ဒီဇာတ်လမ်းလေးဟာတာမွေမြို့နယ် ကျိုက်က္ကဆံဘောလုံးကွင်းနဲ့ကပ်ရပ်မှာတည်ရှိတဲ့ ကျွန်မတို့ခြံလေး(အခုတော့ ကန်ထရိုက်တိုက်ဖြစ်သွားပါပြီ)မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ...။ ကျွန်မတို့ ရဲ့ အဖိုးကတော့ ဒီဇာတ်လမ်းလေးရဲ့မင်းသားပေါ့..။
ကျွန်မတို့ အဖိုးဟာအလုပ်အရမ်းလုပ်တဲ့သူပါ..။ အိမ်မှာဆေးပြင်းလိပ်ခုံလည်း ထောင်ထားသလို ဇာတ်ပွဲကန်ထရိုက်လည်းလု
ပ်ပါတယ်..။ မိသားစုကို သံယောဇဉ်ကြီးသလို
ပျော်ပျော်လည်းနေတတ်သူပါ..။ သာယာတဲ့ မိသားစု ဘ၀လေးနဲ့ ပျော်ရွှင်တဲ့
မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားရသူတစ်ယောက်ပေါ့..။
ဒါပေမယ့် ရက်စက်လှတဲ့ ကံကြမ္မာနတ်ဆိုးကြီးက အဖိုးကိုကုသမရတဲ့
ကင်ဆာရောဂါကြီးနဲ့ ထိုးနှက်ခဲ့ပြီး ဘ၀တစ်ပါးကူးပြောင်းသွားရတဲ့ အထိကို
နှိပ်စက်ခဲ့ပါတယ်..။
ကျွန်မတို့ အဖိုးဆုံးပြီး အသုဘမြေချတဲ့ရက်မှာ ဒီဇာတ်လမ်းလေးစပါတယ်..။မိသားစုဝင်ထဲမှာ ယောက်ျားလေးတွေရှိပေမယ့် အားလုံးက သောကအပူတွေနဲ့ ဆိုတော့အဖိုးလိပ်ပြာကိုပြန်ခေါ်ဖို့ သတိမရကြပါဘူး...။ (လိပ်ပြာပြန်ခေါ်တယ်ဆိုတာက
ယောကျာ်းလေးကခေါ်ရတာလေ...) လိပ်ပြာခေါ်တယ်ဆိုတာ သေသူအတွက်၇ည်စူးပြီး
ထိုးထားတဲ့ ပန်းအိုးထဲက ပန်းတစ်ပွင့်ကို သေတဲ့သူလိုက်ခဲ့ပါလို့
နာမည်ခေါ်ပြီး အိမ်ပြန်ရောက်တဲ့ အထိ လိပ်ပြာခေါ်သူယောက်ျားလေးက
ယူလာရတာမျိုးပါ..။
အဲ့ဒီပန်းယူလာတဲ့ လမ်းမှာတော့ လိပ်ပြာခေါ်လာသူဟာ
စကားတစ်ခွန်းမှမပြောရပါဘူး..။ ရှေးရိုးအစဉ်အလာပေါ့...။(
ကျွန်တော်ထင်တာကတော့ လိပ်ပြာခေါ်နေတဲ့ အချိန်မှာ
စကားအမှားတစ်ခုခုပြောမိရင်သချိုင်းကမကောင်းဆိုးဝါးတွေပါလာမှာစိုးလို့နဲ့
စကားမပြောရဘူးလို့ သတ်မှတ်ထားတာလို့ထင်ပါတယ်..။ သချိုင်းကကောင်တွေဆိုတာ
အမြဲတမ်းငတ်ပြတ်နေကြပြီး အစားအသောက်စားဖို့ အခွင့်အရေးကိုချောင်းနေကြတဲ့ကောင်တွေ များတယ်လေ... )
ဖြစ်ချင်တော့ လိပ်ပြာခေါ်ပေးတဲ့ အလုပ်သမားအကိုကြိးက အစအနောက်အင်မတန်
သန်တဲ့သူကြီးပါ...။ သူလိပ်ပြာခေါ်တော့လည်း အကျင့်ကဖျောက်မရပဲ
အဖိုးနာမည်နဲ့လိပ်ပြာ ကိုကောင်းကောင်းမခေါ်ပဲ ...
"ကဲ...လိုက်ချင်တဲ့သူတွေလိုက်ခဲ့ကြ ငါ့အဘတစ်ယောက်ထဲပျင်းနေမှာစိုးလို့"
ဆိုပြီးခေါ်သတဲ့.......။
အဲ့ဒါကို ကျွန်မတို့မိသားစုတွေ လုံးဝမသိလိုက်ရပါဘူး..။ အဖိုးက
လူချစ်လူခင်ပေါတော့ နာရေးမှာလူစည်ကားခဲ့သလို အိမ်မှာလဲ သတင်းမေးသူတွေနဲ့
အလွန်ကိုစည်းကားနေပါတယ်..။ အဲ့....၇ရက်ပြည့်တဲ့ ရက်လည်ညမှာတော့
အိမ်မှာမိသားစုဝင်တွေနဲ့ အလုပ်သမား၂ယောက်လောက်ပဲ အိမ်မှာရှိတော့တယ်..။
၇ရက်မြောက်နေ့ဆိုတော့ဖဲရိုက်တဲ့သူတွေလည်း
ငွေကောလူကောပန်းကုန်ကြသလို လူတွေလည်း ရက်လည်အတွက်ကူဖို့
အားမွေးနေကြတာလေ..။ ၁၂ နာရီထိုးတဲ့အထိနေရမှာဆိုတော့
မိသားစုတွေဖဲရိုက်ရင်းစောင့်မယ်ပေါ့...။ အဲ့...အဲ့မှာ စတွေ့တော့တာပဲ
..။
ဝိုင်းစတည်တုန်းပဲ ရှိသေးတယ်..။ အိမ်ရှေ့မှာ ချိတ်ထားတဲ့
သော့ခလောက်အကြီးကြီးက သူ့ဘာသာသူအထက်အောက် လှုပ်လိုက် ဘေးကိုယမ်းလိုက်နဲ့
လှုပ်နေတာကို တံခါးကို
မျက်နှာမူပြီါ်ထိုင်တဲ့ ကျွန်မတို့ ဘကြီးက
စမြင်ပါရော..။ အဘက အားလုံးကို မသိမသာ လက်တွေကို ကုတ်ပြီး ပြပါတယ်..။
ကျွန်မတို့လည်း အစကတော့ဘာလဲပေါ့....။ နောက်တော့မှ
ဟာ.. သရဲခြောက်တာပဲဖြစ်ရမယ်ဆိုပြီး ရှိသမျှလူတွေလည်း တစ်ယောက်ကိုတစ်ယောက်ပူး ကပ်ပြီးနေမိကြတယ်..။
ကျွန်မတို့ အားလုံး တံခါးကိုမျက်နှာမူထိုင်ပြီး တံခါးကသော့ကိုကြည့်မိတယ်ဆိုရင်ပဲသော့လှုပ်တာက ပိုကြမ်းလာပြီး တံခါးကို လူတွေဝိုင်းကိုင်လှုပ်နေသလို တ၀ုန်းဝုန်းတစ်ဒိုင်းဒိုင်းဖြစ်နေတော့တာပါပဲ...။ ကျွန်မတို့ အမေကတော့
"အဖိုး..နင်တို့ကိုနှုတ်ဆက်နေတာနော်မကြောက်ကြနဲ့....." လို့ပြောပါတယ်.။
ပြောမယ့်သာပြောရတာ အမေ့အသံဟာလည်း အသံအနည်းငယ်တုန်နေပါတယ်..။ အသံကလူတွေ အများကြီးလှုပ်နေသလိုအသံကြီးလေ..........။ အဲ့ဒီလိုပြောနေတုန်းမှာပဲ နောက်ဖေးကနေ
ရေချိုးနေသံ ကြားပြန်ရော..။ နောက်မီးဖိုချောင်မှာ ခုံဖိနပ်နဲ့ လမ်းလျှောက်နေသံတစ်ဒေါက်ဒေါက်ကိုလည်းကြားရပြန်တယ်..။
ကျွန်မတို့ အားလုံးစိတ်ထဲမှာ တစ်ခုခုတော့မှားနေပြီ ဆိုတာတော့သိကြပါတယ်..။
ဘာမှန်းတော့မသိကြသေးဘူး..။ ကျွန်မတို့ မိသားစုလည်း
ကြောက်လွန်းလို့အသားတွေတုန်ချွေးတွေလည်းပျံ ပြီးတစ်ယောက်ကိုတစ်ယောက် ပိုပြီးပူးကပ်ထားကြမိပါတယ်..။ အမေကစပြီး ဘုရားစာရွတ်ပါတော့တယ်..။ အဲ့ဒီတော့မှ
ကျွန်မတို့ကျန်တဲ့သူတွေလည်း ဘုရားစာကို ကပေါက်တိကပေါက်ချာ
ကပြောင်းကပြန်တွေနဲ့ဝိုင်းရွတ်ကြပါတယ်..။ အဲ့လိုရွတ်မိကာမှ အိမ်ဘေးနံရံတွေကို လူအုပ်ကြီး က၀ိုင်းထုနေသလို တ၀ုန်းဝုန်းဝိုင်းထုကြပါတော့တယ်..။ တချက်တချက်မှာလွှင့်လာတဲ့
အပုတ်နံ့ကြီးကလည်း ကျွန်မတို့ကို ပိုကြောက်စေပါတယ်..။ အနံကြီးက ပုတ်အက်အက်
စိမ်းရွှင်ရွှင်ကြီးပါ..။ ကျွန်မတို့လည်းကြောက်လိုက်ကြတာ
လိပ်ပြာလွှင့်မတတ်ပါပဲ..။ အဲ့ဒီခံစား ချက်က ဒီတစ်သက်မေ့နိုင်မှာမဟုတ်တော့ပါဘူး..။
ကျွန်မစိတ်ထဲမှာလည်း မိုးမြန်မြန်လင်းစေချင်နေမိပါတယ်..။ အ၇င်ကဆို ကျောင်းတက်ရမှာပျင်းလို့ မိုးမြန်မြန်မလင်းစေချင်ခဲ့ပါဘူး..။ အခုတော့ ဖြစ်နိုင်ရင် ချက်ချင်းကိုမိုးလင်းစေချင်ပါတယ်..။
အဲ့ဒီလိုနဲ့ ရသမျှ ဘုရားစာတွေဝိုင်းရွတ်ကြရင်း အသံပေါင်းစုံ ကလည်း
ဝုန်းဒိုင်းကြဲကြရင်းနဲ့ မနက်မိုးလင်းသွားပါတယ်..။
ဘုရားစာရွတ်ထားရတဲ့ပါးစပ်တွေဆိုတာ
စီးထန်းခြောက်ကပ်ပြီး အမြုပ်တွေထွက်မတတ်ပါပဲ..။ မနက်အလင်းရောင်နည်းနည်းလေး
ရစပြုလာတော့ အသံတွေအားလုံးက ညက သူမဟုတ်ခဲ့သလိုပဲ ... ချက်ချင်းကို
တိတ်ဆိငြိမ်သက်လို့ သွားပါတော့တယ်..။
အိမ်ကလူကြီးတွေလည်းကျွန်မတို့မိသားစုကိုးကွယ်တဲ့ဘုန်းဘုန်းကြီးကိုသွားပါတယ်။ဘုန်းဘုန်း ကြွလာတော့ အိမ်ဝရောက်ရောက်ချင်း အိမ်ထဲကိုမလာသင့်တဲ့ဧည့်သည်တွေရောက်နေတာပဲလို့ မိန့်တယ်ပီးတော့ မနေ့ကလိပ်ပြာပြန်ခေါ်လာတာဘယ်သူလည်းလို့မေးတော့ အလုပ်သမားအကိုကြီးကသူပါလို့ပြောတယ် အဲ့တော့ဘုန်းဘုန်းက ဒါကာဘယ်လိုပြောပီးပြန်ခေါ်လာတာလည်းလို့မေးတယ် အကိုကြီးကဖြစ်ကြောင်းကုန်စဉ်ပြောပြတယ်။ကျွန်မတို့ မိသားစုလည်းတအံ့တသြပေါ့။ဘုန်းဘုန်း ကမိန့်တယ်သရဲအကောင်20ထက်မနည်းပါလာတယ်တဲ့ နှစ်ချို့သရဲကြီးတွေပေါ့။အဲဒါကြောင့် ကျွန်မတို့ဘုရားစာရွတ်လည်းမရခဲ့တာပေါ့ ။ဘုန်းဘုန်း ကထပ်မိန့်တယ် သူတို့ကခြံထဲကသရက်ပင်ကိုအမှီပြုတော့မှာတဲ့ အမေလည်း အဲဒါဆို တပည့်တော်တို့ဘယ်လိုလုပ်ရမလဲလျှောက်တော့ ဘုန်းဘုန်းကညနေခြံထဲမှာပရိတ်ရွတ်ဖို့ပြင်စင်ထားရန်မိန့်ပီး ပြန်ကြွသွားပါတယ်။ညနေ4နာရီလောက်ကျတော့သူတို့လည်းဇတ်လမ်းပြန်စပီးအသံပလံတွေစပေးပါတော့တယ်
ကျွန်မတို့မိသားစုလည်းရှိ ရှိသမျှအမျိုးတွေခေါ် ပရိတ်ရွတ်ဖို့ပြင်ဆင်ကြနဲ့
အလုပ်ရှုတ်နေတာ သူတို့ကိုတောင်အချိန်ပေးပီးမကြောက်နိုင်တော့ပါဘူး။အဲဒါနဲ့ ညနေ5နာရီလောက်ကျတော့ဘုန်းဘုန်းအပါအ၀င် ဘုန်းဘုန်း၃ပါးကြွလာပါတယ် ။
ပရိတ်စရွတ်တော့ အိမ်ထဲမှာလေမုန်တိုင်းကျသလို အသံတွေဆူညံပွက်လောရိုက်နေပါတယ်။အစမှာ အဲလိုဆူညံပေမဲ့နောက်တဖြည်းဖြည်းတိုးသွားပီး အမျှချိန်မှာတော့လုံးဝငြိမ်သက်တိတ်ဆိတ်သွားပါတယ်။ဘုန်းဘုန်းကြီး ကပရိတ်ရေတွေကိုသရက်ပင်ကိုသွားလောင်းပါတယ်။နောက်တော့ ဒါကာ ဒါကာမတို့မစိုးရိမ်ပါနဲ့အားလုံးသူနေရာသူပြန်သွားပါပီ ။ဒီညအေးအေးချမ်းချမ်းအိပ်လို့ရပါပီ လို့မိန့်ပီးပြန်ကြွသွားပါတယ်။ဒါပေမဲ့လည်း ကျွန်မတို့အကြောက်အရှိန်မသေပဲ တညလုံးမအိပ်နိုင်ကြပါဘူး ။သို့သော် ဘာမှထူးခြားမှုမရှိပါ အေးအေးချမ်းချမ်းပါပဲ။အလုပ်သမားအကိုကြီးကလည်း အဖေ အမေတို့ ကိုတောင်းပန်ပါတယ် သူအဲလိုမရည်ရွယ်ကြောင်းနောက်ပြောင်ရုံသက်သက်ပြောခဲ့တာဖြစ်ကြောင်းတောင်းပန်ခဲ့ သလို ကျွန်မမိဘတွေကလည်း လူငယ်မို့ဖြစ်တာပဲလေဆိုပီးဗွေမယူခဲ့ပါဘူး။ထူဆန်းတာက မနက်ကျတော့ပရိတ်ရေလောင်းခဲ့သရက်ပင်ကြီးက မနေ့ကတင်အရွက်အလက်ဝေေ၀ဆာဆာရှိရာကနေ တညအတွင်းမှာမီးရှို့ထားသလိုတပင်လုံးမဲခြောက်လို့နေပါတော့တယ် ရှင်....။
ဇာတ်လမ်းရေးသားပေးပို့သော မစုငယ်ကို အက်ဒမင်များမှ အထူးပဲကျေးဇူးတင်ရှိပါသည်..။
Post By:မိုးတိမ် ပုံပြင် (ပြန်လည်ခံစားရေးသားပါသည်..)
0 comments:
Post a Comment