ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

5.12.14

အမေရိကန်နိုင်ငံ၊ အရီဇိုးနားတွင် လူဖြူရဲအရာရှိတစ်ဦး ပစ်ခတ်မှုကြောင့် လူမည်းတစ်ဦး သေဆုံး


အမေရိကန်နိုင်ငံ၊ အရီဇိုးနား ပြည်နယ်တွင် လူဖြူရဲအရာရှိ တစ်ဦးက လက်နက်မဲ့ လူမည်း တစ်ဦးကို ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လူဖြူရဲတပ်ဖွဲ့ဝင်များက သံသယရှိသူ လူမည်းများကို ရက်စက်ကြမ်းတမ်းစွာ ပြုမူနေမှုများအတွက် အမေရိကန် တနံတလျားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်နေစဉ် အတောအတွင်း အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာပြန်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ (၃)ရက်က ဖီးနစ်မြို့တွင် ရဲတစ်ဦးက မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ လူမည်းတစ်ဦးကို စစ်ဆေးစဉ် ၎င်းက ရုန်းကန်ပြီး အိတ်ထဲ လက်နှိုက်ထားပြီး ပြန်ထုတ်ချိန်တွင် ရဲအရာရှိက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ရဲအရာရှိက သံသယ တရားခံ အနေဖြင့် သေနတ်ဆွဲထုတ်သည်ဟု ယူဆသောကြောင့် ပစ်ခတ်ခဲ့ခြင်းဟု ဝန်ခံခဲ့သော်လည်း ၎င်း၏ အိတ်ထဲတွင် ဆေးပြားအနည်းငယ်သာ ရှိနေသည်။

သေဆုံးသူ ရူမိန်းဘရစ္စဘွန်းသည် ရင်ဘတ်တွင် ကျည်ဆန်နှစ်ချက် ထိမှန်ခဲ့ကြောင်းလည်း သိရသည်။ စတိုးဆိုင် တစ်ခု၏ အပြင်ဘက်တွင် ရဲအရာရှိက သတင်းအရ ရှာဖွေမှု ပြုလုပ်ရင်း အဆိုပါ အခြေအနေဆိုး ပေါ်ပေါက်ခဲ့ခြင်းဟု ဖီးနစ်ရဲတပ်ဖွဲ့က ကြေညာသည်။

“ဘရစ္စဘွန်းက ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာ အိတ်ထဲ လက်နှိုက်လိုက်တယ်။ အဲဒါကို ရဲအရာရှိက ဝင်ချုပ်ထားတယ်။ ပြီးတော့ အိတ်ထဲကနေ လက်မထုတ်ဖို့ အတန်တန် ပြောနေတယ်။ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယရှိသူ အနေနဲ့ သေနတ်တစ်လက် ဆောင်ထားတယ်လို့ ယူဆနေပါတယ်”ဟု ဖီးနစ်ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ဖြစ်ရပ်အတွင်း ဘရစ္စဘွန်းသည် ပွဲချင်းပြီး သေဆုံးပြီး ရဲအရာရှိ အနေဖြင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဟုလည်း ဆိုသည်။

ဩဂုတ်လ အတွင်းက မဇ္ဇူရီပြည်နယ်၊ ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းဆယ်ကျော်သက် တစ်ဦးကို လူဖြူရဲအရာရှိ တစ်ဦးက ပစ်သတ်မှုမှ အစပြုကာ အလားတူ အခြေအနေအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်ရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ဇူလိုင်လအတွင်းက လူမည်းတစ်ဦးကို ရဲအရာရှိတစ်ဦးက အကြမ်းပတမ်း ဖမ်းဆီးရင်း အသက်ရှူကျပ် သေဆုံးမှုတွင် ရဲအရာရှိကို စွဲချက်တင်ရန် အကြောင်းမရှိဟု ဂျူရီဆုံးဖြတ်ချက်တစ်ခု ဒီဇင်ဘာ (၃)ရက်က ထွက်ပေါ်လာရာ အခြေအနေများ ပိုမိုရှုပ်ထွေးလာခဲ့သည်။

_Ref: Channelnewsasia

ကျန်းမာရေး အခြေအနေကြောင့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ပွဲ အခမ်းအနားကို ပယ်ဖျက်ခဲ့ရ

ကျန်းမာရေး အခြေအနေကြောင့် သက်တော် (၈၇)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ဘုရင်မင်းမြတ် ဘူမီဘိုလ် အဒူလိုင်ယက်ဂ်ျ အနေဖြင့် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသဖြင့် ပယ်ဖျက်ခဲ့ကြောင်း ထိုင်းဘုရင့်နန်းတော်က ကြေညာခဲ့သည်။

တော်ဝင်မိသားစု၏ ဆရာဝန်များက ဒီဇင်ဘာ(၅)ရက်တွင် ကျရောက်သည့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့အတွက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ရန် မသင့်ကြောင်း အကြံပြုကာ ဘုရင်မင်းမြတ်ကို အနားယူနေစေကြောင်း ထိုင်းနန်းတော်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဘုရင်မင်းမြတ် ဘူမီဘိုလ်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး အုပ်ချုပ်နေသည့် ထီးဆောင်းဘုရင် တစ်ပါးဖြစ်ပြီး ထိုင်းပြည်သူလူထု၏ ရိုသေလေးစားမှုကို ခံယူခွင့် ရရှိထားသည်။ ထိုင်းနိုင်ငံ၏ ထီးနန်းကို ဆယ်စုနှစ် ခြောက်ခုကျော်ကြာ စိုးစံခဲ့သည့် ဘုရင်ကြီးသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းက ကျန်းမာရေး ယိုယွင်းလာသဖြင့် မကြာခဏ ဆေးရုံတက်ခဲ့ရသည်။

“ဘုရင်မင်းမြတ်ရဲ့ ကျန်းမာရေးကို တော်ဝင်မိသားစုရဲ့ ဆရာဝန် အဖွဲ့တစ်ခုက ဒီဇင်ဘာ (၄)ရက် ညနေပိုင်းမှာ လာရောက် စစ်ဆေးခဲ့ပါတယ်။ ဘုရင်မင်းမြတ်ဟာ လူထုဗိုလ်ပါ ပရိသတ် ရှေ့မှောက်ကို ထွက်ပေါ်လာပြီး တော်ဝင် အခမ်းအနား တစ်ရပ်ကို တက်ရောက်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဆရာဝန်တွေက သဘောတူခဲ့ကြတယ်။ ဒါကြောင့်လည်း မွေးနေ့ပွဲ ကျင်းပမယ့် တော်ဝင်မိသားစုရဲ့ အခမ်းအနားကို ပယ်ဖျက်ခဲ့ပါတယ်”ဟု တော်ဝင်မိသားစုရေးရာ ဗြူရိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဘုရင်မင်းမြတ် ဘူမီဘိုလ်သည် အောက်တိုဘာလ အတွင်းက သည်းခြေအိတ် ရောင်ရမ်းမှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နိုဝင်ဘာလ အစောပိုင်းတွင် လူအများရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်၏ မွေးနေ့ကို ဖခင်နေ့ဟုလည်း ဂုဏ်ပြုခေါ်ဝေါ်ပြီး အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ဂုဏ်ပြုသလို အဆိုပါနေ့တွင် တော်ဝင်မိသားစု၏ ပုံရိပ်ကို ဖော်ဆောင်သည့် အဝါရောင် အလံများကို လွှင့်ထူလေ့ရှိကြောင်း သိရသည်။

_Ref:Channelnewsasia

ဖိလစ်ပိုင် နိုင်ငံဘက်သို့ စူပါတိုင်ဖွန်းအဆင့် မုန်တိုင်းကြီး ဟာဂူပစ် ဦးတည်ရွေ့လျားနေ

အင်အားပြင်းထန်သည့် စူပါတိုင်ဖွန်းအဆင့်ရှိ မုန်တိုင်းကြီး တစ်ခုသည် ဖိလစ်ပိုင် နိုင်ငံသို့ ဦးတည်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း တိုင်ဖွန်းမုန်တိုင်းများ၏ ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် ကျွန်းနိုင်ငံ အနေဖြင့် နောက်ထပ် အလားတူ သဘာဝ ဘေးအန္တရာယ် ခြိမ်းခြောက်မှု တစ်ခုနှင့် ကြုံလာဖွယ် ရှိနေသည်။

မိုးလေဝသ ပညာရှင်များက ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တိုက်ခတ်နေသည့် ဟာဂူပစ် (Hagupit) မုန်တိုင်းကြီး၏ လေတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ (၂၄၀)နှုန်းထိ ရှိနေပြီး ဖိလစ်ပိုင်ဘက်သို့ တရွေ့ရွေ့ ဦးတည်နေကြောင်း သတိပေးထားသည်။ သို့သော်လည်း အဆိုပါ စူပါတိုင်ဖွန်း မုန်တိုင်းကြီးမှာ မည်သည့်နေရာမှ ကုန်းတွင်းဝင် တိုက်ခတ်မည် ဆိုသည်ကိုမူ ခန့်မှန်းရန် စောလွန်းနေသေးကြောင်း သိရသည်။

ကနဦး ခန့်မှန်းချက်များအရ ဟာဂူပစ် မုန်တိုင်းသည် ဒီဇင်ဘာ (၆)ရက်တွင် ဖိလစ်ပိုင် အရှေ့ပိုင်း ကျွန်းများသို့ စတင်ဝင်ရောက် တိုက်ခတ်လာဖွယ် ရှိနေသည်။ “အရာရာအတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားရအောင်”ဟု ဖိလစ်ပိုင် သမ္မတ ဘီနစ်ဂ်နို အကွီနိုက ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောကြားခဲ့သည်။

ဖိလစ်ပိုင် မိုးလေဝသ ဌာနက လေပြင်းများကြောင့် အိမ်ခြေ အဆောက်အအုံများ၊ သစ်ပင်နှင့် ဓာတ်တိုင်များ လဲပြိုပျက်စီးနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင် နိုင်ငံသည် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလ အတွင်းက လူပေါင်း (၇၃၅၀)ကျော် သေဆုံးသည့် စူပါတိုင်ဖွန်းကြီး ဟိုင်ယန် (Haiyan)နှင့် ကြုံခဲ့ရပြီး ယခုမှ နာလန်ထ ပြန်လည်ထူထောင်နိုင်ကာစ အခြေအနေတွင် ရှိနေသည်။

“ဟိုင်ယန် မုန်တိုင်းကြီးနဲ့ ကြုံရတုန်းက ကျွန်မ အသက်ရှင်ခဲ့တယ်။ ဟာဂူပစ်နဲ့ ကြုံရတဲ့အခါမှာလည်း ဘုရားသခင်က ကျွန်မကို စောင့်ရှောက် ကယ်တင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု အသက်(၉၄)နှစ်ရှိ အဖွားအို ဖလော်ရန်တီနာ အက်ဇ်ကာဂါက ပြောကြားခဲ့သည်။ အက်ဇ်ကာဂါနှင့် မိသားစုတို့သည် ကမ်းရိုးတန်း ဒေသရှိ နေအိမ်ကို စွန့်ခွာကာ ရာဂဏန်းမျှရှိသည့် အခြားသော အိမ်နီးချင်းများနှင့်အတူ အားကစားရုံကြီး တစ်ခုထဲ ရွှေ့ပြောင်းကာ လေဘေးခိုလှုံရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဟာဂူပစ် မုန်တိုင်းသည် လက်ရှိအချိန်တွင် ဖိလစ်ပိုင် ကမ်းရိုးတန်းနှင့် ကီလိုမီတာ (၇၀၀)မျှ ကွာဝေးသည့် နေရာတွင် ရှိနေဆဲဖြစ်ပြီး နိုင်ငံ၏ မည်သည့်အစိတ်အပိုင်းသို့ ဝင်ရောက်မည်ကို ခန့်မှန်းရန် မလွယ်သေးကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ နိုဝင်ဘာလ (၄)ရက် ကတည်းက ဖိလစ်ပိုင် အရှေ့ပိုင်းတွင် ကျောင်းများကို ပိတ်ထားစေပြီး သင်္ဘောများကိုလည်း ကမ်းခြေမှ မခွာရန် အမိန့်ထုတ်ထားကြောင်း သှိရိရသည်။

_Ref: Channelnewsasia

အစ္စရေးအား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်သည့် ဥပဒေ မူကြမ်းကို အမေရိကန်ကွန်ကရက်က အတည်ပြု

အမေရိကန်လွှတ်တော်အမတ် များသည် မကြာသေးခင်က တင်းမာ မှုများရှိ ခဲ့သော နှစ်နိုင်ငံပူးပေါင်းရေး သဘောတူညီချက်အတွက် အစ္စရေး အား အမေရိကန်၏ အဓိကကျသော မဟာဗျူဟာဆိုင်ရာ မိတ်ဖက်နိုင်ငံ အဖြစ်သတ်မှတ်ရေး ဥပဒေတစ်ရပ် အတည်ပြုရန် ယမန်နေ့က တညီတ ညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြကြောင်း AFP သတင်းများအရ သိရသည်။

အောက်လွှတ်တော်သည် ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ စွမ်းအင်၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ရေစီမံခန့်ခွဲရေးတို့နှင့် ပတ်သက်ပြီး ပူးပေါင်းမှု တိုးမြှင့်ပေး မည့် အမေရိကန်- အစ္စရေး မဟာ ဗျူဟာဆိုင်ရာ ပူးပေါင်းရေး အက် ဥပဒေ ၂၀၁၄ ကို အတည်ပြုခဲ့ကြ သည်။

စက်တင်ဘာလက အထက် လွှတ်တော်က အတည်ပြုခဲ့သော အဆိုပါ ဥပဒေမူကြမ်းကို ယခုအချိန် တွင် အမေရိကန်သမ္မတဘားရက်အို ဘားမားက လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

ထိုဥပဒေသည် ပင်တဂွန်အနေ ဖြင့် အရှေ့အလယ်ပိုင်း စစ်ဆင်ရေး များ ပိုမိုပြုလုပ်နိုင်ရေးအတွက် အစ္စရေးရှိ အမေရိကန်လက်နက်သို လှောင်မှုကို တိုးမြှင့်ပေးမည် ဖြစ်သည်။ အရေးပေါ်အခြေအနေဖြစ်ပါက ထိုလက်နက်များကို အစ္စရေးအား အသုံးပြုခွင့်ပေးထားကြောင်းလည်း သိရသည်။

ယခုနှစ်အစောပိုင်းက ကွန်ကရက်သည် အစ္စရေး၏Iron Dame ဒုံးပျံကာ ကွယ်ရေးစနစ်အ တွက် အမေရိကန်ထောက်ပံ့ငွေကို ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၃၅၁ သန်းအထိ တိုးမြှင့်ခဲ့သည်။

''အစ္စရေး ဟာသိပ်ကို အမှောင်ဖုံးလွှမ်းနေတဲ့ ဒေသမှာ တောက်ပတဲ့အ လင်းရောင် တစ်ခုဖြစ်ပါတယ်''ဟု ဒီမိုကရက်တစ် Eliot Engel က ပြောခဲ့သည်။

''အစ္စရေးအတွက် ခြိမ်းခြောက် မှု အန္တရာယ်တွေကနေ လွတ်ကင်း အောင် ကျွန်တော်တို့ အလုပ်လုပ်ရ ပါမယ်''ဟု နိုင်ငံခြားရေးရာကော်မတီ အဖွဲ့ဝင်Ea Royce က ပြောကြား ခဲ့သည်။ အိုဘားမားစီမံခန့်ခွဲရေး သည် အမေရိကန် နည်းပညာနှင့် ပစ္စည်းတချို့ကို အစ္စရေးအား လွတ်လပ်စွာတင်သွင်းခွင့်ပေးခြင်း တို့လည်း အဆိုပါဥပဒေတွင် ပါဝင် ကြောင်း သိရသည်။

Ref : AFP  (Democracytoday)

လေအိတ်ပြဿနာကြောင့် တိုယိုတာကုမ္ပဏီက ကားအစီးရေ ၁၉ဝဝဝဝကျော် ပြန်လည်ရုပ်သိမ်း

တိုယိုတာမော်တော်ကား ကုမ္ပဏီ က ဂျပန်နှင့် တရုတ်နိုင်ငံများမှ မော် တော်ကားစီးရေ ၁၉ဝဝဝဝအား ပြန် လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ တာကာတာကုမ္ပဏီ ကထုတ်လုပ်ခဲ့သည့် အရှေ့ပိုင်းထိုင် ခုံနံဘေးမှ လေအိတ်မှာ အဆင်မပြေ ၍ဖြစ်ကြောင်း၊ အသစ်ပြန်လည်လဲလှယ် ရမည်ဖြစ်ကြောင်း၊ ဤသို့ ပြန်ရုပ်သိမ်း ရခြင်းမှာ နောက်ဆုံးဖြစ်ပြီး ကားလုံ ခြုံရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ အနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင် နေရကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

တာကာတာလေအိတ်များကို ပြန်လည်ရုပ်သိမ်းနေခဲ့ရာ တိုယိုတာ ၏ ၂ဝ၁၃ခုနှစ်မော်ဒယ် Will Cypha ကားများ၌ တပ်ဆင်ခဲ့ပြီး လွန်ခဲ့သော လက
ပြန်လည်ဖြုတ်ခဲ့ ရကြောင်း ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တိုယိုတာကုမ္ပဏီသည် ဂျပန် နိုင်ငံအတွင်း မော်ဒယ် ၁၉ မျိုးပါ ဝင်သည့် ကားပေါင်း ၁၈၅ဝဝဝကို လည်း ပြန်လည်ရုပ်သိမ်းရမည်ဖြစ် ရာ Corolla နှင့် Alphard တို့ပါဝင် သည်။

အခြားမော်ဒယ်ကားအစီး ၅ဝဝဝ ကိုလည်း တရုတ်ပြည်တွင် ပြန်လည် ရုပ်သိမ်းရမည် ဖြစ်သည်။

တိုယိုတာက ၄င်းအနေဖြင့် အဆိုပါကားများအား ကြိုတင်သတိ ပေးချက်အဖြစ် ပြန်လည်ရုပ်သိမ်း ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြဿနာ များ တစ်စုံတစ်ရာဖြစ်သည်ကိုမူ မ ကြားရသေးဟု ဆိုသည်။

Reuters (Democracytoday)

IS တို့၏ နောက်ဆုံးပေါ်လူသတ်လက်နက် (သို့) ၁ဝပေရှည်သော ရိုင်ဖယ်သေနတ်

IS အကြမ်းဖက်အဖွဲ့တွင် အလျား ၁ဝ ပေရှိပြီး သာမန်ထက် သုံးဆပို၍ကြီးသည့် ကျည်ဆန်ထည့်၍ ပစ်ခတ်နိုင်သော လူသတ်လက်နက် သစ်တစ်မျိုးကို ပိုင်ဆိုင်ထားကြောင်း Daily Mail သတင်းအရ သိရသည်။

သာမန်ထက်ပို၍ကြီးမားသော ယင်းရိုင်ဖယ်သေနတ်ကိုပစ်ခတ်၍ သုံးချောင်းထောက်ဒေါက်နှစ်ချောင်းကို အသုံးပြုရပြီး ထိုသေနတ်ကို အသုံးပြု၍ တိုက်ပွဲဝင်နေသော ခိုဘာနီ မြို့မှ IS စစ်သွေးကြွ တစ်ဦး၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် ထိုသို့ရေးသားဖော်ပြခဲ့ခြင်းလည်း ဖြစ် သည်။

ထိုရိုင်ဖယ်သေနတ်အသစ်တွင် ၂၃မီလီမီတာကျည်ဆန်များကို ထည့်၍ ပစ်ခတ်နိုင်ပြီး ထိုအရွယ်အစားက သာမန်ကျည်ဆန်များထက် များစွာကြီးမားသည်။

လတ်တလောအချိန်၌ လူသတ်လက်နက်အသစ်၏ အကျိုး သက်ရောက်မှုနှင့် ပတ်သက်၍ အမျိုးမျိုးငြင်းခုံနေကြဆဲဖြစ်သော် လည်း လက်နက်ရေးရာကျွမ်းကျင် သူ ဒေးဗစ်ဒေဆန်၏ပြောကြားမှုအရ ထိုသေနတ်၏ အကျိုးသက်ရောက်မှု ကို အတည်ပြုရေးအတွက် အဓိက ပြဿနာမှာ ယင်းသေနတ်ပြောင်း၏ အကျယ်မည်မျှ ရှိမည်ဆိုခြင်းကို မည် သူ မှ တိတိကျကျမသိရခြင်းဟု ယင်း ကဆိုသည်။

သို့သော်ထိုသေနတ် ပြောင်းအကျယ်က ယခုခန့်မှန်းနေကြ သကဲ့သို့ ၂၃ မီလီမီတာနှင့် များစွာမ ကွာခြားနိုင်သည်ဟုလည်း ၄င်းက သုံးသပ်သည်။

ဒုတိယနှင့် အရေး ပါဆုံးပြဿနာမှာ ထိုသေနတ်ကို မည်သို့ပြုလုပ်ထားသည်ဆိုခြင်း နှင့် ထိုသေနတ်ပြောင်းသည်မည် သို့ သောအမျိုးအစားဖြစ်သည်ဆို ခြင်းပင် ဖြစ်ကြောင်း ဒေဆန်က ပြောသည်။

ထို့အပြင်သေနတ်၏ အကျိုး သက်ရောက်မှုသည် သေနတ်ကျည် ဆန်တွင် အသုံးပြုသည့် ခဲယမ်းအ မျိုးအစားနှင့်လည်း သက်ဆိုင်နေ ကြောင်း၊ အကယ်၍ ထိုကျည်ဆန် သည် ၂၃ မီလီမီတာရှိပါက ယင်း သို့ မီးလောင်နိုင်သည့် အင်အားပြင်း ပေါက်ကွဲရေးပစ္စည်းများ (သို့)ဖျက် အားပြင်းခဲယမ်းများ ထည့်သွင်းနိုင် ကြောင်းလည်း ဒေဆန်ကပြောသည်။

ဒေဆန်က ဖော်ပြပါကျည်ဆန် များသည် လူများကိုသာမက လက် နက်တင်ဆောင်ထားသည့် အပေါ့ စားယာဉ်ငယ်များကိုပင် ဖျက်ဆီးနိုင် ကြောင်းလည်း ဆက်လက်ပြောကြား ခဲ့သည်။

Ref, Mail Online  (Democracytoday)

တရုတ်တွင် သေဒဏ်ခံ အကျဉ်းသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရယူခြင်းကို ရပ်တန့်တော့မည်ဟုဆို

တရုတ်နိုင်ငံတွင် သေဒဏ်ကျခံရသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ယူငင်ကာ ဆေးဘက်ဆိုင်ရာ အစားထိုး ကုသမှုများ ပြုလုပ်နေခြင်းအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ် သတင်းစာ တစ်စောင်က အဆိုပါ သတင်းကို ဖော်ပြခဲ့ပြီး ယင်းမတိုင်မီကလည်း တရုတ်အာဏာပိုင်များသည် အလားတူ ကတိမျိုး အကြိမ်ကြိမ် ပေးခဲ့ပြီး တည်တံ့အောင် မဆောင်ရွက်နိုင်ခဲ့ဟု သိရသည်။

တရုတ်နိုင်ငံတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသမှုအတွက် အစားထိုး အစိတ်အပိုင်းများ လိုအပ်ချက် ကြီးမားစွာ ရှိနေပြီး အလှူရှင် နည်းပါးခြင်းက ပြဿနာကြီးတစ်ခု ဖြစ်နေသည်။ ထို့ကြောင့်လည်း သေဒဏ်ကျခံရသည့် အကျဉ်းသားများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ ရယူရန် အဓိက ရင်းမြစ်ကြီးသဖွယ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည်။

တောင်းဆိုမှုကြီးမားသော အခြေအနေတွင် သေဒဏ်ခံ အကျဉ်းသားများကို ယင်းကဲ့သို့ အသုံးချနေမှုမျိုး ရှိနေရသော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများကိုလည်း တရုတ်အာဏာပိုင်များ အနေဖြင့် ကြုံတွေ့ခဲ့ရသည်။ လူ့အခွင့်အရေး အဖွဲ့များက သေဒဏ်ပေးလိုက်သည့် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများ ဆန္ဒမပါဘဲ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရယူနေကြောင်း စွပ်စွဲခဲ့သော်လည်း တရုတ်အစိုးရက ယင်းကို တွင်တွင်ငြင်းဆိုထားသည်။

ဆောက်သမ်း မက်ထရိုပိုလစ် နေ့စဉ်ထုတ် သတင်းစာက တရုတ် ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းရေး ကော်မတီမှ အကြီးအကဲဖြစ်သူ ဟွမ်ဂျီဖူ၏ အဆိုကို ကိုးကားပြီး လာမည့်နှစ်၊ ဇန်နဝါရီ (၁)ရက်မှ စတင်ကာ သေဒဏ်ချမှတ်ခံရသည့် အကျဉ်းသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ရယူနေမှုကို ရပ်တန့်တော့မည်ဟု ဖော်ပြခဲ့သည်။

ယခင် ကျန်းမာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် ဟွမ်က ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသရန် လိုအပ်နေသည့် လူနာများအတွက် ယခုအခါ မျှော်လင့်စရာ ရင်းမြစ်သည် စေတနာအလျောက် လှူဒါန်းသူများသာ ရှိတော့မည်ဟု ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ကူးသန်းရောင်းဝယ်မှုကို (၂၀၀၇)ခုနှစ်တွင် ဥပဒေထုတ်ပြန် တားမြစ်ခဲ့သော်လည်း လူဦးရေ (၁.၃) ဘီလီယံကျော် ရှိနေသည့် နိုင်ငံတွင် ယင်းအတွက် လိုအပ်ချက်မှာ ကြီးကြီးမားမား ရှိနေဆဲ ဖြစ်သည်။

ဟွမ်၏ အဆိုအရ တရုတ်နိုင်ငံတွင်  နှစ်စဉ်နှစ်တိုင်း ခန္ဓာကိုယ် အစိတ်အပိုင်း အရေးပေါ် အစားထိုး ကုသရန် လိုအပ်သူ အရေအတွက် (၃၀၀၀၀၀)ကျော် ရှိသော်လည်း အမှန်တကယ် အစားထိုး ကုသပေးနိုင်မှု အရေအတွက်သည် နှစ်စဉ် (၁၀၀၀၀)ခန့်သာ ရှိနေကြောင်း သိရသည်။

တရုတ်တွင် လူဦးရေ (၁)သန်း၌ ခန္ဓာကိုယ် အစိတ်အပိုင်း အလှူရှင် (၀.၆)ဦးသာ ရှိနေရာ စပိန်ကဲ့သို့ လူ(၁)သန်းတွင် ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းသူ (၃၇)ဦးထိ ရှိနေသည့် စပိန်ကဲ့သို့ နိုင်ငံမျိုးနှင့် သိသာစွာ ကွာဟလျက် ရှိသည်။

“လူတွေက ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုနဲ့ ပတ်သက်ရင် မျှတရမယ်၊ တရားနည်းလမ်း ကျရမယ်၊ ပွင့်လင်းတဲ့ အခြေအနေ ရှိရမယ်လို့ ပြောကြတယ်။ ဒါက မှန်ကန်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အကြောင်းပြချက် တစ်ခုလည်း ရှိသေးတယ်။ ဒီအခြေအနေတွေဟာ ခက်ခဲတဲ့ အကန့်အသတ်တွေကိုလည်း ဖြစ်ပေါ်လာစေတတ်တယ် ဆိုတာပါ”ဟု ဟွမ်၏  အဆိုကို ကိုးကားပြီး သတင်းစာက ရေးသားခဲ့သည်။

တရုတ်အစိုးရသည် ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှုနှင့် ပတ်သက်၍ အစီအစဉ်သစ်တစ်ခု ပြုလုပ်ခဲ့ပြီးနောက် (၂၀၁၄)ခုနှစ် တစ်နှစ်တာ မကုန်ဆုံးမီတွင် လှူဒါန်းသူ စေတနာရှင် (၁၅၀၀)ခန့် ရှိလာသည်။ ယင်းသည် လွန်ခဲ့သည့် (၄)နှစ်တာအတွင်း စုစုပေါင်း အလှူရှင် ပမာဏထက် ပိုမိုများပြားကြောင်းလည်း သိရသည်။

_Ref: Channelnewsasia

ရုရှားတွင် ရေနံစိမ်းလီတာ သန်းချီ ယိုစိမ့်

ရေနံစိမ်းလီတာ သန်းချီပြီး ပိုက်လိုင်းထဲကနေ ရုတ်တရက်စီးထွက်လာလို့ အစ္စရေးတောင်ပိုင်း ဂျော်ဒန်နယ်စပ်နားက သဘာဝကြိုးဝိုင်း ဧက ၂၀၀ လောက်ကို လွှမ်းမိုးခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြောပါတယ်။
အစ္စရေး သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကတော့ ပင်လယ်နက်အပန်းဖြေစခန်းသာမြို့ ဖြစ်တဲ့ အိလတ်ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာက အခင်းဖြစ်ရာနေရာရဲ့ ကောင်းကင်ဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ညက  အီလတ် အက်ရှ်ကေလွန်ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းရေး လုပ်နေတုန်း မတော်တဆ ကျိုးပေါက်ခဲ့တာလို့ အစ္စရေးရေဒီယိုက အစီရင်ခံပါတယ်။

အစ္စရေး သဘာဝနဲ့ ပန်းခြံအာဏာပိုင်အဖွဲ့က ဒိုရွန် နစ်ဆင် ကတော့  ရေနံစိမ်းတွေ စီးအိုင်နေပြီး ရှားပါး ဒီးယားနဲ့ ဒေါင်မားထန်းပင်တွေ ရှိရာ အဲ့ဗ်ရိုနာ သစ်တောကြိုးဝိုင်းရဲ့ ဧက ၄၂၅၀ အကျယ်ကို ပြန့်နှံ့မယ့်ပုံပေါ်တယ်လို့ ဆိုပါတယ်။

မိုးသည်းမှု မရှိတဲ့အတွက် ရေနံစိမ်းတွေကို ဆေးချသလိုဖြစ်ပြီး ပင်လယ်နီထဲက ပင်လယ်သတ္တ၀ါတွေကို ဘေးသင့်မယ့် အခွင့်အလမ်းတော့ နည်းသွားတယ်။ ဒါပေမယ့် အင်းဆက်နဲ့ တွားသွား သတ္တ၀ါတွေကိုတော့ ဘေးသင့်မယ်လို့ သူက ဆက်ပြောပါတယ်။

လူ ၃ ယောက်က အငွေ့တွေ ရှုမိလို့ ဆေးရုံတင်ထားရတယ်လို့ ရဲက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အရာရှိကတော့ ရေနံစိမ်း လီတာသန်းချီ ယိုဖိတ်မှုကို ပြန်ပြီး နဂိုအတိုင်း ဖြစ်အောင် လုပ်ဖို့ လနဲ့ချီ အချိန်ယူရမယ်လို့ အစ္စရေးရေဒီယိုကို ပြောပါတယ်။

DVB

ကင်ဂျုံအန်းကို သရော်ထားတဲ့ The Interview ရုပ်ရှင် ခိုးယူဖောက်ထွင်းခံရ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို သရော်ထားတဲ့ ရုပ်ရှင်ဟာ ထုတ်ဝေဖြန့်ချီမယ့် ရက်မတိုင်ခင်မှာပဲ ခိုးယူခံလိုက်ရပြီး အင်တာနက်ပေါ် ရောက်သွားခဲ့ပါတယ်။ အဲဒီ ဆိုက်ဘာ ပြစ်မှုကြီးကတော့ ပြီးခဲ့တဲ့သတင်းပတ်က ဖြစ်ပွားခဲ့ရတာပါ။
ဆိုနီရုပ်ရှင် ကုမ္ပဏီရဲ့ ကွန်ပျူတာ စနစ် ဖောက်ထွင်းခံရပြီး အဲဒီ The Interview ဆိုတဲ့ ရုပ်ရှင် အွန်လိုင်းပေါ် ရောက်သွားမှုကို   စုံစမ်းစစ်ဆေးနေတယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။

အဲဒီ ဟာသ ရုပ်ရှင်ဇာတ်ကားကို ပိတ်ပင်ပေးဖို့ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်
ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့ကို ဇွန်လက တောင်းဆိုခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဆိုနီရုပ်ရှင် ကုမ္မဏီရဲ့ ကွန်ပျူတာ စနစ်ကို ဖောက်ထွင်းတဲ့ ဆိုက်ဘာပြစ်မှုမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင် ပတ်သက်ဖွယ် ရှိတယ်လို့ သံသယ ဖြစ်ကြပေမယ့် မြောက်ကိုရီးယားဘက်ကတော့ ၀န်ခံ မထားသလို မပတ်သက်ဘူးလို့လည်း မပြောပါဘူး၊ ဒီကိစ္စ စောင့်ကြည့်ဖို့သာ အစိုးရပြောခွင့်ရ အရာရှိတယောက်က ဆိုထားပါတယ်။

သတင်းမှာရေးထားတာက မြောက်ကိုရီးယားတွေဟာ ဒီဆိုက်ဘာတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ရှိနေတယ် ဆိုရင် ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး တဲ့။

 ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကလည်း သူတို့ရဲ့ ဒစ်ဂျစ်တယ် တပ်မတော်ဆိုတာက တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရ အင်တာနက် စာမျက်နှာပေါင်း သုံးထောင်လောက်ကို ဖောက်ထွင်း ခဲ့တယ်လို့ ယုံကြည် ရတဲ့အကြောင်း တောင် ကိုရီးယား  Police Policy Institute ရဲ့ ပညာရှင် တွေက ပြောဆိုထားပါတယ်။

လူအများ စိတ်ဝင်တစား မျှော်လင့်နေတဲ့ The Interview ဟာသရုပ်ရှင်ဇာတ်ကား နမူနာကို ဆိုနီ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီက အွန်လိုင်းမှာ  တင်ထားပါတယ်။

အဲဒီ နမူနာကို  ဧရာဝတီ ပရိသတ်  ခံစားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ အင်တာနက် လိုင်းကောင်းသူတွေကတော့ ဒီ ယူကျူ နမူနာရုပ်ရှင်ကို ကြည့်လို့ ရနိုင်ပါလိမ့်မယ်။

ဇာတ်လမ်းကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အင်တာဗျူး ရခဲ့သူတဦး ဘာတွေ ကြုံတွေ့ခဲ့ရသလဲ ဆိုတာကို ဟာသ ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

Irrawaddy's Blog
https://www.youtube.com/watch?v=KpyVENBPj5c

သမိုင်းထဲက ဒီနေ့။ထိုင်းဘုရင်မင်းမြတ်ရဲ့ ၈၆ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်

ဒီဇင်ဘာ ၅ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေ များစွာရှိသလို ဒီဇင်ဘာ ၅ ရက်နေ့မှာ မွေးဖွားခဲ့ကြတဲ့ ထင်ရှားကျော်ကြားသူများလည်း များစွာ ရှိပါတယ်။
ထိုနေ့များထဲမှာမှ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ရဲ့ လက်ရှိ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျ ရဲ့ ၈၆ နှစ်မြောက် မွေးနေ့လဲ ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ကို ဘုရင် ရာမ ၉ လို့လဲ သိကြပါတယ်။
ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ၊ မန်ဆာချူးဆက်ပြည်နယ် ၊ ကမ်းဘရေခ်ျ မှာ မွေးဖွားခဲ့ပါတယ်။ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျ အပါအ၀င် ထိုင်းနိုင်ငံတစ်ဝန်းအများစု ယုံကြည် ကိုးကွယ်တာ ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။
ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျ ကို ထိုင်းနိုင်ငံသူ ၊ နိုင်ငံသားတွေက အလွန် ရိုသေလေးမြတ်မှုကို ခံရတဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။

Ref : Wiki