ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.10.14

ဘူဆန်ရုပ်ရှင် ပွဲတော်တွင် ထိုင်းရုပ်ရှင်ကားများ ပရိသတ် စိတ်ဝင်စားမှု အများအပြားရရှိ

စနေ နေ့က ပြီးဆုံး ခဲ့သည့် ၁၉ ကြိမ်မြောက် ဘူဆန် အပြည်ပြည် ဆိုင်ရာ ရုပ်ရှင် ပွဲတော်တွင် တောင်ကို ရီးယားနိုင်ငံနှင့် အီရန်နိုင်ငံမှ ဇာတ်ကားများသည်ဆုများကို သိမ်းကြုံးယူသွားနိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံမှ ပါဝင်ပြသခဲ့သည့် ဇာတ်ကား ခုနှစ်ကားသည်လည်း ပရိသတ်အများ အပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် သည်နေးရှင်း သတင်းစာက ရေးသားသည်။
အဆိုပါပွဲတော်ကြီးတွင် ထိုင်းနိုင်ငံမှ “The Singers”၊ “The Teacher’s Diary”၊ “Fah-Gaem-To”၊ “Y/our Music”၊ “So Be It”၊ “W” နှင့် “That Day of The Month” စသည့် ဇာတ်ကား ခုနှစ်ကား ပါဝင်ပြသခဲ့ပြီး ဆုမရသော်လည်း ထိုင်းရုပ်ရှင်များကို ကောင်းမွန်စွာ တင်ဆက်ပြသနိုင်ခဲ့သည်။

ဝါရင့်ဒါရိုက်တာ နွန်ဇီနီမိဘု၏ “The Singers” ဇာတ်လမ်းတိုသည် ထိုင်းဘုရင် အတွက်စပ်ဆိုထားသည့် သီချင်းများကို ရည်ရွယ်ရိုက်ကူးထားသည့် ဇာတ်ကား တိုများထဲမှ တစ်ခုဖြစ်ပြီး ဒါရိုက်တာ နီတီဝပ်သာရာထုံ၏ “The Teacher’s Diary” ဇာတ်ကားသည် ကျေးလက်မှ ဆရာနှင့်ဆရာမလေးတို့၏  ကြည်နူးဖွယ် အ ချစ်ဇာတ်လမ်းလေးဖြစ်သည်။

ဘန်ကောက်တွင် စက်တင်ဘာ ၄ ရက်က ရုံတင်ပြီးနောက် ပျောက်ချင်းမလှပျောက်သွားခဲ့သည့် “Fah-Gaem-To” ဇာတ်ကားထဲမှ မင်းသားဖြစ်သူပင်လန်ပရာ ပန်သည်လည်း ဘူဆန်ပွဲတော်သို့ တက်ရောက်ခဲ့ပြီး ပရိသတ်များနှင့်တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံ၏ ဂီတလောကအကြောင်းစုစည်းပြထားသည့်ဒါရိုက်တာဝါရာလုဟီရန်ဆရက်တာဝပ်နှင့်ဒေးဗစ်ရိဗ်တို့၏ “Y/our Music”မှတ်တမ်းရုပ်ရှင်သည်လည်း စိတ်ပါဝင်စားမှုအများအပြားရရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်။

“So Be It” ဇာတ်ကားတွင်ထိုင်းအမေရိကန်ကပြား ၀ီလျံဆိုသည့် လူငယ်လေးသည် ကိုရင်ဝတ်ချင်သောကြောင့် ဘုန်းကြီးကျောင်းသို့ ပညာသင်ကြားရန်အပို့ခံ ထားရသူဖြစ်သည်။ ယင်းဘုန်းကြီးကျောင်းတွင်ရှိသည့်ဘန်ဒစ်ဆိုသည့်လူငယ်လေးသည်ဘုန်းကြီးကျောင်း၏ပတ်ဝန်းကျင်သစ်ကို မနှစ်သက်ပဲ ထွက်ပြေးသည့် အကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။

“W” နှင့် “That Day of The Month” ဇာတ်ကားများသည် လောလောလတ်လတ်ဘွဲ့ရထားသည့် လူငယ်ဒါရိုက်တာများ၏ လက်ရာများဖြစ်သည်။

Mizzima

ထိုင်း ၃ ဦးကို ဒေါ်လာအတု ၇ သန်းကျော်နဲ့ ကမ္ဘောဒီးယားမှာဖမ်းမိ

ကမ္ဘောဒီးယားနိုင်ငံမှာ ထိုင်း အမျိုးသား ၃ ဦးကို အမေရိကန် ဒေါ်လာ အတု ၇ သန်းကျော်နဲ့ အတူ ဖမ်းဆီးမိ ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုအတွင်း အရှေ့တောင်အာရှ ဒေသမှာ ဒေါ်လာအတု အများဆုံး ဖမ်းမိတာ လည်း ဖြစ်ပါတယ်။
ထိုင်းနယ်စပ်ဖြတ်ကျော် မောင်းနှင်လာတဲ့ ကားတစီးကို ကမ္ဘောဒီးယား ရဲတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ က ရပ်တန့်စစ်ဆေးရာမှာ ကတ္တူသေတ္တာတွေနဲ့ ထည့်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် အတု စုစုပေါင်း ၇.၁၆ သန်းကို ဖမ်းမိခဲ့တာလို့ ရိုက်တာ သတင်းက ဆိုပါတယ်။

 “မျက်စေ့မှိတ်ပြီး ကိုင်ကြည့်ရင်တောင် အတုဆိုတာ ကျနော် မသိဘူး”လို့ ကမ္ဘာဒီးယားရဲအရာရှိကြီး ဆာထက်သ် က ပြောပါတယ်။

ဒီအမှုကို ကမ္ဘောဒီးယား ရဲအရာရှိကြီး ဆာထက်သ်က ဦးဆောင်ပြီး ဖမ်းလိုက်တဲ့အတွက် သူ့ကို ဒေါ်လာ ၇ သန်း လူသားလို့တောင် လူတွေက ကင်ပွန်းတပ်ကြတာပါ။
ဖမ်းမိတဲ့ ထိုင်းအမျိုးသား ၃ ဦးဟာ ထိုင်းရေတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူလည်းပါသလို ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသူအရာရှိတွေလည်း ပါတယ်လို့ ထိုင်းဘုရင့် ရေတပ်ပြောခွင့်ရ Rear Adm Kan Deeubol အတည်ပြု ပြောထားပါတယ်။

သူတို့ ၃ ဦးဟာ ကမ္ဘောဒီယားက အဆက်အသွယ် တယောက်နဲ့ ငွေတု လဲလှယ်ဖို့ လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ ၃ ဦးထဲက အသက် ၅၂ နှစ်အရွယ် ရေတပ် ကပ္ပတိန်ဖြစ်သူ Chamras Pongsart ကိုတော့ အမှုမှာ မပတ်သက် လို့ ၂ ရက်လောက်ကြာပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီး ကမ္ဘောဒီးယားရဲ အရာရှိကြီးကပြော ပါတယ်။

ကျန်တဲ့ ၂ ဦးကတော့ ထိုင်းရေတပ်က ဒုလက်ထောက်ဗိုလ် တဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် Pramote Raisiri နဲ့ ထိုင်းရေတပ်က ထိခိုက်မှုဖြစ်လို့ ထွက်ခဲ့ရသူ Kittithamet Meethekulsawat တို့ဖြစ်ပါတယ်။

လောလောဆယ် သူတို့ ( ထိုင်းရေတပ်အရာရှိ ၂ ဦး) ကိုတော့ စုံးစမ်းစစ်ဆေးမှု လုပ်နေတုန်းဖြစ်ပြီး သူတို့ အမှားလုပ် ခဲ့တယ်၊ မလုပ်ခဲ့ဘူးဆိုတာ မသေချာသေးလို့ ရာထူလည်း ချ မထားရသေးဘူးလို့ ထိုင်းဘုရင့်
ရေတပ် ပြောခွင့်ရက ဆိုပါတယ်။

 ဖမ်းဆီးရမိတဲ့ အမေရိကန်ဒေါ်လာအတုတွေကို အမေရိကန်အထူးလျှို့ဝှက်အဖွဲ့က လာရောက်စစ်ဆေး  ခဲ့ပြီး အတုဆိုတာ အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ အမေရိကန်ဒေါ်လာ အတုတွေကို အကြီးအကျယ်လုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီး ကမ္ဘာ့
ငွေကြေး လည်ပတ်မှုမှာ အတုတွေက ၁ ရာခိုင်နှုန်းရဲ့ တစိပ်လောက်တော့ ရှိတယ်လို့ အမေရိကန် အထူး လျှို့ဝှက် အဖွဲ့ တာဝန်ရှိသူ J Kevin Traylor က မှတ်ချက်ပေးထားပါတယ်။

Irrawaddy's Blog

ဒုတိယ ကမ္ဘာစစ်မီးကို မွှေးခဲ့သည့် ဟစ်တလာက မူးယစ်ဆေးစွဲသူ တစ်ဦး ဖြစ်ဟုဆို

ကမ္ဘာကြီးအား ဒုတိယ ကမ္ဘာစစ်မီးဖြင့် တောက်လောင် သွားစေခဲ့သူ ဂျာမနီအာဏာရှင် အဒေါ့ဖ်ဟစ်တလာသည် crystal methamphetamine ဆိုသည့် လက် ရှိမှောင်ခိုရောင်းချနေသည့် အပြင်းထန်ကြောက်စရာအကောင်းဆုံး စိတ်ကြွဆေးကို ပုံမှန်သုံးစွဲနေရသူတစ်ဦးဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးက ထုတ်ပြန်လိုက်သည်။
ပုံမှန်မဟုတ်ဘဲ ဗီဇသွေဖည်ဖောက်ပြန်သူတစ်ဦး အဖြစ်ပြောဆိုခံရသည့် ဟစ်တလာသည် crystal methamphetamine စိတ်ကြွဆေးနှင့် အတူ ဆေးဝါးပေါင်း ၇၄မျိုးကို အံ့သြစရာကောင်း လောက်အောင် သုံးစွဲခဲ့သူ တစ်ဦးဖြစ်ကြောင်း အမေရိကန် စစ်ထောက် လှမ်းရေး၏ စာမျက်နှာ ၄၇မျက်နှာရှိ စာတမ်း တွင်ဖော်ပြ ထားသည်။

crystal methamphetamine ဆေးဝါးသည် သုံးစွဲထား သူအား စိတ်တက်ကြွ ရွှင်လန်းစေကာ ဆရာတစ်ဆူ သဖွယ် အထင် ရောက်သွား စေသည့် မူးယစ်ဆေး အဖြစ် သတ်မှတ်ထားသည့် ဆေးတစ်မျိုးဖြစ်သည်။ စစ်ပွဲများအတွင်း သောက်သုံးထားသူစစ်သားများက စိတ်ခြောက်ခြားခြင်း၊နွမ်းလျခြင်းမ ရှိစေအောင် ဆေး စွမ်းထက်သည်။

ဂျာမနီနိုင်ငံ၏ ဖခင်ကြီး ဟစ်တလာသည် ၁၉၄၃ခုနှစ်အတွင်းက အီတလီအာဏာရှင် မူဆိုလီနီနှင့် တွေ့ ချိန်တွင် ယင်းဆေးဝါးသောက်သုံး ထားဖွယ်ရှိသည်ဟု မှတ်ချက်ချထားသည်။ ထိုတွေ့ ဆုံမှုတွင် ဟစ်တလာက နှစ်နာရီကျော် ကြာအောင် တောက်လျှောက် မရပ် တမ်း ဟိန်းဟောက်ခြိမ်းခြောက် သွားခဲ့သည်။
     
အမေရိကန် စစ်ထောက်လှမ်းရေး၏ ယခုစာ တွဲတွင် ပါးစပ်ပြောဒဏ္ဍာရီ ဖြစ်နေသည့် ဟစ်တလာ ၏ အကြောင်း တစ်ရပ်ကိုလည်း ဗွေဆော်ဦးဖွင့်ချထားသည်။ ဟစ်တလာသည် ဆွမ်မီးတိုက်ပွဲ အတွင်း ၎င်း၏ဝှေးစေ့တစ်လုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု စာတွဲတွင် အတည်ပြုချက်ပေး ထားသည်။
   
ဟစ်တလာသည် ဆေးပညာအခေါ်အားဖြင့် monorchid ခေါ် ဝှေးစေ့တစ်လုံးတည်းသာပါရှိပြီး မွေးဖွားခဲ့သူမဟုတ်ကြောင်း၊ထိုပြင် ဟစ်တလာသည် ကာမကျုး ကာ လိင်တူဆက် ဆံချင်းကို နှစ်သက်သူဖြစ်ပြီး ယင်းလျို့ ဝှက်ချက် မပေါက်ကြား ရန်အတွက် လူပေါင်း ၁၅၀ကို နှုတ်ပိတ် သတ်ဖြတ်ခဲ့ သူဖြစ်ကြောင်း ပြောဆို ချက်များကိုလည်း ယခုစာတမ်းက ချေဖျက်လိုက်သည်။
   
ဟစ်တလာ၏ ဆေးမှတ်တမ်းနှင့် ဟစ်တလာအားကု သမှုပေးသည့် စိတ်ဆရာဝန် သီယိုဒေါမိုရေးအပါအဝင် ဟစ်တလာဆရာဝန်များနှင့် တွေ့ ဆုံမေးမြန်းမှုများ ကို အခြေခံကာ စာတမ်းကို ၁၉၄၅ခုနှစ်နိုဝင်ဘာလအတွင်းက မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ``ဟစ်တလာဟာ ကာမဆက်ဆံမှုလွန်ကျုးကြမ်းတမ်းသူလည်းမ ဟုတ်သလို လိင်တူဆက်ဆံရတာကို စွဲလမ်းသူတစ်ယောက်လည်းမဟုတ်ဘူး။ သူ့ လိင်ပိုင်းဆိုင်ရာ အဂါင်္က ပုံမှန်ပဲဖြစ်တယ်``ဟု စာတမ်းတွင်ဖော်ပြထားသည်။

Ref: Daily Mail

မြောက်ကိုရီးယားခေါင်းဆောင်အကြောင်း နိုင်ငံပိုင်သတင်းများတွင် ပြန်လည်ဖော်ပြ


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရက်ပေါင်း ၄၀ ကျော် လူမြင်ကွင်းကနေ ပျောက်ကွယ်နေရာကနေ ဒီနေ့ထုတ် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာမှာ သူ့ဓာတ်ပုံတွေကို ပြန်လည် ဖော်ပြထားပါတယ်။

တောင်ဝှေးအကူအညီနဲ့ လမ်းလျှောက်နေရတဲ့ ပုံမျိုး ဖြစ်ဆိုပေမယ့် ပြုံးရယ်နေတဲ့ ပုံတွေကို ဖော်ပြလိုက်လို့ သူ့ကျန်းမာရေး၊ သူ့နိုင်ငံရေးသြဇာနဲ့ ပတ်သက်လို့ ထွက်ပေါ်နေ တဲ့ ကောလာဟလတွေ အားလုံး တစခန်း ရပ်သွားမယ့်သဘော ရှိပါတယ်။

သတင်းအရ အသစ်တည်ဆောက်ပြီးတဲ့ လူနေအိမ်ရာတခုနဲ့ သိပ္ပံအကယ်ဒမီကို သွားရောက် စစ်ဆေးတယ်လို့ ဆိုပါတယ်။

ကင်ဂျုံအန်းဟာ စက်တင်ဘာ ၃ ရက်နေ့မှာ သူဇနီးနဲ့အတူ အခမ်းအနားတခုကို တက်ရောက်ခဲ့ပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်နေခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ပါတီထူထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကိုလည်း မတက်ရောက်ခဲ့တာနဲ့၊ လွှတ်တော်အစည်းအဝေးကို မတက်ရောက်တာတွေကို ထောက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အခု ဓာတ်ပုံနဲ့ တကွဖော်ပြထားတဲ့ KCNA သတင်းမှာ ကင်မ်ရဲ့ ခရီးစဉ်တွေကို ဖော်ပြထားပေမယ့် ဘယ်နေ့ရက်မှာ သွားထားတာလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

ဒီလိုပဲ လူမြင်ကွင်းကနေ အကြာကြီး ပျောက်နေတဲ့အကြောင်းကိုလည်း ရှင်းပြ မထားပါဘူး။

ကင်မ် လူမြင်ကွင်းကနေ ပျောက်နေတာဟာ ကျန်းမာရေး ချို့ယွင်းနေတာကြောင့်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေကို မြောက်ကိုရီးယားအရာရှိတွေက ငြင်းဆိုထားပါတယ်။

နိုင်ငံရေးအရ ဒုက္ခတွေ့နေတယ်ဆိုတဲ့ ကောလာဟလကိုလည်း အမေရိကန်နဲ့ တောင်ကိုရီးယားအရာရှိတွေက ဖြစ်နိုင်ချေ မရှိဘူးလို့ ပြောကြပါတယ်။

ကင်မ်နဲ့ နီးစပ်တဲ့ အရင်းအမြစ်ကလည်း ကင်မ်ဟာ နိုင်ငံကို ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုတခုအတွင်း ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ပြောထားပါတယ်။

DVB

IS ချေမှုန်းရေး စစ်စခန်း နေရာများကို အမေရိကအား တူရကီ အသုံးပြုခွင့်ပေး


တူရကီနိုင်ငံ အတွင်းရှိ စစ်စခန်းများကို အမေရိကန်စစ်တပ်အား အသုံးပြုခွင့် ပေးလိုက်ကာ ယင်းစစ်စခန်းများကို IS ချေမှုန်းရေး စစ်ဆင်ရေးများအတွက် အသုံးပြုမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဆူဆန်ရိုက်စ်ကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ရေးသားထားသည်။

တူရကီတောင်ပိုင်းရှိ အင်ဆာလစ်ခ် လေတပ်စခန်း အပါအဝင် စစ်အခြေစိုက် နေရာများကို အသုံးပြုခွင့် ပေးသောကြောင့် အမေရိကန်အစိုးရက ယင်းသဘောတူညီချက်ကို ကြိုဆိုပါကြောင်း မစ်စ်ရိုက်စ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အီရတ်နှင့် ဆီးရီးယား နယ်မြေအများအပြားကို ထိန်းချုပ်ထားသည့် IS ကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို ခေါင်းဆောင်လျက် ရှိသည်။

တူရကီသည် အထက်ပါ နှစ်နိုင်ငံလုံးနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိကာ မြေပြင်ထိုးစစ်များတွင် ဝင်ရောက်ပါဝင်မည့် အစီအစဉ်တော့ မရှိဟု ငြင်းဆန်ထားသည်။

အမေရိကန်သည် တူရကီနယ်မြေများတွင် အလယ်အလတ်ဝါဒီ သဘောရှိသော ဆီးရီးယားသူပုန်များကို စစ်သင်တန်းပေးခြင်းနှင့် အီရတ်နှင့် ဆီးရီးယားအတွင်းရှိ လှုပ်ရှားမှုများကို ချိတ်ဆက်ခြင်း စသည်တို့ကို ပြုလုပ်မည် ဖြစ်ကြောင်း ဆူဆန်ရိုက်စ်က NBC ရေဒီယိုကို ပြောကြားထားသည်။

“ဒါဟာ နောက်ဆုံးရရှိထားတဲ့ အားတက်သရောရှိမှု ဖြစ်ပြီးတော့ ကျွန်မတို့က ကြိုဆိုပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဆီးရီးယား မြို့တစ်မြို့ဖြစ်သော ကိုဘာနီကို IS တိုက်ခိုက်ရေးသမားများက သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး ယင်းမြို့သည် တူရကီနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်နိုင်သော နယ်မြေတစ်ခု ဖြစ်သည်။

မြို့၏ ဧရိယာအချို့ကို IS က သိမ်းထားပြီး ကာ့ဒ်တပ်ဖွဲ့များကလည်း ကြံ့ကြံ့ခံကာ IS များကို ပြန်လည်တိုက်ခိုက်လျက် ရှိကြသည်။

အမေရိကန်လေကြောင်းက ကာ့ဒ်များကို ဝေဟင်က စစ်ကူသည့် သဘောဖြင့် IS နယ်မြေများကို ဗုံးများကြဲပေးနေပြီး မည်သည့်ဘက်ကမှ မြို့ကို လုံးဝထိန်းချုပ်နိုင်သွားသည့် အခြေအနေမျိုး မရှိသေးပေ။

တူရကီက နယ်စပ်တစ်လျှောက်တွင် တပ်များ ချထားသော်လည်း ဆီးရီးယားအတွင်းသို့ ဝင်တိုက်ရန် အစီအစဉ်ကို ငြင်းဆန်ထားပြီး တူရကီထဲမှ ကာ့ဒ်များကိုလည်း သွားရောက်တိုက်ခိုက်ခွင့် မပေးထားပေ။

The Voice Weekly

လိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးကိုင်တွယ်မှုအပေါ် ဗြိတိန်စိုးရိမ်


ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး  အသတ်ခံရမှု စုံစမ်းစစ်ဆေးကိုင်တွယ်နေမှုအပေါ် စိုးရိမ်ပူပန်တဲ့အကြောင်း ဗြိတိန်အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို ဒီနေ့ ခေါ်ယူပြီး ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက စုံစမ်း စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှမျှတတ ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူမိသားစုတွေက စုံစမ်စစ်ဆေးမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို ပုံမှန် သိရဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုနဲ့ ဥပဒေကြောင်းအရ ဖြစ်စဉ်တွေမှာ ကူညီဖို့ ဗြိတိန်ရဲတပ်ဖွဲ့က အသင့်ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းရဲတွေက နှိပ်စက် ညှဉ်ပန်းတာကိုလည်း နိုင်ငံခြားရေးဝန်ကြီးရုံးက စိုးရိမ်ပူပန်တယ်လို့ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။

DVB

တရုတ်တွင် အရပ်သား ၃၇ ဦးကို သတ်ဖြတ်မှုဖြင့် ၁၂ ဦး သေဒဏ်ချမှတ်ခံရ


တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က အရပ်သား ၃၇ ဦး သတ်ဖြတ်မှုမှာ ပါဝင်သူ ၁၂ ဦးကို သေဒဏ်ချလိုက်ပြီး ကျန်လူ ၁၅ ဦးကိုတော့ ဆိုင်းငံ့သေဒဏ်ချခဲ့ပါတယ်။

သေဒဏ်အချခံရသူတွေဟာ ရဲစခန်းနဲ့ အစိုးရရုံးဌာနတွေမှာ တွေ့တွေ့သမျှသူတွေကို ဓားတွေ၊ ပုဆိန်တွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး တိုက်ခိုက်သူ ၅၉ ဦးဟာလည်း နေရာမှာပဲ ရဲတွေရဲ့ ပစ်သတ်ခံခဲ့ရတာပါ။ အခု ကျန်ရှိနေတဲ့သူတွေကို သေဒဏ်နဲ့ ဆိုင်းငံ့သေဒဏ်တွေ ချမှတ်လိုက်တာပါ။

ပြည်ပရောက် ရှင်းကျန်းဒေသခံတွေကတော့ အစိုးရထုတ်ပြန်ချက်တွေအပေါ် သံသယ ဖြစ်ကြပြီး တရုတ်အစိုးရရဲ့ အလွန်အကျွံ အင်အားသုံးမှုတွေနဲ့ လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတရားရုံးဆုံးဖြတ်ချက်တွေဟာ တရုတ်အစိုးရရဲ့ ရှင်းကျန်းပြည်နယ်ခွဲထွက်ရေး အကြမ်းဖက်မှုတွေအပေါ် နောက်ဆုံး စံပြအရေးယူမှုတွေလည်း ဖြစ်ပါတယ်။

အခုနှစ် ဇွန်လပိုင်းကစပြီး ရှင်းကျန်းအကြမ်းဖက်မှုတွေနဲ့ လူအယောက် ၄၀ နီးပါးကို သေဒဏ်ပေးခဲ့ပြီဖြစ်ပါတယ်။

အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီရှင်းကျန်းပြည်နယ် မငြိမ်သက်မှုတွေဟာ  ရှင်းကျန်းဒေသခံတွေအပေါ် တရုတ်အစိုးရက ဘာသာရေးနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကြောင့် ဖြစ်ရတာလို့ စွပ်စွဲကြပါတယ်။

တရုတ်နိုင်ငံအနောက်ဘက်စွန်းက ရှင်းကျန်းပြည်နယ်ဟာ သယံဇာတကြွယ်ဝတဲ့ ပြည်နယ်ကြီးတခု ဖြစ်ပါတယ်။ ရှင်းကျန်းဒေသခံ ၁၀ သန်းလောက်မှာ အများစုဟာ ဆွန်နီမွတ်စလင်လို့လည်း သိရပါတယ်။

DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့်ပတ်သက်သောကောလာဟာလသတင်းများ တောင်ကိုရီးယားနိုင်ငံတွင်ပျံ့နှံ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုပ်သံသတင်းများတွင် မမြင်တွေ့ရခြင်းမှာ ကင်၏ ကျန်းမာရေအခြေနေမှာ ဆိုး ရွားနေခြင်းဖြစ်နိုင်ကြောင်းနှင့် အဆိုပါ အခြေအနေက မြောက်ကိုရီးယား နိုင်ငံရေး တည်ငြိမ်မှုများအပေါ်ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ကိုရီးယား ဟာရက်ဒ် သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၃ ရက်က ဖော်ပြထားသည်။
ကင်ဂျုံအွန်အား မြောက်ကိုရီးယား ရုပ်သံတွင် စက်တင်ဘာ ၃ ရက်မှ စတင်ကာ မမြင်တွေ့ ရတော့သောကြောင့် တောင်ကို ရီးယားနိုင်ငံ၏နိုင်ငံရေးအသိုင်းအ၀ိုင်းများတွင် ကင်၏ကျန်းမာရေး အခြနေ နှင့်ပတ်သက်၍ ကောလဟလများ ထွက်ပေါ်နေခြင်းဖြစ်သည်။

အသက်၃၁နှစ်ခန့်ရှိပြီဖြစ်သော ကင်သည် ခွဲစိတ်မှုကိုခံယူပြီးနောက် ဦးနှောက်တစ်ခုလုံးနီးပါ သေခဲ့ခြင်းကြောင့် အိပ်ယာထဲလှဲလျက်ရှိပြီး အုပ်ချုပ်မှုများကို ထိပ်တန်း အရာရှိများဖြစ်သော ချိုယောင်ဟီ၊ ဟောင်ပြုံးဆိုနှင့် ကင်ယောင်ဂွန်တို့က ဆောင်ရွက်လျက်ရှိကြောင်းနှင့်အဆိုပါ အခြေအနေက မြောက်ကိုရီးယားအထက်တန်းလွှာလူတန်းစားများကြားထဲတွင် နိုင်ငံရေးအရ တိုက်ခိုက်မှုများကို တိုးမြှင့်စေကြောင်း ကောလ ဟာလသတင်းများထွက်ပေါ်လျက်ရှိသည်။

ကင်ဂျုံအွန် ပျောက်ကွယ်နေရခြင်းမှာ အာဏာသိမ်းမှု တစ်ရပ်ဖြစ်ကြောင်းလည်း အချို့က ပြောကြားလျက်ရှိသည်။

မကြာသေးမီကပြုလုပ်သော KBSနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ကင်ဂျုံအန်၏အခြေနေမှာကောင်းမွန်ကြောင်း ကိုရီးယားနိုင်ငံရေး ရာမြောက်ကို ရီးယားထိပ်တန်းအရာရှိကင်ယောင်ဂွန်၏ပြောကြားချက်ကို ကိုးကား၍တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးရာဂေးဂျီက ပြီးခဲ့သည့်သီတင်းပတ်တွင်ပြောကြားသည်။

အောက်တိုဘာ ၁၀ရက်ကပြုလုပ်သာ မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရအလုပ်သမားပါတီ တည်ထောင်ခြင်းနှစ်ပတ်လည်နေ့အခမ်းအနားတွင် ကင်ပျက်ကွက်ခဲ့ခြင်းက မြောက်ကိုရီးယားနိုင်ငံ အနာဂတ်နိုင်ငံရေးရာ အခြနေအပေါ် စိုးရိမ်ပူပန်မှုများကိုကိုမြှင့်တက်စေခဲ့သည်။

Ref:AFP

ပါကစ္စတန်အများစုက လူတန်းစားခွဲခြားဆက်ဆံခံရမှုအပေါ် စိန်ခေါ်မှုအဖြစ် ရှုမြင်နေကြ

ပါကစ္စတန်နိုင်ငံရှိ လူဦးရေ ၇၆ ရာခိုင်နှုန်းက လူတန်းစားမညီမျှမှုကို အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ထားပြီး ယင်းပမာဏ လူဦးရေတစ်ဝက် အောက်နည်းပါးသော လူများကသာ ၎င်းတို့၏ သားသမီးများတွင် ပိုမိုကောင်းမွန်သောအနာဂတ်အခွင့်အလမ်း များ ရှိမည်ဟု ယုံကြည်ထားကြကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။
ဝါရှင်တန် အခြေစိုက် Pew Research Centre က  လူငယ်များ၏ အနာဂတ်စီးပွားရေး အလားအလာ အပေါ် စစ်တမ်းကောက် ယူခဲ့သော နိုင်ငံများတွင် စီးပွားရေးကောင်းမွန်သော လူတန်းစားများက အနာဂတ် မျိုးဆက်သစ်များအတွက် ငွေကြေးစီးပွားရေးဆိုင်ရာ အလားအလာများအပေါ် အကောင်းမြင်ထားခြင်းမရှိသော်လည်း ယင်းနှင့် ဆန့်ကျင်၍ အခြားသော ထွန်းသစ်စ နိုင်ငံများကမူ အနာဂတ်တွင် ၎င်းတို့မျိုးဆက်သစ်များ၏ လူနေမှုအဆင့်အတန်းများ မြင့်မားမည်ဟု ဖြေကြားခဲ့သည်။

“ ယနေ့ခေတ် ကလေးတွေ ကြီးလာတဲ့အခါ သူတို့ရဲ့ ၀င်ငွေပိုင်း တိုးတက်မှာလားလို့ မေးတဲ့အခါမှာ ပါကစ္စတန် ၄၈ ရာခိုင်နှုန်းက တိုးတက်လိမ့်မယ်လို့ ပြောကြားပြီး ၂၈ ရာခိုင်နှုန်းကတော့ ဆုတ်ယုတ်လိမ့်မယ်လို့ ဖြေပါတယ်” ဟု ယင်းစစ်တမ်းတွင် ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် အနာဂတ်မျိုးဆက်သစ်များအပေါ် ထင်မြင်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်း သိသိသာသာပြောင်းလဲလာခဲ့သည်။

ထို့ပြင် ယင်းစစ်တမ်းအရ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် လူငယ်များ အနာဂတ်အတွက် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုများလည်း ကျဆင်းနေသည်ဟု သိရသည်။

ပါကစ္စတန်တွင်လည်း လူငယ် ၆၆ ရာခိုင်နှုန်းသည် နိုင်ငံတွင်း၌ သာ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေလျက်ရှိပြီး အခြားသော ၂၆ ရာခိုင်နှုန်းသည်သာ ပြည်ပထွက်လိုကြခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းက ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေရှ် နိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းတွင် ဖြေကြားသည့် စီးပွားရေး အင်အားကောင်းမွန်သော လူတန်းစား၏ ၆၅ ရာခိုင်နှုန်းက ၎င်းတို့ နိုင်ငံများရှိ ကလေးငယ်များ၏ အနာဂတ် စီးပွားရေးအလားအလာမှာ မိဘများလက်ထက်ကထက် ပိုမို ဆုတ်လျော့လိမ့်မည်ဟု ဖြေကြားခဲ့သည်။

Ref:AFP

ISIS အစွန်းရောက်အပေါ်အမေရိကန်နဲ့ ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု တိုး


ဆီးရီးယားနယ်စပ် ကိုဘာနီမြို့ အနီးမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တနင်္လာနေ့မှာ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မြေပြင်မှာလည်း ကားဒစ်ရှ် တိုက်ခိုက်ရေးသမားတွေနဲ့ စစ်သွေးကြွတွေဟာ  မြို့ကိုထိန်းချုပ်နိုင်ဖို့အတွက်  အပြင်းအထန် တိုက်ခိုက်နေပါတယ်။

ကိုဘာနီမြို့ရဲ့ကောင်းကင်မှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တူရကီနယ်စပ်ကနေ တွေ့မြင်နေရပါတယ်။ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ မြို့ကိုသုံးဖက်ကနေ ၀ိုင်းရံပြီး တိုက်ခိုက်နေကြတယ်လို့ ကိုဘာနီမြို့က တာဝန်ရှိသူတယောက်ကပြောပါတယ်။

မြောက်ဖက်အကျဆုံးနေရာဟာ တူရကီနယ်စပ်နဲ့ အနီးဆုံးနေရာမှာ ရှိပြီး စစ်သွေးကြွတွေကသာ ၀ိုင်းလိုက်မယ်ဆိုရင် မြို့နဲ့ အဆက်အသွယ် ပြတ်တောက် သွားလိမ့်မယ်ဆိုပြီး စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား တိုက်လေယာဉ်တွေဟာ ကိုဘာနီမြို့ရဲ့ အနောက်တောင်ဖက်ခြမ်းကို လေးကြိမ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး၊ IS တပ်တွေကို ထိမှန်ခဲ့ကြောင်း လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ နေရာတွေကို ဖျက်ဆီးပစ် ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နောက်ထပ်တခြား တိုက်ခိုက်မှု ၃ ခုပြုလုပ်ခဲ့ရာမှာ ခိုဘာနီမြို့ရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ IS တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂျီဟတ်တွေ ထိန်းချုပ်ထားတဲ့ အဆောက်အဦ ၂ ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။

VOA