ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.2.16

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြေးသူ ၉၀ ကျော်ရှိလာ

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြေးသည့် စစ်ဘေးဒုက္ခသည် ၉၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က The Daily Eleven သို့ ပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်း ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ပြီး အမေရိကန်လူမျိုး အများဆုံး လာရောက်လည်ပတ်

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာ လကုန်ထိ ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲမည်

၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) ဒသမ တန်းစာမေးပွဲကို ယခင်အလွတ်ကျက် ဖြေ ဆိုရမည့်မေးခွန်းအစား စဉ်းစားတွေးခေါ်ရ မည့်မေးခွန်းမျိုး ပြောင်းလဲမေးမြန်းရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေး ကြိုးပမ်းမှုအပေါ် အမြင်တချို့


ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်ကိုတက်ရောက်လာစဉ်
နေပြည်တော်မှာရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းအတွင်း ခရီးမထွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတားမြစ်ထားပါတယ်။ ဒါဟာ သမ္မတဖြစ်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) (စ) ကို လက်ရှိစတင်ကျင်းပနေတဲ့ လွှတ်တော်နှစ်ရပ်မှာ ဆိုင်းငံဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ အတွက်များ ဖြစ်လေမလား လို့ ခန့်မှန်းသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

29.1.16

ပထမအကြိမ် လွှတ်တော်များ အောင်မြင်စွာပြီးဆုံးကြောင်း အခမ်းအနားပြုလုပ်


ပထမအကြိမ် လွှတ်တော်များ အောင်မြင်စွာပြီးဆုံးကြောင်း အခမ်း အနားကို ယနေ့ နေ့လည် ၁၂ နာရီက နေပြည်တော်
လွှတ်တော်ဝန်း အတွင်းရှိ ထမင်းစား ခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်ခရီးသည်များကို မလေးရှားက ဗီဇာကင်းလွတ်ခွင့်ပေးမည်

မလေးရှားနိုင်ငံက တရုတ်ခရီး သည်များကို မတ်လမှစ၍ ယခုနှစ် ကုန်အထိ ဗီဇာကင်းလွတ်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားလိုက် သည်။

28.1.16

ရန်ကုန်ရှိ ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်များကို ယခုအချိန်ထိ စည်ပင်ရေ မပေးနိုင်သေး


ရန်ကုန်မြို့ရှိ ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်အ ဆောက်အအုံများအား ရေမပေးဝေ နိုင်သေးကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။
ရှစ်ထပ်ခွဲနှင့်အထက် လူနေထိုင် လျက်ရှိသော အထပ်မြင့်အဆောက် အအုံများနှင့် လက်ရှိဆောက်လုပ်ဆဲ များကိုပါ ယခုအချိန်အထိ ရေမပေးဝေ နိုင်သေးသော်လည်း ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်းများပြီးစီးသွား ပါက ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုက္ကိုင်းခုံးကျော်တံတား ဖေဖော်ဝါရီ ၁၀ ရက်ဖွင့်မယ်


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာ့အေးဘုရားလမ်းပေါ်ရှိ
ကုက္ကိုင်းလမ်းဆုံမှာ တည်ဆောက်လျက်ရှိတဲ့ ကုက္ကိုင်းခုံးကျော်
တံတားကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့
တံတားစီမံကိန်းမှ တာဝန်ရှိသူတွေက ပြောပါတယ်။

27.1.16

မင်္ဂလာဒုံ အိမ်အဖျက်ခံရသူများကို NLD အားပေး နှစ်သိမ့်

ကျူးကျော်ဟုဆိုကာ အိမ်အဖျက်ခံကြရသူများ (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန် ဧရိယာအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သည်ဟုဆိုကာ ဇန်န၀ါရီလ ၂၆ ရက်နေ့က ရဲလုံခြုံရေးနှင့် အ ရပ်ဝတ်လူများက အိမ်ခြေပေါင်း ၅၀၀ ကျော် ဖျက်ဆီးခဲ့ပြီးနောက် လတ်တလော စားဝတ်နေရေး ဒုက္ခရောက်နေသည့် မိသားစုဝင်ပေါင်း ၁၀၀၀ ခန့်ကို မင်္ဂလာဒုံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် အစားအသောက်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

သမ္မတတာဝန်လွှဲပြောင်းမည့် အစီအစဉ် လျာထားချက် အစိုးရက ဒီချုပ်ကိုရှင်းပြ


 နိုင်ငံတော်အကြီး အကဲတာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေးအတွက် အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အသွင် ကူးပြောင်းရေးကော်မတီတို့ ဇန်န ဝါရီ ၂၆ ရက်တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။