ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

24.9.15

မောတောင်နယ်စပ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိ


မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင် နယ်စပ်ဂိတ်မှ တစ်ဦးချင်း ကုန်သွယ်မှုကတ် (TTC) ဖြင့် တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်သွယ်ခွင့် ပြုထားပြီး ထိုင်းနိုင်ငံမှ ဆင်းခွန် နယ်စပ်ဂိတ်အား အထူး ယာယီ နယ်စပ်ဂိတ်မှ နယ်စပ်ဂိတ် အဖြစ် တရားဝင် ဖွင့်လှစ်လာမှုကို ကုန်သည်များက စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသအချို့တွင် ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုများရှိနေ


လွတ်လပ်၍ တရားမျှ တသည့် ရွေးကောက်ပွဲဖြစ်စေလို သော်လည်း လက်နက်ကိုင်ပဋိ ပက္ခရှိသည့် ဒေသအချို့တွင် ခြိမ်းခြောက်မှုများရှိနေကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။

23.9.15

"True IDC က မြန်မာနိုင်ငံတွင် Data Center လာရောက် တည်ဆောက်"


ထိုင်းနိုင်ငံ အခြေစိုက် True IDC ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ Data Center လာရောက် တည်ဆောက်ခဲ့ပြီး အဆိုပါ Data Center ကို ဒေသတွင်းရှိ ကုမ္ပဏီ အဖွဲ့အစည်းများ စတင်အသုံးပြုနိုင်ပြီဟု ကြေညာခဲ့သည်။
True IDC ၏ Data Center အတွင်း Rack အလုံးပေါင်း ၆၀ ရှိပြီး Data Center ၏ အဆင့်သတ်မှတ်ချက်မှာ TR 3 ဖြစ်သည်ဟု သိရသည်။

မြန်မာ-တရုတ် တပ်မတော်ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး


 မြန်မာတပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan တို့ စက်တင်ဘာ ၂၁ ရက်က နှစ်နိုင်ငံတပ်မတော်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၂၃ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်ကို နားလည်သူကိုသာ မဲပေးရန် တပ်မတော်သားများကို ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် ညွှန်ကြား


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားများ မဲပေးရာတွင် ကာကွယ်ရေးအမြင်ရှိသူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကိုသာ အခြေခံစဉ်းစား မဲထည့်ကြရန် ညွှန်ကြားလိုက်သည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တမလန်း သစ်များကို တရုတ်နိုင်ငံက ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ ဖိုးခန့် တရားမ၀င် ထုတ်ယူခဲ့ပြီး အရေးတကြီး မကာကွယ်နိုင်ပါက မြန်မာပြည်၌ တမလန်းသစ်များ ၁၀ နှစ်အတွင်း ပျောက်ကွယ် နိုင်ကြောင်း EIA သတိပေး


မြန်မာနိုင်ငံမှ တမလန်းသစ်များကို တရုတ်နိုင်ငံက တရားမ၀င် တင်သွင်းမှု နှစ်စဉ် မြင့်တက်နေပြီး ၂၀၁၄ ခုနှစ် အတွင်း မြန်မာ့တမလန်းမှ တရုတ်နိုင်ငံအတွက် ၄ ဒသမ ၆ ဘီလျံဖိုးအထိ အကျိုးအမြတ် ရရှိခဲ့သဖြင့် မြန်မာ့တမလန်း သစ်များ လာမည့် ၁၀ နှစ်အတွင်း မျိုးတုန်း ပျောက်ကွယ် သွားနိုင်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Environmental Investigation Agency (EIA) မှ Mr.Jago Wadley က စက်တင်ဘာ ၂၂ ရက်တွင် သတိပေး ပြောကြားသည်။

နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာအောက် နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်က နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများ ဆက်လက်ရောင်းချ

နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာသာရှိပြီး နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများကို ပိုမိုရောင်းချ နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

22.9.15

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်

TNLA, NCA, RCSS/SSA, KIA
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရှိရသည်။

အမျိုးသမီးသမ္မတဖြစ်လာပါက လက်ခံကြိုဆိုမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ရွေးကောက်ပွဲ, မင်းအောင်လှိုင်
“ကျနော်အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်မယ့်သူဟာ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကြိုဆိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက သူ၏ သဘောထားကို ပြောဆိုကြောင်း ဖော်ပြထားသည်။

GIZ က မြန်မာနိုင်ငံက မိတ်ဖက်ဘဏ်များကို ကူညီရန် သက်တမ်းတစ်နှစ်ထပ်တိုး

ဂျာမာန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ)က မြန်မာနိုင်ငံက မိတ်ဖက်ဘဏ် သုံးခုဖြစ်သည့် ကမ္ဘောဇဘဏ် (KBZ)၊ ရိုးမဘဏ် နှင့် အသေးစား နှင့် အလတ်စားစက်မှု လုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB)တို့ကို ငွေရေးကြေးရေးဝန်ဆောင်မှု နှင့် ပတ်သက်သည့် အကူအညီများပေးရန် ၂၀၁၆ စက်တင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်လိုက်သည်ဟု GIZက ထုတ်ပြန်သည်။