ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

9.8.16

ဝန်ထမ်းလစာစရိတ် ချီးမြှင့်ငွေ တိုးချဲ့ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၆၀ ချေးဖို့ သမ္မတက လွှတ်တော်သို့ တင်ပြ



ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေလုပ်ငန်းတိုးချဲ့ ရန်အတွက် ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူနိုင်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်ပြထားကြောင်း လွှတ်တော်အမတ်များထံမှ သိရသည်။

လက်နက်စွန့်ရန်မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ခွင့်ပြုခြင်းအပေါ် AA နှင့် TNLA ကြိုဆို


ရခိုင်၊ ပလောင်နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို လက်နက်စွန့်ရန် မလိုဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက် ရောက် ခွင့်ပေးမည်ဆိုသည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် ပြောဆိုမှုအပေါ် ကြိုဆိုကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့်ရှိသည်ဟု AA နှင့် TNLA မှ ပြောရေး ဆိုခွင့်ရှိ သူများက ပြောသည်။

တပ်နှင့် ညှိနှိုင်းရအခက်ဆုံး လုံခြုံရေးဆိုင်ရာပြုပြင်ပြေင်းလဲရေးမူဝါဒကိစ္စ အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်များပြုလုပ်နေ


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းရန် အခက်အခဲ ဆုံးဖြစ်သော SSR/DDR ခေါ် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

ကမ္ဘောဇဘဏ်နှင့် UPI ကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ Co-branded ကတ်များ ထုတ်မည်

ကမ္ဘောဇဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် UnionPay International (UPI) ကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ စက်တင်ဘာလဆန်းပိုင်းတွင် ပြည်တွင်း ပြည်ပသုံး Co-branded ကတ်များ ထုတ်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်တပ် စိတ်ကြိုက်ရေးသည့် ထိုင်းအခြေခံဥပဒေ အတည်ဖြစ်ပြီ


ထိုင်းနိုင်ငံရေးတွင် အာဏာသိမ်းစစ်တပ်မှ ခန့်အပ်သည့် ကော်မတီက ရေးသားသည့် အခြေခံဥပဒေမူကြမ်းမှာ လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံသူ များသဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

အရည်အသွေးမြင့်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေးအစီအစဉ်များ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိ



ကျေးလက်ဒေသ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေး ရန်လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်း

8.8.16

ဂျပန်ထိန်းချုပ်ထားသည့် ကျွန်းအနီး တရုတ် သင်္ဘောအုပ်စုတစ်ခု ဖြတ်သန်း ခုတ်မောင်းခဲ့


မိမိတို့ ထိန်းချုပ်ထားရာ ကျွန်းတစ်ကျွန်း အနီးထိ တရုတ်သင်္ဘောအုပ်စု တစ်ခုက နီးကပ်စွာ ခုတ်မောင်းခဲ့ကြောင်း ဂျပန်က စွပ်စွဲ ပြောကြားခဲ့သည်။

မြန်မာ NGO နှစ်ခုကို ထိုင်း အထူး စုံစမ်းရေး DSI က စစ်ဆေးမည်

ထိုင်း- မြန်မာ နှစ်နိုင်ငံ အစိုးရနှင့် အလုပ်သမား ဝန်ကြီးဌာနများကို နာမည် ပျက်စေသည်ဆိုသော ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား အရေးကိစ္စရပ်များကို ကူညီပေးနေသော မြန်မာသံရုံး အလုပ်သမား ကူညီ

SME လုပ်ငန်းများအတွက် မူဝါဒတစ်ခု ထုတ်ပြန်ရန် လိုအပ်ဟုဆို

နိုင်ငံတော်က ဇူလိုင်၂၉ ရက်တွင် ထုတ်ပြန်လိုက်သည့် စီးပွားရေး မူဝါဒတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် မူဝါဒကို အကြမ်းဖျဉ်း သဘောသာ ဖော်ပြထားသည့်အတွက် တိကျသည့် မူဝါဒတစ်ခု ထုတ်ပြန်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)က စည်း/ပြန်ဌာန ဒုဥက္ကဋ္ဌ ပြန်လည် လွတ်မြောက်ရန် ဆွေးနွေးမည်

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌ ဦးခိုင်မျိုးထွန်း ပြန်လည် လွတ်မြောက်ရန် ပြည်နယ် အစိုးရအဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ALP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ခိုင်က ပြောသည်။