ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.11.14

ခိုတောင်လူသတ်မှု ထိုင်းရဲ၏ စုံစမ်းစစ်ဆေးမှုကို လေ့လာပြီးသော ဗြိတိန်ရဲအဖွဲ့ ဌာနေသို့ ပြန်ပြီ


ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခို တောင်ကျွန်းတွင် ဗြိတိသျှခရီးသည် နှစ်ဦးတို့အသတ်ခံရမှုအတွက် ထိုင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို သုံး သပ်ပြီးနောက် ဗြိတိသျှရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ် ကြောင်း၊ ယခုအခါသူတို့၏လေ့လာ တွေ့ရှိချက်ကို အစီရင်ခံစာရေးတော့ မည်ဖြစ်ကြောင်း စကော့တလန်ယာ့ဒ် က နိုဝင်ဘာ ၁၁ရက် ၌ ဆိုသည်။

ဗြိတိသျှခရီးသည်များ ဖြစ်ကြ သည့် ဒေးဗစ်မီလာနှင့် ဟန်နားဝိ သာရိဂ်ျတို့အသတ်ခံရမှုအတွက် ထိုင်း ရဲ၏စုံစမ်းစစ်ဆေးမှုကို လေ့လာရန် ဗြိတိန်မှထောက်လှမ်းရေးအဖွဲ့သည် လွန်ခဲ့သောလ၌ ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် သွားခဲ့သည်။

လူသတ်မှုအပေါ် ထိုင်းရဲ၏စုံ စမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ စိုး ရိမ်မကင်းဖြစ်ရကြောင်း ဗြိတိန်က ဖော်ပြ ပြီး လူသတ်မှု စုံစမ်းစစ်ဆေး ရာတွင် အကူအညီပေးမည်ဟုကမ်း လှမ်းပြီးနောက်ဗြိတိသျှထောက်လှမ်း ရေးအဖွဲ့အား ထိုင်းအာဏာပိုင်များ က ဝင်ရောက်လေ့လာခွင့်ပေးခဲ့ သည်။

ထိုင်းရဲ၏ စုံစမ်းစစ်ဆေးမှုကို ပြည်တွင်းပြည်ပမှ ဝေဖန်ကြသည်။

သူတို့၏ အလုပ်ကိုဖြစ်နိုင်သ မျှ ပြီးပြည့်စုံအောင်ဆောင်ရွက်ပြီး ခဲ့ပြီဟု လန်ဒန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်၌ထုတ်ပြန်ခဲ့သည်။ ထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။ လေ့လာတွေ့ရှိသမျှကို အစီ ရင်ခံစာရေးရန် သူတို့ ယူကေသို့ပြန် ပြီဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ကထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ ထိုင်း နိုင်ငံမှ ထွက်ခွာသွားသည်ကို လန် ဒန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ် ဦးက နောက်ပိုင်း၌အတည်ပြုပြော ကြားလိုက်သည်။

Democracyday

မလေးရှားတွင် မြန်မာအလုပ်သမားတစ်ဦးထပ်မံအသတ်ခံရ၊ ၂ဝ၁၄ ခုနှစ်အတွင်း အသတ်ခံရသူ မြန်မာ ၂ဝ ဦးခန့်ရှိ

မလေးရှား နိုင်ငံ ပီနန်တွင် မြန်မာအလုပ်သမား တစ်ဦး နိုဝင်ဘာ ၁ဝရက်က ထပ်မံ အသတ်ခံခဲ့ရကြောင်း မလေးရှား မီဒီယာများတွင် ဖော်ပြချက်အရသိရ သည်။
သေဆုံးသူအား ဘတ်တာဝေါ့ တာဆစ်ဂူးလေမြို့အနီးရှိ ဆီအုန်း စိုက်ခင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် အသက် ၃၄နှစ် ရှိသူအမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ လည်ပင်းပြတ် ရှဒဏ်ရာ၊ ဝမ်းဗိုက်၊ ရင်ညွန့်၊ တင် ပါးများတွင်လည်း ဓားထိုးသွင်းဒဏ် ရာများ ရရှိထားကြောင်း အဆိုပါသ တင်းဌာနများတွင် ဖော်ပြထားသည်။
ယခုအသတ်ခံရသည့် ဖြစ်စဉ် အပါအဝင် မလေးရှားတွင် မြန်မာ နိုင်ငံသားများ အသတ်ခံရသူများ မှာ ၂ဝ၁၄ခုနှစ် တစ်နှစ်အတွင်း ၂ဝဦး ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက်မြန်မာ အလုပ်သမားများ အကြမ်းဖက်သတ် ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ စက်တင်ဘာအတွင်းလွှတ် တော်တွင် မေးမြန်းခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေး မောင်နှင့် အဖွဲ့ဖေဖော်ဝါရီအတွင်း က မလေးရှားနိုင်ငံသို့ သွားရောက် စဉ် လုပ်ကြံခံခဲ့ရသည်။
မလေးရှားရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက်သတ်ဖြတ်ခံ ရမှုနှင့် ပတ်သက်ပြီး မလေးရှား လွှတ် တော်ဥက္ကဋ္ဌထံသို့ စာရေးသားတောင်း ဆိုသွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားထားသည်။
အမျိုးသားလွှတ်တော်လွှတ် တော် အခွင့်အရေးကော်မတီက မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား များ အကြမ်းဖက်သတ်ဖြတ်ခံရမှု များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများနှင့် ဆက်နွှယ်သည် ဟူသည့် အချက်သည် ခိုင်လုံမှုမရှိ ကြောင်း အဆိုပါ ကော်မတီအစီရင် ခံစာတွင် ဖော်ပြထားသည်။
၂ဝ၁၄ ခုနှစ်တွင် မလေးရှား နိုင် ငံရှိ မြန်မာနိုင်ငံသားများအား အ သတ်ခံရမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၄ခုနှစ် တစ်နှစ် အတွင်းအသတ်ခံရသူ ၂ဝဦးရှိနေပြီ ဖြစ်သည်။

‎Democrcytoday‬

ရုရှားတပ်များ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း NATO စွပ်စွဲ


ရုရှားတပ်များသည် နယ်ခြားဒေသကို ဖြတ်ကျော်ကာ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း NATO စစ်မဟာမိတ် တပ်ဖွဲ့က အခိုင်အမာ စွပ်စွဲလိုက်သည်။

NATO တပ်ဖွဲ့၏ ထောက်လှမ်းမှုများအရ ရုရှား၏ စစ်ယာဉ်များနှင့် တိုက်ခိုက်ရေး တပ်ဖွဲ့များသည် ယခုသီတင်းပတ်အတွင်း ယူကရိန်း ပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။ NATO တပ်ဖွဲ့ခေါင်းဆောင် ဂျန် စတိုလ်တန်ဘာ့ဂ်က ရုရှားအနေဖြင့် ယူကရိန်းပိုင်နက်ထဲမှ တပ်များကို ပြန်လည် ဆုတ်ခွာပေးရန်လည်း တိုက်တွန်း တောင်းဆိုခဲ့သည်။

နိုဝင်ဘာ (၁၂)ရက်က ယူကရိန်း အရှေ့ပိုင်း ဒိုးနက်စ်ခ်မြို့နှင့် အနီးတဝိုက်တွင် ရုရှားလိုလားသည့် သူပုန်တပ်များနှင့် ယူကရိန်း တပ်ဖွဲ့တို့ကြား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယူကရိန်းစစ်သည်တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

NATO တပ်ဖွဲ့သည် ဩဂုတ်လ အတွင်းကလည်း ရုရှားလက်နက်ကြီး ယူနစ်များ  ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်လာပြီး သူပုန်များကို ပံ့ပိုးကူညီခဲ့ကြောင်း စွပ်စွဲခဲ့သေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ရုရှား၏ တိုက်ခိုက်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားပြီး ယခုအခါ ပြန်လည် ဝင်ရောက်လာခြင်းဟု သိရသည်။

NATO တပ်ဖွဲ့၏ ဥရောပဆိုင်ရာ ကွပ်ကဲရေးဌာနမှ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိလစ်ဘရိဒ်လက်ဗ်က ရုရှား၏ တင့်ကားများ၊ လက်နက်ကြီး တပ်ဆင်ထားသောယာဉ်များနှင့် တိုက်ခိုက်ရေးတပ်များ ယူကရိန်းပိုင်နက်သို့ ဝင်ရောက်ခဲ့သည်ကို အတိအကျ သတင်းရရှိကြောင်း ဆိုသည်။ သို့သော်လည်း အဆိုပါတပ်များသည် ယူကရိန်း၏ မည်သည့်အရပ်ဒေသသို့ ဦးတည်ချီတက်သွားသည်ကိုမူ တိတိကျကျ မသိရသေးချေ။

အစောပိုင်းက ယူကရိန်း အစိုးရသည်လည်း မိမိတို့ ပိုင်နက်ထဲ ရုရှားတပ်များ ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲခဲ့ဖူးသည်။ သို့သော်လည်း ယူကရိန်းနှင့် NATO တပ်ဖွဲ့တို့၏ စွပ်စွဲမှုများသည် သက်သေ အထောက်အထား ခိုင်လုံစွာ မရှိကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အိုင်ဂေါ ကိုနန်ရှန်ကော့ဗ်က တုံ့ပြန်ထားသည်။

_BB

အီဘိုလာရောဂါနဲ့ သေဆုံးသူ ၅၀၀၀ ကျော်ပြီ

အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရသူ အရေအတွက်ဟာ ၅,၀၀၀ ကျော်သွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာပါတယ်။ ရောဂါဖြစ်ပွားတဲ့ အရေအတွက်ကတော့ ၁ သောင်း ၄ ထောင် ကျော်လို့ ဆိုပါတယ်။

ဒီသတင်း အချက်လက်တွေကို ဂျနီဗာမှာရှိတဲ့ WHO ဌာနချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ အီဘိုလာရောဂါ ဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့တဲ့ အရပ်ကတော့ အာဖရိက အနောက်ဘက်ခြမ်း ဖြစ်ပါတယ်။

တကယ်သေဆုံးခဲ့တဲ့ အရေအတွက်ဟာ အဲဒီထက် ပိုပြီးများနိုင်ကြောင်း ၅,၁၆၀ အထိ ရှိနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝေဒနာရှင် တော်တော်များများဟာ ဒီရောဂါအတွက် ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်နေကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အမေရိကန်စစ်တပ်က လိုက်ဘေးရီးယားနိုင်ငံအတွင်း အကူအညီပေးဖို့ စေလွှတ်မယ့် တပ်ဖွဲ့ဝင် အရေအတွက်ကို ၃ ထောင် သတ်မှတ်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ ကနဦးတုန်းက တပ်ဖွဲ့ဝင် ၄ ထောင် စေလွှတ်မယ်လို့ ပြောဆိုထားခဲ့တာပါ။

VOA

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေ ရဲလက်ထဲအပ်ဖို့ ပြင်ဆင်


Hong Kong Occupy Central လှုပ်ရှားမှု ဆန္ဒပြအဖွဲ့ကြီးကို တည်ထောင်သူ ၃ ဦးဟာ မကြာခင်မှာ ဥပဒေကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ရဲတပ်ဖွဲ့ထံ သွားရောက်ပြီးတော့ အဖမ်းခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Benny Tai၊ Chan Kin-man နဲ့ Chu Yiumin က သူတို့ရဲ့ လုပ်ရပ်ကို လက်နက်ချတယ်လို့ မမှတ်ယူစေလိုကြောင်းနဲ့ တလကျော်ကြာမြင့်တဲ့ လမ်းပေါ်တက် ဆန္ဒပြမှုကို အဆုံးသတ်သွားတာလည်း မဟုတ်ကြောင်း ပြောပါတယ်။

သူတို့ ၃ ယောက်ဟာ ရှေ့သီတင်းပတ်ကုန်ပိုင်းမှာ သွားရောက် အဖမ်းခံမှာ ဖြစ်တယ်လို့ South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း ရွေးချယ်တင်မြှောက် ရမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူးနေရာကို တရုတ်အစိုးရက သူတို့အလိုကျ ရွေးချယ်ပေးမှာနဲ့ ပတ်သတ်ပြီး ဒါကို ပြောင်းလဲပေးဖို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

VOA

7.11.14

သမ္မတ အိုဘားမား အီရန်ဘာသာရေးခေါင်းဆောင်ကို လျှို့ဝှက်စာပေးပို့


အမေရိကန်သမ္မတ အိုဘားမားက အီရန်ထိပ်တန်းဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို လျှို့ဝှက်စာရေးသားပေးပို့ခဲ့တယ်လို့ အမေရိကန်သတင်းစာ Wall Street Journal မှာ မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

ran's Supreme Leader Ayatollah Ali Khameneiအီရန်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးမှာ နှစ်နိုင်ငံ ရပ်တည်ချက်တူညီတယ်လို့ သမ္မတ အိုဘားမားက ရေးသားပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နျူကလီးယားဆွေးနွေးပွဲ နောက်ဆုံးရက်မတိုင်ခင် နျူကလီးယား သဘောတူညီမှုရရှိဖို့အတွက်လည်း အီရန်ခေါင်းဆောင်ကြီးကို တိုက်တွန်းထား ပါတယ်။

အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှု မှန်သမျှဟာ အီရန်နျူကလီးယား သဘောတူညီမှုပေါ် မူတည်တယ်လို့ သမ္မတ အိုဘားမားက ထည့်သွင်းရေးသား ထားပါတယ်။

သမ္မတရဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ်ရေးသားမှုဖြစ်လို့ ဒီစာနဲ့ပတ်သက်ပြီး တစုံတရာပြောဆိုဖို့ အိမ်ဖြူတော်က  ငြင်းဆန်ပါတယ်။

ဒီစာဟာ သမ္မတရဲ့ ၄ ကြိမ်မြောက် ရေးသားတဲ့စာဖြစ်ပြီး ပြီးခဲ့တဲ့လလယ်က ရေးသားပေးပို့ ခဲ့တာပါ။

သမ္မတအိုဘားမား စာတွေ ရေးသားပေးပို့တာကို အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ထိပ်တန်းခေါင်းဆောင်တိုင်းတောင် သိရှိခြင်း မရှိပါဘူး။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာလည်း အမေရိကန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ အိုမန်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိပါတယ်။

DVB

နိုင်ဂျီးရီးယားတွင် ထောင်ဖောက် မှုများကြောင့် ငါးနှစ် အတွင်း အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက် သွားခဲ့


 နိုင်ဂျီးရီး ယားနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်အ တွင်းအ ကျဉ်းသား၂၀၀၀ ကျော် ထွက်ပြေး လွတ်မြောက်သွား ခဲ့ကြ ကြောင်းနှင့် အဓိက အကြောင်း ရင်းမှာ အကျဉ်းထောင် များအား အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကို ဟာရမ် အဖွဲ့၏ တိုက်ခိုက် မှုများ ကြောင့် ဖြစ်ကြောင်း နိုင်ဂျီးရီးယား အာဏာပိုင် များက ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၆ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အကျဉ်းထောင်စီးနင်း တိုက်ခိုက်မှုများ အတွင်းတွင် ထောင်ဝန်ထမ်း ဒါဇင်နှင့်ချီ၍ သေဆုံးသွားခဲ့ ရကြောင်းလည်း ၎င်းတို့က ဆိုကြသည်။

ပြီးခဲ့သည့်လအတွင်းက မူဘိမြို့အား ဂျီဟတ်ဝါဒီများ စီးနင်းတိုက်ခိုက်ခဲ့စဉ်တွင် အကျဉ်း သားများ ရာနှင့်ချီကာ လွတ်မြောက် သွားခဲ့သည်။ ယခုအပတ် ထဲတွင် လည်း စစ်သွေး ကြွများ သည်ကို ဂီပြည်နယ် အတွင်းရှိ ထောင် တစ် ခုအား အပေါက် တစ်ခု ဖြစ် လာစေ ရန် ဖောက်ခွဲ ခဲ့ရာ အကျဉ်း သားဒါ ဇင်ပေါင်း များစွာ လွတ်မြောက် သွားခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း မေ့ဒ်ဒူဂူရီ မြို့တွင် အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက်သွားခဲ့သည်။ စုစုပေါင်း အကျဉ်းသား ၂၂၅၁ ဦးထွက်ပြေးသွားခဲ့ ကြကြောင်း   နှင့် ၎င်းတို့ထဲမှ အများစုမှာ လွတ်မြောက်နေကြဆဲ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုခဲ့သည်။

နိုင်ဂျီးရီးယားအကျဉ်းထောင် ၂၃၉ ခုတွင် အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၅၇၀၀၀ ခန့် ရှိကြောင်း နိုင်ဂျီးရီးယားအကျဉ်းထောင်များဆိုင်ရာဌာန က ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

မကြာသေးမီက ဂျီဟတ်ဝါဒီများသည် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ပြင်သစ်ဘိလပ်မြေစက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကာ ဒိုင်းနမိုက် များစွာကို သိမ်းဆည်း   နိုင်ခဲ့ကြရာ ထောင်ဖောက်ခွဲမှုများ ပိုဖြစ်လာဖွယ်ရှိကြောင်း လာဂို့စ်မြို့မှ ဘီဘီစီသတင်းထောက် ဝီးလ်ရော့စ်က ဆိုထားသည်။

Ref: BBC

ကိုယ်တိုင်လူသတ်ပြီး သတင်းပြန်ရေးသည်ဟုဆိုကာ အင်ဒို မှုခင်းသတင်းထောက် အဖမ်းခံရ

လူတစ်ဦးကို သတ်ဖြတ်လိုက်ကာ အဆိုပါ သေမှုသေခင်း သတင်းကို သတင်းပြန်လုပ် ရေးသားသည့် မသင်္ကာမှုဖြင့် အင်ဒိုနီးရှား မှုခင်းသတင်းထောက် တစ်ဦး အဖမ်းခံထားရကြောင်း sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Pekanbaru express သတင်းဌာနအတွက် အလုပ်လုပ်နေသည့် အက်ဒီဆင်ပါဘာဆိုသူ သတင်းထောက်သည် လူသတ်မှုနှင့် ဆက်စပ်လျက် ပြီးခဲ့သည့် သီတင်းပတ်က အဖမ်းခံရခြင်း ဖြစ်သည်။

ဆူမားတြား ကျွန်းမြို့တော် ပီကန်ဘာရူရှိ ဘဏ်တစ်ဘဏ်မှ ငွေကြေးများ ထုတ်ယူခဲ့ပြီးနောက်တွင် အဆိုပါမှုခင်း သတင်းထောက်က မှုခင်းဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။

“အထောက်အထားတွေအရ ဒီလူသတ်မှုမှာ အက်ဒီဆင် ပါဝင် ပတ်သက်နေပါတယ်” ဟု အထူးရဲစုံထောက် အကြီးအကဲ မစ္စတာ ဟာရီဝီယာဝမ်က ပြောကြားခဲ့သည်။

အက်ဒီဆင်ပါဘာသည် ရဲများနှင့် ယခင်ကတည်းက ဆက်ဆံရေးရှိပြီး ၎င်း၏ မှုခင်းသတင်းများအတွက် လာရောက် အင်တာဗျူးလေ့ ရှိသူဖြစ်သည်။

လူသတ်သမားသည် လူသတ်ခဲ့ရာ နေရာကို ပြန်လာခဲ့ပြီး ၎င်းအလုပ်လုပ်နေသည့် အင်တာနက် သတင်းစာမျက်နှာအတွက် သတင်းရယူ ထောက်လှမ်းခဲ့ကြောင်း ရဲက ထုတ်ပြန်ခဲ့သည်။

သေဆုံးနေသူ၏ အလောင်းဓာတ်ပုံနှင့်အတူ သတင်းကိုဖော်ပြခဲ့ရာ အဆိုပါသတင်းက စာဖတ်သူများထံသို့ ရောက်ရှိခဲ့ပြီး သတင်းထဲတွင် ပါဘာက အသတ်ခံရသူသည် မူယိုနို ၃၅ နှစ် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး လူသတ်သမားနှင့် သတ်ရခြင်း အကြောင်းရင်းကို မသိရသေးကြောင်း ရေးသားခဲ့သည်။

သတင်းထောက်နှင့်အတူ အခြား တရားခံဟု ယူဆရသူ နှစ်ဦးလည်း အဖမ်းခံခဲ့ရပြီး တစ်ဦးက ၎င်းရထိုက်သည့် ဝေစုမရသောကြောင့် ရဲကို လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။

“သူတို့က အချင်းချင်းကို လူသတ်သမား အဖြစ် စွပ်စွဲနေကြတယ်” ဟု စုံထောက်အရာရှိ ဟာရီဝီယာဝမ်က ပြောကြားခဲ့သည်။

The Voice Weekly

ဘင်လာဒင်ကို ပစ်သတ်သူ ထုတ်ဖေါ်ပြောကြား


၂၀၁၁ ခုနှစ်တုံးက ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတဲ့ အယ်လ်ကိုက်ဒါး အကြမ်းဖက် အုပ်စု ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့ ခြံဝန်းကို သန်းခေါင်ယံ အချိန် ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှာပါဝင်ခဲ့သလို ဘင်လာဒင်ကို ပစ်သတ် ခဲ့တဲ့သူဟာ သူဖြစ်ကြောင်း  အမေရိကန်ရေတပ်ကွန်မန်ဒို စစ်ပြန်တယောက်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ နာမည်ကို ၃ နှစ်ကျော် လျှို့ဝှက်ထားခဲ့ပေမဲ့ Robert O’Neill ဆိုသူက ဘင်လာဒင်ကို သေနတ်နဲ့ သုံးချက် သူပစ်ခတ်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေကို ပြောဆိုပါတယ်။ ၂ ချက်ဟာ နှစ်ဖူးကိုထိမှန်ပြီး ၊ Abbottabad မြို့နေအိမ်အတွင်းက သူ့ရဲ့ကုတင်ရှေ့မှာ လဲကျသွားပြီးတဲ့နောက် နောက်ထပ် တချက် ထပ်ပစ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

O’Neill က သူဟာ ဘင်လာဒင်ရဲ့ နေအိမ်ဝန်းအတွင်းကို ၀င်ရောက်ခဲ့တဲ့ NAVY SEAL Team 6 လို့ ခေါ်တဲ့ ရေတပ် အထူးကွန်မန်ဒို အုပ်စု (၆) ရဲ့ ရှေ့ဆုံးနေရာ အနီးမှာ ရှိနေကြောင်းနဲ့ ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံမှာ လူပေါင်း ၃ ထောင်လောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကြီးကို ကြိုးကိုင် စီစဉ်ခဲ့သူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ညကြည့်မျက်မှန်နဲ့ ဘင်လာဒင်မမြင်ရသေးခင် ဘင်လာဒင်ရဲ့ အခန်းကို ပထမဆုံးရောက်သွားတဲ့ ကွန်မန်ဒိုက တချက်စပြီး ပစ်ခတ်လိုက်ပေမဲ့ လွဲသွားပုံရကြောင်း O’Neil ကပြောပါတယ်။

အနည်းဆုံး SEAL ကွန်မန်ဒို ၂ ယောက်ကလည်း ၀င်ရောက်ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း အသက် ၃၈ နှစ် အရွယ် O’Neill ကပြောပါတယ်။ အဲဒီအထဲမှာ No Easy Day စာအုပ်ရေးသားတဲ့ Mark Bissonnette လည်းပါတယ်လို့ သူကပြောပါတယ်။

VOA

4.11.14

အိုင်အက်စ် စစ်သွေးကြွများ ဆီးရီးယား သဘာဝဓာတ်ငွေ့တွင်းဒေသကို ထိန်းချုပ်


အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ခရိုင် ဟုမ်းစ်ဒေသက သဘာဝဓာတ်ငွေ့တွင်းရှိရာဒေသကို ထိန်းချုပ်လိုက်ပြီလို့ နိုဝင်ဘာလ ၃ ရက်နေ့က ပြောပါတယ်။

အစိုးရတပ်တွေနဲ့ တိုက်ပွဲအပြီး တပတ်အတွင်းမှာ ဆီးရီးယားရဲ့ ဒုတိယအကြီးဆုံး သဘာဝ ဓာတ်ငွေ့တွင်းကို သိမ်းပိုက် လိုက်တာပါ။

ISISဂျဟာဓာတ်ငွေ့တွင်းမှာ အိုင်အက်စ်အလံကို လွှင့်ထူထားပုံတွေနဲ့ သိမ်းဆည်းထားတဲ့ ယာဉ်တွေ လက်နက်တွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံ ၁၈ ပုံကိုလည်း လူမှုကွန်ရက်မီဒီယာတွေပေါ် တင်ပြခဲ့ တယ်လို့ စိုက် ဘာသာရေးစစ်ဝါဒီ အင်တာနက်စာမျက်နှာတွေကို စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

ဒီဓာတ်ပုံတွေကို လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိသလို လုံခြုံရေး အကန့်အသတ်တွေကြောင့် ဒီဖြစ်ရပ်ကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။

နိုဝင်ဘာလ ၃ ရက်နေ့က မားရ်ဓာတ်ငွေ့ကုမ္ပဏီနဲ့ ဂျဟာရွာကို ထိန်းချုပ်မှု တင်းကြပ်ပြီး နေရာ ၉ ခုကို တင့်ကားတွေ လက်နက်တပ် သံချပ်ကာယာဉ်တွေနဲ့ ကာလီဘယ်လ် စက်သေနတ်တွေနဲ့ အကြီးအကျယ် စောင့်ကြပ်နေတယ်လို့ အိုင်အက်စ်တွေက ထုတ်ပြန်တဲ့ သတင်း အချက်အလက်က ဆိုပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ၃ ပုံ တပုံနဲ့ အီရတ်နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ ဆွန်နီမွတ်စလင် အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ သူတို့ထိန်းချုပ်တဲ့ ပိုက်နက်ကို ဘာသာရေးဆရာ အုပ်ချုပ်တဲ့ နယ်မြေလို့ ကြေညာထားပါတယ်။

အမေရိကန် ဦးဆောင်တပ်တွေက စက်တင်ဘာလကတည်းက အိုင်အက်စ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။ ဒါပေမယ့် ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်တွေက အိုင်အက်စ်တွေကို နှိမ်နင်းမှုကိုတော့ ပူးပေါင်းညှိနှိုင်းမှု မလုပ်ဘူးလို့ အမေရိကန်က ပြောပါတယ်။

DVB