23.1.14

မောင့် ချစ်သူ.....ဖုတ်သရဲမလေး

၂၀၀၄ ခုနှစ်လောက်က တောင်ကြီးမြို့လေးမှာ ဟိုးလေးတစ်ကြော်ဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းလေးပါ.။ ကြောက်စရာကောင်းလား သနားစရာကောင်းလား ကတော့ ကိုယ်တိုင်သာ ဝေဖန်ပေးကြပါခင်ဗျာ...။


တောင်ကြီးမြို့မှာ တောင်ဆးရုံဆိုတာရှိပါတယ်..။ သရဲအင်မတန် အခြောက်ကြမ်းတယ် လို့နာမည်ကြီးတဲ့ အထက() နားမှာပေါ့..။ ဒီ ပေ့ခ်ျမှာတောင မန်ဘာတစ်ယောက်ဖော်ပြဖူးပါတယ်..။ Happy New Year ညမှာ အဲ့ဒီကျောင်းဝင်းထဲဝင်ပြီး ပျော်ကြတာ ထန်းပင်လောက်ကောင်ကြီးနဲ့ တွေ့ပြီး သူတို့ထဲက တစ်ယောက် ဂစ် ကနဲ ဂစ်ကနဲ တက်ပြီး လဲသွားတဲ့ အချိန် အပြင်ကလူတွေ Happy New Year ဆိုပြီးအော်သံကြားလိုက်ရတယ်ဆိုတဲ့အကြောင်းပေါ့..။ အဲ့ဒီ့တုန်းကတော့ ၂၀၀၈ ခုနှစ်ပါ..။အခုရေးသားမယ့် ဇာတ်လမ်းကတော့ အဲ့ဒီထက်စောတယ်ပြောရမှာပေါ့...။
အဲ့ဒီတောင်ကွဲ ဆေးရုံရဲ့ ရင်ခွဲရုံကလမ်းမနဲ့ ကပ်လျှပ်တည်ရှိပါတယ်..။ အခုပြောပြမယ့် ဇာတ်လမ်းလေးက အဲ့ဒီတောင်ကွဲဆေးရုံရဲ့ ရင်ခွဲရုံဘေးက လမ်းလေးကနေစခဲ့တာပါ..။

မောင်ငယ် တစ်ယောက်သူငယ်ချင်းများနှင့် ဆုံပြီး သောက်ကြစားကြနှင့် အိမ်အပြန်အတော်ပင်နောက်ကျနေပြီဖြစ်သည်..။ ပုံမှန်အားဖြင့် သောက်ကြပြီ ဆိုလျှင် အိမ်ဝေးသော မောင်ငယ်ကို သူငယ်ချင်းများက စုပြီး အိမ်လိုက်ပို့ပေးတတ်ကြသည်..။ဒီနေ့ မှာတော့ သူငယ်ခ်ျငးများမှာ လိုက်ပို့ပေးဖို့နေနေသာသာ ခေါင်းတောင်မထောင်နိုင်အောင် သောက်ကြသဖြင့် အိမ်အပြန်လမ်းမှာမောင်ငယ်တစ်ယောက်တည်းသာဖြစ်နေလေသည်..။မောင်ငယ် တစ်ယောက်သာ ထိန်းသောက်သဖြင့် အရမ်းမမူးခြင်းဖြစ်သည်..။ မောင်ငယ့် အကျင့်ကတစ်မျိုး သူတစ်ပါးအိမ်မှာ မအိပ်တတ်သူဖြစ်သည်..။ သူ့အိမ်မှ အိပ်ရာကိုသာ အိပ်စရာဟု ထင်မှတ်တတ်သူမျိုးဖြစ်၏။ အခြောက်အလှန့် ရှိသည်ဟုနာမည်ထွက်သော တောင်ဆေးရုံ လမ်းကိုဖြတ်ပြန်ရမည်ဖြစ်သဖြင့် သူငယ်ချင်းများက တားသော်လည်း မောင်ငယ်ဇွတ်ထွက်လာသည်..။(ဒီကောင်တွေက ခေါင်းမထောင်နိုင်အောင်မူးသော်လည်း စကားတွေ အများကြီးပြောတတ်သည့်သူမျိုးတွေ........)
လလေးသာသာ ဖြင့် မောင်ငယ်အိမ်ပြန်လမ်းတစ်လျှောက် တယိမ်းတယိုင်ဖြင့်လျှောက်လာလေသည်..။ အမူးရှိန်ကြောင့် တောင်ကွဲဆေးရုံကို ရောက်မှန်းမသိရောက်လာပြီဖြစ်သည်...။
ဟင်.....မောင်ငယ် အံသြသွားသည်...ရင်ခွဲရုံ ရှေ့အုတ်ခုံပေါ်မှာ မိန်းကလေးတစ်ယောက် ထိုင်နေလေသည်..။ အဝေးကမို့ ရုပ်ကိုတော့သိပ်မသဲကွဲချေ...။ အံသြစိတ် ကြောင့် ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်ကာ ကောင်မလေးအနားကိုကပ်သွားမိသည်..။ ကောင်မလေးကလည်း သူ့ကိုပြန်ကြည့်နေလေသည်...။ "ဟေ့ ကောင်မလေး ဒီမှာတစ်ယောက်တည်း ဘာလုပ်နေတာလဲ...." မောင်ငယ်ကမေးလိုက်သည်..။ အနားကပ်မှ သေချာကြည့်မိသည် လရောင်အောက်မှာ အင်္ကျီအ၀ါလေးနှင့်ကောင်မလေး သည်အတော့်ကို ချောသော မိန်းမချောလေးတစ်ယောက်ဖြစ်သည်..။ "ကျွန်မ မိကောင်းဖခင်သားသမီးပါ အကို.."
အသံလေးက လည်းတုန်တုန်ယင်ယင်နှင့်သနားဖွယ်ရာဖြစ်ပေသည်..။"သိပါတယ်ကွာ မင်းပုံကိုကြည့်ရင် ဘာဖြစ်လာတာလဲ အကိုဘာကူညီပေးရမလဲ..ဒီမှာ တစ်ယောက်တည်းထိုင်နေတာ မသင့်တော်ဘူး...." မောင်ငယ်ကကောင်မလေးအတွက်စိုးရိမ်တစ်ကြီးမေးလိုက်သည်..။ "ဟင့်..ဟင့်..ကျွန်မအိမ်နဲ့ စိတ်ဆိုးပြီးဆင်းလာတာပါ ကျွန်မမှာသွားစရာနေရာလည်းမရှိပါဘူး...." ငိုသံသဲ့သဲ့ လေးကညလေညှင်းနှင့်အတူလွင့်ပျံလာလေသည်...။
"ဟာ....သနားစရာကွာ....မင်းအိမ်ကဘယ်မှာ လဲအကိုပြန်ပို့ပေးမယ်...." "ကျွန်မအိမ်က ....ရွာကပါ....အခုပြန်ချင်ရင်တောင်ပြန်လို့မရပါဘူး......အဟင့်..ဟင့်..." "ကွာ..ဘာလို့များ မင်းရုပ်မင်းရည်လေးနဲ့ ဒီလိုလမ်းပေါ်မှာနေရမှာလဲ...လာ..လာ...မင်းအကို့ကိုယုံတယ်ဆိုရင် အကို့အိမ်ကိုလိုက်ခဲ့ မနက်ကျမှ မင်းရွာကိုကိုလိုက်ပို့ပေးမယ်...." မောင်ငယ် ၏စကားကိုကောင်မလေးကလည်း မငြင်းဆန်ပါ..လိုက်ခဲ့ရှာသည်.....။
ထိုညက ကောင်မလေးနှင့်မောင်ငယ်စကားတွေ အများကြီးပြောဖြစ်ကြသည်..။မောင်ငယ့် အိမ်မှာက မောင့်ငယ့်မိဘတွေမရှိ ရန်ကုန်ကို အလုပ်ဖြင့် သွားနေကြခြင်းဖြစ်သည်..။ စကားတွေပြောကြ အိမ်မှာရှိတာလေးတွေ စားကြနှင့် လူပျို အပျို နှစ်ဦးတို့မှာ တစ်ညတည်းမှာ ပင်သံယောဇဉ်များ ပိုပိုလာကြပြီး နှစ်ဦးသား...အတူတူ အိပ်လိုက်ကြလေတော့သည်..။
မနက်လင်းတော့ မောင်ငယ် ကပိုကရိုလေးနှင့်ဘေးတစ်စောင်းလေး အိပ်ပျော်နေသော မိန်းမလှလေး ကိုကြည့်ရင်း အချစ်တွေပိုနေမိလေသည်..။ဒီလိုမိန်းမချောလေးကို သူမမျှော်လင့်ပဲပိုင်ဆိုင်လိုက်ရသည့် အတွက်လည်း ပီတိတွေဖြာနေမိသည်..ထိုမိန်းကလေးကို ပဲလက်ထပ်ပြီး တစ်သက်လုံးပေါင်းသင်းနေထိုင်သွားမည်ဟုလည်းတွေးနေမိသည်..။
မလှုပ်မရှက်အိပ်ပျော်နေသော မိန်းမပျိုလေးကို မနှိုးရက် သူလေးနှိုးလာရင် စားရန်မနက်စာ ထမင်းကြော်ကို အပျော်ကြီးပျော်ရင်းပြင်ဆင်နေမိသည်..။
"ကဲ ထမင်းလဲကြော်ပြီးပြီ .....သည်းလေးကို နှိုးလိုက်ဦးမှ " ပါးစပ်မှ ရေရွတ်ရင်းအိပ်ပျော်နေသော ကောင်မလေးကို အသာအယာ ပါးလေးကိုကိုင်ရင်ဆွဲလှည့်လိုက်သည်..။ အလို.......အေးစက်နေပါလား....။ သေချာသွားအောင် လက်ဝါးဖြင့်ပါးလေး ကိုစမ်းလိုက်သည်..။ ဟာ.... သူအထိတ်တစ်လန့်ရေရွတ်လိုက်မိသည်..။ အေးစက်ပြီးတောင့်တင်းနေပါလား....။ လက်နှစ်ဖက်ဖြင့် ခေါင်းလေးကို ကိုင်ကြည့်လိုက်ပြန်သည်..။ အား...ရုတ်ရက်ကြီး ပြန်လွှတ်ချလိုက်သည်..။တောင့်တင်းနေသော လူသေကောင်ကြီးပါလား....။ "အမလေး လူသေကောင်ကြီးဗျ....." ရုတ်တရက်ဖင်ထိုင်ပင်ကျသွားသည်...။ ထိုအချိန်မှာပဲ ခေါင်းကိုလွှတ်ချလိုက်သော အရှိန်ကြောင့်လားမသိ မောင်ငယ်၏ အိပ်ပျော်နေသောအလှလေး(စောစောကထင်တာ ..အခုတော့ဖုတ်ကောင်မကြီးပေါ့)မှာ နှိုးလာလေသည်..။ "မောင် အရမ်းကြမ်းတာပဲကွာ....." ချစ်စဖွယ်စကားလေးကိုဆိုရှာသည်..။"အား..............ဖုတ်ကောင်ကြီး..." မောင်ငယ်မှာတော့ နောက်ကျသည့်ခြေထောက်သစာ ဖောက်ဆိုသောစကားအတိုင်း ဖနောင့်နှင့်ခြေဖ၀ါးတစ်သားတည်းကျအောင်ပြေးရှာလေတော့သည်..။ မောင်ငယ်ကံကောင်းပါသည်.. လမ်းမှာပင် လူတစ်စုနှင့်တိုးပြီး မောင်ငယ့်ကို အကြောက်ပြေအောင်ချော့မော့ပြီး အကြောင်းစုံကိုမေးမြန်းကြသည်..။
မောင်ငယ် ထံမှအကြောင်းစုံကိုသိရှိရသောအခါ မောင်ငယ်ကံဆိုးသွားပါသည်..။ မောင်ငယ့်ကိုအရူးတစ်ယောက်လို့ သတ်မှတ်ပြီး စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ပါသည်..။ဒါပေမယ့် မောင်ငယ်ကံကောင်းပြန်သည်.. တောင်ဆေးရုံမှ အလောင်းကောင်ခိုးမှု့ဖြင့် တရားအစွဲမခံရပါ..။ .သို့သော် စိတ်ကျန်းမာရေးဆေးရုံတွင်တော့ တစ်နှစ်ခန့်အချိန်ဖြုန်းလိုက်ရရှာလေသည်...........။

(တောင်ကြီးမြို့မှာ တကယ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာလေးပါ.....ကိုကြီး ကိုစိုင်း နောက်ထပ်ပြောပြမယ့်ဇာတ်လမ်းကတော့ အင်မတန်အခြောက်ကြမ်းတဲ့ညကျောင်းတဲ့ ခင်ဗျာ..။
သူကခေါင်းစဉ်ပဲပေးသွားသေးတယ်..ပြောပြမှပဲဆက်ရေးတော့မယ်နော့်....)

ဇာတ်လမ်းပြောပြသော ကိုကြီး ကိုစိုင်းကို အထူးပဲကျေးဇူးတင်ရှိပါသည်..။

Admin:မိုးတိမ် ပုံပြင်(ခံစားရေးဖွဲ့သည်..)

0 comments:

Post a Comment