ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.10.15

အရည်အသွေးနိမ့်မှုကြောင့် မြန်မာ့ရော်ဘာကုန်ကြမ်းများ ပြည်ပတင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော် ဈေးနှိမ်ဝယ်ယူခြင်း ခံနေရ


မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများ၏ အရည်အသွေး နိမ့်ကျမှုကြောင့် ပြည်ပသို့ တင်ပို့ရာတွင် ပေါက်ဈေးထက် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ကျော်မှ ၃၅၀ ၀န်းကျင်အထိ ဈေးနှိမ်ဝယ်ယူခြင်း ခံနေရကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

ရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပနေစဉ်အတွင်း ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များ လာရောက်လေ့လာ

ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့ လာရေးအဖွဲ့ (Europen Union Election Observation Mission) မှ ရွေးကောက်ပွဲလေ့ လာသူ ၃၀ ကို အောက်တိုဘာ ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မြို့ပြ၊ ကျေးလက် ဒေသများ သို့ စေလွှတ်လိုက်ပြီဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပ နေစဉ်ကာလ တစ်လျှောက်လုံး လေ့ လာသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

ထိုင်းဆန်စက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လေ့လာ

 ရွေးကောက်ပွဲပြီးလျှင် မြန်မာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် ထိုင်းဆန် စက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ သို့ လာရောက် လေ့လာနေ ကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သူ အကြီးတန်း ဘဏ်ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးရမိ

သင်္ဃန်းကျွန်း မြို့နယ်ရှိ ယူနိုက်တက် အမရဘဏ်တွင် ကျပ်သိန်း ၇၀၀ ကျော် လိမ်လည် ထုတ်ယူသည့် ဖြစ်စဉ်မှ ပူးပေါင်း ပါဝင်သည့် အကြီးတန်း ဘဏ်ဝန်ထမ်း စာရေးတစ်ဦးအား ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရှိ ရဲအရာရှိ တစ်ဦးထံမှ စုံစမ်းသိရသည်။

မြန်မာ တစ်နိုင်ငံလုံး၌ စက်တင်ဘာလကုန်အထိ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ၁၂၃၅ ခု ရှိလာ


စက်တင်ဘာလကုန်အထိ မြန်မာ တစ်နိုင်ငံလုံး၌ လုပ်ကိုင်ခွင့်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေါင်း ၁၂၃၅ ခုအထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"Money Express"


 ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် May Bank, Kasikorn Bank (K Bank), IME, SingPost, Western Union, Krung Thai Bank တို့မှတဆင့် ပြည်တွင်းရှိမိသားစုထံသို့ CB Bank ၏ Money Express ဝန်ဆောင်မှုကိုအသုံးပြု၍ သက်သာသောနှုန်းထားများဖြင့် လုံခြုံစိတ်ချချောမွေ့စွာငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

9.10.15

ရည်မှန်းချက်က အကြမ်းဖက်ဝါဒကိုတိုက်ပြီး အိုင်အက်စ်တွေကို အနိုင်တိုက်ရေးပါ


ဒီတစ်ပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံ ပြုလုပ်စဉ် မှာ ဆီးရီးယားအရေးဟာ အဓိက အကြောင်းအရာဖြစ်လာပြီး အမေရိကန်သမ္မတအိုဘားမားကလည်း ဆီးရီးယားစစ်ပွဲကို ဖြေရှင်းဖို့အတွက် ရုရှား၊ အီရန်အပါအဝင် မည်သည့်နိုင်ငံနဲ့ မဆိုဖြေရှင်း ဖို့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သွေးထွက်သံယိုအများကြီးဖြစ်ပြီး ဖြေရှင်းပြီးခဲ့ရင် စစ်မတိုင်မီကာလအခြေအနေကိုတော့ ပြန်မရောက်ချင်ဘူးလို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားမှ ဆမ်ဆောင်းပိုင်ရှင် လီမိသားစုက အာရှ၏ အချမ်းသာဆုံး မိသားစုဖြစ်ကြောင်း ဖို့ဘ်က ဖော်ပြ


ဆမ်ဆောင်း လုပ်ငန်းစုကြီးကို ထိန်းချုပ်ထားသော တောင်ကိုရီးယား၏ လီမိသားစုသည် အာရှတွင် အချမ်းသာဆုံး မိသားစု ဖြစ်ကြောင်း ဖို့ဘ်အာရှမဂ္ဂဇင်းက အောက်တိုဘာ ၈ ရက်တွင် ပထမဆုံး ထုတ်ပြန်သော အာရှ၏ အချမ်းသာဆုံး မိသားစု ၅၀ စာရင်း၌ ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးမည့် တိုင်းရင်းသား အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား မတရားအသင်း အဖြစ်မှ အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်ပေးရန် အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပခဲ့သော အစိုးရနှင့် NCA တွင် ပါဝင်လက်မှတ်ထိုးမည်ဟု အကြောင်းပြန်ကြားထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၏ NCA လက်မှတ်ရေးထိုးပွဲ ကြိုတင်ပြင်ဆင်မှု အခမ်းအနားတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားသား လုပ်ငန်းရှင်များက အပြောင်းအလဲမရှိသော စည်းမျဉ်းများ ပွင့်လင်းမြင်သာစွာ သိရှိလိုကြဟု ကမ္ဘာ့ဘဏ် တာဝန်ရှိသူပြောကြား

 မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားသားလုပ်ငန်း ရှင်များသည် အခွန်သက်သာခွင့် များထက် စီးပွားရေးနှင့်ပတ် သက်ပြီး အပြောင်းအလဲမရှိသော စည်းမျဉ်းစည်းကမ်းကို ပွင့်လင်း မြင်သာမှုရှိစွာ သိရှိနိုင်ခြင်းကိုသာ အဓိကလိုချင်နေကြသည်ဟု ကမ္ဘာ့ဘဏ်မှ စီမံခန့်ခွဲမှုအကြီး တန်းအရာရှိ မစ္စတာ Charles Schneider က ပြောသည်။