ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.5.15

မန်မာ ကျပ်ငွေ ဈေး နှုန်း ကျ ဆင်း ခြင်း နှင့်ပတ်သက်၍ ဗဟိုဘဏ်က စတင်အရေးယူ ဆောင်ရွက်ရန် စီစဉ် ….


 မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာကျပ်ငွေ ဈေးနှုန်း ကျဆင်းခြင်းအား အရေးယူ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ၌ ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပရာ မြန် မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ၊ ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ ၏ ငွေလဲလှယ် ကောင်တာများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ကျိုင်းလပ်မြို့ပြဖွံ့ဖြိုးရေးစီမံချက် အမြန်ရေးဆွဲအကောင်အထည်ဖော်ရန် သမ္မတညွှန်ကြား

 
 မြန်မာ-လာအိုချစ် ကြည်ရေးတံတားအနီးရှိ ကျိုင်း လပ်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ရန် မေလ ၁၁ ရက်တွင် ပြုလုပ်သည့် ကျိုင်းလပ်ဒေသဖွံ့ဖြိုးရေးအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆရာကြီးဦးသန်းဦးအား ဟာဝိုင်အီတက္ကသိုလ်က လူမှုအကျိုးပြုဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးအပ်

မြန်မာ့ပညာရေးလော ကတွင် ထင်ရှားသည့် အသက် (၈၈)နှစ်အရွယ် ဆရာကြီး ဦးသန်း ဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင် အီတက္ကသိုလ်က ပေးအပ်သော လူမှုအကျိုးပြုဂုဏ်ထူးဆောင်စာ ပေပါရဂူဘွဲ့ကို မေလ ၁၆ ရက် တွင် ကိုယ်တိုင်သွားရောက်လက် ခံရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

6.5.15

မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်

မကြာမီပြန်စမည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

5.5.15

လွှတ်တော်ပြန်လည်ကျင်းပမည့် မေ ၁၁ ရက်နောက်ပိုင်းမှသာ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်နိုင်မည်ဟု ဒေါက်တာအေးမောင် ပြောကြား


ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပမည့် မေ ၁၁ ရက် နောက်ပိုင်းမှသာ ဖြစ်နိုင်မည်ဟု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြုပါဝင်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

ဂါဇာတွင် လက်နက်ရှိရော လက်နက်မဲ့ရော တွေ့သမျှ ပစ်သတ်ရန် အစ္စရေး အမိန့်ပေးခဲ့

Gazans
(ဂါဇာ)။ ။ ဂါဇာကမ်းမြောက်တွင် အစ္စရေးတို့နောက်ဆုံး ကျုးကျော်ထားသည့် နေရာများတွင် တွေ့သမျှမည်သည့်ပုဂ္ဂိုလ်မဆို ပစ်သတ်မိန့် ထုတ်ထားကြောင်း အစ္စရေး စစ်သားများက သက်သေထွက်ဆိုထားသည်။

အပျက်အစီးများအောက် တစ်ပတ်ပိတ်မိခဲ့သည့် အသက် ၁၀၁ နှစ်ရှိ နီပေါအဘိုးအို သေကံမရောက်


ခတ္တမန္ဒူ၊ မေ ၄။    အိမ်အပျက်အစီးများအောက်တွင် သီတင်းပတ်တစ်ပတ်ကြာ ပိတ်မိခဲ့သော အသက် ၁၀၁ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ရဲတပ်ဖွဲ့က အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အရာရှိ ကာမယ်ဆင်းဘမ်က CNN သတင်းဌာနကို ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ကားတင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျဆင်းသွားဟု ၀န်ကြီးချုပ်ပြော


 ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန်နေရာရှိမှသာ ကားတင်သွင်းရန် သတ်မှတ်လိုက်ပြီးနောက် ယခင်က တစ်လလျှင် အစီးရေ ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြား ၀င်ရောက်နေရာမှ ယခု ကားအစီးရေ ၁,၅၀၀ မှ ၂,၀၀၀ ကြားသာ ၀င်ရောက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

4.5.15

ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် tool တစ်ခုကို Google ဖန်တီး


Google သည် ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် လူရှာဖွေသည့် tool တစ်ခုဖန်တီး ပေးခဲ့ကြောင်း APAC ဘလော့က ဖော်ပြခဲ့သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်နှင့် အောင်လက်မှတ်မိတ္တူ လျှောက်လွှာပုံစံများကို အွန်လိုင်းမှတစ်ဆင့်ယူကာ လျှောက်ထားနိုင်


တက္ကသိုလ်ဝင်တန်း/ အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်လက်မှတ်နှင့် အောင်လက်မှတ် မိတ္တူများကို ထုတ်ယူရန်အတွက် လျှောက်လွှာ ပုံစံများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဝက်ဘ်ဆိုက် ဖြစ်သော www.moemyanmar.net မှတစ်ဆင့် ဒေါင်းလုပ်ပြုလုပ်ကာ ဖြည့်စွက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။