ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.11.15

ထိုင်ဝမ်နှင့် တရုတ်ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံး တွေ့ဆုံရန်စီစဉ်


ယခုသီတင်းပတ်ကုန်တွင် တရုတ်နှင့် ထိုင်ဝမ် ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရှိရသည်။
ထိုင်ဝမ်ရေလက်ကြားတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ဦးတည်ပြီး နှစ်ဖက်စလုံးက ဆွေးနွေးသွားကြမည် ဖြစ်သည်။ စင်ကာပူတွင် ထိုင်ဝမ်သမ္မတ မာယင်ဂျောင်နှင့် တရုတ်သမ္မတ စီကျင်းပင်တို့ တွေ့ဆုံမည့် အစီအစဉ်သည် ၁၉၄၉ ခုနှစ်၊ ထိုင်ဝမ်နိုင်ငံ ခွဲထွက် ထူထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံ ခေါင်းဆောင်ချင်း တွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး တိုင်းနှင့် ပြည်နယ်လေးခုတွင် ပထမဆုံးအကြိမ် ထိုးပေးမည်

ပထမဆုံးအကြိမ် ဂျပန်ဦးနှောက်ရောင်ရောဂါပိုး ဖြစ်ပွားမှုအများဆုံး တိုင်းနှင့်ပြည်နယ်လေးခုရှိ အသက် (၅)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးစတင် ထိုးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်က တောင်တရုတ်ပင်လယ်၌ အပြည်ပြည်ဆိုင်ရာ ဥပဒေက ခွင့်ပြုထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်


အပြည်ပြည်ဆိုင်ရာဥပဒေက ခွင့်ပြုထားသည့် နေရာတိုင်း၌ အမေရိကန်စစ်ဘက်က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင်လည်း ယင်းအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်သို့ ရောက်ရှိနေသည့် အမေရိကန်ထိပ်တန်း ရေတပ်ဗိုလ်ချုပ်ကြီးက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်းတွင် FMI၊ Myanmar Citizens ဘဏ်နှင့် သီလ၀ါ အများပိုင်ကုမ္ပဏီတို့ ပါဝင်


ရန်ကုန်စတော့အိတ်ချိန်းသို့ ၀င်ရောက်၍ စတော့ရှယ်ယာများ ရောင်းချနိုင်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်း တွင် FMI ၊ Myanmar Citizens Bank နှင့် သီလ၀ါ အများပိုင် ကုမ္ပဏီတို့ ပါဝင်ကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ နိုဝင်ဘာ ၃ ရက်တွင် သိရသည်။

လောက်ကိုင်ခရိုင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်ကို တိမ်းရှောင်နေသူများလာရောက်မဲပေးကြရန် ရွေးကောက်ပွဲကော်မရှင် ကမ်းလှမ်း




လောက်ကိုင်ဒေသတွင်ဖြစ်ပေါ်ခဲ့သော တိုက်ပွဲ များကြောင့် တရုတ်နယ်စပ်သို့တိမ်း ရှောင်နေသူများကို မဲလာရောက် ပေးရန် ရှမ်းပြည်နယ်ရွေးကောက် ပွဲကော်မရှင်မှ ကမ်းလှမ်းထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွင် ဖေဖော်ဝါရီ ၉ရက်နေ့ မှစတင်ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒေသခံများနှင့်ယင်းဒေသ တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှာ စစ်ဘေးကြောင့် ထွက် ပြေးတိမ်းရှောင်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

3.11.15

တရုတ်တွင် အွန်လိုင်းမှ ရောင်းချမှု ၄၀ ရာခိုင်နှုန်းမှာ အတုများ၊ အရည်အသွေးညံ့ ပစ္စည်းများ ဖြစ်နေ


တရုတ်နိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့် ပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းမျှသည် အတုအပများ၊ အရည်အသွေးမမီသည့် အညံ့စားများ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နှစ်အတွင်း အွန်လိုင်းရောင်းဝယ်မှုကဏ္ဍနှင့် ပတ်သက်၍ ဥပဒေပြု အဖွဲ့အစည်းများ၏ လေ့လာမှုများကို ကိုးကားပြီး တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဒီချုပ်တင်မည့် သမ္မတလောင်းမှာ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းနှင့် ရင်းနှီးသည့် ဗဟန်းမြို့နယ်မှ ပါတီဝင်တစ်ဦးဖြစ်နိုင်ဟု လယ်ရီဂျေဂင်ခန့်မှန်း

 လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့ပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတ လောင်းအဖြစ် ရွေးချယ်တင် မြှောက်မည့် ပုဂ္ဂိုလ်မှာ နိုင်ငံတ ကာသံတမန်အသိုင်းအ၀ိုင်းနှင့် ရင်းနှီးမှုရှိသည့် ဗဟန်းမြို့နယ်မှ ပါတီဝင်အမျိုးသားတစ်ဦးဖြစ် ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ နိုင်ငံရေးပညာရှင် လယ်ရီဂျေဂင်က ခန့်မှန်းပြော ကြားသည်။

ဧရာဝတီဘဏ်က ၀န်ထမ်းများ မဲစာရင်းပါနေရပ်သို့ သွားရောက်မဲပေးနိုင်ရန် လမ်းစရိတ်၊ စားစရိတ် စီစဉ်ပေး


ဧရာဝတီဘဏ်လီမိတတ်ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးမှဝန်ထမ်းများအား ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးနိုင်ရန် မဲစာရင်းပါရှိရာ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ခြင်းသည် ဧရာဝတီဘဏ်ရှိ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်က နိုဝင်ဘာ ၃ ရက်နေ့တွင် News Watch သို့ ပြောကြားသည်။

ပိုလီယိုထိုးဆေး ၂၀၁၆တွင် စတင်အသုံးပြုမည်



ပိုလီယိုဖြစ်ပွား မှုနှုန်းကို ပိုမိုထိရောက်စွာကာကွယ် နိုင်စေရန်အတွက် ၂၀၁၆ တွင် ပိုလီ ယိုထိုးဆေးကို စတင်အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေး အကန့်အသတ်ကို ဖော်ပြနေတဲ့ တကျော့ပြန် ဒေါ်လာမှောင်ခိုဈေးကွက်

ကျပ်ငွေ, ဒေါ်လာ, မှောင်ခိုဈေးကွက်
ယခုနှစ် အတွင်း မြန်မာနိုင်ငံမှ ဘဏ်များက သန်းပေါင်းရာနှင့်ချီသော အမေရိကန်ဒေါ်လာများ မှောင်ခိုဈေးကွက်မှ ဝယ်ယူခဲ့ကြသည် ဟု ဘဏ်လုပ်ငန်း ကဏ္ဍမှ သတင်းရင်းမြစ်များက ဆိုသည်။ စစ်အစိုးရ လက်အောက်တွင် အရှိန်အဟုန် ကောင်းခဲ့သည့် နည်းလမ်းတကျ ထိန်းချုပ်မှု မရှိသော ကုန်သွယ်ရေးစနစ်တခု ပြန်လည်ထွန်းကားလာပြီး ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်း ပြန်လှည့်သွားမည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိုးရိမ်လာကြသည်။