ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.5.15

မြန်မာ့ပတ္တမြားကို ကမ္ဘာ့စံချိန်တင်ဈေး အမေရိကန်ဒေါ်လာသန်း ၃ဝ ဖြင့် ဂျီနီဗာတွင် လေလံတင်ရောင်းချခဲ့


၂၅ ဒသမ ၅၉ ကာရက်ရှိ ခို သွေး ပတ္တမြားကို ဂျီနီဗာတွင် မေ ၁၂ ရက်၌ လေလံတင်ရောင်းချရာ အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၃ သန်းရရှိရာ ¤င်းမှာ ကမ္ဘာတွင် စံချိန်တင် ဈေးရရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရှားပါးသော ပန်းရောင်စိန် သည်လည်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းရကြောင်း၊ ထို စိန်မှာ တစ်ခါက နပိုလီယန်၏တူ ပိုင်သည်ဆိုကြောငှ်းသအ့နဘပဒျ လေလံပစ်လုပ်ငန်းကဆိုသည်။

ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်းလေးရာချေးရန် ပြည်ထောင်စုလွှတ်တော်အတည်ပြု

  နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘဏ်အကူအညီဖြင့်စတင် မည့်  လူထုအခြေပြုစီမံကိန်း ဆောင်ရွက်ရန်  အမေရိကန် ဒေါ်လာသန်းလေးရာချေးယူခွင့် ရရန်  သမ္မတ၏တင်ပြလာမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်းသတင်း ရရှိသည်။

 ကမ္ဘာ့ဘဏ်မှချေးယူမည့် အမေရိကန်ဒေါ်လာသန်းလေးရာ သည်  အတိုးမဲ့ချေးငွေဖြစ်ကာ ဆိုင်းငံ့ကာလ  ခြောက်နှစ်နှင့်ပြန်ဆပ်ကာလ  ၃၂  နှစ်ဖြစ်ပြီး ထောက်ခံမဲ ၄၉၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၁၂ မဲ ရှိသော ကြောင့် ထောက်ခံသူများသဖြင့် ငွေချေးယူခွင့်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူညီခဲ့သည်။

13.5.15

တစ်လလျှင် မြွေဆိပ်ဖြေဆေး အလုံးတစ်သိန်း ထုတ်လုပ်နိုင်သည့် ဆေးဝါးစက်ရုံ သြဂုတ်လတွင် ဖွင့်လှစ်မည်

မြွေကိုက်ခံရသူများကို ဆေးဝါးမရှိသဖြင့် အသက်ဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍တစ်လလျှင် မြွေဆိပ်ဖြေဆေး အလုံးတစ်သိန်း ထုတ်လုပ်နိုင်သည့် မြွေဆိပ်ဖြေဆေး စက်ရုံကို အင်းစိန်မြို့နယ်၌ သြဂုတ်လတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။

နီပေါငလျင်ကြောင့် ၅၀ ကျော် သေဆုံး


 
နီပေါနိုင်ငံအတွင်း မေ ၁၂ ရက်နေ့က ပြင်းအား ၇.၅ နဲ့ ၆.၂ ရှိတဲ့ အင်အားပြင်းငလျင်ကြီး ၂ ခု လှုပ်ခတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က အင်အား ရစ်ချတ်တာစကေးလ် ၈.၁ ရှိတဲ့ ငလျင်လှုပ်အပြီး ရှင်သန် ကျန်ရစ်သူ တွေဟာ ယာယီ တဲတွေထဲမှာပဲ ရှိနေဆဲပါ။

၂၀၁၅ တွင် အနားယူမည့် ပင်စင်စား ဗိုလ်ချုပ်ကြီးများ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ဦးမည်

U-Htay-Oo၂၀၁၅ ခုနှစ်အကုန်တွင် တပ်မတော်မှ ပင်စင်ယူမည့် ဒုတိယ ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်အချို့တို့သည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအဖြစ်  ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်နိုင်ဖွယ် ရှိသည်ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ကွပ်မျက်ခံရဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယား စစ်ဦးစီးချုပ် ရွှန်ဟုန်ချူကို အမိန့်မနာခံမှုနှင့် သစ္စာဖောက်မှုများဖြင့် ပြုံယမ်းရှိ စစ်သင်တန်းကျောင်းတခုတွင် ကင်ဂျုံအွန်းက ကွပ်မျက်ခဲ့သည်ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ပြောကြောင်း Yonhap သတင်းဌာနက သတင်းရေးသားထားသည်။

12.5.15

မန်မာ ကျပ်ငွေ ဈေး နှုန်း ကျ ဆင်း ခြင်း နှင့်ပတ်သက်၍ ဗဟိုဘဏ်က စတင်အရေးယူ ဆောင်ရွက်ရန် စီစဉ် ….


 မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာကျပ်ငွေ ဈေးနှုန်း ကျဆင်းခြင်းအား အရေးယူ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ၌ ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပရာ မြန် မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ၊ ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ ၏ ငွေလဲလှယ် ကောင်တာများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ကျိုင်းလပ်မြို့ပြဖွံ့ဖြိုးရေးစီမံချက် အမြန်ရေးဆွဲအကောင်အထည်ဖော်ရန် သမ္မတညွှန်ကြား

 
 မြန်မာ-လာအိုချစ် ကြည်ရေးတံတားအနီးရှိ ကျိုင်း လပ်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အမြန်ဆုံး ရေးဆွဲအကောင်အထည်ဖော်ရန် မေလ ၁၁ ရက်တွင် ပြုလုပ်သည့် ကျိုင်းလပ်ဒေသဖွံ့ဖြိုးရေးအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆရာကြီးဦးသန်းဦးအား ဟာဝိုင်အီတက္ကသိုလ်က လူမှုအကျိုးပြုဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးအပ်

မြန်မာ့ပညာရေးလော ကတွင် ထင်ရှားသည့် အသက် (၈၈)နှစ်အရွယ် ဆရာကြီး ဦးသန်း ဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင် အီတက္ကသိုလ်က ပေးအပ်သော လူမှုအကျိုးပြုဂုဏ်ထူးဆောင်စာ ပေပါရဂူဘွဲ့ကို မေလ ၁၆ ရက် တွင် ကိုယ်တိုင်သွားရောက်လက် ခံရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

6.5.15

မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်

မကြာမီပြန်စမည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအပါအ၀င် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် မျိုးစောင့်ဥပဒေကြမ်းများကို အဓိကဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။