ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.6.15

ကြည့်ရတော့မယ့် အငဲရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲ

 အိုင်းရင်းခရော့စ်တေးဂီတအဖွဲ့မှ ပင်တိုင်အဆိုတော် အငဲ၏ ပထမဆုံး တစ်ကိုယ်တော်ဖြစ်သည့် Live 90 ဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက်တွင် စမ်းချောင်း ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။



အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲတွင် စတင် ဖျော်ဖြေမည်ဖြစ်ပြီး 4HD နှင့် 5 SPECICAL ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် စတင်ပြသပေးမည် ဖြစ်ကြောင်း 5 Plus ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် အစိုးရကိုယ်စားလှယ်များ၊ ပါတီအပေါ်သက်ဝင်ယုံကြည်သည့် ဒေသခံဝန်ထမ်းများ ၁၀၀ ကျော် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယခင်ကိုယ်စားလှယ်အချို့ကို အနားပေးရန်စီစဉ်နေဟု ဗဟိုကော်မတီဝင်အချို့ပြော

 ရန်ကုန်၊ မေ ၃၁-၂၀၁၅ရွေးကောက် ပွဲတွင် တပ်မတော်သားကိုယ်စားလှယ် များ အပါအဝင် အစိုးရကိုယ်စားလှယ် များ၊ ပါတီအပေါ်သက်ဝင်ယုံကြည် သည့် ဒေသခံဝန်ထမ်းများ ၁၀ဝကျော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ယခင် ကိုယ်စားလှယ်အချို့ ကိုအနားပေးရန် စီစဉ်နေကြောင်း အ ဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင်များ ထံမှ သိရသည်။

ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းက အဖြေမဟုတ်နိုင်ပါ


အစိုးရသစ်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို လေ့လာကြည့်ပါက GDP အစရှိသည့် Economic Indication အချို့တက်လာသည်ကို တွေ့ရသော်လည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အားနည်းနေသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ငွေကြေးဖောင်းပွလာခြင်းကို ဖြေရှင် မပေးနိုင်သည့်အတွက် အခြေခံလူတန်းစားတို့၏ စားဝတ်နေရေး ပိုပြီးကျပ်တည်းလာကြောင်း၊ အခြားတစ်ဖက်တွင် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေသဖြင့် နိုင်ငံအနေဖြင့် ပြည်ပ ကြွေးမြီများကို အတိတ်ကာလကဲ့သို့ပင် ထပ်မံယူနေရဆဲဖြစ်ပြီး ငွေစက္ကူသစ်များလည်း ရိုက်ထုတ်နေရကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

29.5.15

လှေစီးဒုက္ခသည်များ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလ စွပ်စွဲ

အရှေ့တောင်အာရှ လှေစီးဒုက္ခသည်များ ပြဿနာ၏ ဇစ်မြစ်သည် မြန်မာနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ စွပ်စွဲပြောကြားချက်ကို မြန်မာဘက်မှ ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ငပလီကမ်းခြေကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန်စီစဉ်

မြန်မာနိုင်ငံ၏ အလှပဆုံးကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေကို ခရီးသွားလာမှု လမ်းညွှန်တစ်ခုဖြစ်သည့် Trip Advison ၀က်ဘ်ဆိုက်မှ ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုစာရင်းတွင် ဖော်ပြခြင်းခံရသဖြင့် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ဘန်ကောက်မှ ငပလီသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း MTF မှသိရသည်။

“ငပလီကမ်းခြေက ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၂၅ ခုထဲမှာ တစ်ခုအပါအ၀င်ပါ။ အဓိက,က ထိုင်းခရီးသွားတွေနဲ့ ထိုင်းနိုင်ငံကိုလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေပါ ၀င်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ ဒီလေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲဖို့က ဒီနှစ်ကုန်လောက်မှာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ငပလီကမ်းခြေမှာ ခရီးသွားလုပ်ငန်းတွေလည်း အများကြီးတိုးတက် လာနိုင်ပါတယ်” ဟု MTF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ငပလီကမ်းခြေသည် ကမ်းခြေတစ်လျှောက်ရှိ သုံးကီလိုမီတာခန့်တွင် ခရုခွံများ၊ ကျောက်တုံးများနှင့် ပျံကျဈေးသည်များမရှိဘဲ တိတ်ဆိတ်ငြိမ်သက်သည့် ကမ်းခြေဖြစ်ခြင်းကြောင့် ယခုစာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

28.5.15

နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင် ဖို့ NCCT ဆွေးနွေးဆုံးဖြတ်

ethnic-armed-laywah-305.jpg
ကရင်ပြည်နယ် လောခီးလာမှာကျင်းပမယ့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင်၊ ဆက်လက် ဖြတ်ကျော် ရမယ့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲတွေအပါအဝင်၊ စည်းစနစ်ကျဖို့ မူဘောင်ရေးဆွဲ တင်ပြသွားမယ်လို့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရန် သေချာသော်လည်း သမ္မတဦးသိန်းစိန် ပြန်အရွေးခံရန်မှာ မသေချာသေးဟုဆို


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေ သော်လည်း နိုင်ငံတော်သမ္မတဦးသိန်း စိန် ရွေးကောက်ပွဲဝင်ရန် မသေချာ ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောသည်။

27.5.15

ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် ပြည်သူများ သပိတ်မှောက်သင့်ဟု ဘဏ္ဍာရေး ဒုဝန်ကြီးပြော

 
လစာတိုးမြှင့်တိုင်း ကုန်ဈေးနှုန်းများ မြင့်တက်နေ ခြင်းကို ထိန်းချုပ်နိုင်ရန် ပြည်သူ များက ဈေးကြီးကုန်ပစ္စည်းများ ၀ယ်ယူခြင်းမပြုဘဲ သပိတ်မှောက် ပူးပေါင်းပါဝင် ဆောင်ရွက်သင့် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။

တရုတ်တွင်အပ်နှံထားသည်ဆိုသော ဦးဖုန်ကြားရှင်ငွေများကိစ္စမှန်းဆ ချက်သာဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးပိုင်းအရ တရားဝင်ပြော ဆိုတားဆီးပေးရန်နှင့် ကိုယ်တိုင်သွားစစ်ရန်မဖြစ်နိုင်ကြောင်း USDP ဒုဥက္ကဋ္ဌဆို

 
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွား နေသည့် ကိုးကန့်၊ လောက်ကိုင်ဒေသ အတွင်း ဖုန်ကြားရှင်ဦးဆောင်သော သောင်းကျန်းသူများအား များစွာ အထောက်အပံ့ပေးနေသည်ဟု ပြင်ပတွင် မှန်းဆချက်များ ထွက်ပေါ်နေသည့် ဦးဖုန် ကြားရှင်ငွေများ တရုတ်တွင်အပ်နှံထား သည်ဟူသောကိစ်္စမှာ ခိုင်မာတိကျသော သတင်းအရင်းမြစ်မှ ထွက်ပေါ်လာသည် မဟုတ်ဘဲ မှန်းဆချက်များသာဖြစ်နေ သဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုင်းတွင် တရားဝင်အားဖြင့် ထိုငွေများအား တားဆီးပေးရန် တောင်း ဆိုမှုမှာ လုံးဝမဖြစ်နိုင်ကြောင်း အာဏာရ တရုတ်ကွန်မြူနစ်ပါတီနှင့် အထူးဆက်ဆံ ရေးကောင်းမွန်သည့် ပြည်ခိုင်ဖြိုး(USDP) ပါတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးဌေးဦးက တရားဝင်ပြောကြားလိုက်သည်။

26.5.15

“စစ်တပ် သိမ်းထားတဲ့မြေများ ပြန်ပေးပါ။ အကျိုးတူ ဖက်စပ်တူမြေပြန်ပေးပါ”

http://burma.irrawaddy.org/wp-content/uploads/2015/05/Aung-Myint.jpg
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ လယ်ယာမြေဧကပေါင်း မြောက်မြားစွာကို ၂၀၀၄ ခုနှစ်တွင် မတရားသိမ်းယူခဲ့သည်။ မြေသိမ်းယူ ပြီး နောက် လယ်ယာ မြေများကို စစ်တပ်နှင့်နီးစပ်သော စီးပွားရေးကုမ္ပဏီများထံသို့ အငှားချခဲ့သည့်အပြင် မြေယာတချို့ကို အပြီး အပြတ် ရောင်းစား ခဲ့ကြသည်။