ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.2.14

မီးဘေးသင့် ဈေးသူ ဈေးသားများကို ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော် ထုတ်ချေးမည်ဟုဆို


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုတွင် ဆုံးရှုံးမှု တန်ဖိုးသည် မူလ ခန့်မှန်းထားသည်ထက် ပိုမို ဆုံးရှုံးခဲ့သည့် အတွက် မီးဘေးသင့်ခံ ဈေးသူ ဈေးသားများကို အတိုးနှုန်း သက်သာစွာဖြင့် ငွေကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော်ကို ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

ဥက္ကံ အစ္စလာမ် ကျောင်းဝင်းမှ တရားမဝင် အဆောက်အအုံများ ဖယ်ရှားရန် ဒေသခံများ တိုင်ကြား


Monday, February 17, 2014

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ရန်ကုန်- ပြည်လမ်းဘေးရှိ အစ္စလာမ် မိဘမဲ့ ကလေးများ ပြုပြင် ထိန်းသိမ်းရေး စာသင် ကျောင်းဝင်းအတွင်း တရားဝင် ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်နေမှုကို ဖယ်ရှားပေးရန် ဒေသခံ ပြည်သူများက မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် သာသနာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တိုင်ကြားထားကြောင်း ဒေသခံ ဦးမင်းမင်းထွန်းက ပြောကြားသည်။

ဒီမိုကရေစီနိုင်ငံတွင် တစ်ယောက်တစ်ပေါက်လုပ်နေပါက ထိရောက်မှုမရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဒီမိုကရေ စီနိုင်ငံတစ်ခုတွင် တစ်ယောက်တစ်ပေါက် လုပ်နေမည်ဆိုပါက ထိရောက်မှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့ နေများအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့အစည်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ တို့ ပူးတွဲစီစဉ်သည့် ''ဝတ်လုံတော်ရရှေ့နေ အသင်းများ၏ ထိပ်တန်းကျင့်ထုံးများ၊ နိုင်ငံ တကာနှင့် ဒေသဆိုင်ရာကိုင်တွယ်ဖြေရှင်း နည်း''ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ ရွိုင် ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်သော နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ် သည်။

Twitter က Facebook ပုံစံ ပြောင်းလဲမည်


Monday, February 17, 2014

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitter က Facebook သွင်ပြင်ပုံစံ ဒီဇိုင်းသစ်တစ်ခုကို ပြောင်း လဲတော့မည် ဖြစ်သည်ဟု Mashable သတင်းက ဖော်ပြလိုက်သည်။

အမျိုးသမီးနှစ်ဦး အက်ဆစ်ဖြင့် အပက်ခံရမှု ထပ်မံဖြစ်ပွား


Monday, February 17, 2014

အမျိုးသမီးတစ်ဦး ခေတ္တကွဲနေသည့် ခင်းပွန်းဖြစ်သူထံ ကလေး သွားရောက်ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရသည့် ဖြစ်စဉ်နည်းတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားရောက်ခေါ်ဆောင်သည့် အမျိုးသမီးနှင့် သူငယ်ချင်းတစ်ဦးအက်ဆစ်ဖြင့် အပက်ခံရမှုဖြစ်စဉ် တစ်ခု ဖေဖော်ဝါရီ ၁၅ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိ၍ ဈေးနှုန်းတိုးမြှင့်ရန်စီစဉ်



ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိခြင်းကြောင့် နည်းပါးနေပြီး ယင်းဈေးနှုန်းအား တိုးမြှင့်နိုင်ရန်အတွက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ပြန်လည်ညှိနှိုင်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

လယ်သမားများအတွက် အထောက်အကူပြု လယ်ယာလုပ်ငန်းခွင် သင်တန်းပေးမည်


ယုဝေ|ဖေဖော်ဝါရီ ၁၇ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။

တောင်သူလယ်သမားများ သိသင့်သည့် ဥပဒေများနှင့် စိုက်ပျိုးနည်းစနစ်များ အကြောင်း သင်ကြားပေး မည့် တောင်သူလယ်သမား
အထောက်အကူပြု လယ်ယာလုပ်ငန်းခွင်သင်တန်း အပတ်စဉ်(၆)ကို ဧရာဝ တီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မိုးပြာကျေးရွာ၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်မည်ဟု သင်တန်းစီစဉ် ပေးသည့် ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ အလုပ်အမှုဆောင်ဒါရိုက်တာဦးသောင်း ထွန်းက မဇ္ဈိမကို ပြောသည်။

အငှားယာဉ်တင်သွင်းခွင့် လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်စဉ်းစားမည်

Monday, February 17, 2014

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု များပြားနေခြင်းကြောင့် ပြည်ပမှ အငှားယာဉ် (Taxi) တင်သွင်းခွင့်ကို ယခုဘဏ္ဍာနှစ်ကုန် (မတ်လ ၃၁ ရက်နေ့) အထိ ရပ်ဆိုင်းထားမည် ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်လည် စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

သြစတြေးလျနဲ့ အမေရိကန်တို့ ပေါင်းပြီး အင်ဒိုနီးရှား ဖုန်းဒေတာတွေ ကို ထောက်လှမ်းနေတဲ့ အကြောင်း ဖော်ထုတ်လိုက်တဲ့ Snowden

17.2.2014

အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ဖော်ကောင်၊ အမေရိကန် စစ်ဘက်နဲ့နိုင်ငံရေး အတွင်းသတင်းတွေကို စုဆောင်းသူဟောင်း Edward Snowden ဟာ တရားဝင်သတင်းအချက်အလက် အသစ်စက်စက်တွေကို ဖော်ထုတ်လိုက်ပါပြီ။

မြိတ်(၈၈)မျိုးဆက် နှင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တွေ့ဆုံ


၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊(၁၆) ရက်နေ့ ည(၆.၀၀) နာရီ မြိတ်မြို့၊
ကန်ဖျားရပ်၊ ပိတောက်ပင်လမ်း၊ အရာရှိ ရိပ်သာတွင် မြိတ် (၈၈)
မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပိုအင်၊
ဦးတင်ကိုကိုဦးတို့မှ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို
တို့တွေ့ဆုံကြပြီး ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် အခြားသော
လုပ်ငန်းစဉ်များတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရန် ရင်းနှီးစွာ
ဆွေးနွေးခဲ့ကြသည်။

မြိတ် (၈၈) မျိုးဆက်
ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း