ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.9.16

Microsoft က e- Government နှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည်

အမေရိကန် ပြည်ထောင်စု အခြေစိုက် နည်းပညာ ကုမ္ပဏီ Microsoft က e- Government လုပ်ငန်းများနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများကို အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း Microsoft ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Sy Wann က ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှု အပါအ၀င် ၀ိနည်းနှင့် မညီသော သံဃာတော်များကို အာဏာစက်နှင့်ပါ အရေးယူမည်

ဆန္ဒထုတ်ဖော်မှုအပါအ၀င် ၀ိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော ရဟန်း၊ သံဃာတော်များကို ဓမ္မစက်ဖြင့်သာမက အာဏာစက်ဖြင့်ပါ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြန်မာ့အသေးစားစီးပွားရေးလုပ်ငန်းများသို့ ငွေချေးနိုင်ရန် ကန်ဒေါ်လာ ၁၀ သန်းကျော် အမေရိကန် ပံ့ပိုးကူညီမည်


မြန်မာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့်စီးပွားရေးလုပ်ငန်းများအားလုံး ပါဝင်ပြီး ဖွံ့ဖြိုးလာစေရန်ရည်ရွယ် ချက်ဖြင့် အမေရိကန်မှချေးငွေအာ မခံအစီအစဉ်အဖြစ် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကို အသေး စားချေးငွေအသင်းအဖွဲ့ငါးဖွဲ့သို့ ပေး အပ်ခဲ့သည့်သဘောတူညီချက်လက် မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက် က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး တွင် ပြုလုပ်ခဲ့သည်။

ဘာရက်-၈ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုအောင်မြင်ဟု အိန္ဒိယ ပြောကြား

မြေပြင်မှ ဝေဟင်အတွင်းသို့ တာဝေးခရီးပစ်ခတ်နိုင်သော ခေတ်မီဒုံးကျည်သစ်ကို စက်တင်ဘာ ၂ဝ ရက်တွင် စမ်းသပ်ပစ်ခတ်ခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်း၊ အဆိုပါဒုံးကျည်မှာ ဘာရက်-၈ အမျိုးအစား အဏုမြူလက်နက်ထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးကျည်ဖြစ်ပြီး အိန္ဒိယနှင့် အစ္စရေးနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ကြောင်း အိန္ဒိယစစ်ဘက်ဆိုင်ရာ အထက်တန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစိုးရအနေဖြင့် အငှားအိမ်ရာ ဖော်ဆောင်ပေးရန် အခက်အခဲရှိနေဟုဆို

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ခြင်းကို ဖြေရှင်းပေးနိုင်ရန်မှာ အငှားအိမ်ရာ တည်ဆောက်ပေးရန် ဖြစ်သော်လည်း အစိုးရအနေဖြင့် အငှားအိမ်ရာ ဖော်ဆောင်ပေးရန် အခက်အခဲရှိနေကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ သိရသည်။

EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတင်သွင်းမည့် မြန်မာ လူ့အခွင့်အရေး ဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်ကတောင်းဆို

EU အနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ တင်သွင်းမည့် မြန်မာနိုင်ငံနှင့်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို တင်သင့်ကြောင်း ဥရောပ-မြန်မာကွန်ရက်က တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာချက် တစ်စောင်အား စက်တင်ဘာ ၁၉ရက်က ထုတ်ပြန်သည်။

19.9.16

အမှိုက်များဖြင့်တည်ဆောက်ပြီးနေစွမ်းအင်ဖြင့် အနွေးဓာတ်ပေးသောစာသင်ကျောင်းကို ဥရုဂွေးတွင် ဖွင့်လှစ်

လူဦးရေ ၅၀၀ ခန့်နေထိုင် သော ဥရုဂွေးနိုင်ငံ ဂျူရီဂူဘယ်ရီမြို့ ကလေးတွင် စွန့်ပစ်ပစ္စည်းအမှိုက် များဖြင့် တည်ဆောက်ပြီး နေစွမ်း အင်ဖြင့်သာ အနွေးဓာတ်ပေးသော စာသင်ကျောင်းတစ်ကျောင်းကို စတင် ဖွင့်လှစ်အသုံးပြုနေပြီဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက် င်္ဗဏ သတင်း တွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်သင်္ဘော တိမ်းမှောက်ခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေ


ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်မှုများပြားသည့် ရှေးဟောင်း အယုဒ္ဒယမြို့တွင် ထိုင်းနိုင်ငံသာ မူစလင်လူမျိုး ၁၅၀ ခန့် စီးနင်းလိုက်ပါလာသော လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်နှင့် မန္တလေး အပါအဝင် ဒေသအချို့တွင် ဟိုတယ်အသစ် တည်ဆောက်ခွင့် တားမြစ်

ရှိနေသည့် ဟိုတယ်အခန်းအရေအတွက်နှင့် ဧည့်သည်ဝင်ရောက်မှု ညီမျှခြင်း မရှိသောကြောင့် ရန်ကုန်နှင့် မန္တလေး အပါအဝင် ဒေသအချို့တွင် ဟိုတယ်သစ် တည်ဆောက်ခွင့်ကို အောက်တိုဘာလ ၃၁ ရက်တွင် စတင်တားမြစ်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

နောင်နှစ်နွေရာသီ ဟော်လန်ရဲတပ်ဖွဲ့မှာ လင်းယုန်တွေ တာဝန် ထမ်းဆောင်တော့မယ်

ဒတ်ခ်ျရဲတပ်ဖွဲ့ဟာ လင်းယုန်ငှက် အတော်များများကို ဝယ်ထားပြီးတော့ လေ့ကျင့်ပေးနေပါတယ်။