ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

6.2.17

အထူးကုန်စည်ခွန်ကြောင့် ကားဈေးမြင့်တက်လာနိုင်တဲ့ အခြေအနေနဲ့ ငွေလဲနှုန်း မတည်ငြိမ်မှု၊ ကုန်ကျစရိတ်နဲ့ ငွေကြေးဖောင်းပွမှုနှုန်းတွေကြောင့် ထုတ်ကုန်ရောင်းဈေးနှုန်းတွေ ဈေးတက်မယ့် အခြေအနေ

လာမယ့် သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်မယ်ဆိုတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်တဲ့ ဖိအားတွေ လျော့နည်းသွားဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့တဲ့ ဒီရက်သတ္တပတ်မှာ တစ်နှစ်ထက်တစ်နှစ် လိုငွေမြင့်တက်လာတဲ့ ဘတ်ဂျက်တောင်းခံမှုအဖြစ် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် ရသုံးငွေစာရင်းတွေလည်း လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။

YBS ဘတ်စ်ကားစနစ်တွင် ပါဝင်ပြေးဆွဲနေသည့် Power အများပိုင် ကုမ္ပဏီက ပူးပေါင်းပါဝင်လိုသည့် လုပ်ငန်းရှင်များအား လာမည့် လကုန်ပိုင်းတွင် ဖိတ်ခေါ်သွားမည်ဟု သိရ

အများပြည်သူ သယ်ယူပို့ဆောင်ရေး YBS စနစ်တွင် ပါဝင်ပြေးဆွဲနေသည့် Power Eleven အများပိုင်ကုမ္ပဏီက ပူးပေါင်းပါဝင်လိုသည့် လုပ်ငန်းရှင်များကို လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနအတည်ပြုချက် ရယူဆောင်ရွက်ရမည့် လုပ်ငန်းပေါင်း ၁၃၆ ခုရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်လိုသည့် လုပ်ငန်းအများဆုံးဖြစ်



မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ရယူ ဆောင်ရွက်ရမည့် လုပ်ငန်းပေါင်း ၁၃၆ ခုရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်လိုအပ်သည့် လုပ်ငန်းများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သား ကျပ် ၈၈၀,၀၀၀ သို့ ရောက်ရှိ

ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေး သည် တစ်ကျပ်သားလျှင် ကျပ် ၈၈၀,၀၀၀ ကျော် ပေါက်ဈေးရှိ ကြောင်း ပြည်တွင်းရွှေဈေးကွက် မှ သတင်းရရှိသည်။

ဒေါ်နယ်ထရမ့် တက်လာခဲ့တဲ့ ဇန်န၀ါရီလမှာပဲ အလုပ်သစ်ဖန် တီးမှု အားကောင်းလာခဲ့

Image may contain: one or more people and people standing
အမေရိကန် နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက အလုပ်အကိုင်သစ်ပေါင်း ၂၂၇,၀၀၀ ထိ ထပ်တိုးဖန်တီးနိုင်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်တွေ ကြိုတင်ခန့်မှန်းထားတဲ့ ၁၇၅,၀၀၀ ထက် ပိုမိုများပြားနေခဲ့တယ်လို့်နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

2.2.17

အာဆီယံဒေသသို့ ယခုနှစ်အတွင်း ခရီးသွားဦးရေသန်း ၁၂၀ ကျော် ၀င်ရောက်ရန် ဆောင်ရွက်မည်

၂၀၁၇ အတွင်း အာဆီယံနိုင်ငံများသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည် ၁၂၁သန်း ၀င်ရောက်ရန်သတ်မှတ် ဆောင်ရွက်မည်ဟု ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ ၀န်ကြီးများတက်ရောက်သည့် အာဆီယံခရီးသွားဖိုရမ်၌ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

CLMV နိုင်ငံတွေဆီ ဈေးကွက်ဝေစုတွေ လွှဲပြောင်းပေးရမယ့် အခြေအနေနဲ့ ထိုင်းရင်ဆိုင်နေရဟု ဆို


လက်ရှိအချိန်မှာ အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) ဒုတိယနှစ်စတင်ဝင်ရောက်လာတာနဲ့အမျှ ထိုင်းနိုင်ငံအနေနဲ့
စိုက်ပျိုးရေးနဲ့ လယ်ယာထုတ်ကုန်ကဏ္ဍမှာ CLMV နိုင်ငံတွေဆီဈေးကွက်ဝေစုတွေ ဆုံးရှုံးရဖို့ ရှိနေတယ်လို့ သုတေသန တစ်ခုအရသိရပါတယ်။

ပို့ကုန်ထက် သွင်းကုန်ပမာဏများခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလီယံခန့်အထိ မြင့်တက်

ဒီချုပ်အစိုးရလက်ထက် ကိုးလကျော်အချိန်အတွင်း မြန်မာ နိုင်ငံနှင့် ပြည်ပနိုင်ငံများကုန်သွယ် ရေးတွင်

1.2.17

အဆင့်မြင့်ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရေး တောင်ကိုရီးယားနှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးများ ထပ်လောင်းအတည်ပြု

Image may contain: sky, cloud and outdoor
တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်၏ အဆင့်မြင့်ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် (တီအိတ်ခ်ျအေအေဒီ) ဖြန့်ကြက်သွားရန် နှစ်နိုင်ငံသဘောတူညီချက်ကို အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး များက ဇန်နဝါရီ ၃၁ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း ယနေ့ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

မြန်မာ့စီးပွားရေးတိုးတက်မှု ကိုးလအတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်


လယ်ယာကဏ္ဍတွင် ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် အစိုးရသစ်လက်ထက် ကိုးလ အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ၁ ဒသမ ၃ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ ဘဏ် အကြီးတန်း ဘောဂဗေဒ ပညာရှင် မစ္စတာဟာဘစ်ရက်ဘ် က ပြောသည်။