ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.5.16

ဥတုချောင်းရှင်းလင်းရန် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၅၀ ကျော်ရပ်နားမည်

ဖားကန့်ဒေသရှိကျောက်စိမ်းကုမ္ပဏီအချို့ မေလ ၁၅ ရက်မှ စ၍ ယခုနှစ်ရာသီကုန်အထိ တူးဖော်မှုလုပ်ငန်းရပ်နားမည်ဟု ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ဒုတိယဥက္ကဋ္ဌ ဦးဇော်လျှံလွမ်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

တပ်မတော်သတင်းစာရှင်းလင်းပွဲ မီဒီယာရွေးဖိတ်

မေ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်၏သတင်းစာရှင်းလင်းပွဲ
သို့ တက်ရောက်သတင်းယူမည့် မီဒီယာများကို ဖိတ်ကြားရာတွင် ခွဲခြားဆက်ဆံသော သဘောထားများပါဝင်နေသည်ဟု ဆိုနိုင်စရာအနေအထားကို တွေ့ရသည်။

လုပ်ငန်း ၃ခုအတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၂၀၀အား အစိုးရချေးယူမည်

ပြည်ထောင်စုအစိုးရ၏ ဝန်ကြီးဌာန ၃ခုမှ အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ချေးယူခွင့်ပြုရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီး ချေးယူခွင့်ပြုရန် သက်ဆိုင်ရာဝန်ကြီးများက လွှတ်တော်သို့ မေလ ၁၃ရက်တွင် ရှင်းပြမည်ဖြစ်သည်။
အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၂၀၀အား ချေးယူခွင့်ပြုရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက မေလ ၁၃ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။
မေလ ၁၃ရက် အစည်းအဝေးအစီအစဉ်လျာထားချက်အရ ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ချေးယူမည်ဟု ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာ ၂၀၀အား ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနမှ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၀၅သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသလမ်းများ ဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၇၀နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာနမှ အရေးပေါ် တုံ့ပြန်မှုချေးငွေအဖြစ် လျာထားဆောင်ရွက်ရန် ကန်ဒေါ်လာ သန်းပေါင်း ၁၅သန်းကို အသီးသီး ချေးယူကြမည် ဖြစ်သည်။
Credit To >>> Mizzima Burmese

နိုင်ငံတကာအဖွဲ့အစည်းများအကြား ဆောင်ရွက်မည့်အလားအလာများ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှင်းလင်း



မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အရေးပါမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂအေဂျင်စီ များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။

အင်္ဂါဂြိုလ်နဲ့ကမ္ဘာနီးကပ်မှုကြောင့်မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုဖြစ်ပေါ်နိုင်


အင်္ဂါဂြိုလ်ဟာကမ္ဘာမြေနဲ့အနီးဆုံးကိုရောက်ရှိလာမယ့်မေ(၁၈)ရက်ကနေဇွန်(၃)ရက်ထိမြန်မာနိုင်ငံအတွင်းမှာရာသီဥတုဖောက်ပြန်မှုတွေဖြစ်ပွားနိုင်တယ်လို့မြန်မာနိုင်ငံနက္ခတ်ပညာရှင်များအသင်းဥက္ကဋ္ဌဆရာမကြီးဒေါ်ကြည်ကြည်စိန်ကပြောပါတယ်။မေ(၃၀)ရက်မှာအင်္ဂါဂြိုလ်ဟာ(၁၁)နှစ်တာကာလအတွင်းကမ္ဘာနဲ့အနီးဆုံးနေရာကိုရောက်ရှိလာမှာဖြစ်တဲ့အတွက်ကမ္ဘာမြေနဲ့မိုင်သန်းပေါင်း(၄၆.၈)မိုင်သာကွာဝေးတော့မှာဖြစ်ကြောင်းနဲ့ပုံမှန်အကွာအဝေးမှာမိုင်သန်းပေါင်း(၂၄၉)မိုင်ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်၊ ဗိုလ်ချုပ်လမ်း နှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန်ဌား ရမ်းပေးခြင်း အားရပ်ဆိုင်းပေးရေးအဆို ကို ယနေ့(မေ၁၂ရက်က)ကျင်း ပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိအတည်ပြု



ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်၊ ဗိုလ်ချုပ်လမ်း နှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ အများပြည်သူတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ခြင်းမရှိသော ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန်ဌား ရမ်းပေးခြင်း အားရပ်ဆိုင်းပေးရေးအဆို ကို ယနေ့(မေ၁၂ရက်က)ကျင်း ပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူမရှိအတည်ပြုပေးလိုက်သည်။

Credit To >>> 7 Day Daily

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ခွင့် ထပ်မံခွင့်မပြုတော့ဟုဆို

ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ တွင် ကျောက်မျက်တူးဖော်သည့် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ် လုပ်ကွက်၊ အကျိုးတူလုပ်ကွက် အသစ်များကို ကျောက်မျက် ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ထပ်မံ မချထားပေးတော့ဘဲ ကျောက်စိမ်း ရိုင်းသယံဇာတများ တူးဖော်ထုတ် လုပ်ခြင်းကို ကန့်သတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

11.5.16

ရခိုင်တွင် ဆားဈေးကွက်ပျက်နေသည့်အတွက် အလုပ်သမားထောင်နှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်နေ

ရခိုင်ပြည်နယ်မှထွက်ရှိသည့် နေလှန်းဆားဈေးကွက် ပျက်နေသည့်အတွက် ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမား များ အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

သမုဒ္ဒရာသုတေသီတွေ အံ့အားသင့်ခဲ့ရတဲ့ အရောင်စုံ ဂျယ်လီငါး

အာရှအရှေ့တောင်ရေပြင်ထဲက မီတာ(၃၇၀၀)အနက်မှာရှိနေတဲ့အရောင်စုံ
ဂျယ်လီငါးကိုကင်မရာနဲ့ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ပြီး ဒေသခံများ မူလကျေးရွာတွင် နေခွင့်ရရန် ဦးထင်ကျော်ထံ တောင်းဆို

မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်နှင့် ရွေ့ပြောင်းခံ ဒေသခံတောင်သူများ မူလကျေးရွာများတွင် ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော် သမ္မတနှင့် အစိုးရသစ်ထံ ဒေသခံများက တောင်းဆိုလိုက်သည်။
"အစိုးရသစ်က ဒီစီမံကိန်းကို မရပ်ဆိုင်းပေးဘူးဆိုရင် ကျွန်မတို့ ဒေသခံတွေ ဘယ်လိုနေတော့မလဲ။ ကျွန်မတို့ အရမ်းရင်တုန်တယ်။ ငိုချင်တယ်။ ဒုက္ခဆိုတာ အထပ်ထပ် ခံစားနေရတယ်။ ဒီဟာကို မဖျက်သိမ်းဘူး ဆိုရင် ကျွန်မ အဲဒီနေရာမှာပဲ အသေခံမယ်လို့ ဆုံးဖြတ်ထားပါတယ်"ဟု စီမံကိန်း ဧရိယာအတွင်း သိမ်းဆည်းခံခဲ့ရသည့် တန်ဖဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်သည့်   ဒေါ်ဂျာခေါင်က မေလ ၁၀ရက်က ရန်ကုန်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်တန်ပပေးရန်နှင့် မြစ်လက်တက်ပေါ်ရှိရေကာတာများ အားလုံးကို လုံးဝရပ်တန်ပပေး၇န်၊ ရွေ့ပြောင်းဒေသခံများ မူလကျေးရွာများသို့ တရားဝင်ပြန်လည်နေထိုင်ခွင့်နှင့် လုပ်ကိုင်စားသောက်ခွင့်ပေးရန်နှင့် မူလ ဥယဉ်ခြံမြေများတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားခြင်းကို အမြန်ဆုံးရုတ်သိမ်းပေးရန် ဒေသခံ (၁၀၈၀)ဦးက သမ္မတထံသို့ မေလ ၁၀ရက်နေ့တွင် စာပို့တောင်းဆိုထားကြောင်း သိရသည်။
မြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာအတွင်း မဇွပ်ရွာ၊ တန်ဖဲရွာ၊ လဖဲ့ရွာ၊ ဒေါင်ပန်ရွာ၊ အောင်ဂျာယာန်ရွာနှင့် ဒိန်ဂူဇွပ်ရွာတို့အား ၂၀၀၉ - ၂၀၁၀ခုနှစ်က ပြောင်းရွေ့စေခဲ့သည့်အတွက် အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၂၅၇၅)ဦးတို့ ပြောင်းရွေ့ပေးခဲ့ရသည်။
အဆိုပါ ပြောင်းရွေ့ပေးခဲ့ရသူများအား ဦးပိုင်ကုမ္ပဏီက အောင်မြင်သာစံပြကျေးရွာဟု အမည်ပေးကာ ကျေးရွာသစ် တည်ပေးခဲ့ကြောင်းနှင့် ယင်းကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးများ လုပ်ကိုင်စားသောက်၍မရဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
"အခုတက်လာတဲ့အစိုးရက ကျွန်မတို့ရဲ့အခက်အခဲတွေကို လုပ်ပေးမယ် ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်" ဟု လက်ရှိအချိန်တွင် တန်ဖဲကျေးရွာ၌ ပြန်လည် နေထိုင်နေသည့်   ဒေသခံ ဒေါ်လုရာက ပြောသည်။
မြစ်ဆုံစီမံကိန်းသည် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနှင့် ယခင်စစ်အစိုးရလက်ထက်က သဘောတူခဲ့သည့် ရေကာတာ စီမံကိန်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆိုင်းငံ့ထားခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ကြသော်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တိကျသည့် ထုတ်ပြန်မှုမျိုး ထုတ်ပြန်ခြင်းမရှိသေးပေ။

Credit To >>> Mizzima Burmese