ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.3.15

ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာပြီဟု ကာကွယ်ရေးဦးစီးချုပ်ပြောကြား

 တိုင်းပြည်အတွက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာပြီလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်လွတ်မြောက်ရေး (ကေအိုင်အို)အဖွဲ့နဲ့ နေပြည်တော်မှာ မတ်လ ၁၆ ရက်နေ့က တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေးနဲ့ ပက်သက်တဲ့ သဘောထားနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပွင့်လင်းစွာ တင်ပြမှုအတွက် ၀မ်းသာကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ၂ ဖက် တိုင်းရင်းသားတွေ ဆုံးရှုံးရတယ်လို့ ကာချပ်က ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အောက်ခြေအဆင့်ထိ လိုက်ပါပြီး သံသယတွေကို လျော့နည်း ပပျောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးမှုဟာ နောက်တချိန် တိုက်ပွဲတွေအတွက် ပြင်ဆင်တာ မဖြစ်စေလိုဘဲ နိုင်ငံရဲ့ ပညာရေး ကျန်းမာရေး၊လုံခြုံရေးတို့မှာ လက်တွေ့ကျကျ အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဒေါက်တာလားဂျာ ကလည်း တိုင်းရင်းသား အားလုံး စုစည်းပူးပေါင်း ထူထောင်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တည်ငြိမ် အေးချမ်းစွာနဲ့ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးဖို့ နိုင်ငံသား အားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တယ်ဆိုတာ အမှန်တရား ဖြစ်တဲ့အကြောင်း ၊ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့် ဖြေရှင်းဖို့ တိုင်းရင်းသား အားလုံး ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်း ဆွေးနွေးသွားတယ်လို့ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တခြားအရာရှိတွေ တက်ရောက်ပြီး ကေအိုင်အိုဘက်က အထွေထွေ အတွင်းရေးမှူးဒေါက်တာ လားဂျာ၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချပ် ဂွမ်မော်တို့ တက်ရောက်ခဲ့ပါတယ်။
Credit to>>>Myanmar Online News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ကေအိုင်အို ပြောကြား


ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကေအိုင်အို/ ကေအိုင်အေ အနေနှင့် ထာဝရ တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် ယုံကြည်မှုနှင့် အခြေခံကောင်းများ တည်ဆောက်ပြီး အောင်မြင် သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက နိုင်ငံတော် သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ပြောကြားသည်။

အစိုးရ၏ အမြဲတမ်း အတွင်းဝန်၊ လစာ (၂) သိန်းဖြင့် ခန့်အပ်မည်

အစိုးရ၏ အမြဲတမ်း အတွင်း ၀န်ရာထူးကို လစာနှစ်သိန်းဖြင့် ခန့်အပ် သွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
အမြဲတမ်း အတွင်းဝန် /တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်ကို ကျွန်တော်တို့ အသစ်ခန့်တာ မဟုတ်ပါဘူး။ ၀န်ကြီးဌာန တွေက လက်ရှိ ခန့်ထား ပြီးထဲက ညွှန်ကြားရေးမှူး ချုပ်/ ဦးဆောင် ညွှန်ကြားရေးမှူးတွေကို ရွေးချယ်ပြီး တာဝန်ပေး သွားမှာ ဖြစ်ပါတယ်။ မူလရှိရင်း ဖွဲ့စည်းပုံပါ ခန့်အပ်ပြီး အရာထမ်း များကို တာဝန် ပေးအပ်မှာ ဖြစ်ပါတယ်။ လစာ တိုးတောင်းခံမှု ကိုတော့ အကျိုး သက်ရောက်မှာ မဟုတ်ပါဘူး ဟု ၎င်းက ဆက်ပြောသည်။
အမြဲတန်း အတွင်းဝန် /ညွှန်ကြားရေးမှူးချုပ် အနေဖြင့် ၀န်ကြီးဌာန စီမံခန့်ခွဲရေး အဖွဲ့၏ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရ သောကြောင့် အတွင်းဝန်ဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ ၀န်ကြီး၊ ဒုတိယ၀န်ကြီးများ မရှိသည့် အခါတွင် လည်းကောင်း နိုင်ငံရေး တာဝန် အရ မရောက်လာကြ သေးသည့် အခါတွင် လည်းကောင်း ၀န်ကြီးဌာနများ၏ ဦးစီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် ဌာန ခွဲ၊ စသည် တို့ကို တာဝန်ခံ ဆောင်ရွက် ရမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင် စု ၀န်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
ခန့်အပ်ခြင်းခံ ရမည့် အတွင်းဝန်များ အနေဖြင့် တာဝန်နှစ်ခုနှင့် ချီးမြှင့်ငွေ နှစ်သိန်းကို ပူးတွဲရ ယူ၍ တာဝန် ထမ်းဆောင်ရမည် ဖြစ်ပြီး၊ အစိုးရ အဖွဲ့ အနေဖြင့် ၀န်ထမ်းများကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီစဉ်ကြောင့် ၀န်ကြီးဌာန (၂၃) ခုမှ အရာထမ်း (၁၂၉၁၈) ဦးနှင့် အမှုထမ်း (၁၂၃၃၆) ဦးကို လျော့ချခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။
Credit to>>>The Messenger News

13.3.15

ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် သပိတ်မှောက်ကျောင်းသား နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိဟု ပြော


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးမှ အစပြုခဲ့သည့် ကျောင်းသားသပိတ်လှုပ်ရှားမှုတွင် အစိုးရနှင့် ကျောင်းသားတို့ ဆွေးနွေးပွဲများ၌ နောက်ပိုင်းတွင် ပညာရေးဥပဒေအကြောင်း ဆွေးနွေးခြင်းထက် ချီတက်ပုံချီတက်နည်းကိုသာ အဓိကထား ဆွေးနွေးနေခြင်းကို အစိုးရနှင့် ကျောင်းသားများ နှစ်ဖက်စလုံးအား မေးခွန်းထုတ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်

သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး သွေးကြောပိတ်တာကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။
တလည်းသီးမှာ ဗီတာမင်စီ၊ဗီတာမင်ဘီ-၅၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို ဆန့် ကျင်သည့် ဂုဏ်သတ္တိနဲ့ သွေးဖိ အား ပုံမှန်ဖြစ်စေတဲ့ အစွမ်းသတ္တိ တွေရှိပြီး သွေးကြောပိတ်ဆို့တာ တွေကို ဖယ်ရှားရှင်းလင်းနိုင်စွမ်း ရှိပါတယ်။
တလည်းသီးဖျော်ရည် ရယ် ဒီမိတ်ဘူးတွေ ရှိပေမယ့် ကိုယ် တိုင် ကိုယ်ကျသဘာဝ ဖျော်ရည် လုပ်သောက်မယ်ဆိုရင်လည်း အလွယ်တကူ လုပ်နိုင်ပါတယ်။တလည်းသီးတစ်လုံးကိုယူပြီး အသီးပေါ် ဓားရာပေးပြီး ခွဲလိုက်ပါ။ ရေထည့်ထားတဲ့ ဇလုံတစ်လုံးထဲကို တလည်းသီးတွေခြွေချလိုက်ပါ။ ပြီးရင် ဆန်ခါလေးတစ်ခုနဲ့ ဆစ်ယူပြီး ဇွန်းတစ်ခုခုနဲ့ ဖိချပြီး အရည်ညှစ်နိုင်သလို အသီးဖျော်စက်ထဲထည့်ပြီးတော့လည်း ဖျော်လို့ရပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း တလည်းသီးဖျော်ရည် တစ်ဖန်ခွက်ကို လတ်လတ်ဆတ်ဆတ် သံပရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်း၊ သကြား၊ ဆား၊ ငရုတ် ကောင်းမှုန့် အနည်းငယ်စီနဲ့ ရေ၊ ရေခဲအနည်းငယ်ထည့်ပြီး ဖျော် သောက်နိုင်ပါတယ်။
ဖျော်ရည်လိုမဟုတ်ဘဲ အသီးအတိုင်းစားလည်း အကျိုးများတာကြောင့် တလည်းသီးလေး
စားပြီး နှလုံးရောဂါအတွက် ကာ ကွယ်ကြရအောင်ပါ။
-Ref: Wellnessbin
Credit to:7Day News

12.3.15

ထွက်ပြေးသွားသည့် ဗကသများ KIA ၊ TNLA ၊ ဖုန်ကြားရှင်တပ်ဖွဲ့တို့နှင့် ပေါင်းကာ အဖျက်အမှောက်များ လုပ်မည် ဟု သတင်းများ ထွက်ပေါ်

သပိတ်စစ်ကြောင်းများကို ဖြိုခွင်းပြီးနောက် ထွက်ပြေးသွားသည့် ဗကသများသည် KIA ၊ TNLA ၊ ဖုန်ကြားရှင်တပ်ဖွဲ့တို့နှင့် ပေါင်းကာ အဖျက်အမှောက်များ လုပ်မည် ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။