ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.11.14

အိုင်အက်စ် စစ်သွေးကြွများ ဆီးရီးယား သဘာဝဓာတ်ငွေ့တွင်းဒေသကို ထိန်းချုပ်


အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ခရိုင် ဟုမ်းစ်ဒေသက သဘာဝဓာတ်ငွေ့တွင်းရှိရာဒေသကို ထိန်းချုပ်လိုက်ပြီလို့ နိုဝင်ဘာလ ၃ ရက်နေ့က ပြောပါတယ်။

အစိုးရတပ်တွေနဲ့ တိုက်ပွဲအပြီး တပတ်အတွင်းမှာ ဆီးရီးယားရဲ့ ဒုတိယအကြီးဆုံး သဘာဝ ဓာတ်ငွေ့တွင်းကို သိမ်းပိုက် လိုက်တာပါ။

ISISဂျဟာဓာတ်ငွေ့တွင်းမှာ အိုင်အက်စ်အလံကို လွှင့်ထူထားပုံတွေနဲ့ သိမ်းဆည်းထားတဲ့ ယာဉ်တွေ လက်နက်တွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံ ၁၈ ပုံကိုလည်း လူမှုကွန်ရက်မီဒီယာတွေပေါ် တင်ပြခဲ့ တယ်လို့ စိုက် ဘာသာရေးစစ်ဝါဒီ အင်တာနက်စာမျက်နှာတွေကို စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

ဒီဓာတ်ပုံတွေကို လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိသလို လုံခြုံရေး အကန့်အသတ်တွေကြောင့် ဒီဖြစ်ရပ်ကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။

နိုဝင်ဘာလ ၃ ရက်နေ့က မားရ်ဓာတ်ငွေ့ကုမ္ပဏီနဲ့ ဂျဟာရွာကို ထိန်းချုပ်မှု တင်းကြပ်ပြီး နေရာ ၉ ခုကို တင့်ကားတွေ လက်နက်တပ် သံချပ်ကာယာဉ်တွေနဲ့ ကာလီဘယ်လ် စက်သေနတ်တွေနဲ့ အကြီးအကျယ် စောင့်ကြပ်နေတယ်လို့ အိုင်အက်စ်တွေက ထုတ်ပြန်တဲ့ သတင်း အချက်အလက်က ဆိုပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ၃ ပုံ တပုံနဲ့ အီရတ်နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ ဆွန်နီမွတ်စလင် အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ သူတို့ထိန်းချုပ်တဲ့ ပိုက်နက်ကို ဘာသာရေးဆရာ အုပ်ချုပ်တဲ့ နယ်မြေလို့ ကြေညာထားပါတယ်။

အမေရိကန် ဦးဆောင်တပ်တွေက စက်တင်ဘာလကတည်းက အိုင်အက်စ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။ ဒါပေမယ့် ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်တွေက အိုင်အက်စ်တွေကို နှိမ်နင်းမှုကိုတော့ ပူးပေါင်းညှိနှိုင်းမှု မလုပ်ဘူးလို့ အမေရိကန်က ပြောပါတယ်။

DVB

မြေးအသုဘအခမ်းအနားတက်နိုင်ရေးအတွက် အကျယ်ချုပ်နေထိုင်ခွင့်ပြုရန် ဖိလစ်ပိုင်သမ္မတဟောင်းအာရိုယို တောင်းခံ

ဖိလစ်ပိုင်သမ္မတဟောင်းဂလိုရီ ယာမာကာပါဂယ်လ်အာရိုယိုက အ ကျယ်ချုပ်ဖြင့် ကိုးရက်နေထိုင်ခွင့်ပြုရန် ဆန်ဒီဂန်ဘာယန်တရားရုံးသို့ မေတ္တာ ရပ်ခံလိုက်သည်။

နှလုံးရောဂါဖြင့် နိုဝင် ဘာ ၂ရက်၌ သေဆုံးသွားသည့် ၁၃လ သားမြေးကလေး၏ အသုဘအခမ်း အနားသို့ တက်ရောက်နိုင်ရန် ယင်းသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

အာရိုယိုအားနိုဝင်ဘာ ၃ရက်မှ ၁၂ရက်အထိ လာဗီစတာရှိ သူမ၏နေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင် ခွင့်ပြုသည့်အမိန့်ကို ဂုဏ်သိက္ခာရှိ သော ဆန်ဒီဂန်ဘာယန်တရားရုံးက အမိန့်ထုတ်လိုက်သည်။

သူမ၏မြေးအ သုဘအခမ်းအနားသို့ နေ့စဉ်တက် ရောက်နိုင်ရန် ယခုကဲ့သို့ခွင့်ပြုခြင်းဖြစ် သည်ဟု တရားရုံးကဆိုသည်။

ထို့ပြင် သူမ၏မြေးကလေးအား မြေမြှုပ်သင်္ဂြိုဟ်သည့် အခမ်းအနားသို့ လည်း တက်ရောက်ခွင့်ပြုနိုင်ရန် အာရို ယိုက တရားရုံးသို့ ထပ်မံ၍ မေတ္တာရပ် ခံလိုက်သည်။ မြေမြှုပ်သင်္ဂြိုဟ်မည့်နေ့ နှင့်အချိန်ကိုမူ သတ်မှတ်ရခြင်းမရှိသေး ချေ။

အာရိုယိုသည် သူမ၏မြေး ဂျော့ဂ်ျအလွန်ဇို''ဂျူဂို''အာရိုယိုဘား နာ့စ်၏ အလောင်းထားရှိရာသို့သွား ခွင့်လည်း အကျင့်ပျက်ခြစားမှုကို တိုက် ဖျက်ရေးတရားရုံးသို့ ခွင့်ပန်သည်။

သူမ ၏မြေးသည် သူမ၏တစ်ဦးတည်း သောသမီး၏သားဖြစ်သည်။ သူမအ နေဖြင့် ပြည်ပသို့ထွက်ပြေးခြင်းမပြု ပါဟု အကြိမ်ကြိမ်ကတိပေးခဲ့ကြောင်း လည်း သိရသည်။

GMANews

အမေရိကန်ရွေးကောက်ပွဲ လွှတ်တော်နှစ်ရပ် Republican ထိန်းချုပ်မယ့် အလားအလာရှိ


အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ အင်္ဂါနေ့ဟာ လွှတ်တော် ကြားကာလသက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲပေးကြမယ့်နေ့ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဆယ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်မှာ ရီပတ်ဘလစ်ကင်ပါတီဘက်က ထိန်းချုပ်ဖို့ ဖြစ်လာနိုင်မယ့် ရွေးကောက်ပွဲလို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတ Barack Obama ရဲ့ သမ္မတသက်တမ်းကုန်ခါနီး၂ နှစ်အတွင်း ခန့်မှန်းထားတဲ့အတိုင်း လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေကသာ ထိန်းချုပ်နိုင်ခဲ့ရင် နိုင်ငံရေးပြဿနာသစ်တွေပေါ်ပေါက်လာနိုင်တယ်လို့ တွက်ဆနေကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာ သမရိုးကျအယူဝါဒ စွဲကိုင်သူတွေအဖြစ် ယေဘုယျ သတ်မှတ်တာခံရတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေဟာ အမတ်နေရာ ၄၃၅ နေရာရှိတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၃၃ နေရာရပြီး ထိန်းချုပ်ထားရာကနေ နောက်ထပ် အမတ်နေရာတွေလည်း ရနိုင်ခြေ ရှိနေပါတယ်။

လက်ရှိမှာတော့ သဘောထား ပွင့်လင်းသူတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ  ၅၅ နေရာကို  ရထားပေမယ့်လည်း အခုရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက အမတ်အများစုနေရာကို ရနိုင်ခြေ ရှိနေတာပါ။

အောက်လွှတ်တော်က အမတ်နေရာအားလုံးနဲ့  အထက်လွှတ်တော်က အမတ်နေရာ သုံးပုံတပုံအတွက် အခုရွေးကောက်ပွဲမှာ မဲပေးရွေးချယ် ကြမှာ ဖြစ်ပါတယ်။ ၂၀၁၂ သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် လေးနှစ်သက်တမ်းအတွက်  ပြန်လည် အရွေးခံခဲ့ရတဲ့ သမ္မတအိုဘားမားကတော့ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ပေမယ့် သူ့ရဲ့မူဝါဒတွေဟာ ဒီရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

VOA

World Trade Center မိုးမျှော်အဆောက်ဦးသစ်ကြီး ၁၃ နှစ်အကြာ ပြန်ဖွင့်


စက်တင်ဘာ (၁၁) ရက် New York မြို့က ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန မျှော်စင်အဆောက်အုံကြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီးနောက် ၁၃ နှစ်ခန့်အကြာ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အုံကို New York မြို့တော်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

၁၇၇၅ ပေအမြင့်ရှိတဲ့ မိုးမျှော်အဆောက်အုံကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၉ ရာ ဖြစ်ပြီး ထင်ရှားလူသိများတဲ့ နယူးယောက် မန်ဟက်တန် ရပ်ကွက်ကြီး အုပ်မိုးနေသလို၊ ဒီအဆောက်ဦကြီးဟာ မြောက်အမေရိကတခွင်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။

ဒီအဆောက်အုံကြီးကို ပြိုကျပျက်စီးခဲ့ရတဲ့ ညီနောင် မျှော်စဉ်အဆောက်အအုံကြီး တည်ရှိခဲ့တဲ့ နေရာမှာပဲ ပြန်လည် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အဆောက်အအုံမှာ Conde Nest ပုံနှိပ် ဖြန့်ချီရေးလုပ်ငန်းရုံးခန်း၊ အစိုးရရဲ့ အထွေထွေဝန်ဆောင်မှု စီမံခန့်ခွဲရေးဌာန၊ China Center တို့ ပါရှိသလို တခြား ငှားရမ်းထားသူတွေထဲမှာ ကြော်ငြာကုမ္ပဏီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေ ပါဝင်ပါတယ်။

မူလ ညီနောင်မျှော်စဉ်အဆောက်ဦကြီးကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက အပိုင်စီးလာတဲ့ ခရီးသည်တင် လေယာဉ်ကြီး ၂ စီးနဲ့ ၀င်တိုက်ပြီး ဖျက်ဆီးခဲ့ကြတာပါ။ အဆောက်အဦကြီး ၂ လုံးစလုံးပြိုကျခဲ့သလို လူပေါင်း ၂၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

VOA

3.11.14

မလေးရှားပုဂ္ဂလိကဆေးရုံများ လှူဒါန်းထားသည့် သွေးများကို ဈေးကြီးကြီးဖြင့် ရောင်းစားနေဟုဆို


မလေးရှားနိုင်ငံမှ သွေးအလှူ ရှင်များက ပုဂ္ဂလိကဆေးရုံများသည် အလှူရှင်များလှူဒါန်းသည့် သွေးများ ကို လူနာများအား အဆမတန်သော ဈေးများဖြင့် ရောင်းစားနေကြသည် ဟု ပြောကြားခဲ့ကြောင်း သည်စတား သတင်းစာက ဖော်ပြလိုက်သည်။
၎င်းတို့က အဆိုပါဆေးရုံများ မှာ သွေးလှူရှင်များ၏ ကောင်းမြတ် သောဆန္ဒကို အမြတ်ထုတ်နေကြခြင်း လည်းဖြစ်ကြောင်း ပြောကြားလိုက် သည်။ ပုဂ္ဂလိကဆေးရုံများသည် သွေး လှူဒါန်းသူများထံမှသာမက အမျိုး သားသွေးဌာန(NBC) မှလည်း ရယူ ကြကြောင်း၊ ဤသွေးများအတွက် ပုံ မှန်ဈေးဖြင့် ဝယ်ယူရကြောင်းသိရ သည်။
ဆန်းဒေးစတား၏ လေ့လာတွေ့ ရှိချက်အရ သွေးသွင်းကုသရန်လိုအပ် သောလူနာများမှာ ၃၅ဝ ml မှ ၄၅ဝ ml ရှိ သွေးအိတ်တစ်အိတ်လျှင် ပုဂ္ဂ လိဆေးရုံများ၌ ရင်းဂစ်ငွေ ၁၆ဝမှ ၅ဝဝ(စင်ကာပူဒေါ်လာ ၆၂-၁၉၅)အ ထိ ပေးကြရသည်ဟုဆိုသည်။
ဆေး ကုသစဉ်အသုံးပြုသည့် သွေးကိုအ စားပေးရသော်လည်း အဆိုပါအခ ကြေးငွေကို ပေးရသည်ဟု စတားသ တင်းက ဆိုသည်။

The Straits Times/Star

“ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ(၁၉) အသင်းအား ထူးဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုငွေ သိန်း(၅၀၀) ပေးအပ်ချီးမြှင့်”

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နာယကဖြစ်သည့်အပြင် ထူးဖောင်ဒေးရှင်း နာယကလည်းဖြစ်သော ဦးတေဇ သည် ၂၀၁၅ခုနှစ်၌ နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် မြန်မာ ယူ(၁၉)အသင်းအား ဂုဏ်ပြု ဆုငွေ ကျပ်သိန်း(၅၀၀) ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဖီဖာကမ္ဘာ့လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ၁၉၇၇ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယူ-၂၀ပြိုင်ပွဲ စတင်ကျင်းပခဲ့ချိန်မှစ၍ နှစ်ပေါင်း (၃၇)နှစ် အတွင်း မြန်မာလူငယ်အသင်းသည် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။

အဆိုပါ ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၅ ခုနှစ်၊ မေလ (၃၀) ရက်မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ နယူးဇီလန်နိုင်ငံရှိ မြို့ကြီး (၇)မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့ မိမိတို့ တတ်အားသလောက် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသလို တဖက်မှလည်း မြန်မာ့ အားကစား တိုးတက်ရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီလျက် ရှိပါသည်။

မြန်မာတစ်မျိုးသားလုံး လက်မထောင် ဂုဏ်ယူဝင့်ကြွားဖွယ် စွမ်းဆောင်ရည်ကို ပြသပြီး ကမ္ဘာအဆင့် ဂုဏ်သိက္ခာကြီးမားသည့် ပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲနိုင်အောင် ကြိုးစားခဲ့ကြသည့် မြန်မာယူ-၁၉ ဘောလုံးအသင်းနှင့် အောင်မြင်မှု ရရှိအောင် စီမံလုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့အား ထူးဖောင်ဒေးရှင်းမှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

Htoo Foundatin

ဘာကီနာဖာဆိုတွင် ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးမည်ဟု အာဏာသိမ်း စစ်တပ်ကြေညာ


ဘာကီနာဖာဆို နိုင်ငံတွင် ကြားဝင် အာဏာထိန်းသိမ်းထားသည့် စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပေးသွားမည်ဟု ကြေညာခဲ့သည်။


ဆန္ဒပြမှုများကြောင့် သမ္မတ ဘလာဆီ ကမ်ပိုရီ နုတ်ထွက်သွားပြီးနောက် စစ်တပ်က နိုင်ငံအာဏာကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က စစ်သားများသည် နိုင်ငံ၏ ရုပ်မြင်သံကြားဌာန အဆောက်အအုံ ရှေ့တွင် ပစ်ခတ်မှုများ ရှိခဲ့သလို မြို့တော် အလယ် ရင်ပြင်တွင်လည်း အတားအဆီးများ ချထားခဲ့သည်။ ဆန္ဒပြသူများက စစ်တပ်အနေဖြင့် အာဏာကို စွန့်လွှတ်ပေးရန် တောင်းဆိုနေဆဲ ဖြစ်သည်။

နိုဝင်ဘာ (၂)ရက်က ပဋိပက္ခများကြောင့် အနည်းဆုံး ဆန္ဒပြသူတစ်ဦး သေဆုံးကြောင်း သတင်းများက ဆိုသည်။ ကုလသမဂ္ဂက ဘာကီနာဖာဆို နိုင်ငံတွင် စစ်တပ် အာဏာသိမ်းထားသည့် အခြေအနေကို ရှုတ်ချကြောင်း ကြေညာသည်။ ဘာကီနာဖာဆို နိုင်ငံအာဏာကို နှစ်ရှည်လများ ထိန်းချုပ်ထားသည့် သမ္မတ ကမ်ပိုရီသည် အပြင်းအထန် ဆန္ဒပြမှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

လတ်တလောတွင် စစ်တပ်သည် ဒုတိယ ဗိုလ်မှူးကြီး အိုင်ဆက်ဇီဒါကို ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် တင်မြှောက်ထားသော်လည်း ဆန္ဒပြသူများက မြို့တော် အူဂါဒူဂူတွင် စုရုံးကာ စစ်တပ်၏ နိုင်ငံအာဏာ ချုပ်ကိုင်မှုကို ဆန္ဒပြ ကန့်ကွက်ခဲ့သည်။

နိုဝင်ဘာ (၂)ရက် ညနေပိုင်းတွင် အဓိက အတိုက်အခံ အင်အားစု အချို့နှင့် တွေ့ဆုံညှိနှိုင်းပြီးနောက် စစ်တပ်ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ကြားဖြတ်အစိုးရ အဖွဲ့သစ် တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာသည်။ “စစ်တပ်က အာဏာရရေးကို စိတ်မဝင်စားပါဘူး။ တိုင်းပြည် ကောင်းကျိုးဖြစ်ထွန်းရေးကိုသာ စိတ်ဝင်စားပါတယ်”ဟု ဘာကီနာဖာဆို စစ်တပ်က ကြေညာသည်။

သို့သော်လည်း စစ်တပ်အနေဖြင့် ဆန္ဒပြသူများကို လက်နက်အင်အား အသုံးပြု ဖြိုခွဲမှုများ ရှိနေသလို သတင်းထောက်များကိုလည်း ခြိမ်းခြောက်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြို့လယ်ရင်ပြင်တွင် စုရုံးနေသည့် ဆန္ဒပြသူများကိုလည်း စစ်တပ်က ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: BBC

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောကို စတင်ရေချ


မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောတစ်စီးကို မကြာသေးမီကာလက စတင်ရေချ
ခဲ့သည်ဟု နိုဝင်ဘာ ၂ရက်က သတင်းတစ်ရပ်က ဖော်ပြခဲ့ရာ အဆိုပါ ကွန်မြူနစ်နိုင်ငံ၏ ဒုံးကျည်များ၊ နျူးကလီးယားလက်နက်များဖြင့်
ခြိမ်းခြောက်လာနိုင်မှုများအပေါ် စိုးရိမ်နေရသည်ဟု သိရသည်။

လွန်ခဲ့သည့် ၁၉၅၈ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပိတ်သိမ်းခဲ့သော ဆိုဗီယက်ခေတ်  ဂေါ့ဖ် အမျိုးအစား ဒီဇယ် ရေငုပ်သင်္ဘော တစ်စီးကို မြောက်ကိုရီးယားတို့က တင်သွင်း၍ ပြန်လည်ဆန်းသစ် မွမ်းမံခဲ့သည်ဟု အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြသည်။ ပြုံးယမ်းအစိုးရသည် ၁၉၉၀ ခုနှစ် အစောပိုင်းက ယင်းရေငုပ်သဘောင်္ကို ၀ယ်ယူထားသည်ဟု ယုံကြည်ရသည်။

“ဒီရေငုပ်သင်္ဘောသစ်က ရက်မ ၆ ဒဿမ ၆ မီတာနဲ့ အတူ ၆၇ မီတာ ရှည်ပါတယ်၊ သူ့မှာ တန်ချိန် ၃,၀၀၀ နဲ့ရေအောက်မှာရွေ့ရှားနိုင်ပါတယ်” ဟု အဆိုပါ သတင်းဌာနက ဖော်ပြသည်။ သို့ရာတွင် ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံက ထိုကဲ့သို့ ပဲ့ထိန်းဒုံးတပ် ရေငုပ်သဘောင်္ကို အသုံးပြုနိုင်ပြီ ဟူသည့် ဖော်ပြချက်များအပေါ် တောင်ကိုးရီးယား စစ်ဘက်အရာရှိများက သံသယရှိနေသည်။

ရုရှားနိုင်ငံထုတ် တန်ချိန် ၃,၅၀၀ ရှိသည့် ဂေါ့ဖ် တူးအမျိုးအစား ရေငုပ်သဘောင်္သည် အကွာအဝေးကီလိုမီတာ ၁,၄၂၀ ထိ ရောက်ရှိနိုင်သည့် ၁,၁၈၀ ကီလိုဂရမ် အလေးချိန်ရှိ ထိပ်ဖူးတပ် R -21 ဒုံးကျည်ကို တပ်ဆင်ထားနိုင်သည်။

ယခု အသစ်တည်ဆောက်ထားသော ရေငုပ်သင်္ဘောသည် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိုရီးယား-အမေရိကန်ဌာနက ဂြိုဟ်တုဓါတ်ပုံများမှ တဆင့် ရှာဖွေတွေ့ရှိခဲ့သော မြောက်ကိုရီးယား စင်ပိုသဘောင်္ကျင်းရှိ ရေငုပ်သင်္ဘောတစ်စီးနှင့် တစ်ထပ်တည်းတူညီသည်ဟု ယွန်ဟပ်သတင်းဌာနကဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းအနီးရှိ ဟမ်ယုံဒေသတွင်တည်ရှိသော ယင်းသဘောင်္ကျင်းတွင် မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးဆိုင်ရာ နည်းပညာတက္ကသိုလ်၏ ရေကြောင်းသုတေသနဆိုင်ရာဌာန ရုံးချုပ်ကို နေရာချထားပေးပြီး ယင်း၏  ရေငုပ်သင်္ဘော ထုတ်လုပ်ရေးအဆောက်အအုံကိုလည်း ထားရှိပေးထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခု ရေငုပ်သဘောင်္သစ်တွင် ဒုံးကျည်တပ်ဆင်မည့် နည်းပညာများကို အဆင့်မြှင့်တင်၍ မြေပြင်နှင့် ရေပြင်နှစ်ရပ်လုံးတွင် စမ်းသပ်မှုများစွာ ပြုလုပ်ထားသည်ဟု အခြားသတင်းဌာနတစ်ခုက ဖော်ပြသည်။ ထို့ပြင် ထို စမ်းသပ်မှုများသည် အနည်းဆုံး တစ်နှစ် ၊နှစ်နှစ်ကြာမှ ပြီးစီးမည်ဟု မျှော်လင့်ရသည်။

Mizzima

ဆန္ဒပြသူ သေဆုံးမှုကြောင့် ဆက်လက်ဆန္ဒပြသူများနှင့် ပြင်သစ်ရဲများ ပဋိပက္ခဖြစ်၊ ဆန္ဒပြသူများက အက်စစ်ဖြင့်ပက်


ပြင်သစ်နိုင်ငံ နန့်တက်နှင့်တူး လောက်စ်မြို့တို့တွင် ဆန္ဒပြသမား များနှင့်ပြင်သစ်အဓိကရုဏ်းနှိမ်ရဲတို့ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။ လွန်ခဲ့ သောအပတ်က တက်ကြွလှုပ်ရှား သူလူငယ်တစ်ဦး ရဲ၏လက်ပစ်ဗုံး ကြောင့် သေဆုံးခဲ့ရပြီးနောက် ဆက် လက်ဖြစ်ပွားခဲ့သည်ဟု ရိုက်တာသ တင်းက ဆိုသည်။

နှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ရော ဆန္ဒပြ သမားများပါ ဒဏ်ရာရရှိခဲ့ကြ ကြောင်း၊ ဆန္ဒပြသမားများက ရရာ လက်နက်များဖြင့် ပစ်ပေါက်ခဲ့စဉ် ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

ဆန္ဒပြသမား ရေမီဖရာဆီ ၂၁ နှစ် သေဆုံးရပြီးနောက် နန့်တက် မြို့နှင့် တူးလောက်စ်မြို့နှစ်မြို့၌ ဆန္ဒ ပြပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြလူငယ်မှာ အောက်တိုဘာ ၂၆ ရက်က နောက် ကျောတွင် ဒဏ်ရာဖြင့်သေဆုံးခဲ့ရ သည်။ တောင်ပိုင်းတူးလောက်စ်မြို့ အနီး တက်စ်တက်ဝက်တ်လင်းဆည် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ ဖရာဆီမှာ ရဲပစ်လိုက်သော လက်ပစ်ဗုံးကြောင့် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်ဟု ဆို သည်။ ယခင်က ဤလက်နက်အား လူသေစေနိုင်သည်ဟု မထင်မှတ်ခဲ့ ကြောင်း ရဲကပြောခဲ့သည်။

Reuters

ပါကစ္စတန်-အိန္ဒိယ နယ်စပ်ဂိတ်တွင် အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွား လူ ၅၅ ဦးသေဆုံး


ပါကစ္စတန်-အိန္ဒိယနယ်စပ်ရှိ အဓိက နယ်စပ်ဂိတ်တစ်ခုတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး လူ ၅၅ ဦး သေဆုံးသွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းဗုံးပေါက်ကွဲမှုသည် နှစ်နိုင်ငံနယ်စပ်တွင် ညနေခင်းတိုင်း ပြုလုပ်လေ့ရှိသော နယ်စပ်ဂိတ်ကို ပိတ်သည့် အလံချအခမ်းအနားတစ်ရပ်ကို ကျင်းပပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းအချိန်က အခမ်းအနားသို့ လာရောက်ကြည့်ရှုသူ ပရိသတ်အများအပြား စုဝေး ရောက်ရှိနေကြ ချိန်လည်း ဖြစ်သည်။

ယင်း ပေါက်ကွဲမှုသည် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့အနီးရှိ ဝါဂါနယ်စပ်ဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ရေးပြအခမ်းအနားဖြင့်
ကျင်းပသော ထင်ပေါ်ကျော်ကြားသည့် ယင်းနယ်စပ်ဂိတ်ပိတ်သိမ်းခြင်း

ကျော် ဒဏ်ရာရရှိခဲ့ပါတယ်၊ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်းပါပါတယ်” ဟု ပန်ဂျက် ဒေသ ရဲမှူးချုပ် မက်ရှ်တက်ဆက်ဟာရာ က ပြောသည်။

ထို့ပြင် ယင်းအသေခံဗုံးခွဲမှုကို လာဟိုးမြို့ ရဲအရာရှိချုပ် အေမင်ဝါအင်စ်ကလည်း အတည်ပြုသွားခဲ့သည်။ “ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ လူတွေက ဝါဝါဂိတ်မှာ စစ်ရေးပြအခမ်းအနားကို ကြည့်ပြီးလို့ အိမ်ကို ပြန်နေကြတဲ့အချိန်ပါ” ဟု ၎င်းကပြောသည်။

အဆိုပါ နယ်စပ်ဂိတ်ပိတ်သိမ်းခြင်းအဖြစ် ညနေခင်းအချိန်တိုင်း စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပလေ့ရှိသည်။ ယင်းနယ်စပ် ဂိတ်ကို စောင့်ကြပ်ရသော လက်နက်ကိုင်တပ်ဖွဲ့မှ ပန်ဂျက်ဒေသ တပ်မှူး တာဟီဂျာဗတ်ကလည်း ၎င်း၏ တပ်ဖွဲ့ဝင် သုံးဦးလည်း သေဆုံးသွား ခဲ့သည်ဟု ပြောသွားသည်။

“အသေခံတိုက်ခိုက်ရေး သမားက လုံခြုံရေးအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး၊ သူက လူတွေထွက်လာနေတဲ့အချိန်မှာ ဂိတ်ရဲ့အပြင်ဘက် နေရာမှာ သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဂါကီ ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ ထို့ပြင် သေဆုံးသူများထဲတွင် ရှစ်ဦးပါဝင်သော မိသားစုတစ်စုနှင့် ငါးဦးရှိ သော အခြားမိသားစုတစ်စုပါဝင်သည်ဟု အစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်သည့် မိုဟာမက် အူစမန်က အေအက်ဖ်ပီသို့ ပြောသည်။

ယင်း နယ်စပ်ဂိတ်သို့ သွားရာလမ်းတွင် များစွာသော လုံခြုံရေးစစ်ရေးဂိတ်များရှိပြီး ဧည့်ပရိသတ်များသည်လည်း မ၀င်ရောက်မီ ရှာဖွေ စစ်ဆေးခြင်း ခံရသော်လည်း ယင်းစစ်ဆေးရေးဂိတ်များမှ စစ်ဆေးသူများမှာ အမြဲတစေ တင်းကျပ်စစ်ဆေးခြင်းများ ပြုလုပ်လေ့မရှိပေ။ တိုက်ခိုက်မှုမှာ အခြားစစ်သွေးကြွအဖွဲ့များ အပါအ၀င် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တို့က ပြောကြားခဲ့သည်။

Mizzima