် ဖန်တီးရှင် ထက်(Pop Soul) ရဲ့ ဗီဇနဲ့ ဝါသနာ အခြေခံ ဖြစ်တည်လာတဲ့ လူမှုဘဝ အကြောင်း အစုံအလင် ပတ်သက်သမျှ ကို မေးမြန်းဖြစ် ခဲ့ပါ တယ်။

ဗိုလ်ချုပ်မွေးနေ့၌ ပဲပြုတ်နံပြား ကျွေးသူများလာ

လွတ်လပ်ရေးဗိသုကာ တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၉၉ နှစ် ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံ ကလေး များနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်(၉:၀၀)နာရီက ရွေဂုံတိုင်ရှိ NLD ပါတီအဖွဲ့ချုပ်ရုံး၌ ကလေးများအတွက် ပျော်ပွဲရွင်ပွဲများ ကျင်းပခဲ့သည်။

ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းကို မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကလေး များနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် သိမ်ဖြူနှင့် သုခရိပ်မြုံဂေဟာ(မြောက်ဒဂုံ)အပါအ၀င် ယုဇနဥယျာဉ်မြို့တော်၌လည်း ဗိုလ်ချုပ်နှစ်သက်သည့် အစား အစာပဲပြုတ်နှင့် နံပြားကို ပြည်သူများသို့

၅၂ နှစ်ပြည့်မွေးနေ့ အဖြစ် မေဆွိက မဟာသွံသာရ ရုပ်ရှင်တော်မြတ်ကြီးကို နေအိမ်မှာ ၃ရက်တိုင် ပင့်ဆောင်ပူဇော်

ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ၅၂ နှစ်ပြည့်မွေးနေ့ အဖြစ် မေဆွိက မဟာသွံသာရ ရုပ်ရှင်တော်မြတ်ကြီးကို နေအိမ်မှာ ၃ရက်တိုင် ပင့်ဆောင်ပူဇော်ခဲ့ပြီး လာရောက်ဖူးမြော်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း များကို ရွှေတာင်ခေါက်ဆွဲ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ၂၅ နှစ်ပြည့်မွေးနေ့ကတည်းက မဟာသွံသာရရုပ်ရှင်တော်မြတ်ကြီးကို တစ်နှစ်မပျက် ပင့်ဆောင်ပူဇော်ခဲ့ရာ အခုနှစ်ဆိုရင် ၂၇ နှစ်ရှိပြီ ဖြစ်ကြောင်းသိရပါတယ်။

ဟာသသရုပ်ဆောင် အကယ်ဒမီ မော့စ် ကွယ်လွန်တာ တစ်နှစ်ပြည့်မှာ သားဖြစ်သူ ထိုက်စံမော့စ်ရဲ့ လွမ်းဆွတ်သတိရစကား

ဟာသသရုပ်ဆောင် အကယ်ဒမီ မော့စ် ကွယ်လွန်တာ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ မော့စ်ရဲ့ တစ်နှစ်ပြည့်မှာ သားဖြစ်သူ ထိုက်စံမော့စ်ရဲ့ လွမ်းဆွတ်သတိရစကားကို သူ့ရဲ ဖေ့ဘုတ်မှာ အခုလိုရေးသားထားတာတွေ့မြင်ရပါတယ်။

"၂၀၁၃ ဖေဖ၀ါရီ ၁၃ ရက်နေ့က အဖေချစ်တဲ့ သားတို့မိသားစုနှင့် အဖေကိုချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာပြီးဘ၀တစ်တစ်ပါးကို ကူးပြောင်းသွားတဲ့ သားချစ်တဲ့ဖေဖေ ဒီနေ့နဲ့ဆိုရင် ၁နှစ်တိတိတောင် ပြည့်ပါပေါ့လား။ အဖေမရှိတော့တဲ့

ဘုရင်မကြီးရဲ့ မင်္ဂလာလက်ဆောင်မွန် လည်ဆွဲဘယက်နဲ့ တလက်လက်တောက်ပနေခဲ့တဲ့ Kate Middleton

Kate Middleton ဟာ လန်ဒန်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ “The Potrait Gala 2014” ပွဲကို British ဒီဇိုင်နာ Jenny Packhamရဲ့ အပြာရင့်ရောင် ၀တ်စုံနဲ့ပွဲတက်ခဲ့ပါတယ်။ ထူးခြားတာက သူမရဲ့စိန်ဘယက်ဖြစ်ပြီး ဒီပွဲမှာ သူမရဲ့ရတနာတွေကြောင့် မျက်စိကျိန်းလောက်အောင်ကို တောက်ပနေခဲ့ပါတယ်။

ဒီပွဲဟာ ရန်ပုံငွေ မြှင့်တင်ရန်ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားပုံတူပန်းချီစုစည်းမှု ပြပွဲတစ်ခု ဖြစ်ပါတယ်။ Duchess of Cambridge (ကမ်းဘရစ်ခ်ျမြို့စားကတော်) လို့လည်း ချီးမြှောက်ခေါ်ဝေါ်ကြတဲ့ Kate Middleton ဆင်မြန်းလာတဲ့ ဒီစိန်ဘယက်ကိုတော့ သူမရဲ့ ယောက္ခမဖြစ်သူ Queen Elizabeth က ငှားရမ်းပေးခဲ့တာဖြစ်ပါတယ်။ ဘုရင်မကြီးအနေနဲ့ ဒီဘယက်ကို သူမရဲ့ခင်ပွန်းဖြစ်သူ Prince Philip နဲ့ ၁၉၄၇နှစ်မှာ လက်ထပ်ခဲ့စဉ်တုန်းက လက်ဆောင်အဖြစ် ရရှိခဲ့တာပါ။

The Chat Room ဇာတ်ကားထွေလာကြည့်ရုံနဲ့ ပရိသတ်တွေ သဘောကျကြတာကို ကျေနပ်တယ်လို့ ဆိုတဲ့ မာရီနာ

မာရီနာရဲ့ ညှို့ချက်ပြင်းပြင်း ဆွဲဆောင်နိုင်တဲ့ အကြည့်တွေ၊ အိုက်တင် ခပ်မိုက်မိုက်ရှိလှတဲ့ သူမရဲ့ အလန်စား၊ အမိုက်စားပိုစ့်တွေကလည်း ပရိသတ်တွေအပေါ်မှာ စွဲလမ်းနှစ်ခြိုက်မှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေချပြသွားဖို့ ရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘မာရီနာ အခုလတ်တလောမှာတော့ မဂ္ဂဇင်းကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ ပြီးတော့ သီချင်းVCDတွေ ရိုက်ဖြစ်နေတယ်။ ပြီးရင် ရေးမြို့မှာ သီချင်း သွားဆိုဖို့ရှိပါတယ်။ ကိုစစ်သွေးနဲ့ မာရီနာ နှစ်ယောက်တွဲပြီးတော့ သင်္ကြန်သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။

စာရင်းကိုင် အမှားကြောင့် ချွတ်ခြုံကျသွားခဲ့ဖူးတဲ့ Rihanna

Rihannaကို Instagram မှာ ဖျတ်ခနဲ့တွေ့လိုက်ရတာက သူမဟာ ပါတီဆင်နွှဲရတာကို ကြိုက်ပြီး အသုံးအဖြုန်းလည်း ကြီးတယ်ဆိုတာပါပဲ။ အဲ့ဒီ့ကနေ သတင်းတစ်ပုဒ် ဖြစ်လာတော့တာပါပဲ။ “Pour It Up” သီချင်းအဆိုတော် Rihannaဟာ ကန်ဒေါ်လာ ၄၃သန်း ပိုင်ဆိုင်သူ ဖြစ်ပေမဲ့ ၂၀၀၉ခုနှစ်တုန်းက တော်တော်လေး မွဲပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက တာဝန်ယူရိုက်ကူးမည်

“အောင်ဆန်း” လို့ အမည်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးအပ်ထားတယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက RFA ကို ဒီကနေ့ ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို လာမယ့် ၂၀၁၅ လောက်မှာ စရိုက်ကူးဖို့ပြင်ဆင်နေပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျမယ်လို့လည်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြှောက်ရေးအဖွဲ့က ပြောပါတယ်။

အဆော့လွန်တဲ့ခွေး အလုပ်ဖြုတ်ခံရ

အမေရိကန် Gulfport Police Department မှာ အဲ့ဒီခွေးကို လုံခြုံ ရေး နဲ့ စုံစမ်းစစ်ဆေးရေးမှာ အသုံးပြုဖို့အတွက် ခန့်အပ် ထားခြင်း ဖြစ်ပါတယ်။ 

သို့ပေမယ့် ယင်းခွေးဟာ လုပ်ငန်း တာဝန်ကျချိန်မှာ ထရိန်နင်ပေး (သင်ပေး) ထားသလို အလုပ်မလုပ်ပဲ ဆော့ကစားလို့ နေပါ တယ်။ ပြုပြင် ပေးလို့ မရအောင် အမြဲလိုလိုဖြစ်နေတာကြောင့် ယင်းခွေးကို ရဲဌာနက အလုပ်ဖြုတ်ခဲ့ ပါတယ်။ ထရိန်နင် ကျောင်း ပြန်ပို့ပေးလည်း ဘာမှ ထူးမလာလို့ ဖြစ်ပါတယ်။

ယခုတော့ အဲ့ဒီခွေးကို သူ့ပိုင်ရှင်ထံသို့ ပြန်လည် ပို့ပေး လိုက်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: foxnews
အောင်ခမ်း (www.innewsmyanmar.com)