ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။
တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်
နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က
အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။
8.6.15
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ယနေ့လွှဲပြောင်းပေးမည်
5.6.15
အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံး
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အမည်မသိ သေနတ်သမား များ၏ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။လော်ခီးလာက တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အပစ်ရပ် လက်မှတ် ထိုးနိုင်ရေး ပြဿနာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လော်ခီးလာမှာ ကျင်းပနေသော NCCT ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲသည် ၃ ရက်မြောက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကို အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြတာကိုလည်း တွေ့ရပါသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် KNU ဥက္ကဋ္ဌ မူတူးစေဖိုးက NCA ကို ရဲရဲတင်းတင်း လက်မှတ်ထိုးကြပြီး သွေးထွက် သံယိုမရှိသည့် နိုင်ငံရေးတိုက်ပွဲဝင်ဖို့ ပြောကြားခဲ့ကြောင်းလည်း သိရပါသည်။အားလုံးအပစ်ရပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ RCSS/SSA တိုက်တွန်း
ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ NCCT အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဖို့ ဂျွန် ၃ ရက်က သဘောထားကြေငြာ ချက်တစောင် ထုတ်ပြန်သည်။4.6.15
ဇွန်လ ၄ ရက်နေ့ တတိယနေ့မြောက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ညီလာခံ သဘာပတိ KNPP မှ အေဘယ်တွိ အဖွင့်မိန့်ခွန်း
အားလုံး မင်္ဂလာပါလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် ခေါင်းဆောင်ကြီးများနှင့်တစ်ကွ ယနေ့တက်ရောက်လာကြ တဲ့ UN ရဲ့ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကိုယ်စားလှယ် များနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ခင်ဗျာ။လွှတ်တော်နှင့် အခြားအဖွဲ့များကြား ညီညွတ်မှု ပျက်ပြားစေနိုင်၍ မီဒီယာခန်းမများပိတ်ဟု သူရဦးရွှေမန်း ပြောကြား

လွှတ်တော်အစည်းအဝေး ကျင်းပနေသည့် မြင်ကွင်းကို မီဒီယာများမှ တိုက်ရိုက်သတင်းရယူ ဖော်ပြနေခြင်းကြောင့် လွှတ်တော်နှင့် တပ်မတော်၊ မီဒီယာများ၊ ပြည်သူလူထုအကြား အထင်အမြင်လွဲမှား၍ ညီညွတ်မှု ပျက်ပြားစေနိုင်သောကြောင့် မီဒီယာခန်းမများ ပိတ်ကာ ပြင်ဆင်သတ်မှတ်ထားသည့် နေရာ၌သာ သတင်းရယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီ မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ပြိုင်မည်

ယခုနှစ်အတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနည်းဆုံး မဲဆန္ဒနယ် တစ်ထောင်ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောကြားသည်။
မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ဖိအားပေးမှုကို လက်ခံသည့် ကြောက်ရွံ့သောနိုင်ငံမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြော
ရန်ကုန်၊ တရုတ်-မြန်မာနယ်စပ်တွင် တ ရုတ်နိုင်ငံမှ စစ်ရေးလေ့ကျင့်မှုများ ပြု လုပ်နေခြင်းနှင့်ပတ်သက်ပြီး ဖိအားပေး သည်ဟု မမြင်ကြောင်း မြန်မာနိုင်ငံအ နေဖြင့် သူများနိုင်ငံ၏ ဖိအားပေးမှုကို လက်ခံသည့်နိုင်ငံ၊ ကြောက်ရွံ့သည့် နိုင်ငံမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့် ရှိသူက ပြောသည်။3.6.15
NCA စာချုပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးရန် UN တိုက်တွန်း

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် လက်မှတ်ထိုးနိုင် ရန် ကုလသမဂ္ဂ(UN) အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီယာက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ကို တိုက်တွန်းလိုက်သည်။
လှေစီးဒုက္ခသည်များအရေး ပြတ်သားသော မူဝါဒ ချမှတ်ဆောင်ရွက်ရန်အဆို ဒီချုပ်ကိုယ်စားလှယ်များ ကန့်ကွက်
ဇွန်လ ၂ ရက်တွင် ပြုလုပ် သည့် (၁၂) ကြိမ်မြောက် အမျိုး သားလွှတ်တော်အစည်းအဝေး၌ ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် မဲခွဲခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူ ၁၈၄ ဦးရှိ၍ အတည်ပြုခဲ့သည်။
‘‘ခေတ္တ လက်ခံထားခြင်းမှ အချိန်ကြာသွားတဲ့အခါ မူလက မရှိသည့် တိုင်းရင်းသားအယောင်ဆောင် လူအုပ်စု တစ်စုနှင့် ပူးပေါင်းသွားကြမည်ကို စိုးရိမ်နေကြတယ်။ ထိုတိုင်းရင်းသား အယောင်ဆောင်ပြဿနာကလည်း နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးနေမှုကို ကျွန်တော်တို့ ခံစားနေကြပါတယ်’’ဟု အဆိုတင်သွင်းသူ ဦးလှဆွေက ပြောသည်။






