ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.4.13

ဟစ်ပ်ဟော့ပ် စင်တင်ပွဲ မျှော်စင်ကျွန်းတွင် လာမည် မျှော်

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ ဘိုဘို အန်တာတိန်းမန့် မှ ဦးစီးပြီး ဟစ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ စနဲ (Snare) ၊ လွှမ်းပိုင်တို့ ၄ ဦး၏ ဟစ်ပ်ဟော့ပ် စင်တင်ပွဲကို မေ ၂၇ တွင် ရန်ကုန် မျှော်စင်ကျွန်း၌ ညနေ ၆ နာရီတွင် ဖျော်ဖြေမည်ဟု ဘိုဘို အန်တာတိန်းမန့် မန်နေဂျာ ဦးချစ်က ပြောသည်။ ၎င်းပွဲတွင် စီဒီများ၊ ဒီဂျေများ အပြင် တေးဂီတ အဖွဲ့ဖြင့်လည်း တီးခတ်ဖျော်ဖြေမည် ဖြစ်ပြီး လက်မှတ်တစောင် ၆၅၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ လက်မှတ်များကို မေလ ၁၅ ရက်နေ့တွင်...

တန်ဖိုးနည်းဖုန်း မှောင်ခိုဈေးကွက် ဆက်သွယ်ရေးက အရေးမယူဟုဆို

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေးဖြင့် ရောင်းချနေသည့် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အရေးယူသွားမည် မဟုတ်ကြောင်း မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ “မဲပေါက်တဲ့သူတွေက ကျေနပ်လို့ ဆိုင်တွေကို ရောင်းတာကို မရောင်းနဲ့လို့ တားလို့မှမရတာ၊ မသမာမှုတွေရှိရင် ပေးထားတဲ့ ဖုန်းတွေအတိုင်း တိုင်လို့ရတယ်၊ ဆက်သွယ်ရေး...

မြန်မာ့ဈေးကွက် အင်ဒိုနီးရှား မျက်စေ့ကျ

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော အင်ဒိုနီးရှား နိုင်ငံသည် မြန်မာနိုင်ငံတွင် အလာအလာ ကောင်းသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် စတင် ပြင်ဆင်လာနေသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ နိုင်ငံများအတွင်းတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ စတုတ္ထ အများဆုံး နေထိုင်သော နိုင်ငံလည်းဖြစ်သည်။ သို့သော် လည်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများစာရင်းတွင်  အမှတ်စဉ် ၁၄ ၌သာ ရှိနေသည်။ ၁၉၈၈...

ခေါက်ဆွဲခြောက်ထုတ်များအား ရောနှောစားသုံးသင့်ဟု ပညာရှင်တို့အကြံပြု

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ အသင့်စားခေါက်ဆွဲခြောက်ထုတ်များတွင် လူ့ကျန်းမာရေးအတွက်အကျိုးရှိသည့် အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင်သလောက် နည်းပါးပြီး အန္တရာယ်ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ်ဓါတ်များ  ပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ရေရှည်စားသုံးပါက အ၀လွန်ရောဂါရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန်ထိခိုက်နိုင်သည်ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာမြင့်ဦးက ဆိုသည်။  "လူတစ်ယောက်အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ...

စိန်စု လမ်းစဉ်နှင့် အနာဂတ် ဒီမိုကရေစီ

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ နောက်ဆုံးအကြိမ် အကျယ်ချုပ်ဘ၀မှ လွတ်မြောက်လာပြီးသည့် နောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး သဘောထားနှင့် လမ်းစဉ်သည် ယခင်အခါများနှင့် သိသိသာသာ ကွာခြားသွားသည်ကို အလွယ်တကူ တွေ့မြင်နိုင်သည်။ သူသည် တိုင်းပြည်နှင့် လူမျိုး အတွက် လက်ငင်းလက်တွေ့ အကျိုးရှိနိုင်မည့် လမ်းစဉ် (Pragmatism – ဒိဋ္ဌဟိတ ၀ါဒ) ကို ရဲရဲတင်းတင်း ရွေးချယ်လာ နိုင်ခဲ့သည်။ Pragmatic Method ကို ယနေ့ နိုင်ငံတကာမှ နိုင်ငံရေးသမား အများပင် အသုံးပြု လာကြသည်။ ကောင်းကောင်း...

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြံ့ခိုင်ရေးပါတီ လူငယ်အဖွဲ့ ဖွဲ့မည်

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူငယ်အဖွဲ့များကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ၏ လူငယ်ညီလာခံတရပ်ကို မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်ငံတ၀န်းမှ လူငယ်များ ပါဝင်သော လူငယ်တွေ့ဆုံပွဲနှင့်...

Ricin အဆိပ်ပါ စာပို့သူ တရားရုံးထုတ်မည်

၃၀.၄.၂၀၁၃၊ အင်္ဂါနေ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ် တဦးတို့ဆီကို အဆိပ်ပါတဲ့ စာတွေ ပေးပို့မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားကို တနင်္လာနေ့က ပြည်နယ်တရားရုံးတခုမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။  အယ်ဗာရက် ဒက်ရှ်ကာ (Everett Dutschke) ဟာ စာတွေထဲမှာ ricin အဆိပ်ပါတဲ့ ဇီဝဗေဒ လက်နက် အသုံးပြုမှုနဲ့ စွပ်စွဲခံထားရတာပါ။အကျဉ်းရုံး ကြားနာစစ်ဆေးမှု တခုအတွင်း သူ့အပေါ် စွပ်စွဲချက်တွေကို နားလည်တဲ့အကြောင်း ဒက်ရှ်ကာ က တရားသူကြီးကို...

28.4.13

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုလီးယားနိုင်ငံသို့ ဧပြီလ ၂၇ ရက်နေ့မှစ၍ ရက်သတ္တတစ်ပတ်ကြာ ခရီးသွားရောက်

၂၈.၄.၂၀၁၃၊ တနင်္ဂနွေနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ ရက်သတ္တတစ်ပတ် ကြာမြင့်မည့် ခရီးစဉ်သွားရောက်ရန် ဧပြီလ ၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်က KE472 - KOREAN AIR လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင် ထွက်ခွာသွားသည်။ အဆိုပါ ခရီးစဉ်သည် မွန်ဂိုလီးယား သမ္မနိုင်ငံ၏ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၉ ရက်တွင် ကျင်းပမည့်...

27.4.13

လက်ပံတောင်းလယ်သမားတွေ တရားဝင်ဆန္ဒပြခွင့်ရရှိ

၂၇.၄.၂၀၁၃၊ စနေနေ့ အခုရက်ပိုင်း လက်ပံတောင်းတောင်ဒေသတွင်း တားမြစ်နယ်မြေထဲ လယ်ဝင်ထွန်ခဲ့တဲ့ ဒေသခံလယ်သမားတွေနဲ့ အာဏာပိုင်တွေကြား သေနက်နဲ့ပစ်ခတ်တဲ့အထိ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က ဒေသခံတွေကို တရားဝင် ဆန္ဒပြခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ ဆန္ဒပြသူ ကန့်သတ်ဦးရေ ၅၀၀ နဲ့ ဆန္ဒပြချိန် သုံးနာရီ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်...

ဇွန်လမှစ၍ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်(GSP) စနစ် စတင်ကျင့်သုံးမည်

၂၇.၄.၂၀၁၃၊ စနေနေ့   ဥရောပယူနီယံ(EU)နိုင်ငံများ အနေဖြင့်၂၀၁၃-၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပို့ကုန်များကို ကန့်သတ် ထိန်းချုပ်မှု မရှိပဲ အထွေထွေကုန်သွယ်ခွန် ကင်းလွတ်ခွင့် (GSP) စနစ်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။        အထွေထွေကုန်သွယ်ခွန်ကင်းလွတ်ခွင့်စနစ်(GSP)ကို ၂၀၁၃ခုနှစ်၊ ဇွန်လပိုင်းမှစတင်၍ ကျင့်သုံးနိုင်မည်ဟု  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးနှင်းဦးက...

ကြည့်မြင်တိုင်တစ်ဖက်ကမ်း ကမ်းနားနှင့်ဝေးသည့်ကျေးရွာများ သောက်သုံးရေအခက်အခဲကြီးမားနေ

၂၇.၄.၂၀၁၃၊ စနေနေ့   ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ ကျေးရွာ(၁၀)ရွာ၌ ရေပြတ်လပ်နေခြင်းကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လာရောက်ကူညီပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးသည်ဟု ဒေသခံများထံက သိရှိရသည်။   “ဒီက ရေက သောက်ဖို့မပြောနဲ့ ထမင်း၊ ဟင်းတောင် ချက်လို့မရဘူး။ ပြီးခဲ့တဲ့နှစ်က သောက်ရေ လာလှူတဲ့ သူတွေ ရှိသေးတယ်။ ဒီနှစ် ဘယ်ကမှ မလာသေဘူး။ လာဝေတဲ့ရေကလည်း ဒီနေရာနဲ့ဝေးတော့ ရေဝေနေ တာတောင်...

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှု ကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာရှဒေသမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြားနာပွဲတစ်ခုမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဆီးနိတ်အမတ် Cardin က ခုလိုပြောခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်ဖက်ဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုတွေ လုပ်သင့်မသင့်ကိုလည်း...

ပိုမိုကြီးမားသည့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် တရုတ် ဆန္ဒရှိ

၂၇.၄.၂၀၁၃၊ စနေနေ့   တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထိပ်တန်း အရာရှိ တစ်ဦးက ရေတပ်သည် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မည် ဆိုပါက ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် လီယာအိုနင်သင်္ဘောကြီးထက် ပိုကြီးရန် လိုအပ်ကြောင်း ရေတပ် တည်ထောင်မှု (၆၄)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အင်္ဂါနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။  တရုတ်နိုင်ငံသည် လက်ရှိ ပိုင်ဆိုင်ထားသည်ထက် ပိုမိုကြီးမားသော လေယာဉ်တင် သင်္ဘောကြီး တစ်စင်းကို တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း...

26.4.13

မန်ယူ အသင်းဝင်ဟောင်းများ ပါဝင်မည့် ရန်ပုံငွေဘောလုံးပွဲ သုဝဏ္ဏကွင်းတွင် ကျင်းပမည်

၂၆.၄.၂၀၁၃၊ သောကြာနေ့ မြန်မာပြည်သို့ ရောက်ရှိနေသည့် မန်ယူ အသင်းဝင်ဟောင်းများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – ကြယ်ပြာ / ဧရာဝတီ) မန်ချက်စတာ ယူနိုက်တက် (မန်ယူ) ဘောလုံးအသင်းမှ ကစားသမားဟောင်း ၄ ဦး ပါဝင်သည့် ရန်ပုံငွေ ဘောလုံးပွဲကို ရန်ကုန် သုဝဏ္ဏ အားကစား ကွင်းတွင် ဇွန်လ ၉ ရက်နေ့၌ ကျင်းပရန်ကိစ္စအား ယနေ့ညနေ ၄ နာရီက Park Royal ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ရန်ပုံငွေပွဲအတွက် ဘောလုံး ခြေစမ်းပွဲ ကစားမည့် အစီအစဉ်အား...

လက်ပံတောင်းမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့

၂၆.၄.၂၀၁၃၊ သောကြာနေ့   စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်း တောင် ဒေသမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ တွေနဲ့  တင်းမာမှု တွေ ဖြစ်နေတယ်လို့ သတင်းရပါတယ်။  ဆားလင်းကြီးမြို့နယ် ၀က်မှေးရွာသစ်အနီးမှာ ဒေသခံ ၁၀၀၀ ၀န်းကျင်ရှိတဲ့ ဆန္ဒပြ လူအုပ်က ထန်းလက် ပျားတုတ် စသည် ကိုင်ဆောင်ပြီး ယမန်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ သူတွေ ပြန်လွှတ် ပေးရေးအတွက် တောင်း ဆိုစဉ်မှာ လုံခြုံရေး ရဲအင်အား ၂၀၀ လောက်က ဟန့်တားခဲ့ရာက တင်းမာမှုဖြစ်တာလို့...

ပြည်မြို့ လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည်

၂၆.၄.၂၀၁၃၊ သောကြာနေ့   ဧပြီလ ၂၃ ရက် ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံး တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရ သည်။ ယမန်နေ့က ပြုလုပ်သော သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦး၏ ဈာပနသို့ လာရောက်၍ DNA ထုတ်ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီး နေဝင်းက သက်ဆိုင်သူ...

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

၂၆.၄.၂၀၁၃၊ သောကြာနေ့   ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။           ယာဉ်တိုက်မှုကြောင့် တံတား ခဏပိတ်သွားတဲ့ အတွက် ကားတွေရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။ ဆိုင်ကယ် နောက်မှာ ထိုင်စီးလာတဲ့ ရဲဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက်...